သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICRC ရိကၡာတင္စက္ေလွ ရခိုင္မွာပစ္ခတ္ခံရ၊ ႏွစ္ဦးေသဆံုး


ICRC ေထာက္ပံ့ေရးစက္ေလွ မီးေလာင္ေနတဲ့ ျမင္ကြင္း။ (ဓါတ္ပုံ - ေမယုထြန္း - ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ICRC ေထာက္ပံ့ေရးစက္ေလွ မီးေလာင္ေနတဲ့ ျမင္ကြင္း။ (ဓါတ္ပုံ - ေမယုထြန္း - ေအာက္တိုဘာ ၂၈၊ ၂၀၂၀)
ICRC ေထာက္ပံ့ေရးစက္ေလွ မီးေလာင္ေနတဲ့ ျမင္ကြင္း။ (ဓါတ္ပုံ - ေမယုထြန္း - ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္မွာ ႏုိင္ငံတကာ ၾကက္ေျခနီအဖဲြ႔ရဲ႕ ကယ္ဆယ္ေရးပစၥည္း တင္ေဆာင္လာတယ္လုိ႔ဆိုတဲ့ စက္ေလွတစင္း ပစ္ခတ္ခံရမႈေၾကာင့္ အနည္းဆုံး ၂ ေယာက္ေသ၊ ၂ ေယာက္ ဒဏ္ရာရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA တုိ႔ၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရေသ့ေတာင္ျမိဳ႕နယ္မွာ ဒီကေန႔အေစာပုိင္းက စစ္ေရွာင္ဒုကၡသည္ေတြအတြက္ အကူအညီပစၥည္းေတြ တင္ေဆာင္လာတဲ့ စက္ေလွတစီး ပစ္ခတ္ခံရတာေၾကာင့္ ေသေၾကဒဏ္ရာရသူေတြ ရွိခဲ့တဲ့အေၾကာင္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ စဖိုကြ်န္း ျပိန္းေတာရြာအနီး ကယ္ဆယ္ေရးပစၥည္းတင္စက္ေလွ ပစ္ခတ္ခံခဲ့ရတာလုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

“ဒီေန႔ NAVY ကပစ္လိုက္တာ... ကယ္ဆယ္ေရး ဘုတ္ၾကီးမွာ စက္ေလွၾကီးမွာေလ.. NAVY ကေန ပစ္လိုက္တာ က်သြား ႏွစ္ေယာက္ေသျပီး ႏွစ္ေယာက္က ဒဏ္ရာအနည္းအက်ဥ္းနဲ႔.. ဒီစဖိုကြ်န္းကမ္းနားမွာ။ ပစ္တာေတာ့ ဒီျပိန္းေတာရြာအနားက ပစ္တာ။ သူတို႔ ဒီေမယုျမစ္ထဲက ပစ္တာ။"

ပစ္ခတ္ခံရတဲ့ စက္ေလွဟာ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ ICRC အဖြဲ႔ရဲ႕ အကူအညီေပးေရးပစၥည္း တင္ေဆာင္လာတဲ့ စက္ေလွျဖစ္ေၾကာင္းလည္း ရေသ့ေတာင္ မဲဆႏၵနယ္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာပါတယ္။

“အဲဒီေမာ္ေတာ္က စစ္ေတြက ICRC ပစၥည္းေတြတင္ျပီးေတာ့ ရေသ့ေတာင္ျမိဳ႕နယ္မွာရွိတဲ့ စစ္ေဘးေရွာင္စခန္းေတြကို သြားျပီးေတာ့ပို႔တာ။ အဲဒါ ကံျပင္ရြာနဲ႔ ျပင္၀န္းရြာၾကားေလာက္မွာ အဲဒီ NAVY က ပစ္လို႔ အဲဒီေမာ္ေတာ္ေရယာဥ္က မီးေလာင္သြားတာ။ ေမာ္ေတာ္အလုပ္သမားေတြ လက္နက္ၾကီးလည္း က်တယ္.. သူတို႔ဆီကို။ ဆိုေတာ့ တဦးဆုံးတယ္။”

ပစ္ခတ္မႈေၾကာင့္ စက္ေလွမီးေလာင္ရာက ဒဏ္ရာရသူ ၂ ဦးကုိ ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔လည္း ကယ္ဆယ္ေရးအဖြဲ႕၀င္တဦးကေျပာပါတယ္။

“ဇက္ကေနျပီးေတာ့ ပစ္တာ။ ICRC က ေမာ္ေတာ္တစီးနစ္ျမွဳပ္သြားတာေပါ့။ လူကေတာ့တယာက္ေသတယ္။ အဲဒီမီးထဲမွာပဲ။ က်ေနာ္တို႔ ကယ္ထုတ္ဖို႔ကလည္း မရဘူး။ ဇက္ကလည္း ဒရစပ္ပ စ္ေနတဲ့အခ်ိန္မွာ။ လူနာႏွစ္ေယာက္ကိုေတာ့ ကယ္ထုတ္ခဲ့တာေပါ့။ ဒါေပမဲ့အေလာင္းေတြ၊ ဘာေတြေတာ့ ျပန္မေကာက္နိုင္ဘူး။”

ဒဏ္ရာရသူႏွစ္ဦးကို ေစတီျပင္ေဆးရံုမွာ ကုသမႈေတြ လုပ္ဆာင္ေေနသလို ပစ္ခတ္မႈအတြင္း စက္ေလွေပၚပါလာတဲ့ သူတဦး ေရထဲေမ်ာပါ ေပ်ာက္ဆုံးေနတယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ မၾကာခင္အခ်ိန္ပိုင္းအတြင္း ထုတ္ျပန္ခ်က္ထဲမွာေတာ့ အခု မီးေလာင္တဲ့ စက္ေလွဟာ ICRC စက္ေလွမဟုတ္ဘဲ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ေတြ စီးနင္းလာတဲ့ စက္ေလွျဖစ္တယ္လို႔ဆိုပါတယ္။

အဲဒီစက္ေလွကေန တပ္မေတာ္ေရယာဥ္ကို ပစ္ခတ္တာေၾကာင့္ တပ္မေတာ္ဘက္က ျပန္လည္ပစ္ခတ္ခဲ့ျခင္းျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ထားတာပါ။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ICRC တာဝန္ရွိသူေတြထံ ဆက္သြယ္ေမးျမန္းခဲ့တာမွာ အဲဒီစက္ေလွ ဟာ ICRC စက္ေလွမဟုတ္ဘူးဆိုတာသိရၿပီး လူသားစာနာေထာက္ထားမႈ အကူအညီ ေပးဖို႔ရွိတယ္ဆိုရင္လည္း သက္ဆိုင္ရာ ေပါင္းစပ္ညွိႏိႈင္းေရးေကာ္မတီေတြဆီ ႀကိဳတင္ အသိေပးညိွႏိႈင္းၿပီးမွသာ ပို႔ေဆာင္ေပးေနသလို လံုျခံဳေရးအဖြဲ႔ေတြကလည္း လိုအပ္တာေတြ ကူညီ ပူးေပါင္းေဆာင္ရြက္ေပးေနတယ္လုိ႔ တပ္မေတာ္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ICRC ဘက္ကိုေတာ့ သီးျခားအတည္ျပဳခ်က္ရဖို႔ ဗြီအိုေအက ဆက္သြယ္ေနပါတယ္။

ပစ္ခတ္မႈျဖစ္ရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လုိ႔ ရွင္းရွင္းလင္းလင္း မသိရေသးေပမဲ့ ျမန္မာစစ္တပ္နဲ႔ AA အဖဲြ႔တုိ႔ၾကား တုိက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနခ်ိန္ မွာ ေမယုျမစ္ အတြင္း ေရေၾကာင္းသြားလာမႈေတြကုိ တပ္မေတာ္က ပိတ္ပင္ထားတာ ၁၀ ရက္ေလာက္ ရွိေနၿပီလုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ရေသ့ေတာင္ၿမိဳ႕နယ္မွာ တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနရာမွာ AA အဖြဲ႕အေျချပဳထားတဲ့ ရေသ့ေတာင္ျမိဳ႕နယ္ ေအာင္သာစည္ကုန္းကိုလည္း ျမန္မာစစ္တပ္ကေန ဒီေန႔ေရာ၊ မေန႔ကပါ ရဟတ္ယာဥ္နဲ႔ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မေန႔ကလည္း မင္းျပားျမိဳ႕နယ္ ေခါင္းေလာင္းေခ်ာင္းေက်းရြာမွာ ေရႊဘုံသာျမစ္(ခ) ေခါင္းေလာင္းေခ်ာင္း ျမစ္အတြင္း ခုတ္ေမာင္းေနတဲ့ တပ္မေတာ္ေရယာဥ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ပြါးခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA အဖဲြ႔တုိ႔ၾကား ျဖစ္ပြားေနတဲ့ ၂ ႏွစ္နီးပါးၾကာ စစ္ေရးပဋိပကၡအတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးမႈေတြ ရွိေနတာေၾကာင့္ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း သတိေပးထားပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလမွာတုန္းကလည္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ကုိဗစ္ေရာဂါေဆးစစ္ နမူနာေတြကုိ သယ္ေဆာင္လာတဲ့ ကားတစင္း ပစ္ခတ္ခံရမႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ ေသဆုံးခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ICRC ရိက္ခာတင်စက်လှေ ရခိုင်မှာပစ်ခတ်ခံရ၊ နှစ်ဦးသေဆုံး

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာတဲ့ စက်လှေတစင်း ပစ်ခတ်ခံရမှုကြောင့် အနည်းဆုံး ၂ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်မှာ ဒီကနေ့အစောပိုင်းက စစ်ရှောင်ဒုက္ခသည်တွေအတွက် အကူအညီပစ္စည်းတွေ တင်ဆောင်လာတဲ့ စက်လှေတစီး ပစ်ခတ်ခံရတာကြောင့် သေကြေဒဏ်ရာရသူတွေ ရှိခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် စဖိုကျွန်း ပြိန်းတောရွာအနီး ကယ်ဆယ်ရေးပစ္စည်းတင်စက်လှေ ပစ်ခတ်ခံခဲ့ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ NAVY ကပစ်လိုက်တာ... ကယ်ဆယ်ရေး ဘုတ်ကြီးမှာ စက်လှေကြီးမှာလေ.. NAVY ကနေ ပစ်လိုက်တာ ကျသွား နှစ်ယောက်သေပြီး နှစ်ယောက်က ဒဏ်ရာအနည်းအကျဉ်းနဲ့.. ဒီစဖိုကျွန်းကမ်းနားမှာ။ ပစ်တာတော့ ဒီပြိန်းတောရွာအနားက ပစ်တာ။ သူတို့ ဒီမေယုမြစ်ထဲက ပစ်တာ။"

ပစ်ခတ်ခံရတဲ့ စက်လှေဟာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ရဲ့ အကူအညီပေးရေးပစ္စည်း တင်ဆောင်လာတဲ့ စက်လှေဖြစ်ကြောင်းလည်း ရသေ့တောင် မဲဆန္ဒနယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“အဲဒီမော်တော်က စစ်တွေက ICRC ပစ္စည်းတွေတင်ပြီးတော့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို သွားပြီးတော့ပို့တာ။ အဲဒါ ကံပြင်ရွာနဲ့ ပြင်ဝန်းရွာကြားလောက်မှာ အဲဒီ NAVY က ပစ်လို့ အဲဒီမော်တော်ရေယာဉ်က မီးလောင်သွားတာ။ မော်တော်အလုပ်သမားတွေ လက်နက်ကြီးလည်း ကျတယ်.. သူတို့ဆီကို။ ဆိုတော့ တဦးဆုံးတယ်။”

ပစ်ခတ်မှုကြောင့် စက်လှေမီးလောင်ရာက ဒဏ်ရာရသူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ဇက်ကနေပြီးတော့ ပစ်တာ။ ICRC က မော်တော်တစီးနစ်မြှုပ်သွားတာပေါ့။ လူကတော့တယာက်သေတယ်။ အဲဒီမီးထဲမှာပဲ။ ကျနော်တို့ ကယ်ထုတ်ဖို့ကလည်း မရဘူး။ ဇက်ကလည်း ဒရစပ်ပစ်နေတဲ့အချိန်မှာ။ လူနာနှစ်ယောက်ကိုတော့ ကယ်ထုတ်ခဲ့တာပေါ့။ ဒါပေမဲ့အလောင်းတွေ၊ ဘာတွေတော့ ပြန်မကောက်နိုင်ဘူး။”

ဒဏ်ရာရသူနှစ်ဦးကို စေတီပြင်ဆေးရုံမှာ ကုသမှုတွေ လုပ်ဆာင်ေနေသလို ပစ်ခတ်မှုအတွင်း စက်လှေပေါ်ပါလာတဲ့ သူတဦး ရေထဲမျောပါ ပျောက်ဆုံးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မကြာခင်အချိန်ပိုင်းအတွင်း ထုတ်ပြန်ချက်ထဲမှာတော့ အခု မီးလောင်တဲ့ စက်လှေဟာ ICRC စက်လှေမဟုတ်ဘဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ စီးနင်းလာတဲ့ စက်လှေဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီစက်လှေကနေ တပ်မတော်ရေယာဉ်ကိုပစ်ခတ်တာကြောင့် တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ICRC တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့တာမှာ အဲဒီစက်လှေဟာ ICRC စက်လှေမဟုတ်ဘူးဆိုတာသိရပြီး လူသားစာနာထောက်ထားမှု အကူအညီ ပေးဖို့ရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေဆီ ကြိုတင် အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးနေသလို လုံခြုံရေးအဖွဲ့တွေကလည်း လိုအပ်တာတွေ ကူညီ ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ICRC ဘက်ကိုတော့ သီးခြားအတည်ပြုချက်ရဖို့ ဗွီအိုအေက ဆက်သွယ်နေပါတယ်။

ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ မေယုမြစ်အတွင်း ရေကြောင်းသွားလာမှုတွေကို တပ်မတော်က ပိတ်ပင်ထားတာ ၁၀ ရက်လောက် ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာမှာ AA အဖွဲ့အခြေပြုထားတဲ့ ရသေ့တောင်မြို့နယ် အောင်သာစည်ကုန်းကိုလည်း မြန်မာစစ်တပ်ကနေ ဒီနေ့ရော၊ မနေ့ကပါ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာမှာ ရွှေဘုံသာမြစ်(ခ) ခေါင်းလောင်းချောင်း မြစ်အတွင်း ခုတ်မောင်းနေတဲ့ တပ်မတော်ရေယာဉ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ ၂ နှစ်နီးပါးကြာ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတုန်းကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်ရောဂါဆေးစစ် နမူနာတွေကို သယ်ဆောင်လာတဲ့ ကားတစင်း ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG