သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ စံျပၿမိဳ႕ဆုရ လြိဳင္ေကာ္


ျပည္နယ္ဟိုတယ္နဲ႔ ခရီးသြားဝန္ႀကီး ဦးေမာ္
အာဆီယံ စံျပၿမိဳ႕ဆုရ လြိဳင္ေကာ္
please wait

No media source currently available

0:00 0:12:56 0:00
တိုက္႐ိုက္ လင့္ခ္

ကမာၻလွည့္ခရီးသြားေတြ သန႔္ရွင္းအဆင္ေျပစြာ ခရီးသြားလာႏိုင္တဲ့ ၂၀၂၀ အတြက္ အသန႔္ရွင္းဆုံး အာဆီယံ စံျပၿမိဳ ႔အျဖစ္ ျမန္မာႏိုင္ငံက ၿမိဳ႕ (၃) ၿမိဳ႕ အေ႐ြးခံရထဲမွာ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕လည္း ပါဝင္ပါတယ္။ ျပည္နယ္ဟိုတယ္နဲ႔ ခရီးသြားဝန္ႀကီး ဦးေမာ္ေမာ္, ကို ေဒၚခင္မ်ိဳးသက္ ေတြ႔ဆံုေမးျမန္းထားပါတယ္။

ေမး ။ ။ ဟိုတယ္နဲ႔ ခရီးသြားဝန္ႀကီး ဦးေမာ္ေမာ္ အခုလိုမ်ဳိး VOA ကို ေျဖၾကားေပးတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္။ က်မတုိ႔ သတင္းၾကားတာက လိြဳင္ေကာ္ၿမိဳ ႔ေလးဟာ အာဆီယံမွာ အသန္႔ရွင္းဆံုးဆုကိုရတဲ့ ၿမိဳ ႔ေတြထဲမွာ တၿမိဳ ႔ပါဝင္ေနပါတယ္။ အာဆီယံအသန္႔ရွင္ဆံုးဆု ရရိွေအာင္ ဘယ္လိုမ်ဳိးစၿပီးေတာ့ လုပ္ခဲ့ရတယ္ဆိုတာကို နည္းနည္းေလး ေျပာျပေပးပါ။

ေျဖ ။ ။ ၂၀၁၈ တုန္းက စစ္ကိုင္းတိုင္းက အသန္႔ရွင္းဆံုးဆု ရတယ္ဆိုတာကို သိလိုက္တယ္။ ၿပီးေတာ့ က်ေနာ္တုိ႔က ၂၀၁၉ မွာ အသန္႔ရွင္ဆံုးကို ဝင္ၿပိဳင္ခ်င္တာ။ လိြဳင္ေကာ္ၿမိဳ ႔ကေလးကလည္း သန္႔ရွင္းတယ္၊ သန္႔သန္႔ရွင္းရွင္းေလးနဲ႔ ဘီးလူးေခ်ာင္းနဲ႔ အင္မတန္လိုက္ဖက္တယ္လို႔ ဘာညာေျပာေတာ့ အဲဒီမွာ က်ေနာ္တို႔က ေနာက္ထပ္ ကိုယ့္ျပည္နယ္ရဲ ႔ၿမိဳ ႔ေတာ္ လိြဳင္ေကာ္ကိုလည္း ပိုၿပီးေတာ့ ႏုိင္ငံတကာက ပိုၿပီးေတာ့ သိလာေစခ်င္တာေပါ့။ အဲဒီလို သိလာေစခ်င္တာနဲ႔ ဝင္ၿပိဳင္တယ္ဆိုၿပီး ဆံုးျဖတ္တာပါ။ ဆံုးျဖတ္ေတာ့ နဂိုတုန္းကေတာ့ သန္႔ရွင္းေအာင္ေတာ့ အထိုက္အလိုက္ လုပ္တယ္။ ဒါေပမဲ့ အဲဒီလိုဝင္ၿပိဳင္ေတာ့မယ့္ ဆိုတဲ့အခ်ိန္မွာ နည္းနည္းေလးေတာ့ ပိုၿပီးေတာ့ drive လုပ္ရတယ္။

ပထမဦးဆံုး လူထုေတြကို လူထုမပါဘဲ က်ေနာ္တို႔ ဘာမွမျဖစ္ႏုိင္ဘူး။ အဲဒီေတာ့ လူထုေတြကို စည္းရံုးရတယ္။ စည္းရံုးတဲ့အခါမွာ က်ေနာ္တို႔ ကယားျပည္နယ္ေန႔က ႏွစ္စဥ္ႏွစ္တိုင္း ဇန္နဝါရီလ (၁၅) ဆိုရင္ က်င္းပေတာ့၊ ၂၀၁၉ ဇန္နဝါရီ (၁၅) မွာ လူမႈေရးအဖြဲ႔အစည္းေတြ၊ ေနာက္ NGO, INGO, ဌာနဆုိင္ရာေတြနဲ႔ အစိုးရက ပူးေပါင္းၿပီးေတာ့ ကယားျပည္နယ္ေန႔ က်င္းပတဲ့ (၁၀) ရက္ပတ္လံုးကို စၿပီးေတာ့ သန္႔ရွင္းေရး ထပ္ၿပီးေတာ့ လုပ္ၾကည့္တယ္။ အဲဒီလိုမ်ဳိးကေန လုပ္ငန္းေလးကေန စလုိက္ၿပီးေတာ့မွ စည္ပင္သာယာေရးကလည္း ရပ္ကြက္တိုင္း၊ ရပ္ကြက္တိုင္းမွာ သူ႔ေန႔နဲ႔သူ အၿမဲတမ္း အမိႈက္ေတြကို သိမ္းဆည္းတဲ့ စနစ္လည္းရိွလာတယ္။ ဒါက ရပ္ကြက္ေတြမွာပါ။ ၿပီးေတာ့ ပြဲေတာ္မွာ အမိႈက္ေတြကို မျမင္ရတဲ့ အေနအထားေလးျဖစ္ေအာင္ လုပ္ခဲ့တာပါ။

ေမး ။ ။ ဆရာတို႔ လိြဳင္ေကာ္မွာဆိုရင္ အားလံုးဌာနေပါင္းစံုေပါင္းမွ ဒီဟာေလးက ေအာင္ျမင္မွာဆုိေတာ့ အခုနေျပာတဲ့ စည္ပင္ကေန အမိႈက္ေတြသိမ္းတယ္။ ေနာက္ေကာ အျခားဘာေတြလုပ္ရပါေသးလဲ။

ေျဖ ။ ။ ဘာေတြလုပ္ရပါလဲဆိုေတာ့ စည္ပင္တခုတည္းနဲ႔လဲ မၿပီေသးဘူး။ တျခားသတ္မွတ္ခ်က္ေတြလဲ အမ်ားႀကီး ရိွပါတယ္။ ၿမိဳ ႔ရဲ ႔ဂုဏ္အဂၤါနဲ႔ ေလ်ာ္ညီတဲ့ awareness ေတြ ေပးသလား။ ဂုဏ္အဂၤါနဲ႔ေလ်ာ္ညီတဲ့ စင္တာေတြ ရိွသလား အစရိွသျဖင့္၊ က်န္းမာေရးနဲ႔ ပတ္သက္လို႔လဲ က်န္းမာေရးေစာင့္ေရွာက္မႈ အေျခအေန။ အဲဒီလိုအျခား စံႏႈန္းေတြလည္း အမ်ားႀကီးရိွပါတယ္။ က်ေနာ္တို႔က ဗမာျပည္မွာ ၿပိဳင္ၾကတာေတာ့ (၅၅) ၿမိဳ ႔ သို႔မဟုတ္ (၅၆) ၿမိဳ ႔ ရိွပါလိမ့္မယ္။ လိြဳင္ေကာ္၊ ေတာင္ႀကီး၊ ထားဝယ္တို႔ ျဖစ္ပါတယ္။ အဲဒီမွာေတာ့ လိြဳင္ေကာ္ကေတာ့ ထူးထူးျခားျခားေပါ့။ အဲဒီေတာ့ နည္းနည္းေလး ဆက္စပ္ၿပီးေတာ့ တင္ျပခ်င္တာကေတာ့ ကယားတုိင္းရင္းသားမ်ဳိးႏြယ္ (၉) မ်ဳိး ရိွတယ္။ အဲဒီ (၉) မ်ဳိးထဲမွာမွ တဘက္ႏုိင္ငံကို ေရာက္ေနတဲ့ ကယန္လူမ်ဳိးေတြ။

ကယားျပည္နယ္မွာ (၇) ၿမိဳ ႔နယ္ ရိွတဲ့ထဲက ဒီေမာဆိုၿမိဳ ႔နယ္၊ ပန္ပက္ကိုသြားရင္ အျခားတဘက္ႏုိင္ငံမွာ ျပစားခံေနရတဲ့ လူမ်ဳိးေတြရဲ ႔ မူရင္းေနရာက က်ေနာ္တို႔ ကယားျပည္နယ္ထဲက ဒီေမာဆိုၿမိဳ ႔နယ္ထဲကဆိုတာကို သိေစခ်င္တယ္။ ကယန္တိုင္းရင္းသားေတြဟာ မူရင္းဌာေန တုိင္းရင္းသားေတြဟာ က်ေနာ္တို႔ ကယားျပည္နယ္ကဆုိတာကို ေျပာျပခ်င္တယ္။ လာတဲ့လူေလာက္ပဲ သိရံုတင္မဟုတ္ဘူး၊ ကယားျပည္နယ္၊ လိြဳင္ေကာ္ရယ္၊ ကယားတုိင္းရင္းသား (၉) မ်ဳိးရယ္၊ အဲဒါေတြပါ သိေစခ်င္တဲ့အခါၾကေတာ့ ဒါေၾကာင့္လဲ အသန္႔ရွင္းဆံုးၿမိဳ ႔ျဖစ္လို႔ တျခားႏိုင္ငံျခားကလူေတြလာရင္ ပိုၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ သိသြားေစခ်င္လို႔လဲ အဲဒီလို ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

ေနာက္တခ်က္က တဆက္တည္းပဲ ေနာက္လူမ်ဳိးတမ်ဳိးျဖစ္တဲ့ ကယားလူမ်ဳိး။ ကယားဆိုလဲ ကယန္းကဲ့သို႔ပဲ ကယားကို ကယားဓေလ့ထံုးတမ္းနဲ႔ ယဥ္ေက်းမႈ ျပည့္ျပည့္ဝဝ သိခ်င္လို႔ရိွရင္ -- သြားရင္ရတယ္ဆိုတာကိုလည္း အသန္႔ရွင္ဆံုးဆုနဲ႔အတူ ဆက္စပ္ၿပီးေတာ့ ေနာက္ပိုင္းပိုသိၿပီးေတာ့ ခရီးသြားေတြကို ဖိတ္ေခၚခ်င္တာပါ။ အဲဒီလိုပဲတခါ - သူမ်ားကေတာ့ နည္းနည္းပိုၿပီး ေျပာလားမေျပာလားေတာ့ မသိဘူး - နယူဇီလန္ ေရာက္သြားသလိုပဲလို႔ ေျပာစမွတ္ျပဳတဲ့ ဆင္ျဖဴေတာင္ - အဲဒါကေတာ့ က်ေနာ္တုိ႔ ကယားတုိင္းရင္းသားေတြထဲက ကယားတိုင္းရင္းသား (၉) မ်ဳိးထဲက ကေယာလူမ်ဳိးကို သူတုိ႔ရဲ ႔ ဓေလ့ထံုးတမ္းနဲ႔ သူတုိ႔ရဲ ႔ ေနမႈထိုင္မႈ၊ ယဥ္ေက်းမႈေတြကို သိခ်င္ရင္ အဲဒါေလးကို ေဖာ္ထုတ္ျပသတဲ့ ေနရာမွာ မူရင္းလိြဳင္ေကာ္ကိုလည္း သိဖို႔လိုတယ္။ မူရင္းလိြဳင္ေကာ္သိဖို႔၊ ဘယ္လုိနည္းနဲ႔ သိေအာင္လုပ္မလဲ ဆိုေတာ့လဲ - ဒီေခတ္က အင္တာနက္ေခတ္ဆိုေတာ့ သိေပမယ့္လဲ အခုလိုမ်ဳိး အေရွ ႔ေတာင္အာရွမွာ ဒီလိုေအာင္ျမင္ေအာင္ ျပန္လည္လုပ္ျပၿပီးေတာ့၊ ပိုၿပီးေတာ့ ဆြဲေဆာင္မႈ ပိုရမယ္လို႔လဲ ယူဆတယ္။

ေနာက္တခုကလဲ ဒီလိုဆြဲေဆာင္မႈ ရဖို႔အတြက္ကလဲ တိုင္းရင္းသားျပည္သူေတြအားလံုး ညီညီညႊတ္ညႊတ္နဲ႔ မပါလို႔ မရဘူး။ အဲဒါေၾကာင့္ပါ။

ေမး ။ ။ အခုလိုမ်ဳိး အာဆီယံအသန္႔ရွင္းဆံုးဆုရေအာင္လို႔ သူတုိ႔သတ္မွတ္ထားတဲ့အခ်က္ ဘယ္ႏွစ္ခ်က္ ရိွပါလဲ။

ေျဖ ။ ။ က်ေနာ္မွတ္မိသေလာက္ ေျပာရမယ္ဆိုရင္ အခ်က္ (၂၀) မကဘူး၊ အနည္းဆံုး။ ဒီတေခါက္ ဆုခ်ီျမွင့္တာေတာ့ VOA က သိတဲ့အတိုင္းပါပဲ ဘရူးႏိုင္းက ခ်ီးျမွင့္တာပါ။

ေမး ။ ။ ဆိုေတာ့ အခုလိုမ်ဳိး အသန္႔ရွင္ဆံုးၿမိဳ ႔အတြက္ ဆုေပးဖို႔ထဲမွာ ႏိုင္ငံျခားခရီးသြားေတြရဲ ႔ လည္ေပ်ာ္စရာ ၿမိဳ ႔ကေလးတၿမိဳ ႔ ဆိုၿပီးေတာ့ သတ္မွတ္ထားတာကို ေတြ႔ရပါတယ္။ ေနေပ်ာ္စရာျဖစ္ေအာင္ ဆရာတို႔ ဘာေတြလုပ္ေနပါသလဲ။

ေျဖ ။ ။ လြန္ခဲ့တဲ့ အႏွစ္ (၂၀) ဝန္းက်င္ေလာက္ကေတာ့ ကယားျပည္နယ္မွာ ဟိုတယ္က (၆) လံုးေတာ့ မျပည့္ပါဘူး။ အခုဆိုရင္ အလံုး (၃၀) ေက်ာ္ေလာက္အထိ ျဖစ္လာၿပီ။ ခရီးသြားေတြ တည္ဖို႔ခိုဖို႔အတြက္ပါ။ တခါ တပိုင္းကလဲ သဘာဝပတ္ဝန္းက်င္ကို မဖ်က္ဆီးပဲ ႏုိင္ငံတကာက လာတဲ့အခါမွာ ယဥ္ေက်းမႈ၊ သဘာဝရႈ ႔ခင္းေတြကို သူ႔အတိုင္း ၾကည့္ႏိုင္ျမင္သာေအာင္ က်ေနာ္တို႔က နဂိုအတိုင္းေလးထား - ေျပာမယ္ဆိုရင္ Virgin Land လို႔လဲ ေျပာလို႔ရပါတယ္။ အဲဒီလိုေလး သိပ္ၿပီးေတာ့ မျပဳျပင္ထားတဲ့ ျပည္နယ္ေပါ့။ ေနာက္ ဒီၾကားထဲမွာ ခရီးသြားလုပ္ငန္းကို က်ေနာ္တို႔ တကယ္တမ္းလုပ္တာ NLD အစိုးရ တက္လာမွ တကယ္ကို မိမိရရ ေဆာင္ရြက္တာပါ။ အဲဒီထဲမွာေတာ့ (၂) ႏွစ္ေလာက္ကေတာ့ ဘယ္သူက စလုပ္ေပးေနသလဲဆိုေတာ့ ခရီးသြားလုပ္ငန္းအတြက္ကို ေနာင္အက်ဳိးကို ေမွ်ာ္ကိုးၿပီးေတာ့ International Trade Center (ITC) က ဒီမွာလာၿပီးေတာ့ အေျခပ်ဳိးေပးပါတယ္။ ကယားျပည္နယ္မွာလုပ္ရင္ ျဖစ္ႏုိင္တယ္ - လူထုအေျချပဳ ခရီးသြားလုပ္ငန္းေလးလုပ္ရင္ ျဖစ္ႏုိင္စြမ္းရည္ရိွတယ္ဆိုၿပီးေတာ့ ကန္ (၇) ဆင့္နဲ႔ အနီးကပ္ဆံုးက ထနီလာလဲ ကယားရြာ - အဲဒီမွာ သူတုိ႔ကစၿပီး awareness ပညာေပး၊ စည္းရံုးစခဲ့ပါတယ္။

အဲဒါေလးကို က်ေနာ္တို႔အစိုးရ တက္လာတဲ့အခါၾကေတာ့ ခရီးသြားလုပ္ငန္း တိုးတက္ေအာင္၊ ႀကံေဆာင္ရင္းနဲ႔ ပိုၿပီးေတာ့ လူသိမ်ားေအာင္ဆိုၿပီးေတာ့လဲ ပါပါတယ္။ ေနာက္တခုက တကယ္လဲ သန္႔ရွင္းခ်င္တာလဲ ပါပါတယ္။ သန္႔ရွင္းေရးနဲ႔ က်န္းမာေရးကလည္း တိုက္ရိုက္အခ်ဳိးက်ေနေတာ့ ဒါေၾကာင့္ တကယ္လဲ ကိုယ့္ျပည္နယ္၊ ကိုယ့္ၿမိဳ ႔ အသန္႔ရွင္းဆံုး ျဖစ္ေစခ်င္လို႔ ေဆာင္ရြက္ခဲ့တာလည္းပါပါတယ္။

ေမး ။ ။ ဒီဆုရဖို႔အတြက္ဆိုလို႔ရိွရင္ ဟိုတယ္၊ ခရီးသြားလုပ္ငန္းတခုတည္းနဲ႔ မဟုတ္ဘူး။ ေနာက္ စည္ပင္သာယာနဲ႔ လူထုပါဝင္တာေတြတင္ မဟုတ္ဘူး၊ က်န္းမာေရးက အေရးႀကီးတယ္။ အဲဒီလိုမ်ဳိး ဟန္ခ်က္ညီညီ ေဆာင္ရြက္ႏိုင္ေအာင္ က်န္းမာေရးဘက္က ဘာေတြပံ့ပိုးေပးပါလဲ။

ေျဖ ။ ။ က်န္းမာေရးက ဘာေတြပံ့ပိုးသလဲဆိုရင္ သူတုိ႔ကလဲ က်န္းမာေရး အသိပညာေဟာေျပာပြဲေတြနဲ႔ ပတ္သက္ၿပီးေတာ့ အမ်ားႀကီးေဆာင္ရြက္ေပးတယ္။ အထူးသျဖင့္ ေက်ာင္းေတြမွာ ပညာေပးအလုပ္ေတြလုပ္တယ္။ ေနာက္ဆံုး မူႀကိဳေက်ာင္းေတြက ရံုးုဝန္ထမ္း၊ ေန႔ကေလးထိန္းေက်ာင္းေတြအဆံုး အကုန္လံုး က်န္းမာေရးနဲ႔ ပတ္သက္ၿပီး တကိုယ္ေရက်န္းမာမွ အားလံုးအတြက္ အဆင္ေျပမယ့္ အေနအထားရိွတယ္ဆိုေတာ့ ဒီကေလးေတြ က်န္းမာေရးအတြက္ကို ပိုၿပီးေတာ့ ဂရုတစိုက္ ေဆာင္ရြက္ေပးတယ္။ အဲဒီလိုေဆာင္ရြက္ေပးရင္နဲ႔ သူတို႔မွာလဲ သူတုိ႔မိခင္ေတြရိွေတာ့ မိခင္ေတြလည္း က်န္းမာေအာင္ - က်န္းမာဖို႔ဆိုရင္ ၿမိဳ ႔ကသန္႔ရွင္းမွရမွာ။ တဦးတေယာက္တည္းနဲ႔လဲ သန္႔ရွင္းလို႔ မရဘူး။ အားလံုးကလဲ တကယ္သန္႔ရွင္းမွ အစားအေသာက္၊ အေနအထိုင္ကအစ သန္႔ရွင္းမွဆိုၿပီး အဲဒီလို တဆင့္ၿပီးတဆင့္ က်န္းမာေရးအရလဲ သူ႔က႑ေလးနဲ႔သူ ေဆာင္ရြက္ေပးခဲ့တယ္။

ေနာက္ pamphlet ေတြ ေဝတယ္ စသည္ျဖင့္ သူ႔ရာသီခ်ိန္အလိုက္ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ပူူးေပါင္းေဆာင္ရြက္ေပးတယ္။ ေနာက္တခုက Team အေနနဲ႔ လႈပ္ရွားတာပါ။ အမွန္အတိုင္းေျပာရရင္ လူထုအဖြဲ႔အစည္းေတြ အကုန္လံုး စုေပါင္းၿပီးေတာ့ ေခ်ာင္းထဲမွာ သန္႔ရွင္းေရးလုပ္တယ္။ လမ္းတေလွ်ာက္ ရပ္ကြက္အလိုက္ သန္႔ရွင္းေရးလုပ္တယ္။ ေနာက္တခုက အဲဒီလို သန္႔ရွင္းေရး လုပ္တာနဲ႔မၿပီဘူး။ အမိႈက္ကို ေတာင္ထဲကို စြန္႔ပစ္တဲ့ အေျခအေနမ်ဳိးေရာက္ေအာင္ က်ေနာ္တုိ႔ စည္းရံုးရတယ္။ အခုေနာက္ပိုင္းေတာ့ ေတာင္ထဲကို အမိႈက္ပစ္တာထက္စာရင္ အမိႈက္ကို ကိုယ့္ဟာကိုယ္ ဘယ္လို ကိုယ့္အိမ္မွာကိုယ္ ဘယ္လိုထိန္းသိမ္းမလဲဆိုတဲ့ စနစ္အထိ က်ေနာ္တုိ႔ ျပန္ၿပီးေတာ့ စဥ္းစားထားတယ္။ အျပင္မွာလိုက္ေကာက္ေနလို႔ တသက္လံုးေကာက္လို႔ ၿပီမွာမဟုတ္ဘူး။ အဲဒီေတာ့ အမိႈက္ကို စနစ္တက်စြန္႔ပစ္ႏိုင္ေအာင္၊ အဲဒီလို ေဆာင္ရြက္တဲ့အခါမွာ က်ေနာ္တုိ႔ ဟိုတယ္ခရီး၊ စည္ပင္သာယာေရး၊ က်န္းမာေရးဌာန၊ လူမႈေရးအဖြဲ႔အစည္းေတြအားလံုး တကယ္လဲ ေဆာင္ရြက္ခဲ့ၾကပါတယ္။

ေမး ။ ။ ဒီလိုမ်ဳိး အာဆီယံမွာ အသန္႔ရွင္ဆံုးဆု ရတာနဲ႔ဆက္ႏြယ္ၿပီးေတာ့ ျမန္မာႏုိင္ငံထဲမွာရိွတဲ့ တိုင္းရင္းသားအမ်ဳိးအႏြယ္စုကို ကမာၻကသိေအာင္လုပ္တဲ့ အစိတ္အပိုင္းတခုလည္း ပါပါတယ္ဆိုေတာ့ အရမ္းကိုဝမ္းသာစရာပါ ဆရာ။ ေက်းဇူးလည္း အမ်ားႀကီးတင္ပါတယ္။

-==Unicode==-

ကမ္ဘာလှည့်ခရီးသွားတွေ သန့်ရှင်းအဆင်ပြေစွာ ခရီးသွားလာနိုင်တဲ့ ၂၀၂၀ အတွက် အသန့်ရှင်းဆုံး အာဆီယံ စံပြမြို့အဖြစ် မြန်မာနိုင်ငံက မြို့ (၃) မြို့ အရွေးခံရထဲမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့လည်း ပါဝင်ပါတယ်။ ပြည်နယ်ဟိုတယ်နဲ့ ခရီးသွားဝန်ကြီး ဦးမော်မော်, ကို ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီး ဦးမော်မော် အခုလိုမျိုး VOA ကို ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကျမတို့ သတင်းကြားတာက လွိုင်ကော်မြို့လေးဟာ အာဆီယံမှာ အသန့်ရှင်းဆုံးဆုကိုရတဲ့ မြို့တွေထဲမှာ တမြို့ပါဝင်နေပါတယ်။ အာဆီယံအသန့်ရှင်ဆုံးဆု ရရှိအောင် ဘယ်လိုမျိုးစပြီးတော့ လုပ်ခဲ့ရတယ်ဆိုတာကို နည်းနည်းလေး ပြောပြပေးပါ။

ဖြေ ။ ။ ၂၀၁၈ တုန်းက စစ်ကိုင်းတိုင်းက အသန့်ရှင်းဆုံးဆု ရတယ်ဆိုတာကို သိလိုက်တယ်။ ပြီးတော့ ကျနော်တို့က ၂၀၁၉ မှာ အသန့်ရှင်ဆုံးကို ဝင်ပြိုင်ချင်တာ။ လွိုင်ကော်မြို့ကလေးကလည်း သန့်ရှင်းတယ်၊ သန့်သန့်ရှင်းရှင်းလေးနဲ့ ဘီးလူးချောင်းနဲ့ အင်မတန်လိုက်ဖက်တယ်လို့ ဘာညာပြောတော့ အဲဒီမှာ ကျနော်တို့က နောက်ထပ် ကိုယ့်ပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ကိုလည်း ပိုပြီးတော့ နိုင်ငံတကာက ပိုပြီးတော့ သိလာစေချင်တာပေါ့။ အဲဒီလို သိလာစေချင်တာနဲ့ ဝင်ပြိုင်တယ်ဆိုပြီး ဆုံးဖြတ်တာပါ။ ဆုံးဖြတ်တော့ နဂိုတုန်းကတော့ သန့်ရှင်းအောင်တော့ အထိုက်အလိုက် လုပ်တယ်။ ဒါပေမဲ့ အဲဒီလိုဝင်ပြိုင်တော့မယ့် ဆိုတဲ့အချိန်မှာ နည်းနည်းလေးတော့ ပိုပြီးတော့ drive လုပ်ရတယ်။

ပထမဦးဆုံး လူထုတွေကို လူထုမပါဘဲ ကျနော်တို့ ဘာမှမဖြစ်နိုင်ဘူး။ အဲဒီတော့ လူထုတွေကို စည်းရုံးရတယ်။ စည်းရုံးတဲ့အခါမှာ ကျနော်တို့ ကယားပြည်နယ်နေ့က နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ (၁၅) ဆိုရင် ကျင်းပတော့၊ ၂၀၁၉ ဇန်နဝါရီ (၁၅) မှာ လူမှုရေးအဖွဲ့အစည်းတွေ၊ နောက် NGO, INGO, ဌာနဆိုင်ရာတွေနဲ့ အစိုးရက ပူးပေါင်းပြီးတော့ ကယားပြည်နယ်နေ့ ကျင်းပတဲ့ (၁၀) ရက်ပတ်လုံးကို စပြီးတော့ သန့်ရှင်းရေး ထပ်ပြီးတော့ လုပ်ကြည့်တယ်။ အဲဒီလိုမျိုးကနေ လုပ်ငန်းလေးကနေ စလိုက်ပြီးတော့မှ စည်ပင်သာယာရေးကလည်း ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းမှာ သူ့နေ့နဲ့သူ အမြဲတမ်း အမှိုက်တွေကို သိမ်းဆည်းတဲ့ စနစ်လည်းရှိလာတယ်။ ဒါက ရပ်ကွက်တွေမှာပါ။ ပြီးတော့ ပွဲတော်မှာ အမှိုက်တွေကို မမြင်ရတဲ့ အနေအထားလေးဖြစ်အောင် လုပ်ခဲ့တာပါ။

မေး ။ ။ ဆရာတို့ လွိုင်ကော်မှာဆိုရင် အားလုံးဌာနပေါင်းစုံပေါင်းမှ ဒီဟာလေးက အောင်မြင်မှာဆိုတော့ အခုနပြောတဲ့ စည်ပင်ကနေ အမှိုက်တွေသိမ်းတယ်။ နောက်ကော အခြားဘာတွေလုပ်ရပါသေးလဲ။

ဖြေ ။ ။ ဘာတွေလုပ်ရပါလဲဆိုတော့ စည်ပင်တခုတည်းနဲ့လဲ မပြီသေးဘူး။ တခြားသတ်မှတ်ချက်တွေလဲ အများကြီး ရှိပါတယ်။ မြို့ရဲ့ဂုဏ်အင်္ဂါနဲ့ လျော်ညီတဲ့ awareness တွေ ပေးသလား။ ဂုဏ်အင်္ဂါနဲ့လျော်ညီတဲ့ စင်တာတွေ ရှိသလား အစရှိသဖြင့်၊ ကျန်းမာရေးနဲ့ ပတ်သက်လို့လဲ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ။ အဲဒီလိုအခြား စံနှုန်းတွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့က ဗမာပြည်မှာ ပြိုင်ကြတာတော့ (၅၅) မြို့ သို့မဟုတ် (၅၆) မြို့ ရှိပါလိမ့်မယ်။ လွိုင်ကော်၊ တောင်ကြီး၊ ထားဝယ်တို့ ဖြစ်ပါတယ်။ အဲဒီမှာတော့ လွိုင်ကော်ကတော့ ထူးထူးခြားခြားပေါ့။ အဲဒီတော့ နည်းနည်းလေး ဆက်စပ်ပြီးတော့ တင်ပြချင်တာကတော့ ကယားတိုင်းရင်းသားမျိုးနွယ် (၉) မျိုး ရှိတယ်။ အဲဒီ (၉) မျိုးထဲမှာမှ တဘက်နိုင်ငံကို ရောက်နေတဲ့ ကယန်လူမျိုးတွေ။

ကယားပြည်နယ်မှာ (၇) မြို့နယ် ရှိတဲ့ထဲက ဒီမောဆိုမြို့နယ်၊ ပန်ပက်ကိုသွားရင် အခြားတဘက်နိုင်ငံမှာ ပြစားခံနေရတဲ့ လူမျိုးတွေရဲ့ မူရင်းနေရာက ကျနော်တို့ ကယားပြည်နယ်ထဲက ဒီမောဆိုမြို့နယ်ထဲကဆိုတာကို သိစေချင်တယ်။ ကယန်တိုင်းရင်းသားတွေဟာ မူရင်းဌာနေ တိုင်းရင်းသားတွေဟာ ကျနော်တို့ ကယားပြည်နယ်ကဆိုတာကို ပြောပြချင်တယ်။ လာတဲ့လူလောက်ပဲ သိရုံတင်မဟုတ်ဘူး၊ ကယားပြည်နယ်၊ လွိုင်ကော်ရယ်၊ ကယားတိုင်းရင်းသား (၉) မျိုးရယ်၊ အဲဒါတွေပါ သိစေချင်တဲ့အခါကြတော့ ဒါကြောင့်လဲ အသန့်ရှင်းဆုံးမြို့ဖြစ်လို့ တခြားနိုင်ငံခြားကလူတွေလာရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သိသွားစေချင်လို့လဲ အဲဒီလို ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

နောက်တချက်က တဆက်တည်းပဲ နောက်လူမျိုးတမျိုးဖြစ်တဲ့ ကယားလူမျိုး။ ကယားဆိုလဲ ကယန်းကဲ့သို့ပဲ ကယားကို ကယားဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှု ပြည့်ပြည့်ဝဝ သိချင်လို့ရှိရင် -- သွားရင်ရတယ်ဆိုတာကိုလည်း အသန့်ရှင်ဆုံးဆုနဲ့အတူ ဆက်စပ်ပြီးတော့ နောက်ပိုင်းပိုသိပြီးတော့ ခရီးသွားတွေကို ဖိတ်ခေါ်ချင်တာပါ။ အဲဒီလိုပဲတခါ - သူများကတော့ နည်းနည်းပိုပြီး ပြောလားမပြောလားတော့ မသိဘူး - နယူဇီလန် ရောက်သွားသလိုပဲလို့ ပြောစမှတ်ပြုတဲ့ ဆင်ဖြူတောင် - အဲဒါကတော့ ကျနော်တို့ ကယားတိုင်းရင်းသားတွေထဲက ကယားတိုင်းရင်းသား (၉) မျိုးထဲက ကယောလူမျိုးကို သူတို့ရဲ့ ဓလေ့ထုံးတမ်းနဲ့ သူတို့ရဲ့ နေမှုထိုင်မှု၊ ယဉ်ကျေးမှုတွေကို သိချင်ရင် အဲဒါလေးကို ဖော်ထုတ်ပြသတဲ့ နေရာမှာ မူရင်းလွိုင်ကော်ကိုလည်း သိဖို့လိုတယ်။ မူရင်းလွိုင်ကော်သိဖို့၊ ဘယ်လိုနည်းနဲ့ သိအောင်လုပ်မလဲ ဆိုတော့လဲ - ဒီခေတ်က အင်တာနက်ခေတ်ဆိုတော့ သိပေမယ့်လဲ အခုလိုမျိုး အရှေ့တောင်အာရှမှာ ဒီလိုအောင်မြင်အောင် ပြန်လည်လုပ်ပြပြီးတော့၊ ပိုပြီးတော့ ဆွဲဆောင်မှု ပိုရမယ်လို့လဲ ယူဆတယ်။

နောက်တခုကလဲ ဒီလိုဆွဲဆောင်မှု ရဖို့အတွက်ကလဲ တိုင်းရင်းသားပြည်သူတွေအားလုံး ညီညီညွှတ်ညွှတ်နဲ့ မပါလို့ မရဘူး။ အဲဒါကြောင့်ပါ။

မေး ။ ။ အခုလိုမျိုး အာဆီယံအသန့်ရှင်းဆုံးဆုရအောင်လို့ သူတို့သတ်မှတ်ထားတဲ့အချက် ဘယ်နှစ်ချက် ရှိပါလဲ။

ဖြေ ။ ။ ကျနော်မှတ်မိသလောက် ပြောရမယ်ဆိုရင် အချက် (၂၀) မကဘူး၊ အနည်းဆုံး။ ဒီတခေါက် ဆုချီမြှင့်တာတော့ VOA က သိတဲ့အတိုင်းပါပဲ ဘရူးနိုင်းက ချီးမြှင့်တာပါ။

မေး ။ ။ ဆိုတော့ အခုလိုမျိုး အသန့်ရှင်ဆုံးမြို့အတွက် ဆုပေးဖို့ထဲမှာ နိုင်ငံခြားခရီးသွားတွေရဲ့ လည်ပျော်စရာ မြို့ကလေးတမြို့ ဆိုပြီးတော့ သတ်မှတ်ထားတာကို တွေ့ရပါတယ်။ နေပျော်စရာဖြစ်အောင် ဆရာတို့ ဘာတွေလုပ်နေပါသလဲ။

ဖြေ ။ ။ လွန်ခဲ့တဲ့ အနှစ် (၂၀) ဝန်းကျင်လောက်ကတော့ ကယားပြည်နယ်မှာ ဟိုတယ်က (၆) လုံးတော့ မပြည့်ပါဘူး။ အခုဆိုရင် အလုံး (၃၀) ကျော်လောက်အထိ ဖြစ်လာပြီ။ ခရီးသွားတွေ တည်ဖို့ခိုဖို့အတွက်ပါ။ တခါ တပိုင်းကလဲ သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးပဲ နိုင်ငံတကာက လာတဲ့အခါမှာ ယဉ်ကျေးမှု၊ သဘာဝရှု့ခင်းတွေကို သူ့အတိုင်း ကြည့်နိုင်မြင်သာအောင် ကျနော်တို့က နဂိုအတိုင်းလေးထား - ပြောမယ်ဆိုရင် Virgin Land လို့လဲ ပြောလို့ရပါတယ်။ အဲဒီလိုလေး သိပ်ပြီးတော့ မပြုပြင်ထားတဲ့ ပြည်နယ်ပေါ့။ နောက် ဒီကြားထဲမှာ ခရီးသွားလုပ်ငန်းကို ကျနော်တို့ တကယ်တမ်းလုပ်တာ NLD အစိုးရ တက်လာမှ တကယ်ကို မိမိရရ ဆောင်ရွက်တာပါ။ အဲဒီထဲမှာတော့ (၂) နှစ်လောက်ကတော့ ဘယ်သူက စလုပ်ပေးနေသလဲဆိုတော့ ခရီးသွားလုပ်ငန်းအတွက်ကို နောင်အကျိုးကို မျှော်ကိုးပြီးတော့ International Trade Center (ITC) က ဒီမှာလာပြီးတော့ အခြေပျိုးပေးပါတယ်။ ကယားပြည်နယ်မှာလုပ်ရင် ဖြစ်နိုင်တယ် - လူထုအခြေပြု ခရီးသွားလုပ်ငန်းလေးလုပ်ရင် ဖြစ်နိုင်စွမ်းရည်ရှိတယ်ဆိုပြီးတော့ ကန် (၇) ဆင့်နဲ့ အနီးကပ်ဆုံးက ထနီလာလဲ ကယားရွာ - အဲဒီမှာ သူတို့ကစပြီး awareness ပညာပေး၊ စည်းရုံးစခဲ့ပါတယ်။

အဲဒါလေးကို ကျနော်တို့အစိုးရ တက်လာတဲ့အခါကြတော့ ခရီးသွားလုပ်ငန်း တိုးတက်အောင်၊ ကြံဆောင်ရင်းနဲ့ ပိုပြီးတော့ လူသိများအောင်ဆိုပြီးတော့လဲ ပါပါတယ်။ နောက်တခုက တကယ်လဲ သန့်ရှင်းချင်တာလဲ ပါပါတယ်။ သန့်ရှင်းရေးနဲ့ ကျန်းမာရေးကလည်း တိုက်ရိုက်အချိုးကျနေတော့ ဒါကြောင့် တကယ်လဲ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့ အသန့်ရှင်းဆုံး ဖြစ်စေချင်လို့ ဆောင်ရွက်ခဲ့တာလည်းပါပါတယ်။

မေး ။ ။ ဒီဆုရဖို့အတွက်ဆိုလို့ရှိရင် ဟိုတယ်၊ ခရီးသွားလုပ်ငန်းတခုတည်းနဲ့ မဟုတ်ဘူး။ နောက် စည်ပင်သာယာနဲ့ လူထုပါဝင်တာတွေတင် မဟုတ်ဘူး၊ ကျန်းမာရေးက အရေးကြီးတယ်။ အဲဒီလိုမျိုး ဟန်ချက်ညီညီ ဆောင်ရွက်နိုင်အောင် ကျန်းမာရေးဘက်က ဘာတွေပံ့ပိုးပေးပါလဲ။

ဖြေ ။ ။ ကျန်းမာရေးက ဘာတွေပံ့ပိုးသလဲဆိုရင် သူတို့ကလဲ ကျန်းမာရေး အသိပညာဟောပြောပွဲတွေနဲ့ ပတ်သက်ပြီးတော့ အများကြီးဆောင်ရွက်ပေးတယ်။ အထူးသဖြင့် ကျောင်းတွေမှာ ပညာပေးအလုပ်တွေလုပ်တယ်။ နောက်ဆုံး မူကြိုကျောင်းတွေက ရုံးုဝန်ထမ်း၊ နေ့ကလေးထိန်းကျောင်းတွေအဆုံး အကုန်လုံး ကျန်းမာရေးနဲ့ ပတ်သက်ပြီး တကိုယ်ရေကျန်းမာမှ အားလုံးအတွက် အဆင်ပြေမယ့် အနေအထားရှိတယ်ဆိုတော့ ဒီကလေးတွေ ကျန်းမာရေးအတွက်ကို ပိုပြီးတော့ ဂရုတစိုက် ဆောင်ရွက်ပေးတယ်။ အဲဒီလိုဆောင်ရွက်ပေးရင်နဲ့ သူတို့မှာလဲ သူတို့မိခင်တွေရှိတော့ မိခင်တွေလည်း ကျန်းမာအောင် - ကျန်းမာဖို့ဆိုရင် မြို့ကသန့်ရှင်းမှရမှာ။ တဦးတယောက်တည်းနဲ့လဲ သန့်ရှင်းလို့ မရဘူး။ အားလုံးကလဲ တကယ်သန့်ရှင်းမှ အစားအသောက်၊ အနေအထိုင်ကအစ သန့်ရှင်းမှဆိုပြီး အဲဒီလို တဆင့်ပြီးတဆင့် ကျန်းမာရေးအရလဲ သူ့ကဏ္ဍလေးနဲ့သူ ဆောင်ရွက်ပေးခဲ့တယ်။

နောက် pamphlet တွေ ဝေတယ် စသည်ဖြင့် သူ့ရာသီချိန်အလိုက် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပူူးပေါင်းဆောင်ရွက်ပေးတယ်။ နောက်တခုက Team အနေနဲ့ လှုပ်ရှားတာပါ။ အမှန်အတိုင်းပြောရရင် လူထုအဖွဲ့အစည်းတွေ အကုန်လုံး စုပေါင်းပြီးတော့ ချောင်းထဲမှာ သန့်ရှင်းရေးလုပ်တယ်။ လမ်းတလျှောက် ရပ်ကွက်အလိုက် သန့်ရှင်းရေးလုပ်တယ်။ နောက်တခုက အဲဒီလို သန့်ရှင်းရေး လုပ်တာနဲ့မပြီဘူး။ အမှိုက်ကို တောင်ထဲကို စွန့်ပစ်တဲ့ အခြေအနေမျိုးရောက်အောင် ကျနော်တို့ စည်းရုံးရတယ်။ အခုနောက်ပိုင်းတော့ တောင်ထဲကို အမှိုက်ပစ်တာထက်စာရင် အမှိုက်ကို ကိုယ့်ဟာကိုယ် ဘယ်လို ကိုယ့်အိမ်မှာကိုယ် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ စနစ်အထိ ကျနော်တို့ ပြန်ပြီးတော့ စဉ်းစားထားတယ်။ အပြင်မှာလိုက်ကောက်နေလို့ တသက်လုံးကောက်လို့ ပြီမှာမဟုတ်ဘူး။ အဲဒီတော့ အမှိုက်ကို စနစ်တကျစွန့်ပစ်နိုင်အောင်၊ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ ဟိုတယ်ခရီး၊ စည်ပင်သာယာရေး၊ ကျန်းမာရေးဌာန၊ လူမှုရေးအဖွဲ့အစည်းတွေအားလုံး တကယ်လဲ ဆောင်ရွက်ခဲ့ကြပါတယ်။

မေး ။ ။ ဒီလိုမျိုး အာဆီယံမှာ အသန့်ရှင်ဆုံးဆု ရတာနဲ့ဆက်နွယ်ပြီးတော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားအမျိုးအနွယ်စုကို ကမ္ဘာကသိအောင်လုပ်တဲ့ အစိတ်အပိုင်းတခုလည်း ပါပါတယ်ဆိုတော့ အရမ်းကိုဝမ်းသာစရာပါ ဆရာ။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။

XS
SM
MD
LG