သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ျဖဴဘက္မွာ တပ္မေတာ္ယာဥ္တန္း တိုက္ခိုက္ခံရၿပီး တပ္မေတာ္သားတခ်ဳိ႕ ထိခိုက္ေသဆံုး


ရခိုင္ျပည္နယ္ သံတဲြၿမိဳ႕မွာ ေတြ႔ရတဲ့ ျမန္မာစစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ေအာက္တိုဘာ ၃၊ ၂၀၁၃)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ တပ္မေတာ္ယာဥ္ ဗံုးခြဲတိုက္ခိုက္ခံခဲ့ရၿပီး ထိခိုက္ေသဆုံးသူတခ်ဳိ႕ ရွိခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

ေက်ာက္ျဖဴျမိဳ႕နယ္ စနဲၿမိဳ႕အျပင္ဘက္ ေရနံသူ တံတားထိပ္မွာ တပ္မေတာ္ယာဥ္တစီး တိုက္ခိုက္ခံခဲ့ရျပီး ေသဆုံးဒဏ္ရာရသူေတြ ရွိခဲ့တာပါ။ မေန႔တုန္းက တုိက္ခုိက္မႈျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္လုိ႔ စနဲၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးေနလင္းႀကိဳင္က အခုလုိ ရွင္းျပပါတယ္။

“မေန႔ကျဖစ္တာေတာ့ ၁၀ နာရီခြဲပါတ္၀န္းက်င္ေလာက္မွာ ေပါက္ကြဲသံ တခုၾကားလိုက္တာေပါ့ေနာ္။ လက္နက္ငယ္ အသံေတြေတာ့ၾကားလိုက္တယ္။ ၾကားျပီးတဲ့ေနာက္မွာ လုံျခံဳေရးအဖြဲ႕ Ambulance အကူညီေတာင္းလို႔ အဲဒီအဖြဲ႕က ဒဏ္ရာရတဲ့သူေတြ သြားကယ္လို႔တာ့သိရတယ္။ ထိခိုက္မႈကေတာ့ ျပည္သူ႔ေဆးရံုေရာက္ေတာ့ ဒဏ္ရာရရွိသူ ၃ ေယာက္နဲ႔ က်ဆုံးတဦး ေရာက္လာတာေတြ႕ရတယ္။ က်ေနာ္တို႔ ဒီစနဲျမိဳ႕ရဲ႕ျမိဳ႕ျပင္ဘက္ေပါ့။ အဲဒီေခ်ာင္းကူးတံတားနားမွာ ျဖစ္တယ္လို႕ေတာ့သိရတယ္။ တပ္မေတာ္အဖြဲ႕ဟာ က်ေနာ္တို႔ စနဲကို ၀င္လာတယ္။ လာျပီးေတာ့အျပန္မွာ တံတားေပၚအတက္မွာ မိုင္း ကားမိုင္းထိတဲ့ပုံစံမ်ိဳးသိရတယ္ခင္ဗ်။”

စနဲၿမိဳ႕အျပင္ဘက္ ေရတပ္ကုိသြားတဲ့လမ္းက အဝေတာင္ေက်းရြာအုပ္စုရွိ ေရနံသူ တံတားထိပ္မွာ တိုက္ခိုက္ခံရမႈအတြင္း တဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး ေနာက္တဦးကေတာ့ ေဆး႐ုံေရာက္ၿပီးမွ ေသဆုံးခဲ့တာလုိ႔လည္း ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရခိုင္သုခကေတာ့ မေန႔က စနဲၿမိဳ႕အျပင္ဘက္မွာ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြါးခဲ့တယ္လုိ႔ ေျပာပါတယ္။

“ေက်ာက္ျဖဴျမိဳ႕နယ္ စနဲျမိဳ႕နဲ႔ အ၀ေတာင္ရြာၾကားမွာေပါ့။ မေန႔က ေအာက္တိုဘာလ ၂၁ ရက္ေန႔ ေန႔လယ္ ၁၁ နာရီေလာက္မွာ မေန႔ အနည္းငယ္ၾကာထိေတြ႔မႈ ျဖစ္တာရွိတယ္။ အဲဒီမွာ ျမန္မာစစ္တပ္ဘက္ကေနျပီးေတာ့ ၂ ဦးေသဆုံး ျပီးေတာ့ ၃ ဦးဒဏ္ရာရတယ္လို႔ သိရတယ္ဗ်။ အဲဒီမွာ စစ္တပ္ကားတစီးလည္း ပ်က္စီးသြားတယ္လို႔ သိရတယ္ဗ်။”

ေက်ာက္ျဖဴၿမိဳ႕နယ္၊ စနဲၿမိဳ႕အနီး တပ္မေတာ္ယာဥ္ ဗံုးခြဲတိုက္ခိုက္ခံရေၾကာင္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကလည္း အတည္ျပဳပါတယ္။ တုိက္ခုိက္မႈဟာ AA လက္နက္ကုိင္အဖဲြ႔ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

“က်ေနာ္တို႔ ေက်ာက္ျဖဴမွာရွိတဲ့ လုံျခံဳေရးတပ္ဖြဲ႕၀င္ေတြ သူတို႔ လုံျခံဳေရးအတြက္ကင္းလွည့္တာရွိတယ္။ မေန႔ကမနက္ ၁၀ နာရီေလာက္တုန္းက စနဲရဲ႕ေျမာက္ဘက္ ေရနံသူ တံတား။ အဲဒီေရနံသူတံတားဆိုတာ အရင္တုန္းကအဲဒီမွာမိုင္းနဲ႔ မသကၤာသူေတြ မိတဲ့ေနရာဘဲ။ အဲဒီေနရာမွာပဲ ရီမုမိုင္းနဲ႔ ေဖါက္ျပီးတိုက္ခိုက္ခဲ့တာရွိတယ္။ က်ေနာ္တို႔ဆီက စစ္ယာဥ္တစင္း ပ်က္စီးခဲ့တာရွိတယ္။ စစ္သည္တခ်ိဳ႕က်ဆုံးဒဏ္ရာရခဲ့တာ ရွိပါတယ္။ AAအဖြဲ႕ပါဘဲ။ အရင္တခါတုန္းကလည္း အဲဒီေနရာေလးမွာ က်ေနာ္တို႔ မိုင္းနဲ႕အတူမိတဲ့သူ ရွိတယ္။ အဲတာလည္း AA ပဲ။”

စနဲၿမိဳ႔မွာ ပထမဆံုးႀကံဳရတဲ့ တုိက္ခုိက္မႈေၾကာင့္ စစ္ေရးတင္းမာမႈေတြ ႀကီးထြားလာမွာကုိ ေဒသခံေတြစိုးရိမ္ေနပါတယ္။

ဒီဗုံးေပါက္ကြဲမႈျဖစ္ပြါးတဲ့ေနရာဟာ အ၀ေတာင္ေက်းရြာနဲ႕လဲနီးေနတာၾကာင့္ စိုးရိမ္စိတ္နဲ႕ အ၀ေတာင္ ေက်းရြာ သားေတြ ေနရပ္ကေနတိမ္းေရွာင္ေနရတယ္လို႔ ေက်ာက္ျဖဴမဲဆႏၵနယ္ ျပည္နယ္လႊတ္တာ္ ကိုယ္စားလွယ္ ဦးေက်ာ္လြင္ကေျပာပါတယ္။

“အဲဒီနားမွာ အ၀ေတာင္ဆိုတဲ့ရြာနဲ႔ နီးတယ္။ အဲဒီအ၀ေတာင္မွာ ရြာသားေတြအကုန္လုံးထြက္ေျပးၾကတယ္လို႔ ေျပာတယ္။ စစ္တပ္က အဲဒီလိုမိုင္းဆြဲခံရျပီးဆိုရင္ နီးတဲ့ ပတ္၀န္းက်င္ကို အကုန္လုံး လွမ္းပစ္တာမ်ိဳးရွိတဲ့ အခါက်ေတာ့ ရြာသားေတြက အကုန္လုံးေၾကာက္လို႔ ထြက္ေျပးၾကတာထင္ပါတယ္။”

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႔အၾကား တိုက္ပြဲေတြဆက္လက္ျဖစ္ပြါးေနတာပါ။ ဒီကေန႔မွာ မင္းျပားျမိဳ႕နယ္ ေမလြမ္းရြာဘက္မွာ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြါးေနသလို မေန႔ကလည္း အမ္းျမိဳ႕နယ္ဘက္ ေတာင္တန္းေပၚမွာ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္း ၂ ႏွစ္နီးပါးစစ္ေရးတင္းမာမႈမွာ ႏွစ္ဘက္တပ္ဖြဲ႕၀င္ေတြနဲ႔ ေဒသခံေတြ ေသဆုံး ဒဏ္ရာရရွိမႈေတြကလည္း ျမင့္တက္လာေနသလို ေဒသခံ ၂၂၀,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်ဖြူဘက်မှာ တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်မတော်သားတချို့ ထိခိုက်သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တပ်မတော်ယာဉ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးသူတချို့ ရှိခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

ကျောက်ဖြူမြို့နယ် စနဲမြို့အပြင်ဘက် ရေနံသူ တံတားထိပ်မှာ တပ်မတော်ယာဉ်တစီး တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တာပါ။ မနေ့တုန်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ စနဲမြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းကြိုင်က အခုလို ရှင်းပြပါတယ်။

“မနေ့ကဖြစ်တာတော့ ၁၀ နာရီခွဲပါတ်ဝန်းကျင်လောက်မှာ ပေါက်ကွဲသံ တခုကြားလိုက်တာပေါ့နော်။ လက်နက်ငယ် အသံတွေတော့ကြားလိုက်တယ်။ ကြားပြီးတဲ့နောက်မှာ လုံခြုံရေးအဖွဲ့ Ambulance အကူညီတောင်းလို့ အဲဒီအဖွဲ့က ဒဏ်ရာရတဲ့သူတွေ သွားကယ်လို့တာ့သိရတယ်။ ထိခိုက်မှုကတော့ ပြည်သူ့ဆေးရုံရောက်တော့ ဒဏ်ရာရရှိသူ ၃ ယောက်နဲ့ ကျဆုံးတဦး ရောက်လာတာတွေ့ရတယ်။ ကျနော်တို့ ဒီစနဲမြို့ရဲ့မြို့ပြင်ဘက်ပေါ့။ အဲဒီချောင်းကူးတံတားနားမှာ ဖြစ်တယ်လို့တော့သိရတယ်။ တပ်မတော်အဖွဲ့ဟာ ကျနော်တို့ စနဲကို ဝင်လာတယ်။ လာပြီးတော့အပြန်မှာ တံတားပေါ်အတက်မှာ မိုင်း ကားမိုင်းထိတဲ့ပုံစံမျိုးသိရတယ်ခင်ဗျ။”

စနဲမြို့အပြင်ဘက် ရေတပ်ကိုသွားတဲ့လမ်းက အဝတောင်ကျေးရွာအုပ်စုရှိ ရေနံသူ တံတားထိပ်မှာ တိုက်ခိုက်ခံရမှုအတွင်း တဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာလို့လည်း ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ မနေ့က စနဲမြို့အပြင်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ပြောပါတယ်။

“ကျောက်ဖြူမြို့နယ် စနဲမြို့နဲ့ အဝတောင်ရွာကြားမှာပေါ့။ မနေ့က အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ မနေ့ အနည်းငယ်ကြာထိတွေ့မှု ဖြစ်တာရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ၂ ဦးသေဆုံး ပြီးတော့ ၃ ဦးဒဏ်ရာရတယ်လို့ သိရတယ်ဗျ။ အဲဒီမှာ စစ်တပ်ကားတစီးလည်း ပျက်စီးသွားတယ်လို့ သိရတယ်ဗျ။”

ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီး တပ်မတော်ယာဉ် ဗုံးခွဲတိုက်ခိုက်ခံရကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အတည်ပြုပါတယ်။ တိုက်ခိုက်မှုဟာ AA လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

“ကျနော်တို့ ကျောက်ဖြူမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သူတို့ လုံခြုံရေးအတွက်ကင်းလှည့်တာရှိတယ်။ မနေ့ကမနက် ၁၀ နာရီလောက်တုန်းက စနဲရဲ့မြောက်ဘက် ရေနံသူ တံတား။ အဲဒီရေနံသူတံတားဆိုတာ အရင်တုန်းကအဲဒီမှာမိုင်းနဲ့ မသင်္ကာသူတွေ မိတဲ့နေရာဘဲ။ အဲဒီနေရာမှာပဲ ရီမုမိုင်းနဲ့ ဖေါက်ပြီးတိုက်ခိုက်ခဲ့တာရှိတယ်။ ကျနော်တို့ဆီက စစ်ယာဉ်တစင်း ပျက်စီးခဲ့တာရှိတယ်။ စစ်သည်တချို့ကျဆုံးဒဏ်ရာရခဲ့တာ ရှိပါတယ်။ AAအဖွဲ့ပါဘဲ။ အရင်တခါတုန်းကလည်း အဲဒီနေရာလေးမှာ ကျနော်တို့ မိုင်းနဲ့အတူမိတဲ့သူ ရှိတယ်။ အဲတာလည်း AA ပဲ။”

စနဲမြို့မှာ ပထမဆုံးကြုံရတဲ့ တိုက်ခိုက်မှုကြောင့် စစ်ရေးတင်းမာမှုတွေ ကြီးထွားလာမှာကို ဒေသခံတွေစိုးရိမ်နေပါတယ်။

ဒီဗုံးပေါက်ကွဲမှုဖြစ်ပွါးတဲ့နေရာဟာ အဝတောင်ကျေးရွာနဲ့လဲနီးနေတာကြာင့် စိုးရိမ်စိတ်နဲ့ အဝတောင် ကျေးရွာ သားတွေ နေရပ်ကနေတိမ်းရှောင်နေရတယ်လို့ ကျောက်ဖြူမဲဆန္ဒနယ် ပြည်နယ်လွှတ်တာ် ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

“အဲဒီနားမှာ အဝတောင်ဆိုတဲ့ရွာနဲ့ နီးတယ်။ အဲဒီအဝတောင်မှာ ရွာသားတွေအကုန်လုံးထွက်ပြေးကြတယ်လို့ ပြောတယ်။ စစ်တပ်က အဲဒီလိုမိုင်းဆွဲခံရပြီးဆိုရင် နီးတဲ့ ပတ်ဝန်းကျင်ကို အကုန်လုံး လှမ်းပစ်တာမျိုးရှိတဲ့ အခါကျတော့ ရွာသားတွေက အကုန်လုံးကြောက်လို့ ထွက်ပြေးကြတာထင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတာပါ။ ဒီကနေ့မှာ မင်းပြားမြို့နယ် မေလွမ်းရွာဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွါးနေသလို မနေ့ကလည်း အမ်းမြို့နယ်ဘက် တောင်တန်းပေါ်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၂ နှစ်နီးပါးစစ်ရေးတင်းမာမှုမှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ သေဆုံး ဒဏ်ရာရရှိမှုတွေကလည်း မြင့်တက်လာနေသလို ဒေသခံ ၂၂၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG