သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မင္းျပားနဲ႔ ခ်င္းပလက္၀ တိုက္ပဲြမ်ားျဖစ္ပြား


စစ္ေဘးေရွာင္ ရခိုင္ဒုကၡသည္မ်ား (ဓာတ္ပံု - Rakhine Ethnics Congress )

[Zawgyi/Unicode]

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲ ဆက္လက္ျဖစ္ပြါးေနတဲ့ အေျခအေနကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားျမိဳ႕နယ္နဲ႕ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးေၾကာင္းေဒသခံေတြနဲ႔ လက္နက္ကုိင္အဖဲြ႔ တာ၀န္ရွိသူေတြကေျပာပါတယ္။

ရခိုင္ျပည္နယ္မင္းျပားျမိဳ႕နယ္ ေခါင္းေလာင္းေခ်ာင္းေက်းရြာမွာ ေရႊဘုံသာျမစ္(ခ) ေခါင္းေလာင္းေခ်ာင္း ျမစ္အတြင္း ခုတ္ေမာင္းေနတဲ့ တပ္မေတာ္ေရယာဥ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ဒီမနက္မွာ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြါးခဲ့တယ္လို႔ ေခါင္းေလာင္းေခ်ာင္းေက်းရြာသား တဦးကေျပာပါတယ္။

“တပ္မေတာ္ကေနၿပီး တက္လာတယ္။ အဲဒီေရွာ့တိုက္ဒုံးနဲ႔ ပစ္တာလို႕ေျပာတယ္။ တိုက္ပြဲျဖစ္တာကအရပ္သားေတြ ထိခိုက္တာက က်ေနာ္တို႔ မၾကားေသးဘူး။ ေရွာ့တိုက္ဒုံးနဲ႔ ပစ္တာလို႔ က်ေနာ္တို႔ ၾကားရတယ္။”

ဒီေန႔အေစာပိုင္းမွာ တပ္မေတာ္စစ္ေရယာဥ္ ၃ စီး၊ စစ္ေတြၿမိဳ႕ကေန မင္းျပားၿမိဳ႕ဘက္ကို ေရႊဘုံသာျမစ္ (ေခါင္းေလာင္းေခ်ာင္းျမစ္) ျမစ္ေၾကာင္းတေလွ်ာက္ ေမာင္းလာခ်ိန္ ေခါင္းေလာင္းေက်းရြာနဲ႔ သက္ပုန္းေက်းရြာအနား အေရာက္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြကဆိုပါတယ္။

မေန႔ကလည္း ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။

ျမန္မာစစ္တပ္ အေျချပဳရာပလက္၀ျမိဳ႕နယ္ ႏႈံးဘူးရြာအနီးနဲ႕ တင္းမေခ်ာင္းဖက္ တိုက္ပြဲျဖစ္ပြါးတာလို႔ ႏႈံးဘူး ေဒသခံ ကိုတိုင္းေက်ာ္ကေျပာပါတယ္။

“မေန႔က တင္းမေခ်ာင္းရယ္၊ ႏႈံးဘူးရယ္အဲဒီအနား။ ရြာနဲ႔ေတာ့ နီးတယ္။ ၃ ဖာလုံေလာက္။ ရြာသားေတြကေတာ့ အိမ္မွာကိုယ့္ဟာကိုယ္ ပုန္းေရွာင္ေနၾကတာေပါ့။ ေျပးေတာ့မေျပးၾကဘူးေပါ့။”

ဒီကေန႔ မင္းျပားျမိဳ႕နယ္ဘက္တိုက္ပြဲ အေျခအေန အေသးစိတ္ကို မသိရေသးေပမဲ့ မေန႔က ပလက္၀ျမိဳ႕နယ္မွာ တိုက္ပြဲ ႏွစ္ၾကိမ္ျဖစ္ပြါးေၾကာင္း AA ေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“မင္းျပားျမိဳ႕နယ္ေခါင္းေလာင္းရြာဘက္မွာ ထိေတြ႕မႈ တခ်ိဳ႕ေတာ့ ရွိတယ္လို႔ေတာ့ သိရတယ္။ ဒါေပမဲ့အေသးစိတ္ေတာ့ ဘာမွ က်ေနာ္ဆီကို ေရာက္လာတာ မရွိေသးဘူး။ ပလက္၀ျမိဳ႕နယ္ ႏႈံးဘူးဗ်ဴဟာအနီးမွာ ေအာက္တိုဘာလ ၂၆ ရက္ မနက္ ၆ နာရီေလာက္မွာ တိုက္ပြဲျဖစ္တာ ရွိတယ္။ ေနာက္တေနရာကလည္းပဲ ပလက္၀ျမိဳ႕နယ္အထက္ပိုင္းေပါ့ေနာ္။ ပြိဳင့္ ၈၂၅ ကုန္းမွာ မိနစ္အနည္းငယ္ၾကာ ထိေတြ႕တိုက္ပြဲျဖစ္တာ ရွိတယ္။ တိုက္ပြဲႏွစ္ခုလုံးမွာ ရန္သူဘက္က ထိခိုက္က်ဆုံးမႈေတာ့ ရွိတယ္ဗ်။”

မင္းျပားျမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္ဘက္ တိုက္ပြဲအေျခအေနကို သိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႔ လက္နက္ကိုင္ပဋိပကၡျဖစ္ပြါးေနတာေၾကာင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ကေန ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေက်ာက္ေတာ္၊ မင္းျပားအပါအ၀င္ ျမိဳဳ႕နယ္ ၉ ခုနဲ႔ ေက်ာက္ျဖဴနဲ႔ စစ္ေတြျမိဳ႕နယ္က ေက်းရြာအုပ္စုတခ်ိဳ႕မွာ ေရြးေကာက္ပြဲ က်င္းပမယ့္ အစီအစဥ္ေတြကုိ ဖ်က္သိမ္းထားပါတယ္။ ရခိုင္ျပည္နယ္မွာ တုိက္ပြဲျဖစ္ပြားျခင္း မရွိတဲ့ ေပါက္ေတာနဲ႔ ေျမပံုျမိဳ႕နယ္ေတြမွာ ေရြးေကာက္ပြဲ မက်င္းပေပမဲ့ တိုက္ပြဲေပါင္းအၾကိမ္ ၉၀ ေက်ာ္ျဖစ္ပြားခဲ့တဲ့ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္မွာေတာ့ ေရြးေကာက္ပြဲက်င္းပဖို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က ဆုံးျဖတ္ထားတဲ့ အတြက္လည္း ေမးခြန္းထုတ္ေနၾကပါတယ္။

ဒါေပမဲ့ ပလက္၀ျမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္ကေတာ့ ပလက္၀ျမိဳ႕နယ္က စစ္ေရွာင္ အမ်ားစုဟာ လုံျခံဳတဲ့ေနရာမွာရွိေနလို႔ ေရြးေကာက္ပြဲက်င္းပနိုင္တာလို႔ ဆိုပါတယ္။

“ဒီေနရာမွာရွိတဲ့ျပည္သူေတြက ျမိဳ႕ေပၚမွာ IDP Camp ေတြမွာ တိုက္ပြဲေရွာင္အျဖစ္ခိုလွံဳေနၾကပါတယ္ခင္ဗ်။ အားလုံးရဲ႕ တျမိဳ႕နယ္လုံးရဲ႕ ရာခိုင္ႏႈန္း ၈၀ ေက်ာ္ေလာက္ကေတာ့ ေရြးေကာက္ပြဲ လုပ္နိုင္တဲ့ အေျခအေနရွိပါတယ္။ လုံျခံဳေရးအပိုင္းနဲ႔ ဘယ္လိုစီစဥ္ထားသလဲဆိုတာက သက္ဆိုင္ရာတာ၀န္ရွိတဲ့ ပုဂၢိဳလ္ေတြေတာ့ သိမွာပါ။”

ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲအတြင္း ေဒသခံေတြ ၇,၀၀၀ ေက်ာ္ ျမိဳ႕ေပၚနဲ႔ ဆမီးျမိဳ႕မွာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔ ၂ ႏွစ္နီးပါးတိုက္ပြဲကာလအတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသနဲ႔ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ေတြမွာ စစ္ေရွာင္ဦးေရ ၂၀၀,၀၀၀ ေက်ာ္ရွိလာေနျပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မင်းပြားနဲ့ ချင်းပလက်၀ တိုက်ပွဲများဖြစ်ပွား

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးကြောင်းဒေသခံတွေနဲ့ လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာမှာ ရွှေဘုံသာမြစ်(ခ) ခေါင်းလောင်းချောင်း မြစ်အတွင်း ခုတ်မောင်းနေတဲ့ တပ်မတော်ရေယာဉ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီမနက်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ ခေါင်းလောင်းချောင်းကျေးရွာသားတဦးကပြောပါတယ်။

“တပ်မတော်ကနေပြီး တက်လာတယ်။ အဲဒီရှော့တိုက်ဒုံးနဲ့ ပစ်တာလို့ပြောတယ်။ တိုက်ပွဲဖြစ်တာကအရပ်သားတွေ ထိခိုက်တာက ကျနော်တို့ မကြားသေးဘူး။ ရှော့တိုက်ဒုံးနဲ့ ပစ်တာလို့ ကျနော်တို့ ကြားရတယ်။”

ဒီနေ့အစောပိုင်းမှာ တပ်မတော်စစ်ရေယာဉ် ၃ စီး၊ စစ်တွေမြို့ကနေ မင်းပြားမြို့ဘက်ကို ရွှေဘုံသာမြစ် (ခေါင်းလောင်းချောင်းမြစ်) မြစ်ကြောင်းတလျှောက် မောင်းလာချိန် ခေါင်းလောင်းကျေးရွာနဲ့ သက်ပုန်းကျေးရွာအနား အရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မနေ့ကလည်း ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

မြန်မာစစ်တပ် အခြေပြုရာပလက်ဝမြို့နယ် နှုံးဘူးရွာအနီးနဲ့ တင်းမချောင်းဖက် တိုက်ပွဲဖြစ်ပွါးတာလို့ နှုံးဘူး ဒေသခံ ကိုတိုင်းကျော်ကပြောပါတယ်။

“မနေ့က တင်းမချောင်းရယ်၊ နှုံးဘူးရယ်အဲဒီအနား။ ရွာနဲ့တော့ နီးတယ်။ ၃ ဖာလုံလောက်။ ရွာသားတွေကတော့ အိမ်မှာကိုယ့်ဟာကိုယ် ပုန်းရှောင်နေကြတာပေါ့။ ပြေးတော့မပြေးကြဘူးပေါ့။”

ဒီကနေ့ မင်းပြားမြို့နယ်ဘက်တိုက်ပွဲ အခြေအနေ အသေးစိတ်ကို မသိရသေးပေမဲ့ မနေ့က ပလက်ဝမြို့နယ်မှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွါးကြောင်း AA ပြောခွင့်ရခိုင်သုခကပြောပါတယ်။

“မင်းပြားမြို့နယ်ခေါင်းလောင်းရွာဘက်မှာ ထိတွေ့မှု တချို့တော့ ရှိတယ်လို့တော့ သိရတယ်။ ဒါပေမဲ့အသေးစိတ်တော့ ဘာမှ ကျနော်ဆီကို ရောက်လာတာ မရှိသေးဘူး။ ပလက်ဝမြို့နယ် နှုံးဘူးဗျူဟာအနီးမှာ အောက်တိုဘာလ ၂၆ ရက် မနက် ၆ နာရီလောက်မှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ နောက်တနေရာကလည်းပဲ ပလက်ဝမြို့နယ်အထက်ပိုင်းပေါ့နော်။ ပွိုင့် ၈၂၅ ကုန်းမှာ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်တာ ရှိတယ်။ တိုက်ပွဲနှစ်ခုလုံးမှာ ရန်သူဘက်က ထိခိုက်ကျဆုံးမှုတော့ ရှိတယ်ဗျ။”

မင်းပြားမြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက် တိုက်ပွဲအခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးနေတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြားအပါအဝင် မြိုု့နယ် ၉ ခုနဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်က ကျေးရွာအုပ်စုတချို့မှာ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေကို ဖျက်သိမ်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ပေါက်တောနဲ့ မြေပုံမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပပေမဲ့ တိုက်ပွဲပေါင်းအကြိမ် ၉၀ ကျော်ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ထားတဲ့ အတွက်လည်း မေးခွန်းထုတ်နေကြပါတယ်။

ဒါပေမဲ့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကတော့ ပလက်ဝမြို့နယ်က စစ်ရှောင် အများစုဟာ လုံခြုံတဲ့နေရာမှာရှိနေလို့ ရွေးကောက်ပွဲကျင်းပနိုင်တာလို့ ဆိုပါတယ်။

“ဒီနေရာမှာရှိတဲ့ပြည်သူတွေက မြို့ပေါ်မှာ IDP Camp တွေမှာ တိုက်ပွဲရှောင်အဖြစ်ခိုလှုံနေကြပါတယ်ခင်ဗျ။ အားလုံးရဲ့ တမြို့နယ်လုံးရဲ့ ရာခိုင်နှုန်း ၈၀ ကျော်လောက်ကတော့ ရွေးကောက်ပွဲ လုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ လုံခြုံရေးအပိုင်းနဲ့ ဘယ်လိုစီစဉ်ထားသလဲဆိုတာက သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေတော့ သိမှာပါ။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲအတွင်း ဒေသခံတွေ ၇,၀၀၀ ကျော် မြို့ပေါ်နဲ့ ဆမီးမြို့မှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ၂ နှစ်နီးပါးတိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်ရှိလာနေပြီးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG