သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှောင်ခိုမူးယစ်ဆေး ရေကူးပြီး သယ်သူ ထိုင်းရဲဖမ်း


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

မြန်မာနဲ့ နယ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆိုင်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသားတယောက်ကို စိတ်ကြွဆေးပြားပေါင်း ၂ သိန်း နဲ့အတူ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ကားတာယာကွင်းထဲမှာ စိတ်ကြွဆေးပြားတွေထည့်ပြီး ရေကူးသယ်လာချိန်မှာ လက်ရဖမ်းဆီးရမိတာဖြစ်ကြောင်းနဲ့ အခုအခါမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ထားကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက ဆက်ပြီး ပြောပြပေးမှာပါ။

ထိုင်း- မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်းကို စိတ်ကြွဆေး အလုံးရေ သန်းရာနဲ့ ချီဝင်ရောက်လာနေတာကြောင့် ပြီးခဲ့နှစ်ကစလို့ထိုင်းမြောက်ပိုင်းမှာ မူးယစ်နှိမ်နင်းရေးကို ထိုင်းအာဏာပိုင်တွေက အပြင်းအထန်လုပ်လာခဲ့ကြတာပါ။ ဇန်နဝါရီလ ၂၅ရက်နေ့ ကတော့ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် အတွင်းမှာပဲ မဲဆိုင်မြစ်ကိုဖြတ်ပြီး စိတ်ကြွဆေး တွေသယ်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ချင်းရိုင် အမှတ်၅ဒေသက ဗိုလ်ချုပ်ကြီးဝီချစ်ဝုန်ဆန်က တော့ မူယစ်ဆေးဝါးနဲ့ပတ်သက်လို့မသင်္ကာစရာတွေ တွေ့ရင် နယ်စပ်နေကျေးရွာသားတွေက သတင်းပေးကြဖို့နဲ့ စစ်တပ်တွေ ကလည်း ထိုင်းမြန်မာနယ်ခြားမှ ာကင်းလှည့်တပ်တွေကို အရင်ကထက် ပိုပြိးတိုးချဲ့ ချထားပါတယ် ဆိုပြီးပြောသွားပါတယ်။

ကားတာယာကို ဘောကွင်းလုပ်ပြီး မဲဆိုင်မြစ်ကို ဖြတ်ကာ ကာလတန်ဖိုး ဘတ်ငွေ သိန်း ၄၀၀လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး၂သိန်း ကို မြန်မာနိုင်ငံသားတဦးက သယ်ဆောင်လာတာကို အမှတ် (၂) ဒေသ နယ်ခြားစောင့်တပ်တွေက မြင်တွေသွားပြီး ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ဆေးဂိတ်တွေတိုးချဲ့ ချထားမူတွေနဲ့ နယ်စပ်တလျောက်မှာ ထိုင်းစစ်တပ်က ကင်းလှည်နေတာတွေ ခပ်စိတ်စိတ်လုပ်လာတဲ့အတွက် မူးယစ်မှောင်ခိုသမား တွေဟာ လူတဦးချင်းကို သုံးပြီး ထိုင်းဖက်ကို လာပို့ကြပါတယ်။

သတ်မှတ်ထားတဲ့နေရာ ကမ်းနားအရောက်ပို့ပြီး မြန်မာနိုင်ငံဖက် ပြန်ကူးသွားကြတာပါ ။ မြစ်ကမ်းနားက နေ မူးယစ်ဆေးအထုတ်တွေကို နောက်ထပ်အသင့်စောင့်နေတဲ့ မူးယစ်ဂိုဏ်းတွေက ကားနဲ့ဆက်သယ်နေကြတယ်လို့ လည်း ဆိုပါတယ်။

အမှတ်(၃) စစ်ဒေသ မူးယစ်ထိန်းချုပ်ရေး ဒေသ မှူး ချလောင်ချိုင်းကတော့ ဒီဒေသမှာ နယ်ခြားစောင့် တပ်အင်အားတွေပိုမိုတိုးချထားရန် ထပ်မံညွှန်ကြားထားပြီလို့ လည်း စနေနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ ထိုင်းမြောက်ပိုင်းတခုထဲကပဲ စိတ်ကြွဆေး အလုံးရေ သန်း ၂၈၀ကျော်လောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပြီး ၂၀၁၉ခုနှစ်ထဲမှာတော့ စိတ်ကြွဆေးတွေ ဒီထက်ပိုဝင်လာနိုင်မယ်လို့ သတင်းရထားကြောင်းကိုလည်း ထိုင်းအာဏာပိုင်က ဆိုပါတယ် ။

ထိုင်းမြောက်ပိုင်းမှာတော့ လွန်ခဲ့တဲ့ ၂နှစ်အတွင်းမှာ သန်းနဲ့ချီရှိတဲ့ စိတ်ကြွဆေးတွေအများအပြား ဖမ်းဆီးနိုင်ခဲ့တာကြောင့် ထိုင်းအစိုးရက မူယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်ဖို့ အတွက် ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG