သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပဲြ ေနာက္ဆံုးအေျခအေန


မွတ္တမ္းဓါတ္ပံု-၂၀၁၉ ၾသဂုတ္လတုန္းက ရွမ္းျပည္ေျမာက္ပိုင္းတြင္ တပ္မေတာ္ တပ္သားမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

စစ္ေရးတင္းမာမႈေတြေၾကာင့္ နယ္ေျမအေျခအေန မတည္မၿငိမ္ႀကံဳေနရတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနသလုိ၊ အရပ္သားေတြကိုလည္း လက္နက္ကိုင္အဖဲြ႔ေတြက ဖမ္းဆီးေခၚေဆာင္မႈေတြရွိေနပါတယ္။ ဗီြအိုေအ သတင္းေထာက္ ကိုမုိးေဇာ္က ရွမ္းျပည္နယ္တိုက္ပဲြ ေနာက္ဆံုးအေျခအေနကို သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလနဲ႔ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ရွိေနခ်ိန္မွာ တဖက္သတ္အပစ္အခတ္ ရပ္စဲေရးေၾကညာခ်က္ေတြကုိ တပ္မေတာ္ေရာ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ေတြ ဘက္ကပါ သက္တမ္းထပ္တုိးထားၾကေပမဲ့ တုိက္ပြဲေတြလည္း ဆက္လက္ျဖစ္ပြားေနပါတယ္။

ဒီရက္ပိုင္းအတြင္း ရွမ္းျပည္ေျမာက္ပုိင္းမွာ တုိက္ပဲြျဖစ္ပြားမႈအေျခအေနကိုေတာ့ TNLA တအန္း(ပေလာင္)အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴး တာ့အုိက္ေက်ာ္က အခုလို ေျပာပါတယ္။

“ မေန႔ကေတာ့ နမ့္ဆန္ၿမိဳ႔နယ္၊ နမ့္ေတြရြာေအာက္ဘက္မွာ ဒီ ပန္ဆန္းေတာင္လုိ႔ ေခၚတာေပါ့။ အဲဒီမွာေတာ့ ထိေတြ႔မႈ ခဏေလးျဖစ္တယ္။ ၅မိနစ္ေလာက္ပဲ။ ဒီေန႔ကေတာ့ ဘာမွေတာ့ မရိွဘူး။ သတင္းတက္လာတာေတာ့ မရိွဘူး။ ”

TNLA ဘက္ ေအာက္တုိဘာလအတြင္းမွာ တပ္မေတာ္နဲ႔ တုိက္ပဲြ ၁၄ၾကိမ္ျဖစ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားေပမယ့္ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္တာ မရိွပါဘူး။

ဒီလ အေစာပိုင္းက ေက်ာက္မဲၿမိဳ႔ႈနယ္အတြင္းမွာ တပ္မေတာ္နဲ႔ RCSS ေခၚ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီအၾကား ျဖစ္ပြားတဲ့ တုိက္ပဲြေတြေၾကာင့္ ဒုကၡသည္ ၃၀၀၀ ေလာက္ ေနရပ္စြန္႔ခြာတာေတြ ရိွခဲ့ပါတယ္။

လက္ရိွအေျခအေနမွာေတာ့ တိုက္ပဲြေတြ ၿငိမ္သက္ေနတာေၾကာင့္ ဒုကၡသည္အမ်ားစု ေနရပ္ျပန္ၾကၿပီ ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႔ နမ့္ခုမ္းပရဟိတအဖဲြ႔က ဦးစိုင္းပူးက ေျပာပါတယ္။

“ ဒီေန႔ထိ ၂ရြာပဲ က်န္မယ္ထင္တယ္။ က်န္တဲ့ဟာေတာ့ ကုန္သေလာက္ နီးနီးရိွသြားၿပီ။ ခန္႔မွန္းေျခေတာ့ ၁၀၀၀ ေလာက္ပဲ က်န္မွာပါ။ ျပန္မယ္ဆုိလည္း ျပန္လုိ႔ရပါတယ္။ ဒါေပမဲ့ တပ္မေတာ္က အကုန္လံုး မဆုတ္ခြာ ေသးေတာ့ သူက ညမွ ျပန္အိပ္တယ္။ ေန႔လည္ေတာ့ အလုပ္သြားလုပ္တယ္ အဲလိုေတာ့ ရိွေနတယ္။ အေျခအေနကေတာ့ ေတာ္ေတာ္ေလး ေကာင္းသြားပါၿပီ။ ၈ရက္ ရိွေနၿပီ တုိက္ပဲြအေျခအေနက လံုး၀ၿငိမ္သြားတာ။”

တခ်ိဳ႔ေဒသခံေတြကေတာ့ သူတို႔ ေက်းရြာေတြမွာ စြန္႔ပစ္ထားတဲ့ စစ္လက္နက္ပစၥည္းေတြ က်န္ရိွေနတာေၾကာင့္ စိုးရိမ္တာေတြလည္း ရိွေနေၾကာင္း ဦးစိုင္းပူးက ေျပာပါတယ္။

ေက်ာက္မဲၿမိဳ႔နယ္အတြင္းက ေက်းရြာ အုပ္စု ၁၂စုကို နယ္ေျမအေျခအေနအရ ေရြးေကာက္ပဲြက်င္းပမွာ မဟုတ္ေၾကာင္း ေၾကညာခဲ့ရာမွာ လက္ရိွ တုိက္ပဲြေၾကာင့္ တိမ္းေရွာင္ခဲ့တဲ့ ေက်းရြာေတြလည္း ပါ၀င္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ေန႔ခင္း ၂နာရရီေလာက္ နမ့္ခမ္းၿမိဳ႔က လွ်ပ္စစ္ပစၥည္းဆုိင္တဆုိင္ကို လက္နက္ကိုင္ လူတစ္စုက ၀င္လာၿပီး ဆုိင္ရွင္အမ်ိဳးသမီးကို ဖမ္းဆီးသြားခဲ့ေၾကာင္းနဲ႔ ဘာေၾကာင့္ ဘယ္အဖဲြ႔က ဖမ္းဆီးတယ္ဆုိတာ မသိရေသးေၾကာင္း နမ့္ခမ္းၿမိဳ႔က ေဒသခံေတြက ေျပာပါတယ္။

နမ့္ခမ္းၿမိဳ႔ရိွ လူမႈအဖဲြ႔အစည္းနဲ႔ ႏိုင္ငံေရးပါတီေတြက ကူညီႏုိင္ဖုိ႔ ျပင္ဆင္ေဆာင္ရြက္ ေနခ်ိန္ တနလၤာေန႔ ညေနပိုင္းမွာေတာ့ လူမွားဖမ္းတာေၾကာင့္ ျပန္လႊတ္လာေၾကာင္း အၿငိမ္းစား ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းတင္ဦးက VOA ကို ေျပာပါတယ္။

“ အခုအိမ္ျပန္ေရာက္ၿပီေပါ့။ သူတို႔ ေခၚသြားတဲ့ တစ္ေယာက္ေလ။ ၅နာရီ မထုိးခင္ေလးမွာ အိမ္ျပန္ေရာက္လာတာေပါ့။ လူမွားၿပီးမွ ဖမ္းတယ္လုိ႔ ေျပာတယ္။ ”

လတ္တေလာ ဖမ္းဆီးတာနဲ႔ပတ္သက္လုိ႔ေတာ့ TNLA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴး တာ့အိုက္ေက်ာ္က သူအေနနဲ႔ ဘာသတင္းမွ မရေၾကာင္း ေျပာပါတယ္။

၂၀၁၈ခုႏွစ္က နမ့္ခမ္းၿမိဳ႔မွာ TNLA တအန္း(ပေလာင္)အဖဲြ႔က အမ်ိဳးသမီးတစ္ေယာက္ တာ၀န္၀တၱရားကို ေႏွာက္ယွက္မႈနဲ႔ ဖမ္းဆီးခဲ့ဖူးပါတယ္။ ဒီဖမ္းဆီးမႈေၾကာင့္ အရပ္ဘက္လူမႈအဖဲြ႔ေတြက ဆန္႔က်င္ကန္႔ကြက္ ဆႏၵျပ ခဲ့သလို TNLA ပါ၀င္ဖဲြ႔စည္းထားတဲ့ FPNCC ေခၚ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညိွႏိႈင္းေရးေကာ္မတီ က ၾကား၀င္ညိွႏိႈင္းေပးတဲ့ေနာက္မွာ ျပန္လႊတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲ နောက်ဆုံးအခြေအနေ

(Unicode)

စစ်ရေးတင်းမာမှုတွေကြောင့် နယ်မြေအခြေအနေ မတည်မငြိမ်ကြုံနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို၊ အရပ်သားတွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က ရှမ်းပြည်နယ်တိုက်ပွဲ နောက်ဆုံးအခြေအနေကို သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလနဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာ တဖက်သတ်အပစ်အခတ် ရပ်စဲရေးကြေညာချက်တွေကို တပ်မတော်ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကပါ သက်တမ်းထပ်တိုးထားကြပေမဲ့ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ TNLA တအန်း(ပလောင်)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က အခုလို ပြောပါတယ်။

“ မနေ့ကတော့ နမ့်ဆန်မြို့နယ်၊ နမ့်တွေရွာအောက်ဘက်မှာ ဒီ ပန်ဆန်းတောင်လို့ ခေါ်တာပေါ့။ အဲဒီမှာတော့ ထိတွေ့မှု ခဏလေးဖြစ်တယ်။ ၅မိနစ်လောက်ပဲ။ ဒီနေ့ကတော့ ဘာမှတော့ မရှိဘူး။ သတင်းတက်လာတာတော့ မရှိဘူး။ ”

TNLA ဘက် အောက်တိုဘာလအတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲ ၁၄ကြိမ်ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပေမယ့် တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒီလ အစောပိုင်းက ကျောက်မဲမြို့ှုနယ်အတွင်းမှာ တပ်မတော်နဲ့ RCSS ခေါ် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃၀၀၀ လောက် နေရပ်စွန့်ခွာတာတွေ ရှိခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည်အများစု နေရပ်ပြန်ကြပြီ ဖြစ်ကြောင်း ကျောက်မဲမြို့ နမ့်ခုမ်းပရဟိတအဖွဲ့က ဦးစိုင်းပူးက ပြောပါတယ်။

“ ဒီနေ့ထိ ၂ရွာပဲ ကျန်မယ်ထင်တယ်။ ကျန်တဲ့ဟာတော့ ကုန်သလောက် နီးနီးရှိသွားပြီ။ ခန့်မှန်းခြေတော့ ၁၀၀၀ လောက်ပဲ ကျန်မှာပါ။ ပြန်မယ်ဆိုလည်း ပြန်လို့ရပါတယ်။ ဒါပေမဲ့ တပ်မတော်က အကုန်လုံး မဆုတ်ခွာ သေးတော့ သူက ညမှ ပြန်အိပ်တယ်။ နေ့လည်တော့ အလုပ်သွားလုပ်တယ် အဲလိုတော့ ရှိနေတယ်။ အခြေအနေကတော့ တော်တော်လေး ကောင်းသွားပါပြီ။ ၈ရက် ရှိနေပြီ တိုက်ပွဲအခြေအနေက လုံးဝငြိမ်သွားတာ။”

တချို့ဒေသခံတွေကတော့ သူတို့ ကျေးရွာတွေမှာ စွန့်ပစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေ ကျန်ရှိနေတာကြောင့် စိုးရိမ်တာတွေလည်း ရှိနေကြောင်း ဦးစိုင်းပူးက ပြောပါတယ်။

ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာ အုပ်စု ၁၂စုကို နယ်မြေအခြေအနေအရ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ကြေညာခဲ့ရာမှာ လက်ရှိ တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့တဲ့ ကျေးရွာတွေလည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့ခင်း ၂နာရရီလောက် နမ့်ခမ်းမြို့က လျှပ်စစ်ပစ္စည်းဆိုင်တဆိုင်ကို လက်နက်ကိုင် လူတစ်စုက ဝင်လာပြီး ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်းနဲ့ ဘာကြောင့် ဘယ်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ မသိရသေးကြောင်း နမ့်ခမ်းမြို့က ဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့ရှိ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေက ကူညီနိုင်ဖို့ ပြင်ဆင်ဆောင်ရွက် နေချိန် တနင်္လာနေ့ ညနေပိုင်းမှာတော့ လူမှားဖမ်းတာကြောင့် ပြန်လွှတ်လာကြောင်း အငြိမ်းစား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက VOA ကို ပြောပါတယ်။

“ အခုအိမ်ပြန်ရောက်ပြီပေါ့။ သူတို့ ခေါ်သွားတဲ့ တစ်ယောက်လေ။ ၅နာရီ မထိုးခင်လေးမှာ အိမ်ပြန်ရောက်လာတာပေါ့။ လူမှားပြီးမှ ဖမ်းတယ်လို့ ပြောတယ်။ ”

လတ်တလော ဖမ်းဆီးတာနဲ့ပတ်သက်လို့တော့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က သူအနေနဲ့ ဘာသတင်းမှ မရကြောင်း ပြောပါတယ်။

၂၀၁၈ခုနှစ်က နမ့်ခမ်းမြို့မှာ TNLA တအန်း(ပလောင်)အဖွဲ့က အမျိုးသမီးတစ်ယောက် တာဝန်ဝတ္တရားကို နှောက်ယှက်မှုနဲ့ ဖမ်းဆီးခဲ့ဖူးပါတယ်။ ဒီဖမ်းဆီးမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ ခဲ့သလို TNLA ပါဝင်ဖွဲ့စည်းထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ က ကြားဝင်ညှိနှိုင်းပေးတဲ့နောက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG