သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေဖေဖာ္၀ါရီစမယ့္ လႊတ္ေတာ္ ႀကံ့ခုိင္ေရးပါတီ တက္မတက္ မေသခ်ာေသး


ျပည္ေထာင္စုလႊတ္ေတာ္

(Zawgyi/Unicode)

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ မဲစာရင္းမွားယြင္းမူေတြရွိခဲ့တယ္လို႔ အဓိက အတိုက္အခံ ျပည္ေထာင္စုၾကံခိုင္ေရးနဲ႔ဖြဲ႔ၿဖိဳးေရးပါတီနဲ႔ တပ္မေတာ္ဘက္က စြပ္စြဲထားၿပီး၊ ေျဖရွင္းေပးဖို႔ ဆက္လက္ေတာင္းဆိုေနခ်ိန္မွာ လႊတ္ေတာ္သစ္ကလည္း မၾကာခင္ေခၚထားတာမို႔ ဘယ္လိုဆက္ျဖစ္လာႏုိင္ပါလဲ။

ေရွ႕လ ေဖေဖာ္ဝါရီ (၁) ရက္မွာ က်င္းပမယ့္ လႊတ္ေတာ္သစ္ တက္၊ မတက္ ဆံုးျဖတ္ရခက္ေနတဲ့ ႀက႔ံခိုင္ဖြ႔ံၿဖိဳးေရးပါတီ ေျပာခြင့္ရနဲ႔၊ ေနာက္ ေရြးေကာက္ပြဲအႏိုင္ရ အစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေျပာခြင္႔ရတို႔ကို ကိုဝင္းမင္းကေမးထားပါတယ္။

ႀကံ႔ခိုင္ဖြ႔ံၿဖိဳးေရးပါတီ ေျပာခြင့္ရ ေဒါက္တာ နႏၵာလွျမင့္က အခုလို ဆံုးျဖတ္ရ ခက္ေနပံုကို

“အခု အေျခအေနမွာေတာ့ ေျပာဖို႔ ခက္ပါတယ္။ အဓိကေတာ့ မဲစာရင္းေဖာင္းပြမႈေတြရွိေနတယ္။ ဒါေၾကာင့္ ေကာ္မရွင္ကို ေတာင္းဆိုထားတာ ရွိပါတယ္။ က်ေနာ္တို႔ ေနာက္ဆံုးမဲေပးခဲ့တဲ့ မဲဆႏၵရွင္စာရင္းေပါ့ေနာ္၊ ဒါေလးကို ထုတ္ျပန္ေပးပါ ထုတ္ျပန္ေပးလို႔ရွင္ရင္ ဒါဆုိ က်ေနာ္တို႔ စိစစ္ၿပီးလက္ခံမယ္ေပါ့ေနာ္။ ဒီေတာင္းဆိုတဲ့ မဲစာရင္းကို ထုတ္မေပးပဲနဲ႔ မဲရလဒ္ကို အတင္းအတည္ျပဳတယ္ဆိုရင္ေတာ့ အက်ပ္အတည္းျဖစ္သြားႏုိင္တယ္ေပါ့ေလ။ က်ေနာ္တို႔အေနနဲ႔ကလည္း မဲ UEC က ေျဖရွင္းမႈ တစံုတရာမျပဳပဲနဲ႔ေတာ့ လႊတ္ေတာ္ကို တက္မယ္မတက္ဘူးဆိုတာ အခုအခ်ိန္မွာေတာ့ ဆံုးျဖတ္ရခက္ပါတယ္။”

NLD ေျပာခြင့္ရ ေဒါက္တာမ်ိဳးညႊန္႔ကေတာ့ မဲျပႆနာအေပၚ

“ေရြးေကာက္ပြဲမတိုင္ခင္ကတည္းက ေရြးေကာက္ပြဲမွာ မသမာမႈေတြရွိခဲ့ရင္ဆိုၿပီးေတာ့ ႀကိဳၿပီးေတာ့ နမိတ္ဖတ္သလို ေျပာထားခဲ့တာပဲေလ။ အဲဒီေတာ့ ဒီေရြးေကာက္ပြဲမွာ အကယ္၍ က်ေနာ္တို႔အႏိုင္ဟာ ပြတ္ကာသီကာမ်ား ႏိုင္ခဲ့မယ္ဆိုရင္ အခုျဖစ္ေနတဲ့ ဆႏၵျပပြဲ ၊ မတည္ၿငိမ္မႈေတြ အဆေပါင္းမ်ားစြာ ပိုဆိုးမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ အခုေတာ္ေသးတယ္။”

ဒါေပမယ့္ ေဒါက္တာ နႏၵာလွျမင့္ကေတာ့ မဲရလဒ္ျပႆနာကို ျငင္းေနတာမဟုတ္ပဲ မဲျပႆနာ သံသယ ရွင္းခ်င္လို႔ပါ လို႔ ဆိုပါတယ္။

“မဲအႏိုင္အရႈံးကို က်ေနာ္တို႔ အျငင္းမပြားဘူးခင္ဗ်။ ရလဒ္ေျပာင္းသြားဖုိ႔အေျခအေနကို က်ေနာ္တို႔ ေျပာေနတာမဟုတ္ဘူးခင္ဗ် ။ အဓိက က်ေနာ္တို႔ ေျပာခ်င္တဲ့ရည္ရြယ္ခ်က္ကေတာ့ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲ ၊ ပြင့္လင္းျမင္သာမႈရွိတဲ့ ေရြးေကာက္ပြဲ ျဖစ္ျခင္းအေနနဲ႔ေရာ ဒါက်ေနာ္တို႔ စတင္တည္ေဆာက္ေပးခဲ့တဲ့ ယဥ္ေက်းမႈအတိုင္းပဲ ဒီ ၂၀၂၀ ျဖစ္စဥ္ကို က်ေနာ္တို႔ ေမွ်ာ္လင့္တယ္။ က်ေနာ္တို႔ပါတီအေနနဲ႔ စိစစ္တဲ့အခါက်ေတာ့လည္း မဲကြာဟခ်က္ေတြ အင္မတန္ႀကီးမားတာကို ေတြ႔ရတယ္၊ မဲစာရင္းကြာဟခ်က္ေတြေလ။ အခုလို ၇ သန္းေက်ာ္ ၊ ၈ သန္းနီးပါးေလာက္ၾကီး မဲစာရင္းမွားေနတာ ျဖစ္ေနတဲ့ အခါက်ေတာ့ သံသယရွင္းသြားေအာင္ မဲစာရင္းကို ထုတ္ေပးလိုက္ရင္ သံသယရွင္းသြားၿပီ။”

ဒါေပမယ့္ ေဒါက္တာမ်ိဳးညႊန္႔ကလည္း

“ဒါက အခုမွ ျဖစ္တာမဟုတ္ပါဘူး။ ၂၀၁၀၊ ၂၀၁၅ အကုန္လံုးမွာ ဒီအတိုင္းပဲ လုပ္ခဲ့တာပါပဲ။ အကယ္၍ ဒီလုပ္ရက္က မသင့္ေတာ္ဘူးထင္ရင္ က်ေနာ္တို႔လႊတ္ေတာ္မွာ တင္ျပေဆြးေႏြးၿပီးေတာ့ ေရြးေကာက္ပြဲ ဥပေဒေတြ နည္းဥပေဒေတြ ျပင္ဆင္ဖို႔ ႀကိဳးစားဖို႔ပဲ ရွိပါတယ္။”

ဒါေပမယ့္ ေဒါက္တာ နႏၵာလွျမင့္ကေတာ့ အခုျပႆနာကို ရွင္းဖို႔ အထူးလႊတ္ေတာ္ေခၚတာကို ျငင္းခဲ့တာေၾကာင့္ လာမယ့္လႊတ္ေတာ္အသစ္မွာလည္း ေျဖရွင္းႏိုင္ဖို႔ မေသခ်ာဘူးလို႔ ဆိုကာ အဓိက UEC ေခၚ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ျပႆနာလို႔ ဆိုပါတယ္။

“UEC က ေျဖရွင္းေပးရမယ့္တာ၀န္ သူ႔မွာ ရွိပါတယ္။ ၿပီးေတာ့ တတိယအႀကိမ္မဲစာရင္း ေနာက္ဆံုးမဲေပးခဲ့တဲ့ မဲဆႏၵရွင္စာရင္းဆိုတာကလည္း UEC အေနနဲ႔ သက္ဆိုင္ရာ ႏိုင္ငံေရးပါတီေတြ၊ ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ ကိုယ္စားလွယ္ေတြကို တရား၀င္ ေပးကို ေပးရမယ့္ မဲစာရင္းျဖစ္ပါတယ္။ တတိယအႀကိမ္မဲစာရင္း ဆိုတာက ပထမအၾကိမ္ မဲစာရင္း ေၾကညာတယ္ အဲဒါကို ပါတီေတြကလည္း စစ္မယ္၊ ကိုယ္စားလွယ္ေတြကလည္း စစ္မယ္ ။ မဲစာရင္းအမွားအယြင္းေတြရွိမယ္ဆိုရင္ ျပန္ၿပီးေတာ့ ဥပေဒအရ ေျပာၾကဆိုၾက ၊ ၿပီးရင္ ဒုတိယအၾကိမ္ စိစစ္ထားတဲ့ မဲစာရင္းထုတ္မယ္ ။ ၿပီးရင္ အဲဒါကိုလည္းတခါ စိစစ္ၿပီး ေနာက္ဆံုး တတိယအၾကိမ္မဲစာရင္းကေတာ့ Final (ေနာက္ဆံုး) ေၾကညာလိုက္တဲ့ မဲစာရင္းပဲ။ အဲဒါရရင္ သူ႕ဟာသူ ဘယ္ပါတီကိုပဲ မဲေပးခဲ့ ျပႆနာမရွိဘူး ။ ဒီလူဟာ မဲဆႏၵနယ္မွာ တကယ္ရွိလားမရွိလား၊ မဲေပးခြင့္ရခဲ့သလား ၊ မရခဲ့ဘူးလား ဒါပဲက်ေနာ္တို႔ သံုးသပ္မွာ အဆင္ေျပသြားၿပီ။ UEC ဘက္က တစံုတခု ေျဖရွင္းခြင့္မျပဳဘူးဆိုရ္ငေတာ့ လာမယ့္ လႊတ္ေတာ္မွာ က်န္တဲ့ကိုယ္စားလွယ္ေတြ တက္မယ္၊ မတက္ဘူးဆိုတာလည္း ေမးခြန္းထုတ္စရာျဖစ္လာတာေပါ့ေနာ္။”

အခုလို လႊတ္ေတာ္သစ္ တက္မတက္ ေမးခြန္းထုတ္လာတဲ့အေပၚ ေဒါက္တာမ်ိဳးညႊန္႔ကေတာ့

“သူတို႔ ပါတီတရပ္ရဲ႕ တက္ျခင္း၊ မတက္ျခင္း ကေတာ့ က်ေနာ္တို႔ ဘာမွ မွတ္ခ်က္မေပးလိုပါဘူး။ တက္ျခင္း၊ မတက္ျခင္းနဲ႔ ပတ္သက္တဲ့ ဥပေဒေတြအတိုင္းပဲ က်ေနာ္တို႔ ဆက္လက္လုပ္သြားရမွာျဖစ္ပါတယ္။ အေရးယူခံရမွာေပါ့ဗ်ာ။ ဘယ္လိုပံုစံေတြ အေရးယူရမယ္ဆိုတာကေတာ့ သူ႔အထဲမွာ ပါပါတယ္။ ဒီအတြက္ေတာ့ က်ေနာ္တို႔ ႀကိဳတင္ၿပီးေတာ့ ပူပန္မႈေတြ မရွိပါဘူး။ ေရြးေကာက္ပြဲ မွာ အႏိုင္ရတဲ့သူက သူ တက္ဖို႔အတြက္ က်ေနာ္တို႔ လႊတ္ေတာ္ကလည္း အေၾကာင္းၾကားထားၿပီးသားပါ။ က်ေနာ္တို႔ လႊတ္ေတာ္တက္ဖို႔ကို လုပ္ရိုးလုပ္စဥ္အတိုင္းလုပ္ထားတာေတြ အကုန္လံုးေတြ႔ေနရပါတယ္။ အဲဒီေတာ့ တပ္မေတာ္ကေနၿပီးေတာ့ သူ႔ကိုယ္စားလွယ္ေတြကို ပံုမွန္အတိုင္း အမည္စာရင္းေပးပို႔ထားၿပီးလည္း ျဖစ္တယ္လို႔ က်ေနာ္တို႔ သိရပါတယ္။”

တကယ္ေတာ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးေတြမွာ အေရးပါေလ့ရွိတဲ့ ဒုတိယအၾကိမ္ေျမာက္ ေရြးေကာက္ပြဲေတြမွာ အခုလို ျဖစ္လာတဲ့ ျပႆနာေတြ ဘယ္လိုေျဖရွင္းႏိုင္မယ္ဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဖေဖော်ဝါရီစမယ့် လွှတ်တော် ကြံ့ခိုင်ရေးပါတီ တက်မတက် မသေချာသေး

(Unicode)

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမူတွေရှိခဲ့တယ်လို့ အဓိက အတိုက်အခံ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီနဲ့ တပ်မတော်ဘက်က စွပ်စွဲထားပြီး၊ ဖြေရှင်းပေးဖို့ ဆက်လက်တောင်းဆိုနေချိန်မှာ လွှတ်တော်သစ်ကလည်း မကြာခင်ခေါ်ထားတာမို့ ဘယ်လိုဆက်ဖြစ်လာနိုင်ပါလဲ။

ရှေ့လ ဖေဖော်ဝါရီ (၁) ရက်မှာ ကျင်းပမယ့် လွှတ်တော်သစ် တက်၊ မတက် ဆုံးဖြတ်ရခက်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရနဲ့၊ နောက် ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရတို့ကို ကိုဝင်းမင်းကမေးထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က အခုလို ဆုံးဖြတ်ရ ခက်နေပုံကို

“အခု အခြေအနေမှာတော့ ပြောဖို့ ခက်ပါတယ်။ အဓိကတော့ မဲစာရင်းဖောင်းပွမှုတွေရှိနေတယ်။ ဒါကြောင့် ကော်မရှင်ကို တောင်းဆိုထားတာ ရှိပါတယ်။ ကျနော်တို့ နောက်ဆုံးမဲပေးခဲ့တဲ့ မဲဆန္ဒရှင်စာရင်းပေါ့နော်၊ ဒါလေးကို ထုတ်ပြန်ပေးပါ ထုတ်ပြန်ပေးလို့ရှင်ရင် ဒါဆို ကျနော်တို့ စိစစ်ပြီးလက်ခံမယ်ပေါ့နော်။ ဒီတောင်းဆိုတဲ့ မဲစာရင်းကို ထုတ်မပေးပဲနဲ့ မဲရလဒ်ကို အတင်းအတည်ပြုတယ်ဆိုရင်တော့ အကျပ်အတည်းဖြစ်သွားနိုင်တယ်ပေါ့လေ။ ကျနော်တို့အနေနဲ့ကလည်း မဲ UEC က ဖြေရှင်းမှု တစုံတရာမပြုပဲနဲ့တော့ လွှတ်တော်ကို တက်မယ်မတက်ဘူးဆိုတာ အခုအချိန်မှာတော့ ဆုံးဖြတ်ရခက်ပါတယ်။”

NLD ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ကတော့ မဲပြဿနာအပေါ်

“ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ရင်ဆိုပြီးတော့ ကြိုပြီးတော့ နမိတ်ဖတ်သလို ပြောထားခဲ့တာပဲလေ။ အဲဒီတော့ ဒီရွေးကောက်ပွဲမှာ အကယ်၍ ကျနော်တို့အနိုင်ဟာ ပွတ်ကာသီကာများ နိုင်ခဲ့မယ်ဆိုရင် အခုဖြစ်နေတဲ့ ဆန္ဒပြပွဲ ၊ မတည်ငြိမ်မှုတွေ အဆပေါင်းများစွာ ပိုဆိုးမယ်လို့ မျှော်လင့်ထားပါတယ်။ အခုတော်သေးတယ်။”

ဒါပေမယ့် ဒေါက်တာ နန္ဒာလှမြင့်ကတော့ မဲရလဒ်ပြဿနာကို ငြင်းနေတာမဟုတ်ပဲ မဲပြဿနာ သံသယ ရှင်းချင်လို့ပါ လို့ ဆိုပါတယ်။

“မဲအနိုင်အရှုံးကို ကျနော်တို့ အငြင်းမပွားဘူးခင်ဗျ။ ရလဒ်ပြောင်းသွားဖို့အခြေအနေကို ကျနော်တို့ ပြောနေတာမဟုတ်ဘူးခင်ဗျ ။ အဓိက ကျနော်တို့ ပြောချင်တဲ့ရည်ရွယ်ချက်ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ခြင်းအနေနဲ့ရော ဒါကျနော်တို့ စတင်တည်ဆောက်ပေးခဲ့တဲ့ ယဉ်ကျေးမှုအတိုင်းပဲ ဒီ ၂၀၂၀ ဖြစ်စဉ်ကို ကျနော်တို့ မျှော်လင့်တယ်။ ကျနော်တို့ပါတီအနေနဲ့ စိစစ်တဲ့အခါကျတော့လည်း မဲကွာဟချက်တွေ အင်မတန်ကြီးမားတာကို တွေ့ရတယ်၊ မဲစာရင်းကွာဟချက်တွေလေ။ အခုလို ၇ သန်းကျော် ၊ ၈ သန်းနီးပါးလောက်ကြီး မဲစာရင်းမှားနေတာ ဖြစ်နေတဲ့ အခါကျတော့ သံသယရှင်းသွားအောင် မဲစာရင်းကို ထုတ်ပေးလိုက်ရင် သံသယရှင်းသွားပြီ။”

ဒါပေမယ့် ဒေါက်တာမျိုးညွှန့်ကလည်း

“ဒါက အခုမှ ဖြစ်တာမဟုတ်ပါဘူး။ ၂၀၁၀၊ ၂၀၁၅ အကုန်လုံးမှာ ဒီအတိုင်းပဲ လုပ်ခဲ့တာပါပဲ။ အကယ်၍ ဒီလုပ်ရက်က မသင့်တော်ဘူးထင်ရင် ကျနော်တို့လွှတ်တော်မှာ တင်ပြဆွေးနွေးပြီးတော့ ရွေးကောက်ပွဲ ဥပဒေတွေ နည်းဥပဒေတွေ ပြင်ဆင်ဖို့ ကြိုးစားဖို့ပဲ ရှိပါတယ်။”

ဒါပေမယ့် ဒေါက်တာ နန္ဒာလှမြင့်ကတော့ အခုပြဿနာကို ရှင်းဖို့ အထူးလွှတ်တော်ခေါ်တာကို ငြင်းခဲ့တာကြောင့် လာမယ့်လွှတ်တော်အသစ်မှာလည်း ဖြေရှင်းနိုင်ဖို့ မသေချာဘူးလို့ ဆိုကာ အဓိက UEC ခေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြဿနာလို့ ဆိုပါတယ်။

“UEC က ဖြေရှင်းပေးရမယ့်တာဝန် သူ့မှာ ရှိပါတယ်။ ပြီးတော့ တတိယအကြိမ်မဲစာရင်း နောက်ဆုံးမဲပေးခဲ့တဲ့ မဲဆန္ဒရှင်စာရင်းဆိုတာကလည်း UEC အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေကို တရားဝင် ပေးကို ပေးရမယ့် မဲစာရင်းဖြစ်ပါတယ်။ တတိယအကြိမ်မဲစာရင်း ဆိုတာက ပထမအကြိမ် မဲစာရင်း ကြေညာတယ် အဲဒါကို ပါတီတွေကလည်း စစ်မယ်၊ ကိုယ်စားလှယ်တွေကလည်း စစ်မယ် ။ မဲစာရင်းအမှားအယွင်းတွေရှိမယ်ဆိုရင် ပြန်ပြီးတော့ ဥပဒေအရ ပြောကြဆိုကြ ၊ ပြီးရင် ဒုတိယအကြိမ် စိစစ်ထားတဲ့ မဲစာရင်းထုတ်မယ် ။ ပြီးရင် အဲဒါကိုလည်းတခါ စိစစ်ပြီး နောက်ဆုံး တတိယအကြိမ်မဲစာရင်းကတော့ Final (နောက်ဆုံး) ကြေညာလိုက်တဲ့ မဲစာရင်းပဲ။ အဲဒါရရင် သူ့ဟာသူ ဘယ်ပါတီကိုပဲ မဲပေးခဲ့ ပြဿနာမရှိဘူး ။ ဒီလူဟာ မဲဆန္ဒနယ်မှာ တကယ်ရှိလားမရှိလား၊ မဲပေးခွင့်ရခဲ့သလား ၊ မရခဲ့ဘူးလား ဒါပဲကျနော်တို့ သုံးသပ်မှာ အဆင်ပြေသွားပြီ။ UEC ဘက်က တစုံတခု ဖြေရှင်းခွင့်မပြုဘူးဆိုရ်ငတော့ လာမယ့် လွှတ်တော်မှာ ကျန်တဲ့ကိုယ်စားလှယ်တွေ တက်မယ်၊ မတက်ဘူးဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်လာတာပေါ့နော်။”

အခုလို လွှတ်တော်သစ် တက်မတက် မေးခွန်းထုတ်လာတဲ့အပေါ် ဒေါက်တာမျိုးညွှန့်ကတော့

“သူတို့ ပါတီတရပ်ရဲ့ တက်ခြင်း၊ မတက်ခြင်း ကတော့ ကျနော်တို့ ဘာမှ မှတ်ချက်မပေးလိုပါဘူး။ တက်ခြင်း၊ မတက်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေအတိုင်းပဲ ကျနော်တို့ ဆက်လက်လုပ်သွားရမှာဖြစ်ပါတယ်။ အရေးယူခံရမှာပေါ့ဗျာ။ ဘယ်လိုပုံစံတွေ အရေးယူရမယ်ဆိုတာကတော့ သူ့အထဲမှာ ပါပါတယ်။ ဒီအတွက်တော့ ကျနော်တို့ ကြိုတင်ပြီးတော့ ပူပန်မှုတွေ မရှိပါဘူး။ ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့သူက သူ တက်ဖို့အတွက် ကျနော်တို့ လွှတ်တော်ကလည်း အကြောင်းကြားထားပြီးသားပါ။ ကျနော်တို့ လွှတ်တော်တက်ဖို့ကို လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ထားတာတွေ အကုန်လုံးတွေ့နေရပါတယ်။ အဲဒီတော့ တပ်မတော်ကနေပြီးတော့ သူ့ကိုယ်စားလှယ်တွေကို ပုံမှန်အတိုင်း အမည်စာရင်းပေးပို့ထားပြီးလည်း ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။”

တကယ်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ အရေးပါလေ့ရှိတဲ့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲတွေမှာ အခုလို ဖြစ်လာတဲ့ ပြဿနာတွေ ဘယ်လိုဖြေရှင်းနိုင်မယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG