သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် လိင်ကုန်ကူးသူ ထိုင်းရဲဖမ်း


ထိုင်း-မြန်မာ နယ်စပ် မဲဆိုင်ခရိုင်
ထိုင်း-မြန်မာ နယ်စပ် မဲဆိုင်ခရိုင်

ထိုင်း အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ Department of Special Investigation (DSI )အဖွဲ့ဝင်တွေဟာ မေလ (၇)ရက်နေ့က ထိုင်းမြောက်ပိုင်း ချင်းရိုင် မြို့မှာ အလည်ဗီဇာနဲ့ ရောက်လာတဲ့ အမေရိကန် နိုင်ငံသားတဦး Mr. Kenneth WigAlessandro မြန်မာနိုင်ငံဘက်က လာတဲ့ပြည့်တန်ဆာခေါင်းတဦးနဲ့ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူတွေ အပါအဝင် ၆ဦးကို ဖမ်းဆီးခဲ့ပါတယ်။

မအေးမာကသတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံသားတဦးနဲ့ အတူ အွန်လိုင်းမှတဆင့် လိင်လုပ်ငန်းလုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံသား မိန်းကလေးတွေကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက မေလ ၇ရက်နေ့က ချင်းရိုင်မြို့ မှာဖမ်းဆီးခဲ့တာပါ။ အသက် ၆၆နှစ်အရွယ် အမေရိကန်နိုင်ငံသားဟာ အသက် ၃၅နှစ်နဲ့ အသက် ၁၈နှစ်အရွယ် မြန်မာနိုင်ငံသူနှစ်ဦးကို ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ဖို့ အတွက် အခကြေးငွေပေးပြီး ခေါ်ဆောင်လာခဲ့တာပါ။

အခု ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသူတွေဟာ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ဒေသနဲ့ မယ်ဆိုင်မြို့ တွေမှာ အွန်လိုင်း လိင်ဖျော်ဖြေရေး ဖေ့ဘွတ်တွေကတဆင့် ပုံတွေနဲ့ကြော်ငြာထားကြသူများဖြစ်ပါတယ်။ ပျော်ပါးလိုတဲ့ နိုင်ငံခြားသားတွေက အွန်လိုင်း ဆက်သွယ်ပြီးဈေးတည့်ရင် လိင်ကုန်ကူးသူတွေက ဧည့်သည်ခေါ်တဲ့ နေရာအရောက်ထိ ကားနဲ့လိုက်ပို့နေကြတာပါ။ အဲဒီနောက် ကွင်းဆက်အဖြစ် ပြည့်တန်ဆာလုပ်ဖို့အတွက် လိုက်ပို့ပေးနေတယ်လို့ စွတ်စွဲခံထားရတဲ့ အမျိုးသမီးတဦးကိုလည်း မဲဆိုင်မြို့က ဟိုတယ်တခုမှာ ထိုင်းရဲတွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ မိန်းခလေး နှစ်ဦးကို နိုင်ငံခြားသားထံ လာရောက်ပို့ ပေးခဲ့တဲ့ မဝင်းဆိုတဲ့ အမျိုးသမီးတဦးက ဖမ်းဆီးခံရချိန်မှာ အခုလိုပြောခဲ့ပါတယ်။

“အမတို့ကို ပိုက်ဆံတွေလည်းပြခိုင်းတယ်။ အမတို့က သူခေါ်လို့လာတာ အကုန်လုံး သူ့သူငယ်ချင်းတွေ ပေ့ါနော်။”

ငွေကြေးမပြည့်စုံတဲ့ အလုပ်အကိုင်ရှာဖွေလို တဲ့ မြန်မာမိန်းခလေးငယ်တွေကို လိင်ကုန်ကူးမူတွေမှာ ရောင်းစားနေတဲ့ ဖြစ်ရပ်တွေဟာ နယ်စပ်မြို့တွေမှာ အများအပြားရှိနေတဲ့အကြောင်းကိုလည်း လူကုန်ကူးမူ တိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ရဲ့အမူဆောင် ဒါရိုက်တာ ဦးကျော်သောင်းကလည်းအခုလိုပြောပါတယ်။

“မဲဆောက်တို့ ကမ်ဖယ်ဖက်တို့ဘုရားသုံးဆူနယ်စပ်တို့ချင်းမိုင်တို့မှာ တော်တော်များများရှိတယ်ဗျ။”

ချင်းမိုင်မြို့ဘက်မှာတော့ အသက်ငယ်ရွယ်တဲ့ မြန်မာနိုင်ငံသား အမျိုသားပြည့်တန်ဆာတွေကိုလည်း တွေနေရတာပါ။ သူတို့တွေထဲက တချို့ဟာ အလုပ်အကိုင်ရှာဖွေဖို့ လာရင်းနဲ့ လိင်လုပ်ငန်းခွင်မှာ ရောင်းစားခံရသူတွေလည်းရှိကြပါတယ်။

ထိုင်းအထူးရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ခုလို ကျယ်ကျယ့်ပြန့်ပြန့်
လုပ်လာနေတဲ့ နယ်စပ် ပြည့်တန်ဆာလုပ်ငန်း တွေ အထူးသဖြင့်အသက်မပြည်သေးတဲ့ ခလေး လိင်လုပ်ငန်းတွေ ကို မြန်မာဘက်က အာဏာပိုင်တွေနဲ့ ညှိုနှိုင်းပြီး စုံးစမ်းဖေါ်ထုတ် အရေးယူသွားမယ်လို့ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG