သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ရေသ့ေတာင္ေဒသ တိုက္ပဲြသံုးေနရာထက္မနည္းျဖစ္ပြား


ရခိုင္စစ္ေရွာင္ဒုကၡသည္မ်ား။ (ဓာတ္ပံု - Rakhine Ethnics Congress)

[Zawgyi/Unicode]

စစ္ေရးတင္းမာေနဆဲ ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA တုိ႔ၾကား ဒီကေန႔မနက္ တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

မၾကာေသးခင္ကစလုိ႔ ျမန္မာစစ္တပ္နဲ႔ AA အဖဲြ႔တုိ႔ၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဒီေန႔လည္း တုိက္ပဲြဆက္တုိက္ ျဖစ္ခဲ့တဲ့အေၾကာင္း ေဒသခံေတြနဲ႔ AA အဖဲြ႔တုိ႔က ေျပာပါတယ္။ ရေသ့ေတာင္ျမိဳ႕နယ္ထဲ အထက္နန္းရာ ေတာင္ေက်ာ္လမ္းနဲ႕ ေက်ာက္ဗန္ဒုေက်းရြာနားမွာ ဒီကေန႔အေစာပိုင္းက တိုက္ပြဲ (၃) ေနရာထက္မနည္း ျဖစ္ပြားခဲ့တယ္လို႔လည္း ေစတီျပင္ေက်းရြာသား ဦးေက်ာ္မင္းက ေျပာပါတယ္။

“တိုက္ပြဲက (၃) ေနရာေလာက္ျဖစ္ေနတယ္။ မနက္(၇)နာရီေလာက္ကတည္းကျဖစ္တာ။ ေက်ာက္ဗန္ဒူနဲ႔ စတီျပင္လမ္း ရွိတယ္ မဟုတ္လား။ ေမယုေတာင္ကို ျဖတ္ျပီးေဖါက္ထားတဲ့လမ္းေလ။ ေက်ာက္ဗန္ဒူဘက္ကေနျပီး အေရွ႕ဘက္ကို၀င္လာတဲ့ စစ္ေၾကာင္းနဲ႕ အဲဒီမွာတေနရာျဖစ္တယ္။ ေက်ာက္ဗန္ဒူဘက္က ၀င္လာတဲ့တပ္ရဲ႕စစ္ေၾကာင္းကိုေတာ့ ခ်ံဳခိုျပီးတိုက္ တာေပါ့။ ေနာက္ျပီး အဲဒီေတာင္ေၾကာထဲမွာရွိတဲ့ တပ္ကေနရာယူထားတဲ့ ေနရာမွာ တခါ တေနရာျဖစ္တယ္။ ျပီး ဒီေစတီျပင္ဘက္ေတာင္က အဆင္းမွာ နယ္ျခားေစာင့္စခန္းအၾကီးၾကီးတခု ရွိတယ္။ အဲဒီတေနရာရယ္ (၃) ေနရာျဖစ္တာေပါ့။ ”

တိုက္ပြဲေတြျဖစ္ပြားတဲ့ ေနရာဟာ ရြာေတြနဲ႕အလွမ္းေ၀းတာေၾကာင့္ ရြာသားေတြ ထိခိုက္ဒဏ္ရာရတာ မရွိဘူးလို႔လည္း ေျပာပါတယ္။

ရေသ့ေတာင္ျမိဳ႕နယ္ အထက္နန္းရာ တိုက္ပြဲျဖစ္ပြါးတဲ့အေျခအေနကိုေတာ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ေျပာခြင့္ရခိုင္သုခက အခုလိုေျပာပါတယ္။

“ဒီေန႕ေအာက္တိုဘာလ ၂၆ ရက္ မနက္ ၇ နာရီ ၂၇ မိနစ္မွာ ရေသ့ေတာင္ျမိဳ႕နယ္ အထက္နန္းရြာေက်းရြာရဲ႕ အေနာက္ဘက္ေပါ့ေနာ္။ တိုက္ပြဲျဖစ္ပြါးခဲ့တာရွိတယ္။ ေနာက္ျပီးလို႔ ရွိရင္ ဒီေန႔ အဲဒီတိုက္ပြဲျဖစ္ပြါးတဲ့ေနရာေပါ့ေနာ္။ ရေသ့ေတာင္ၿမိဳ႕နယ္အထက္ နန္းရြာေက်းရြာရဲ႕ေျမာက္ဘက္မီတာ ၃၀၀ ေလာက္အကြာမွာေပါ့။ ေနာက္တၾကိမ္တိုက္ပြဲျဖစ္တာ ရွိ တယ္။ မနက္ ၈ နာရီ ၅၀ မိနစ္ေလာက္မွာေပါ့။ ဒီျဖစ္တဲ့ တိုက္ပြဲႏွစ္ပြဲလုံးမွာေတာ့ ျမန္မာစစ္တပ္ဘက္က သူတို႔အထိနာတာေပါ့။ တိုက္ပြဲ ၂ ပြဲေပါင္းလို႔ ရွိရင္ေတာ့ ၂၀ အထက္က်ဆုံးတယ္ဗ်သူတို႔။”

ဒီကေန႔မွာလည္း ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႕တိုက္ပြဲႏွစ္ၾကိမ္ျဖစ္ပြါးခဲ့ျပီး ထိခိုက္မႈကိုေတာ့ မသိရွိေသးဘူးလို႔ ခိုင္သုခက ဆိုပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္က တိုက္ပြဲေတြအတြင္း ျမန္မာစစ္တပ္ဘက္က ထိခိုက္က်ဆုံးမႈေတြ ရွိခဲ့ေၾကာင္း AA အဖဲြ႔ရဲ႕ ေျပာဆုိခ်က္ကုိေတာ့ သီးျခားအတည္မျပဳနိုင္ေသးသလုိ၊ ရေသ့ေတာင္နဲ႔ ပလက္၀ျမိဳ႕နယ္ေတြက တိုက္ပြဲအေျခအေနကိုသိရွိဖို႕ ျမန္မာစစ္တပ္ေျပာခြင့္ရသူကို ဆက္သြယ္ခဲ့ေပမဲ့လည္း မရခဲ့ပါဘူး။

ဒီကေန႔မွာလည္း ရေသ့ေတာင္ျမိဳ႕နယ္က AA ရခိုင္လက္က္ကိုင္အဖြဲ႕ေနရာယူထားတဲ့ ေအာင္သာစည္ကုန္းဘက္ကို ျမန္မာစစ္တပ္ကေန လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္တာေတြ ရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

“ေအာင္သာစည္ဘက္မွာေတာ့ လက္နက္ၾကီးနဲ႔ ရေသ့ေတာင္ဘက္က လွမ္းပစ္တာထီးစြဲကေနပစ္တာ။ အဲဒါေတာ့ အျမဲတမ္းရွိတယ္။ ဒီေန႔လည္း ပစ္ေသးတယ္။ ပစ္ေနတုန္းပဲ။”

ရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕တိုက္ပြဲေတြျဖစ္ပြါးမႈျပင္းထန္လာေနသလို တိုက္ပြဲေၾကာင့္ေဒသခံ ၂၂၀,၀၀၀ ေက်ာ္ ေနရပ္ကေနတိမ္းေရွာင္ေနရပါတယ္။

ရခုိင္ျပည္နယ္က လက္နက္ကုိင္ ပဋိပကၡေတြ အပါအ၀င္ ႏုိင္ငံအ၀န္းက တုိက္ပဲြေတြေၾကာင့္ ကေလးငယ္ေတြ အပါအ၀င္ အရပ္သား ေသဆုံးမႈေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြထက္ ပုိမ်ားလာေနတဲ့အေပၚ စုိးရိမ္ေၾကာင္းလည္း ကုလသမဂၢ လူသားခ်င္း စာနာမႈဆုိင္ရာ႐ုံးက ဒီလထဲမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် ရသေ့တောင်ဒေသ တိုက်ပွဲသုံးနေရာထက်မနည်းဖြစ်ပွား

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား ဒီကနေ့မနက် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ကစလို့ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်မှာ ဒီနေ့လည်း တိုက်ပွဲဆက်တိုက် ဖြစ်ခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ AA အဖွဲ့တို့က ပြောပါတယ်။ ရသေ့တောင်မြို့နယ်ထဲ အထက်နန်းရာ တောင်ကျော်လမ်းနဲ့ ကျောက်ဗန်ဒုကျေးရွာနားမှာ ဒီကနေ့အစောပိုင်းက တိုက်ပွဲ (၃) နေရာထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း စေတီပြင်ကျေးရွာသား ဦးကျော်မင်းက ပြောပါတယ်။

“တိုက်ပွဲက (၃) နေရာလောက်ဖြစ်နေတယ်။ မနက်(၇)နာရီလောက်ကတည်းကဖြစ်တာ။ ကျောက်ဗန်ဒူနဲ့ စတီပြင်လမ်း ရှိတယ် မဟုတ်လား။ မေယုတောင်ကို ဖြတ်ပြီးဖေါက်ထားတဲ့လမ်းလေ။ ကျောက်ဗန်ဒူဘက်ကနေပြီး အရှေ့ဘက်ကိုဝင်လာတဲ့ စစ်ကြောင်းနဲ့ အဲဒီမှာတနေရာဖြစ်တယ်။ ကျောက်ဗန်ဒူဘက်က ဝင်လာတဲ့တပ်ရဲ့စစ်ကြောင်းကိုတော့ ချုံခိုပြီးတိုက် တာပေါ့။ နောက်ပြီး အဲဒီတောင်ကြောထဲမှာရှိတဲ့ တပ်ကနေရာယူထားတဲ့ နေရာမှာ တခါ တနေရာဖြစ်တယ်။ ပြီး ဒီစေတီပြင်ဘက်တောင်က အဆင်းမှာ နယ်ခြားစောင့်စခန်းအကြီးကြီးတခု ရှိတယ်။ အဲဒီတနေရာရယ် (၃) နေရာဖြစ်တာပေါ့။ ”

တိုက်ပွဲတွေဖြစ်ပွားတဲ့ နေရာဟာ ရွာတွေနဲ့အလှမ်းဝေးတာကြောင့် ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ပြောပါတယ်။

ရသေ့တောင်မြို့နယ် အထက်နန်းရာ တိုက်ပွဲဖြစ်ပွါးတဲ့အခြေအနေကိုတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရခိုင်သုခက အခုလိုပြောပါတယ်။

“ဒီနေ့အောက်တိုဘာလ ၂၆ ရက် မနက် ၇ နာရီ ၂၇ မိနစ်မှာ ရသေ့တောင်မြို့နယ် အထက်နန်းရွာကျေးရွာရဲ့ အနောက်ဘက်ပေါ့နော်။ တိုက်ပွဲဖြစ်ပွါးခဲ့တာရှိတယ်။ နောက်ပြီးလို့ ရှိရင် ဒီနေ့ အဲဒီတိုက်ပွဲဖြစ်ပွါးတဲ့နေရာပေါ့နော်။ ရသေ့တောင်မြို့နယ်အထက် နန်းရွာကျေးရွာရဲ့မြောက်ဘက်မီတာ ၃၀၀ လောက်အကွာမှာပေါ့။ နောက်တကြိမ်တိုက်ပွဲဖြစ်တာ ရှိ တယ်။ မနက် ၈ နာရီ ၅၀ မိနစ်လောက်မှာပေါ့။ ဒီဖြစ်တဲ့ တိုက်ပွဲနှစ်ပွဲလုံးမှာတော့ မြန်မာစစ်တပ်ဘက်က သူတို့အထိနာတာပေါ့။ တိုက်ပွဲ ၂ ပွဲပေါင်းလို့ ရှိရင်တော့ ၂၀ အထက်ကျဆုံးတယ်ဗျသူတို့။”

ဒီကနေ့မှာလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး ထိခိုက်မှုကိုတော့ မသိရှိသေးဘူးလို့ ခိုင်သုခက ဆိုပါတယ်။

ရသေ့တောင်မြို့နယ်က တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ကြောင်း AA အဖွဲ့ရဲ့ ပြောဆိုချက်ကိုတော့ သီးခြားအတည်မပြုနိုင်သေးသလို၊ ရသေ့တောင်နဲ့ ပလက်ဝမြို့နယ်တွေက တိုက်ပွဲအခြေအနေကိုသိရှိဖို့ မြန်မာစစ်တပ်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။

ဒီကနေ့မှာလည်း ရသေ့တောင်မြို့နယ်က AA ရခိုင်လက်က်ကိုင်အဖွဲ့နေရာယူထားတဲ့ အောင်သာစည်ကုန်းဘက်ကို မြန်မာစစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အောင်သာစည်ဘက်မှာတော့ လက်နက်ကြီးနဲ့ ရသေ့တောင်ဘက်က လှမ်းပစ်တာထီးစွဲကနေပစ်တာ။ အဲဒါတော့ အမြဲတမ်းရှိတယ်။ ဒီနေ့လည်း ပစ်သေးတယ်။ ပစ်နေတုန်းပဲ။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွါးမှုပြင်းထန်လာနေသလို တိုက်ပွဲကြောင့်ဒေသခံ ၂၂၀,၀၀၀ ကျော် နေရပ်ကနေတိမ်းရှောင်နေရပါတယ်။

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ အပါအဝင် နိုင်ငံအဝန်းက တိုက်ပွဲတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ နှစ်တွေထက် ပိုများလာနေတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာရုံးက ဒီလထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG