သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းတွေဆီသွားမည်


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ Yanghee Lee ဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကရင် ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ စီစဉ်နေပါတယ်။ Yanghee Lee ဟာ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမယ်လို့ စခန်း တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်စခန်း (၇) ခု ရှိတဲ့အထဲက ဘယ်စခန်းကိုသွားမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် Yanghee Lee အနေနဲ့ မယ်လ စခန်းကို သွားဖြစ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အထူးကိုယ်စားလှယ် Yanghee Lee ကို အစိုးရ တာဝန်ရှိသူတွေက မြန်မာနိုင်ငံ လာရောက်ခွင့်ပြုမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ပြောခွင့်ရက တနင်္လာနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

Yanghee Lee ဟာ ထိုင်းနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ခရီးဆက်မှာဖြစ်ပြီး မြို့တော် ဒါကာအပြင် Cox’s Bazar မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း AA ရခိုင့်တပ်မတော်နဲ့ မြန်မာအစိုးရ တပ်ဖွဲ့အတွေအကြား တိုက်ပွဲတွေ ဖြစ်နေဆဲမို့ လုံခြုံရေးအခြေအနေတွေ စိုးရိမ်ရတာကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ရဲ့ ရခိုင်ခရီးစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထောင်နဲ့ချီရှိနေတဲ့ စစ်ဘေးဒုက္ခသည် တွေအတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီးမှုတွေ မလုပ်ဖို့နဲ့ အမြန်ဆုံးခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက တနင်္လာနေ့က တိုက်တွန်း လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG