[Zawgyi/Unicode]
မဲ႐ုံမွာ တာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ ပညာေရးဝန္ထမ္းတခ်ိဳ႕ မဲမသမာမႈနဲ႔ ေ႐ြးေကာက္ပြဲမွာ မမွန္မကန္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အေၾကာင္းေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။
ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မဲ႐ုံတာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ ပညာေရးဝန္ထမ္းတစ္ခ်ိဳ႕ကို ေ႐ြးေကာက္ပြဲမွာ မမွန္မကန္ေဆာင္႐ြက္တယ္။ မဲမသမာမႈေတြ ျပဳလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားထားတဲ့ အမႈေတြရွိသလို တရား႐ုံးတင္ထားတဲ့ အမႈေတြလည္း ရွိပါတယ္။
မဲ႐ုံ၀န္ထမ္း ဆရာ၊ ဆရာမေတြအေပၚ တရားစဲြဆုိထားတဲ့အမႈ အနည္းဆုံး ၂ မႈ ရွိေနတယ္လုိ႔လည္း အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢက ဗဟိုအလုပ္အမႈေဆာင္ ဆရာဦးဝင္းမင္းထြဋ္က ေျပာပါတယ္။
“ေပ်ာ္ဘြယ္က ဆရာမႀကီးအမႈဆိုလို႔ရွိရင္ ဒါ တရား႐ုံးကို ေရာက္သြားၿပီေပါ့။ တရား႐ုံးမွာတင္ၿပီး တရားစြဲၿပီေပါ့။ ေနာက္တစ္ခုက ေလာေလာဆယ္ ရဲစခန္းမွာ တိုင္ၿပီးေတာ့မွ အမႈတည္ေဆာက္ၿပီးေတာ့မွ တရားစြဲတာ ဆိုၿပီး ၂ ပိုင္း ရွိတယ္ေပါ့။ ငပုေတာေပါ့၊ ငပုေတာမွာ ဆိုရင္ေတာ့ ရဲစခန္းမွာေတာ့ တိုင္ထားၿပီးၿပီ။ ဒါလည္းတစ္မႈေပါ့၊ ေလာေလာဆယ္ ဒီ ၂ မႈ ရွိတယ္။ ေနာက္ တစ္ခ်ိဳ႕ ေသးေသးဖြဲဖြဲကိစၥေလးေတြကေတာ့ ဆက္သြယ္လာတာ က်ေနာ္တို႔နည္း က်ေနာ္တို႔ဟန္နဲ႔ ေျဖရွင္းၾကတယ္။ ၿမိဳ႕နယ္သမဂၢေတြက သူ႔နည္းသူဟန္နဲ႔ ေျဖရွင္းတာေတြေတာ့ ရွိတာေပါ့။”
မႏၲေလးတိုင္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္က မဲ႐ုံမွာ မဲ႐ုံမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ပညာေရး၀န္ထမ္းဟာ မဲဆြယ္စည္း႐ုံးတာေတြ လုပ္ခဲ့တယ္လုိ႔ စြပ္စဲြခံထားရသလုိ ဧရာ၀တီတုိင္း ငပုေတာၿမိဳ႕နယ္မွာေတာ့ အသက္မျပည့္ေသးတဲ့သူကို မဲေပးခြင့္ျပဳတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တုိင္ၾကားခံထားရေၾကာင္းလည္း ဆရာ၊ ဆရာမမ်ား သမဂၢ တာ၀န္ရွိသူေတြက ေျပာပါတယ္။
စြပ္စြဲခ်က္ မွန္ခဲ့တယ္ဆုိရင္ေတာ့ ဥပေဒအရ ျပစ္ဒဏ္ခံယူမွာျဖစ္သလို မဟုတ္မမွန္စြပ္စြဲတာမ်ိဳး ေပၚေပါက္တယ္ဆိုရင္ တန္ျပန္တရားစြဲဆိုတာ အပါအ၀င္ တုံ႔ျပန္သြားမယ္လုိ႔လည္း အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢက ဗဟိုအလုပ္အမႈေဆာင္ ဦးဝင္းမင္းထြဋ္က ေျပာပါတယ္။
“ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ ပညာေရးဝန္ထမ္းေတြ အေပၚမွာေပါ့ေနာ္။ မဲ႐ုံ ႀကိဳတင္မဲေကာက္တဲ့ အခ်ိန္ကာလမွာ ေနာက္တစ္ခုက ႏိုဝင္ဘာ ၈ ရက္ေန႔ ေ႐ြးေကာက္ပဲြေန႔မွာေပါ့ေနာ္။ သမာသတ္က်က်နဲ႔ ေဆာင္႐ြက္ေနပါေသာ္ျငားလည္း မလိုမုန္းထားတဲ့စိတ္နဲ႔ လီဆယ္ၿပီးေတာ့ မဟုတ္မမွန္ စြပ္စြဲတိုင္ၾကားတဲ့ အမႈေတြကိုေတာ့ က်ေနာ္တို႔က ျပန္ၿပီးေတာ့ ကူညီေဆာင္႐ြက္သြားဖို႔အတြက္ မၾကာခင္မွာ က်ေနာ္တို႔ ျမန္မာတစ္ႏိုင္ငံလုံးမွာ ရွိတဲ့ ဆရာအဖြဲ႕ ၃ ဖြဲ႕ေပါင္းၿပီးေတာ့ အေရးေပၚတုံ႔ျပန္ေျဖရွင္းေရး ေကာ္မတီကို ဖြဲ႕စည္းၿပီးေတာ့ က်ေနာ္တို႔ ကူညီေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ က်ေနာ္တို႔ လိုအပ္တဲ့ ဥပေဒပညာရွင္ေတြရဲ႕ အကူအညီကို ရယူၿပီးေတာ့ က်ေနာ္တို႔ ကူညီေဆာင္႐ြက္သြားဖို႔ စီစဥ္ေနပါတယ္ ခင္ဗ်။ မိခင္ပညာေရးဝန္ႀကီးဌာနကလည္း တာဝန္ေပးတယ္။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကလည္း ခန႔္အပ္တာဝန္ေပးၿပီးေတာ့ ေဆာင္႐ြက္ခိုင္းတယ္ေပါ့။ အဲ့ဒီေတာ့ က်ေနာ္တို႔ မိခင္ ပညာေရးဌာနမွာလည္း တာဝန္ရွိသလို UEC မွာလည္း တာဝန္ရွိတယ္။ တာဝန္ရွိတဲ့အခါက်ေတာ့ သက္ဆိုင္ရာ လုပ္ထုံးလုပ္နည္း စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ အညီေတာ့ ကူညီေဆာင္႐ြက္ေပးဖို႔ လိုပါတယ္။”
အာဏာရ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ အႏုိင္ရေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ကေတာ့ ေၾကညာထားပါတယ္။ ဒါေပမဲ့လည္း ေရြးေကာက္ပဲြမွာ မဲမသမာမႈေတြ မမွန္မကန္လုပ္ရပ္ေတြ ရွိခဲ့တယ္ဆုိၿပီး အဓိက အတုိက္အခံ ႏုိင္ငံေရးပါတီ ျပည္ေထာင္စု ႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ အပါအ၀င္ ႏုိင္ငံေရးပါတီ တခ်ဳိ႕က စြပ္စဲြထားၾကတာပါ။
ေ႐ြးေကာက္ပြဲေစာင္ၾကည့္အဖြဲ႕တစ္ခုျဖစ္တဲ့ New Myanmar Foundation က အမႈေဆာင္ၫႊန္ၾကားေရးမႈး မျမနႏၵသင္းကေတာ့ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ ရွိခဲ့ေပမဲ့ မဲရုံတာ၀န္က် ဆရာ၊ ဆရာမေတြၾကား မသမာမႈေတြ ႀကီးႀကီးမားမား မေတြ႔ခဲ့ရဘူးလုိ႔ ေျပာပါတယ္။
“အခ်ိဳ႕ေသာ ရာခိုင္ႏွန္းအနည္းငယ္ေသာ ဆရာဆရာမေတြက ဥပမာ ဘယ္လိုမ်ိဳးလဲဆိုေတာ့ ဒီေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ခြင့္ကို မသိတဲ့အတြက္ မဲ႐ုံထဲကို ဝင္ခြင့္မေပးနာမ်ိဳးေပါ့ေနာ္။ အဲ့ဒါမ်ိဳး အေျခအေနမ်ိဳးေလးေတြ ရွိတယ္။ ဒါေပမဲ့ အဲ့ဒီလိုဟာမ်ိဳးကေတာ့ ေ႐ြးေကာက္ပြဲေလ့လာ ေစာင့္ၾကည့္တဲ့ ေနရာေတြမွာ ႀကဳံရတာကေတာ့ အနည္းငယ္ပဲေပါ့ေနာ္။ ရာခိုင္ႏႈန္းအားျဖင့္ဆိုရင္ေတာ့ ၁ ရာခိုင္ႏႈန္း၊ ၂ ရာခိုင္ႏႈန္းေလာက္ေတာ့ ႀကဳံခဲ့ရတယ္ေပါ့ေနာ္။ ဒါေပမဲ့ အဲ့ဒီဟာ အေပၚမွာေတာ့ က်မတို႔က မမွန္မကန္လုပ္တယ္ဆိုတဲ့ အသုံးမ်ိဳးေတာ့ မသုံးခ်င္ဘူးေပါ့ေႏွာ္။ ဒီဥပေဒကို သိရွိမႈ အားနည္းေနတယ္။ မဟုတ္လို႔ရွိရင္ ဒီလုပ္ငန္းေတြအေပၚမွာ အခ်ိဳ႕ေသာ ဆရာမေတြအေနနဲ႔ ဒီသင္တန္းေတြ ေသခ်ာမရလို႔ တခ်ိဳ႕လြတ္သြားတာမ်ိဳးလည္း ရွိႏိုင္တဲ့အတြက္ က်မတို႔ကေတာ့ အဲ့ဒီလိုပဲ သုံးသပ္ခ်င္တယ္။”
ေ႐ြးေကာ္ပြဲမွာ မဲ႐ုံတာဝန္ထမ္းေဆာင္ၾကတဲ့ ပညာေရးဝန္ထမ္းေတြကို ဒီလိုတိုင္ၾကားတာမ်ိဳးက ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ေနျပည္ေတာ္မွာ တစ္မႈ ရွိခဲ့ဖူးပါတယ္။ ဒီႏွစ္ေရြးေကာက္ပဲြမွာေတာ့ ပညာေရး၀န္ထမ္း ၂ ဦးအေပၚ တရားစဲြဆုိထားတာ အပါအ၀င္ ေရြးေကာက္ပဲြနဲ႔ ဆက္ႏြယ္ၿပီး တရားစဲြထားတဲ့ အမႈေပါင္း ၁၀၀ ေက်ာ္ ရွိပါတယ္။
တခ်ိန္တည္းမွာပဲ ကပ္ေရာဂါကာလ က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြမွာ မဲ႐ုံ၀န္ထမ္းအျဖစ္ တာ၀န္ယူရင္း ကုိဗစ္ေရာဂါပုိး ကူးစက္ခံရသူ ပညာေရး၀န္ထမ္း ၁၀၀ ေက်ာ္ရွိေနၿပီလုိ႔ ေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢက ေျပာပါတယ္။
[Unicode Version]
မဲရုံစောင့် ပညာရေးဝန်ထမ်းတချို့တရားစွဲခံရ
မဲရုံမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတချို့ မဲမသမာမှုနဲ့ ရွေးကောက်ပွဲမှာ မမှန်မကန်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတစ်ချို့ကို ရွေးကောက်ပွဲမှာ မမှန်မကန်ဆောင်ရွက်တယ်။ မဲမသမာမှုတွေ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတဲ့ အမှုတွေရှိသလို တရားရုံးတင်ထားတဲ့ အမှုတွေလည်း ရှိပါတယ်။
မဲရုံဝန်ထမ်း ဆရာ၊ ဆရာမတွေအပေါ် တရားစွဲဆိုထားတဲ့အမှု အနည်းဆုံး ၂ မှု ရှိနေတယ်လို့လည်း အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂက ဗဟိုအလုပ်အမှုဆောင် ဆရာဦးဝင်းမင်းထွဋ်က ပြောပါတယ်။
“ပျော်ဘွယ်က ဆရာမကြီးအမှုဆိုလို့ရှိရင် ဒါ တရားရုံးကို ရောက်သွားပြီပေါ့။ တရားရုံးမှာတင်ပြီး တရားစွဲပြီပေါ့။ နောက်တစ်ခုက လောလောဆယ် ရဲစခန်းမှာ တိုင်ပြီးတော့မှ အမှုတည်ဆောက်ပြီးတော့မှ တရားစွဲတာ ဆိုပြီး ၂ ပိုင်း ရှိတယ်ပေါ့။ ငပုတောပေါ့၊ ငပုတောမှာ ဆိုရင်တော့ ရဲစခန်းမှာတော့ တိုင်ထားပြီးပြီ။ ဒါလည်းတစ်မှုပေါ့၊ လောလောဆယ် ဒီ ၂ မှု ရှိတယ်။ နောက် တစ်ချို့ သေးသေးဖွဲဖွဲကိစ္စလေးတွေကတော့ ဆက်သွယ်လာတာ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ဖြေရှင်းကြတယ်။ မြို့နယ်သမဂ္ဂတွေက သူ့နည်းသူဟန်နဲ့ ဖြေရှင်းတာတွေတော့ ရှိတာပေါ့။”
မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်က မဲရုံမှာ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပညာရေးဝန်ထမ်းဟာ မဲဆွယ်စည်းရုံးတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရသလို ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာတော့ အသက်မပြည့်သေးတဲ့သူကို မဲပေးခွင့်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားခံထားရကြောင်းလည်း ဆရာ၊ ဆရာမများ သမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။
စွပ်စွဲချက် မှန်ခဲ့တယ်ဆိုရင်တော့ ဥပဒေအရ ပြစ်ဒဏ်ခံယူမှာဖြစ်သလို မဟုတ်မမှန်စွပ်စွဲတာမျိုး ပေါ်ပေါက်တယ်ဆိုရင် တန်ပြန်တရားစွဲဆိုတာ အပါအဝင် တုံ့ပြန်သွားမယ်လို့လည်း အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂက ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမင်းထွဋ်က ပြောပါတယ်။
“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေ အပေါ်မှာပေါ့နော်။ မဲရုံ ကြိုတင်မဲကောက်တဲ့ အချိန်ကာလမှာ နောက်တစ်ခုက နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာပေါ့နော်။ သမာသတ်ကျကျနဲ့ ဆောင်ရွက်နေပါသော်ငြားလည်း မလိုမုန်းထားတဲ့စိတ်နဲ့ လီဆယ်ပြီးတော့ မဟုတ်မမှန် စွပ်စွဲတိုင်ကြားတဲ့ အမှုတွေကိုတော့ ကျနော်တို့က ပြန်ပြီးတော့ ကူညီဆောင်ရွက်သွားဖို့အတွက် မကြာခင်မှာ ကျနော်တို့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆရာအဖွဲ့ ၃ ဖွဲ့ပေါင်းပြီးတော့ အရေးပေါ်တုံ့ပြန်ဖြေရှင်းရေး ကော်မတီကို ဖွဲ့စည်းပြီးတော့ ကျနော်တို့ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ လိုအပ်တဲ့ ဥပဒေပညာရှင်တွေရဲ့ အကူအညီကို ရယူပြီးတော့ ကျနော်တို့ ကူညီဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ် ခင်ဗျ။ မိခင်ပညာရေးဝန်ကြီးဌာနကလည်း တာဝန်ပေးတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ခန့်အပ်တာဝန်ပေးပြီးတော့ ဆောင်ရွက်ခိုင်းတယ်ပေါ့။ အဲ့ဒီတော့ ကျနော်တို့ မိခင် ပညာရေးဌာနမှာလည်း တာဝန်ရှိသလို UEC မှာလည်း တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အခါကျတော့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီတော့ ကူညီဆောင်ရွက်ပေးဖို့ လိုပါတယ်။”
အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကြေညာထားပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မမှန်မကန်လုပ်ရပ်တွေ ရှိခဲ့တယ်ဆိုပြီး အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ တချို့က စွပ်စွဲထားကြတာပါ။
ရွေးကောက်ပွဲစောင်ကြည့်အဖွဲ့တစ်ခုဖြစ်တဲ့ New Myanmar Foundation က အမှုဆောင်ညွှန်ကြားရေးမှုး မမြနန္ဒသင်းကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိခဲ့ပေမဲ့ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေကြား မသမာမှုတွေ ကြီးကြီးမားမား မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
“အချို့သော ရာခိုင်နှန်းအနည်းငယ်သော ဆရာဆရာမတွေက ဥပမာ ဘယ်လိုမျိုးလဲဆိုတော့ ဒီရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ကို မသိတဲ့အတွက် မဲရုံထဲကို ဝင်ခွင့်မပေးနာမျိုးပေါ့နော်။ အဲ့ဒါမျိုး အခြေအနေမျိုးလေးတွေ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလိုဟာမျိုးကတော့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်တဲ့ နေရာတွေမှာ ကြုံရတာကတော့ အနည်းငယ်ပဲပေါ့နော်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်တော့ ကြုံခဲ့ရတယ်ပေါ့နော်။ ဒါပေမဲ့ အဲ့ဒီဟာ အပေါ်မှာတော့ ကျမတို့က မမှန်မကန်လုပ်တယ်ဆိုတဲ့ အသုံးမျိုးတော့ မသုံးချင်ဘူးပေါ့နှော်။ ဒီဥပဒေကို သိရှိမှု အားနည်းနေတယ်။ မဟုတ်လို့ရှိရင် ဒီလုပ်ငန်းတွေအပေါ်မှာ အချို့သော ဆရာမတွေအနေနဲ့ ဒီသင်တန်းတွေ သေချာမရလို့ တချို့လွတ်သွားတာမျိုးလည်း ရှိနိုင်တဲ့အတွက် ကျမတို့ကတော့ အဲ့ဒီလိုပဲ သုံးသပ်ချင်တယ်။”
ရွေးကော်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ကြတဲ့ ပညာရေးဝန်ထမ်းတွေကို ဒီလိုတိုင်ကြားတာမျိုးက ၂၀၁၅ ရွေးကောက်ပွဲတုန်းက နေပြည်တော်မှာ တစ်မှု ရှိခဲ့ဖူးပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာတော့ ပညာရေးဝန်ထမ်း ၂ ဦးအပေါ် တရားစွဲဆိုထားတာ အပါအဝင် ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး တရားစွဲထားတဲ့ အမှုပေါင်း ၁၀၀ ကျော် ရှိပါတယ်။
တချိန်တည်းမှာပဲ ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံဝန်ထမ်းအဖြစ် တာဝန်ယူရင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ပညာရေးဝန်ထမ်း ၁၀၀ ကျော်ရှိနေပြီလို့ ခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂက ပြောပါတယ်။