သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီး ၂၀ ခန့် မလေးရဲ ကယ်တင်


မလေးရှား ရဲလုံခြုံရေးများ။

မလေးရှားနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Ipoh က Jalan Kampar ရပ်ကွက်မှာရှိတဲ့ အလှပြင်ဆိုင်ကို လူမှောင်ခိုကူးမှုနဲ့ ပတ်သက်ပြီးရဲက မသင်္ကာလို့ ဝင်ရောက် စီးနင်းရှာဖွေရာမှာ မြန်မာနိုင်ငံက ရှမ်းအမျိုးသမီး ၁၉ ဦးနဲ့ ဗီယက်နမ်က တဦးတို့ကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

ကွာလာလမ်ပူနဲ့ ပီနန် အဝေးပြေးလမ်းမကြီး ပေါ်မှာ ရှိတဲ့ Ipoh မြို့ မှာ လူကုန်ကူးပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အလှပြင်ဆိုင်ကို ကြာသပတေးနေ့မှာ ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပြီး လူကုန်ကူး ခံရသူလို့ ယူဆရသူ နိုင်ငံခြားသား အယောက် ၂၀ ကို မလေးရှားနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ATIP SOM (Anti-Trafficking In Persons and Anti-Smuggling of Migrants) က ကယ်တင်နိုင်ခဲ့တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

လူကုန်ကူး ခံရသူလို့ ယူဆရသူတွေဟာ မြန်မာနိုင်ငံက ၁၉ ယောက်နဲ့ ဗီယက်နမ်နိုင်ငံက တယောက်ဖြစ်နေတာကို တွေ့ရိုခဲ့ရပြီး ရာဇဝတ်မှု ကျူးလွန်သူ ၅ ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ Perak ပြည်နယ် ရာဇဝတ်မှုခင်း စုံစမ်းရေးအဖွဲ့ အကြီးအကဲ က သောကြာနေ့ မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုတာပါ။ အမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သိရဖို့ ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာအမျိုးသမီး ၂၀ ခန့် မလေးရဲ ကယ်တင်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG