သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲဆိုင္ရာ တပ္မေတာ္စစ္ေဆးမႈေပၚ တံု႔ျပန္ခ်က္တခ်ဳိ႕


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ႏိုဝင္ဘာလ ၈ ရက္ေန႔က မႏၲေလးနန္းတြင္း တပ္မဲ႐ုံအတြင္း တပ္မေတာ္မိသားစုမ်ား မဲေပးဖို႔ တန္းစီေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြမွာ တပ္မေတာ္သားေတြနဲ႔ မိသားစုေတြ မဲဆႏၵေပးခဲ့ၾကတဲ့ နယ္ေျမေတြက ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြကုိ တပ္မေတာ္က ျပန္လည္စိစစ္ရာမွာ ေရြးေကာက္ပဲြေကာ္မရွင္က ပူးေပါင္းေဆာင္ရြက္ဖုိ႔ တုိက္တြန္းလုိက္တဲ့အေပၚ အကဲခတ္ေတြရဲ႕ အျမင္ေတြကုိ ေျပာျပပါမယ္။ က်မကေတာ့ ေမခပါ။

လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပဲြအျဖစ္ အမ်ားျပည္သူက သံသယကင္းကင္းနဲ႔ လက္ခံႏုိင္ေအာင္ ရည္ရြယ္ၿပီး တပ္မေတာ္သားေတြနဲ႔ မိသားစု၀င္ေတြ မဲေပးခဲ့ၾကတဲ့ ၿမိဳ႕နယ္ ၂၁၈ ၿမိဳ႕နယ္က ေရြးေကာက္ပဲြ ျဖစ္စဥ္ေတြကုိ ျပန္လည္စိစစ္သုံးသပ္ေနေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။ ဒီလုိစိစစ္ရာမွာ လုိအပ္တဲ့ အခ်က္အလက္ေတြ ရရွိႏုိင္ဖုိ႔ အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ မွတ္တမ္းေတြကုိ ေရြးေကာက္ပဲြ ေကာ္မရွင္အဖဲြ႔ခဲြေတြက ကူးယူခြင့္ျပဳဖုိ႔လည္း မေန႔တုန္းကပဲ တပ္မေတာ္က ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားတာပါ။

ႏုိင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ တပ္မေတာ္က စိစစ္သုံးသပ္မယ့္ အစီအစဥ္ေၾကာင့္ ေရြးေကာက္ပဲြ ရလဒ္အေပၚ ႀကီးႀကီးမားမား ထိခုိက္စရာ မရွိဘူးလုိ႔ ရႈျမင္ပါတယ္။

"တပ္မေတာ္ရဲ႕ လတ္တေလာ ထုတ္ျပန္ခ်က္ေတြေၾကာင့္မို႔လို႔ေတာ့ ေ႐ြးေကာက္ပြဲရလဒ္အေပၚမွာ အေျပာင္းအလဲျဖစ္စရာလည္း မရွိႏိုင္ဘူး။ ေနာက္ၿပီးေတာ့ သိသိသာသာ သက္ေရာက္မႈလည္း မရွိႏိုင္ဘူးလို႔ျမင္တယ္။ တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြဟာ မဲေပးပိုင္ခြင့္ရွိသူေတြျဖစ္ေနတယ္။ မဲဆႏၵေပးတဲ့သူေတြ ျဖစ္ေနတဲ့အခါက်ေတာ့ သူတို႔ရဲ႕ အႀကံျပဳခ်က္ေတြ၊ သူတို႔ရဲ႕ အျမင္သေဘာထားေတြ ဒါေတြကို ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ဘက္အေနနဲ႔ ထည့္သြင္းစဥ္းစားႏိုင္ရင္ ပိုၿပီးေတာ့ေကာင္းမယ္လို႔ က်ေနာ္ ျမင္တယ္။ အဲဒီေတာ့ လာမယ့္ေ႐ြးေကာက္ပြဲေတြမွာလည္းပဲ အလားတူ လိုအပ္ခ်က္ေတြ၊ အားနည္းခ်က္ေတြ မျဖစ္ေအာင္ ျပဳျပင္သင့္တာေတြျပဳျပင္ႏိုင္ဖို႔ အခြင့္အလမ္းရွိလိမ့္မယ္လို႔ျမင္တယ္။ သို႔ေသာ္လည္းပဲ တပ္မေတာ္ဘက္က ေဆာင္႐ြက္ခ်က္ေတြကလည္းပဲ တည္ဆဲ ဥပေဒ၊ နည္းဥပေဒ လုပ္ထံုးလုပ္နည္းေတြနဲ႔ အညီ ျဖစ္ဖို႔လိုအပ္တယ္။ ပူးေပါင္း ေဆာင္ရြက္မႈအတြက္ေပါ့ေလ... ေကာင္းမြန္တဲ့ ေျခလမ္းျဖစ္ႏိုင္လိမ့္မယ္လို႔ ျမင္တယ္။"

စိစစ္သုံးသပ္မႈေတြက ေတြ႔ရွိခ်က္ေတြအရ လုိအပ္ရင္ သက္ဆုိင္ရာ မဲဆႏၵနယ္ေျမက မဲဆႏၵရွင္ေတြက ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ကုိ ကန္႔ကြက္လႊာ တင္သြင္းမွာ ျဖစ္ေၾကာင္းလည္း တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျပန္လည္စိစစ္ရာမွာ ဘယ္လုိ ကိစၥေတြ ပါ၀င္မလဲဆုိတာ သိႏုိင္ဖုိ႔ တပ္မေတာ္ တာ၀န္ရွိသူေတြကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေပမဲ့ မရခဲ့သလုိ၊ တပ္မေတာ္ရဲ႕ တုိက္တြန္းခ်က္အေပၚ ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ တုံ႔ျပန္ခ်က္ရဖုိ႔ကိုလည္း ဆက္သြယ္ခဲ့ေပမဲ့ တာ၀န္ယူ ေျဖၾကားမယ့္သူ မရွိခဲ့ပါဘူး။

ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ Generation Tree က ဦးေအာင္ႏိုင္ေမာ္ကေတာ့ တပ္မေတာ္က ျပန္လည္စိစစ္မယ့္ အစီအစဥ္ဟာ ေရြးေကာက္ပဲြရလဒ္အေပၚ သက္ေရာက္မႈ မရွိႏုိင္ေပမဲ့လည္း ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ စြက္ဖက္ရာေရာက္တယ္လုိ႔ ယူဆႏုိင္ေၾကာင္း ေျပာပါတယ္။

"ေ႐ြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ လုပ္ငန္းစဥ္ေတြကို တပ္မေတာ္ဘက္ စြက္ဖက္တဲ့ သေဘာေတာ့ သက္ေရာက္ေနတယ္ေပါ့ေနာ္။ တကယ္တမ္းက သူ႔ဘက္မွာ အဲဒီလို လုပ္ပိုင္ခြင့္မရွိဘူး။ ဒါေပမဲ့ တပ္မဲ႐ုံေတြမွာ ထုတ္တဲ့ စာရင္းကို ေတာင္းၾကည့္႐ုံကက်ေတာ့ က်ေနာ္ထင္တာကေတာ့ တပ္မဲရံု တရံုခ်င္းစီက ရလာတဲ့ ရလဒ္ေတြက ခုနေျပာသလို စြပ္စြဲထားတဲ့အတိုင္း ျဖစ္ေနလား၊ ျဖစ္မေနဘူးလားဆိုတာကို တပ္မေတာ္ဘက္ကေန ျပန္ၿပီးေတာ့ စစ္ေဆးခ်င္တဲ့ သေဘာလို႔ ထင္ပါတယ္။ စစ္ေဆးမယ္ဆိုတာ တကယ္တမ္းေတာ့ မဲရလဒ္ေတြ၊ ရလာတဲ့ အေရအတြက္ မဲ႐ုံတခုခ်င္းဆီကေန ထြက္လာတဲ့ ရလဒ္အေရအတြက္ေတြကို ျပန္ၿပီးေတာ့ စိစစ္တဲ့သေဘာျဖစ္လိမ့္မယ္လို႔ ထင္တယ္။ ပူးေပါင္းေဆာင္႐ြက္တဲ့သေဘာအေနနဲ႔ ျပန္လည္စိစစ္တဲ့ သေဘာ ျဖစ္မယ္လို႔ ယူဆပါတယ္။"

ေရြးေကာက္ပဲြ မက်င္းပခင္ ရက္ပုိင္းအလုိမွာတုန္းကလည္း တပ္ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကုိယ္တုိင္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ ရွိခဲ့တယ္ဆုိၿပီး ေ၀ဖန္ေျပာဆုိခဲ့တဲ့အတြက္ အစုိးရတာ၀န္ရွိသူေတြနဲ႔ အျပန္အလွန္ တုံ႔ျပန္မႈေတြလည္း ထြက္ေပၚခဲ့တာပါ။

ေရြးေကာက္ပဲြမွာ အမ်ားစုေနရာ အႏုိင္ရေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က ေၾကညာထားတဲ့ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ကေတာ့ တပ္မေတာ္ရဲ႕ စုံစမ္းစစ္ေဆးမႈေတြဟာ ေရြးေကာက္ပဲြ လြတ္လပ္မွ်တမႈကုိ မထိခုိက္ရင္ ကန္႔ကြက္စရာ မရွိေၾကာင္းလည္း ဗြီအုိေအကုိ ေျပာဆုိထားပါတယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လြတ္လပ္မွ်တမႈရွိေၾကာင္း ျပည္တြင္းျပည္ပ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေရး အဖဲြ႔ေတြက သုံးသပ္ၾကပါတယ္။ ဒါေပမဲ့လည္း လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆုိၿပီး ျပည္နယ္နဲ႔ တုိင္း ၆ ခုက မဲဆႏၵနယ္ေျမတခ်ဳိ႕ကုိ ပယ္ဖ်က္ခဲ့တဲ့အတြက္ မဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံး႐ႈံးခဲ့ရတဲ့ အေပၚမွာေတာ့ ႏုိင္ငံတကာ အသုိင္းအ၀န္းက စုိးရိမ္တဲ့ သေဘာထားေတြကုိလည္း ေျပာဆုိခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲဆိုင်ရာ တပ်မတော်စစ်ဆေးမှုပေါ် တုံ့ပြန်ချက်တချို့

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေနဲ့ မိသားစုတွေ မဲဆန္ဒပေးခဲ့ကြတဲ့ နယ်မြေတွေက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို တပ်မတော်က ပြန်လည်စိစစ်ရာမှာ ရွေးကောက်ပွဲကော်မရှင်က ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို ပြောပြပါမယ်။ ကျမကတော့ မေခပါ။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းကင်းနဲ့ လက်ခံနိုင်အောင် ရည်ရွယ်ပြီး တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့ကြတဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည်စိစစ်သုံးသပ်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုစိစစ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ကူးယူခွင့်ပြုဖို့လည်း မနေ့တုန်းကပဲ တပ်မတော်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားတာပါ။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ တပ်မတော်က စိစစ်သုံးသပ်မယ့် အစီအစဉ်ကြောင့် ရွေးကောက်ပွဲ ရလဒ်အပေါ် ကြီးကြီးမားမား ထိခိုက်စရာ မရှိဘူးလို့ ရှုမြင်ပါတယ်။

"တပ်မတော်ရဲ့ လတ်တလော ထုတ်ပြန်ချက်တွေကြောင့်မို့လို့တော့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ အပြောင်းအလဲဖြစ်စရာလည်း မရှိနိုင်ဘူး။ နောက်ပြီးတော့ သိသိသာသာ သက်ရောက်မှုလည်း မရှိနိုင်ဘူးလို့မြင်တယ်။ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေဟာ မဲပေးပိုင်ခွင့်ရှိသူတွေဖြစ်နေတယ်။ မဲဆန္ဒပေးတဲ့သူတွေ ဖြစ်နေတဲ့အခါကျတော့ သူတို့ရဲ့ အကြံပြုချက်တွေ၊ သူတို့ရဲ့ အမြင်သဘောထားတွေ ဒါတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်ရင် ပိုပြီးတော့ကောင်းမယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲတွေမှာလည်းပဲ အလားတူ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ မဖြစ်အောင် ပြုပြင်သင့်တာတွေပြုပြင်နိုင်ဖို့ အခွင့်အလမ်းရှိလိမ့်မယ်လို့မြင်တယ်။ သို့သော်လည်းပဲ တပ်မတော်ဘက်က ဆောင်ရွက်ချက်တွေကလည်းပဲ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဖြစ်ဖို့လိုအပ်တယ်။ ပူးပေါင်း ဆောင်ရွက်မှုအတွက်ပေါ့လေ... ကောင်းမွန်တဲ့ ခြေလမ်းဖြစ်နိုင်လိမ့်မယ်လို့ မြင်တယ်။"

စိစစ်သုံးသပ်မှုတွေက တွေ့ရှိချက်တွေအရ လိုအပ်ရင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်တွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်လွှာ တင်သွင်းမှာ ဖြစ်ကြောင်းလည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြန်လည်စိစစ်ရာမှာ ဘယ်လို ကိစ္စတွေ ပါဝင်မလဲဆိုတာ သိနိုင်ဖို့ တပ်မတော် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရခဲ့သလို၊ တပ်မတော်ရဲ့ တိုက်တွန်းချက်အပေါ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တုံ့ပြန်ချက်ရဖို့ကိုလည်း ဆက်သွယ်ခဲ့ပေမဲ့ တာဝန်ယူ ဖြေကြားမယ့်သူ မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ Generation Tree က ဦးအောင်နိုင်မော်ကတော့ တပ်မတော်က ပြန်လည်စိစစ်မယ့် အစီအစဉ်ဟာ ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှု မရှိနိုင်ပေမဲ့လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ စွက်ဖက်ရာရောက်တယ်လို့ ယူဆနိုင်ကြောင်း ပြောပါတယ်။

"ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို တပ်မတော်ဘက် စွက်ဖက်တဲ့ သဘောတော့ သက်ရောက်နေတယ်ပေါ့နော်။ တကယ်တမ်းက သူ့ဘက်မှာ အဲဒီလို လုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ တပ်မဲရုံတွေမှာ ထုတ်တဲ့ စာရင်းကို တောင်းကြည့်ရုံကကျတော့ ကျနော်ထင်တာကတော့ တပ်မဲရုံ တရုံချင်းစီက ရလာတဲ့ ရလဒ်တွေက ခုနပြောသလို စွပ်စွဲထားတဲ့အတိုင်း ဖြစ်နေလား၊ ဖြစ်မနေဘူးလားဆိုတာကို တပ်မတော်ဘက်ကနေ ပြန်ပြီးတော့ စစ်ဆေးချင်တဲ့ သဘောလို့ ထင်ပါတယ်။ စစ်ဆေးမယ်ဆိုတာ တကယ်တမ်းတော့ မဲရလဒ်တွေ၊ ရလာတဲ့ အရေအတွက် မဲရုံတခုချင်းဆီကနေ ထွက်လာတဲ့ ရလဒ်အရေအတွက်တွေကို ပြန်ပြီးတော့ စိစစ်တဲ့သဘောဖြစ်လိမ့်မယ်လို့ ထင်တယ်။ ပူးပေါင်းဆောင်ရွက်တဲ့သဘောအနေနဲ့ ပြန်လည်စိစစ်တဲ့ သဘော ဖြစ်မယ်လို့ ယူဆပါတယ်။"

ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလိုမှာတုန်းကလည်း တပ်တော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့တဲ့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ အပြန်အလှန် တုံ့ပြန်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။

ရွေးကောက်ပွဲမှာ အများစုနေရာ အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုကို မထိခိုက်ရင် ကန့်ကွက်စရာ မရှိကြောင်းလည်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိကြောင်း ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG