သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြဲ ရလာဒ္ အေကာင္အထည္ ေဖာ္ေရး ဘာအခက္အခဲ အတားအဆီးေတြ ရွိႏိုင္ေသး


ႀကံခိုင္ဖံြၿဖိဳးေရးပါတီ သတင္းစာရွင္းလင္းပဲြ (ေနျပည္ေတာ္) ႏို၀င္ဘာ ၂၆၊ ၂၀၂၀
တိုက္႐ိုက္ လင့္ခ္

အခုဆိုရင္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲႀကီး က်င္းပၿပီးခဲ့တာ တစ္လ ေက်ာ္ပါၿပီ။ ဒါေပမယ့္လည္း ဒီကေန႔အခ်ိန္ထိ ၿမိဳ႕နယ္ တစ္ခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို ဆႏၵျပတဲ့ ဆႏၵျပပြဲ အငယ္ေလးေတြ ႀကိဳးၾကားႀကိဳးၾကား ျဖစ္ပြားေနတာ ေတြ႕ေနရပါေသးတယ္။ ေ႐ြးေကာက္ပြဲမွာ အဓိက အတိုက္ခံလို ျဖစ္ေနတဲ့ တပ္မေတာ္ေက်ာေထာက္ေနာက္ခံျပဳ ျပည္ခိုင္ၿဖိဳးပါတီကလည္း ေ႐ြးေကာက္ပြဲျဖစ္စဥ္ကို အသိအမွတ္ျပဳတယ္လို႔ မေျပာေသးသလို၊ ေ႐ြးေကာက္ပြဲကာလ မဲမသမာမႈေတြနဲ႔ တရားမဲ့ ျပဳက်င့္မႈေတြကို ဥပေဒလမ္းေၾကာင္းအရ ဆုံးခန္းတိုင္ ေဆာင္႐ြက္သြားမယ္လို႔ သိပ္ၾကာေသးခင္တုန္းက လုပ္ခဲ့တဲ့ ေနျပည္ေတာ္႐ုံး သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါေသးတယ္။ ၿမိဳ႕နယ္ ၂၀၀ ေက်ာ္က ေ႐ြးေကာက္ပြဲ ဆိုင္ရာ အခ်က္အလက္ေတြကို ေတာင္းခံခဲ့တဲ့ တပ္မေတာ္ဘက္ကေတာ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ျငင္းပယ္ ခံရၿပီးေနာက္မွာ သူတို႔ ေတာင္းဆိုခဲ့တာဟာ ဥပေဒအရ ေတာင္းဆိုတာသာ ျဖစ္တယ္ ဆိုၿပီး ထုတ္ျပန္တာကလြဲလို႔ ေနာက္ထပ္ ေတာင္းဆိုမႈ အသစ္ ထပ္လုပ္တာကို မေတြ႕မျမင္ရေတာ့ပါဘူး။ ဒီၾကားထဲ AA ရခိုင္လက္နက္ကိုင္ အဖြဲ႕ဘက္က ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ေနာက္ဆက္တြဲ ေ႐ြးေကာက္ပြဲ လုပ္ေပးဖို႔ ေတာင္းဆိုတာကို ေထာက္ခံတယ္လို႔ တပ္မေတာ္ေခါင္းေဆာင္ေတြဘက္က ေျပာဆိုထားတာေတြေတာ့ ရွိေနပါေသးတယ္။ ေ႐ြးေကာက္ပြဲ ရလာဒ္ အေကာင္အထည္ ေဖာ္မႈ ဘယ္ေတာ့ ၿပီးဆုံးမလဲ၊ အေႏွာင့္အယွက္ အဟန႔္အတားေရာ ရွိႏိုင္ဦးမလား ဆိုတဲ့ကိစၥ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီ ျပသနာ အေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ လုပ္ကိုင္ေဆာင္႐ြက္ေနပုံကို ႏွစ္ပိုင္းခြဲၿပီး ၾကည့္ႏိုင္ပါတယ္။ တစ္ပိုင္းကေတာ့ ပါတီ တာဝန္ရွိသူေတြရဲ႕ ေျပာဆိုေနမႈျဖစ္ၿပီး၊ တစ္ပိုင္းကေတာ့ ေ႐ြးေကာက္ပြဲ ေနာက္ဆက္တြဲနဲ႔ ပတ္သက္လို႔ သူတို႔ရဲ႕တကယ့္လက္ေတြ႕ လုပ္ကိုင္ေဆာင္႐ြက္ေနပုံ ျဖစ္ပါတယ္။ တာဝန္ရွိသူေတြကေတာ့ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တယ္၊ မတရားျပဳက်င့္တာေတြ ရွိခဲ့တယ္၊ ဒါေၾကာင့္ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ရဲအေရးပိုင္တဲ့ အမႈ ၁၇၁ မႈကို တိုင္ခ်က္ဖြင့္ထားတယ္လို႔ ပါတီေခါင္းေဆာင္ ဦးသိန္းထြန္းဦးက သတင္းမီဒီယာေတြကို ေျပာပါတယ္။ ဒါ့အျပင္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ UEC မပါပဲ ၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ေက်း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲေတြရဲ႕ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး ျပည္ခိုင္ၿဖိဳးပါတီကေန UEC ကို တိုင္ၾကားထားတဲ့ အမႈေပါင္းလည္း ၁၁၂၈ မႈရွိတယ္လို႔ ဆိုပါတယ္။ ျပည္ခိုင္ၿဖိဳးရဲ႕ အဲဒီ ေထာင္နဲ႔ခ်ီတဲ့ တိုင္ၾကားခ်က္ေတြဟာ တကယ္လို႔ စြပ္စြဲခံရသူေတြက က်ဴးလြန္တယ္ ဆိုတာ ေတြ႕ရွိခဲ့ရင္ေတာင္ အဲဒီ လူပုဂၢိဳလ္ေတြကိုပဲ တစ္ဦးခ်င္း အေရးယူရတာမ်ိဳး ျဖစ္ၿပီး ေ႐ြးေကာက္ပြဲ ရလာဒ္ေတြကို လုံး၀ သြားၿပီး သက္ေရာက္မႈ ရွိေစမွာ မဟုတ္ပါဘူး။

အဲဒီ သတင္းစာရွင္းလင္းပြဲ ေန႔မွာပဲ ဦးသိန္းထြန္းဦးက ျပည္ခိုင္ၿဖိဳးပါတီ အေနနဲ႔ ေ႐ြးေကာက္ပြဲ ကန႔္ကြက္လႊာ စုစုေပါင္း (၅၀) ေလာက္ တင္ဖို႔ ရွိတယ္လို႔ ေျပာပါတယ္။ ေ႐ြးေကာက္ပြဲ ၿပီးေနာက္ ေငြက်ပ္ ၅ သိန္းသြင္းၿပီး၊ ၄၅ ရက္အတြင္း တင္ရတဲ့ အဲဒီ ကန႔္ကြက္လႊာ ဘယ္ႏွစ္ေစာင္ တင္သြင္းခဲ့သလဲ ဆိုတာကိုေတာ့ တိတိက်က် ေျပာဆိုသြားတာ မၾကားသိရပါဘူး။

အဲဒီ ကန႔္ကြက္လႊာေတြကို လက္ရွိ ေကာ္မရွင္တင္မက ေနာင္ ေကာ္မရွင္ လက္ထက္ အထိပါ ၾကားနာသြားရဖို႔ ရွိၿပီး အမႈႏိုင္ပါမွ ႏိုင္သေလာက္ ေ႐ြးေကာက္ပြဲ ရလာဒ္ကို အေျပာင္းအလဲ ျဖစ္ေစမွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တင္လိုက္တဲ့ အမႈေပါင္း ၅၀ ဝန္းက်င္၊ ဒါမွမဟုတ္ အမ်ားစုႀကီး အႏိုင္ရသြားတယ္ ဆိုသည့္တိုင္ လက္ရွိ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္ေတြအတြက္ ၃၉၆ ေနရာ အႏိုင္ရထားတဲ့ အင္န္အယ္လ္ဒီ ပါတီရဲ႕ သမၼတ ေ႐ြးႏိုင္၊ အစိုးရဖြဲ႕ႏိုင္တဲ့ အေနအထားကိုေတာ့ ေျပာင္းလဲသြားေစႏိုင္စြမ္း ရွိမွာေတာ့ မဟုတ္ပါဘူး။

ျပည္ခိုင္ၿဖိဳးပါတီ အေနနဲ႔ တစ္ဖက္မွာ ခုလို ေျပာဆိုမႈေတြ လုပ္ေနေပမယ့္ အျခားတစ္ဖက္မွာေတာ့ သူ႔ပါတီရဲ႕ အႏိုင္ရ ကိုယ္စားလွယ္ေတြ အားလုံး ဥပေဒ လုပ္ထုံးလုပ္နည္းအရ သက္ဆိုင္ရာ ေကာ္မရွင္ဆီမွာ ေ႐ြးေကာက္ပြဲဆိုင္ရာ ကုန္က်စားရိတ္ စာရင္းေတြကို ဥပေဒနဲ႔ အညီ တင္ျပၿပီးသြားတာ ေတြ႕ရပါတယ္။ ဒါဟာ ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ တစ္ဦးခ်င္းစီ အေနနဲ႔ ေ႐ြးေကာက္ပြဲ ရလာဒ္ကို လက္ခံလိုက္တဲ့ သေဘာလည္း သက္ေရာက္ေစပါတယ္။

ေ႐ြးေကာက္ပြဲ၊ ေကာ္မရွင္ အပါအဝင္ ရလာဒ္ေတြနဲ႔ ပတ္သက္ၿပီး ျပည္ခိုင္ၿဖိဳးပါတီဘက္က ဘာဆက္လုပ္ႏိုင္မလဲ ေလ့လာၾကည့္ဖို႔ လိုပါတယ္။ လက္ရွိ လႊတ္ေတာ္ သက္တမ္းမွာေတာ့ လႊတ္ေတာ္တြင္း ဘာမွ ဆက္လုပ္လို႔ရေတာ့မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ စည္းေဝးေတြ က်င္းပဖို႔ ရွိေတာ့မွာ မဟုတ္ပဲ ျပန္အေ႐ြးမခံရတဲ့ အမတ္ေတြကိုေတာင္ သူတို႔ ေနထိုင္ရာ ေနျပည္ေတာ္ စည္ပင္ ဧည့္ရိပ္သာ အခန္းက ပစၥည္းေတြကို ဒီဇင္ဘာ ၁၇ ရက္ေန႔ကေန ၂၂ ရက္အတြင္း လာေရာက္ သိမ္းယူၾကဖို႔ ၫႊန္ၾကားထားၿပီး ျဖစ္ေနလို႔ပါပဲ။ လက္ရွိ လႊတ္ေတာ္ ဥကၠဌ ေတြနဲ႔ လႊတ္ေတာ္႐ုံး တာဝန္ရွိသူေတြကေတာ့ ေ႐ြးေကာက္ပြဲ ရလာဒ္က ထြက္ေပၚလာတဲ့ အမတ္ေတြ ပါဝင္တဲ့ တတိယ အႀကိမ္ လႊတ္ေတာ္ အစည္းအေဝးေတြကို လာမယ့္ ေဖေဖၚဝါရီ (၁) ရက္ေန႔မွာ ေခၚယူဖို႔ ျပင္ဆင္ေနပါၿပီ။

ဒီမွာလည္း စဥ္းစားစရာ ရွိလာတာက ေ႐ြးေကာက္ပြဲ နဲ႔ ရလာဒ္ကို အသိအမွတ္မျပဳေသးတဲ့ ျပည္ခိုင္ၿဖိဳးပါတီ နဲ႔ တပ္မေတာ္ဘက္ကမ်ား လႊတ္ေတာ္ကို သပိတ္ေမွာက္ၾကမလား၊ လႊတ္ေတာ္ မတက္ပဲ ေနၾကမလား ဆိုတဲ့ ကိစၥပါ။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ ၁၂၈(က) မွာ ခုလို ေဖာ္ျပထားပါတယ္။ “ ျပည္သူ႔လႊတ္ေတာ္ အစည္းေဝး တစ္ရပ္ဇ။္ ပထမ ေန႔တြင္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးသို႔ တက္ေရာက္ခြင့္ရွိသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ဦးေရဇ။္ ထက္ဝက္ေက်ာ္ဦးေရ တက္ေရာက္လ်င္ ယင္း အစည္းအေဝး အထေျမာက္သည္။ ” လို႔ ဆိုထားပါတယ္။ အစည္းအေဝး တက္ေရာက္သူ အေရအတြက္ မျပည့္ရင္ ေ႐ႊ႕ဆိုင္း က်င္းပရမွာျဖစ္ၿပီး အဲဒီအခ်ိန္က်ရင္ေတာ့ တက္ေရာက္ခြင့္ရွိသူေတြရဲ႕ သုံးပုံတစ္ပုံ တက္ရင္ အစည္းအေဝးေတြ အထေျမာက္တယ္လို႔ ပုဒ္မ (ခ) မွာ ဆက္ၿပီး ေဖာ္ျပထားပါတယ္။ တတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ အေနအထားကိုၾကည့္ရင္ ေ႐ြးေကာက္ခံ ၄၇၆ ေယာက္၊ တပ္မေတာ္သားကိုယ္စားလွယ္ ၁၆၆ ေယာက္၊ စုစုေပါင္း ၆၄၂ ေယာက္ ရွိပါမယ္။ အင္န္အယ္လ္ဒီဟာ ကိုယ္စားလွယ္စုစုေပါင္း တစ္ဝက္ျဖစ္တဲ့ ၃၂၁ ေယာက္ထက္ အမ်ားႀကီးပိုတဲ့ ၃၉၆ ေယာက္အထိ ေ႐ြးခ်ယ္ခံထားရတာမို႔ ျပည္ခိုင္ၿဖိဳးက သပိတ္ေမွာက္သည္ ျဖစ္ေစ၊ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ သပိတ္ေမွာက္သည္ ျဖစ္ေစ၊ လႊတ္ေတာ္ အစည္းအေဝးေတြ က်င္းပဖို႔၊ တရားဝင္ ျဖစ္ေစဖို႔ ဘာအခက္အခဲမွ ရွိမွာ မဟုတ္ပါဘူး။ အလားတူ ျပည္သူ႔လႊတ္ေတာ္မွာေရာ၊ အမ်ိဳးသားလႊတ္ေတာ္မွာပါ အင္န္အယ္လ္ဒီ က ထက္ဝက္ေက်ာ္ ရွိေနတာမို႔ လႊတ္ေတာ္ အစည္းအေဝးေတြ အထေျမာက္၊ က်င္းပႏိုင္မွာ ေသျခာပါတယ္။ ဒါေၾကာင့္ လာမယ့္ လႊတ္ေတာ္သစ္ကို ျပည္ခိုင္ၿဖိဳးကေသာ္၎၊ တပ္မေတာ္ဘက္က ေသာ္၎ အသိအမွတ္မျပဳ သပိတ္ေမွာက္ႏိုင္မယ့္ အေနအထားမ်ိဳး ရွိလာမွာ မဟုတ္ပါဘူး။

ေ႐ြးေကာက္ပြဲရဲ႕ လုပ္ငန္းစဥ္ေတြ အေနနဲ႔ လာမယ့္ ဒီဇင္ဘာ ၂၃ ရက္၊ ေ႐ြးေကာက္ပြဲ က်င္းပၿပီး ၄၅ ရက္မတိုင္ခင္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲဆိုင္ရာ အစီရင္ခံစာ တစ္ေစာင္ ျပဳစု ထုတ္ျပန္ပါလိမ့္မယ္။ လက္ရွိ အဲဒီ အလုပ္ကို ၿပီးဆုံးေအာင္ လုပ္ေနတယ္လို႔ ယူဆ ရပါတယ္။ AA နဲ႔ တပ္မေတာ္ဘက္က ေတာင္းဆိုေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ေနာက္ဆက္တြဲ ေ႐ြးေကာက္ပြဲေတြ လုပ္ေပးဖို႔ ဆိုတာကလည္း လႊတ္ေတာ္သစ္ေတြ ေခၚယူ၊ သမၼတ ေ႐ြး၊ အစိုးရဖြဲ႕ၿပီးခ်ိန္ထိ ျဖစ္လာႏိုင္စရာ အေၾကာင္း မျမင္ေတြ႕ရပါဘူး။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြ၊ ရလာဒ္ အေကာင္အထည္ ေဖာ္ေရးေတြဟာ လာမယ့္ ၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္ေန႔ တတိယအႀကိမ္ လႊတ္ေတာ္ သက္တမ္း စတင္တဲ့ေန႔မွာ ေအာင္ေအာင္ျမင္ျမင္ ေအးေအးခ်မ္းခ်မ္း ၿပီးဆုံးသြားတဲ့သေဘာ ျမင္ေတြ႕ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ႏိုင္ေၾကာင္းပါ။

--------------------------------------------

ရွေးကောက်ပွဲ ရလာဒ် အကောင်အထည် ဖော်ရေး၊ ဘာအခက်အခဲ အတားအဆီးတွေ ရှိနိုင်သေးလဲ

ခုဆိုရင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီးခဲ့တာ တစ်လ ကျော်ပါပြီ။ ဒါပေမယ့်လည်း ဒီကနေ့အချိန်ထိ မြို့နယ် တစ်ချို့မှာ ရွေးကောက်ပွဲ ကော်မရှင်ကို ဆန္ဒပြတဲ့ ဆန္ဒပြပွဲ အငယ်လေးတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားနေတာ တွေ့နေရပါသေးတယ်။ ရွေးကောက်ပွဲမှာ အဓိက အတိုက်ခံလို ဖြစ်နေတဲ့ တပ်မတော်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီကလည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အသိအမှတ်ပြုတယ်လို့ မပြောသေးသလို၊ ရွေးကောက်ပွဲကာလ မဲမသမာမှုတွေနဲ့ တရားမဲ့ ပြုကျင့်မှုတွေကို ဥပဒေလမ်းကြောင်းအရ ဆုံးခန်းတိုင် ဆောင်ရွက်သွားမယ်လို့ သိပ်ကြာသေးခင်တုန်းက လုပ်ခဲ့တဲ့ နေပြည်တော်ရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။ မြို့နယ် ၂၀၀ ကျော်က ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်တွေကို တောင်းခံခဲ့တဲ့ တပ်မတော်ဘက်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ငြင်းပယ် ခံရပြီးနောက်မှာ သူတို့ တောင်းဆိုခဲ့တာဟာ ဥပဒေအရ တောင်းဆိုတာသာ ဖြစ်တယ် ဆိုပြီး ထုတ်ပြန်တာကလွဲလို့ နောက်ထပ် တောင်းဆိုမှု အသစ် ထပ်လုပ်တာကို မတွေ့မမြင်ရတော့ပါဘူး။ ဒီကြားထဲ AA ရခိုင်လက်နက်ကိုင် အဖွဲ့ဘက်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲ လုပ်ပေးဖို့ တောင်းဆိုတာကို ထောက်ခံတယ်လို့ တပ်မတော်ခေါင်းဆောင်တွေဘက်က ပြောဆိုထားတာတွေတော့ ရှိနေပါသေးတယ်။ ရွေးကောက်ပွဲ ရလာဒ် အကောင်အထည် ဖော်မှု ဘယ်တော့ ပြီးဆုံးမလဲ၊ အနှောင့်အယှက် အဟန့်အတားရော ရှိနိုင်ဦးမလား ဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာ အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံကို နှစ်ပိုင်းခွဲပြီး ကြည့်နိုင်ပါတယ်။ တစ်ပိုင်းကတော့ ပါတီ တာဝန်ရှိသူတွေရဲ့ ပြောဆိုနေမှုဖြစ်ပြီး၊ တစ်ပိုင်းကတော့ ရွေးကောက်ပွဲ နောက်ဆက်တွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့တကယ့်လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နေပုံ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်၊ မတရားပြုကျင့်တာတွေ ရှိခဲ့တယ်၊ ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရဲအရေးပိုင်တဲ့ အမှု ၁၇၁ မှုကို တိုင်ချက်ဖွင့်ထားတယ်လို့ ပါတီခေါင်းဆောင် ဦးသိန်းထွန်းဦးက သတင်းမီဒီယာတွေကို ပြောပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မပါပဲ ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီကနေ UEC ကို တိုင်ကြားထားတဲ့ အမှုပေါင်းလည်း ၁၁၂၈ မှုရှိတယ်လို့ ဆိုပါတယ်။ ပြည်ခိုင်ဖြိုးရဲ့ အဲဒီ ထောင်နဲ့ချီတဲ့ တိုင်ကြားချက်တွေဟာ တကယ်လို့ စွပ်စွဲခံရသူတွေက ကျူးလွန်တယ် ဆိုတာ တွေ့ရှိခဲ့ရင်တောင် အဲဒီ လူပုဂ္ဂိုလ်တွေကိုပဲ တစ်ဦးချင်း အရေးယူရတာမျိုး ဖြစ်ပြီး ရွေးကောက်ပွဲ ရလာဒ်တွေကို လုံး၀ သွားပြီး သက်ရောက်မှု ရှိစေမှာ မဟုတ်ပါဘူး။

အဲဒီ သတင်းစာရှင်းလင်းပွဲ နေ့မှာပဲ ဦးသိန်းထွန်းဦးက ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ စုစုပေါင်း (၅၀) လောက် တင်ဖို့ ရှိတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ပြီးနောက် ငွေကျပ် ၅ သိန်းသွင်းပြီး၊ ၄၅ ရက်အတွင်း တင်ရတဲ့ အဲဒီ ကန့်ကွက်လွှာ ဘယ်နှစ်စောင် တင်သွင်းခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုသွားတာ မကြားသိရပါဘူး။

အဲဒီ ကန့်ကွက်လွှာတွေကို လက်ရှိ ကော်မရှင်တင်မက နောင် ကော်မရှင် လက်ထက် အထိပါ ကြားနာသွားရဖို့ ရှိပြီး အမှုနိုင်ပါမှ နိုင်သလောက် ရွေးကောက်ပွဲ ရလာဒ်ကို အပြောင်းအလဲ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တင်လိုက်တဲ့ အမှုပေါင်း ၅၀ ဝန်းကျင်၊ ဒါမှမဟုတ် အများစုကြီး အနိုင်ရသွားတယ် ဆိုသည့်တိုင် လက်ရှိ ပြည်ထောင်စု အဆင့် လွှတ်တော်တွေအတွက် ၃၉၆ နေရာ အနိုင်ရထားတဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အနေအထားကိုတော့ ပြောင်းလဲသွားစေနိုင်စွမ်း ရှိမှာတော့ မဟုတ်ပါဘူး။

ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ တစ်ဖက်မှာ ခုလို ပြောဆိုမှုတွေ လုပ်နေပေမယ့် အခြားတစ်ဖက်မှာတော့ သူ့ပါတီရဲ့ အနိုင်ရ ကိုယ်စားလှယ်တွေ အားလုံး ဥပဒေ လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ ကော်မရှင်ဆီမှာ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစားရိတ် စာရင်းတွေကို ဥပဒေနဲ့ အညီ တင်ပြပြီးသွားတာ တွေ့ရပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တစ်ဦးချင်းစီ အနေနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံလိုက်တဲ့ သဘောလည်း သက်ရောက်စေပါတယ်။

ရွေးကောက်ပွဲ၊ ကော်မရှင် အပါအဝင် ရလာဒ်တွေနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီဘက်က ဘာဆက်လုပ်နိုင်မလဲ လေ့လာကြည့်ဖို့ လိုပါတယ်။ လက်ရှိ လွှတ်တော် သက်တမ်းမှာတော့ လွှတ်တော်တွင်း ဘာမှ ဆက်လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် စည်းဝေးတွေ ကျင်းပဖို့ ရှိတော့မှာ မဟုတ်ပဲ ပြန်အရွေးမခံရတဲ့ အမတ်တွေကိုတောင် သူတို့ နေထိုင်ရာ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ အခန်းက ပစ္စည်းတွေကို ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ ရက်အတွင်း လာရောက် သိမ်းယူကြဖို့ ညွှန်ကြားထားပြီး ဖြစ်နေလို့ပါပဲ။ လက်ရှိ လွှတ်တော် ဥက္ကဌ တွေနဲ့ လွှတ်တော်ရုံး တာဝန်ရှိသူတွေကတော့ ရွေးကောက်ပွဲ ရလာဒ်က ထွက်ပေါ်လာတဲ့ အမတ်တွေ ပါဝင်တဲ့ တတိယ အကြိမ် လွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာ ခေါ်ယူဖို့ ပြင်ဆင်နေပါပြီ။

ဒီမှာလည်း စဉ်းစားစရာ ရှိလာတာက ရွေးကောက်ပွဲ နဲ့ ရလာဒ်ကို အသိအမှတ်မပြုသေးတဲ့ ပြည်ခိုင်ဖြိုးပါတီ နဲ့ တပ်မတော်ဘက်ကများ လွှတ်တော်ကို သပိတ်မှောက်ကြမလား၊ လွှတ်တော် မတက်ပဲ နေကြမလား ဆိုတဲ့ ကိစ္စပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၈(က) မှာ ခုလို ဖော်ပြထားပါတယ်။ “ ပြည်သူ့လွှတ်တော် အစည်းဝေး တစ်ရပ်ဇ။် ပထမ နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေဇ။် ထက်ဝက်ကျော်ဦးရေ တက်ရောက်လျင် ယင်း အစည်းအဝေး အထမြောက်သည်။ ” လို့ ဆိုထားပါတယ်။ အစည်းအဝေး တက်ရောက်သူ အရေအတွက် မပြည့်ရင် ရွှေ့ဆိုင်း ကျင်းပရမှာဖြစ်ပြီး အဲဒီအချိန်ကျရင်တော့ တက်ရောက်ခွင့်ရှိသူတွေရဲ့ သုံးပုံတစ်ပုံ တက်ရင် အစည်းအဝေးတွေ အထမြောက်တယ်လို့ ပုဒ်မ (ခ) မှာ ဆက်ပြီး ဖော်ပြထားပါတယ်။ တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အနေအထားကိုကြည့်ရင် ရွေးကောက်ခံ ၄၇၆ ယောက်၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်၊ စုစုပေါင်း ၆၄၂ ယောက် ရှိပါမယ်။ အင်န်အယ်လ်ဒီဟာ ကိုယ်စားလှယ်စုစုပေါင်း တစ်ဝက်ဖြစ်တဲ့ ၃၂၁ ယောက်ထက် အများကြီးပိုတဲ့ ၃၉၆ ယောက်အထိ ရွေးချယ်ခံထားရတာမို့ ပြည်ခိုင်ဖြိုးက သပိတ်မှောက်သည် ဖြစ်စေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ သပိတ်မှောက်သည် ဖြစ်စေ၊ လွှတ်တော် အစည်းအဝေးတွေ ကျင်းပဖို့၊ တရားဝင် ဖြစ်စေဖို့ ဘာအခက်အခဲမှ ရှိမှာ မဟုတ်ပါဘူး။ အလားတူ ပြည်သူ့လွှတ်တော်မှာရော၊ အမျိုးသားလွှတ်တော်မှာပါ အင်န်အယ်လ်ဒီ က ထက်ဝက်ကျော် ရှိနေတာမို့ လွှတ်တော် အစည်းအဝေးတွေ အထမြောက်၊ ကျင်းပနိုင်မှာ သေခြာပါတယ်။ ဒါကြောင့် လာမယ့် လွှတ်တော်သစ်ကို ပြည်ခိုင်ဖြိုးကသော်၎င်း၊ တပ်မတော်ဘက်က သော်၎င်း အသိအမှတ်မပြု သပိတ်မှောက်နိုင်မယ့် အနေအထားမျိုး ရှိလာမှာ မဟုတ်ပါဘူး။

ရွေးကောက်ပွဲရဲ့ လုပ်ငန်းစဉ်တွေ အနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၃ ရက်၊ ရွေးကောက်ပွဲ ကျင်းပပြီး ၄၅ ရက်မတိုင်ခင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာ တစ်စောင် ပြုစု ထုတ်ပြန်ပါလိမ့်မယ်။ လက်ရှိ အဲဒီ အလုပ်ကို ပြီးဆုံးအောင် လုပ်နေတယ်လို့ ယူဆ ရပါတယ်။ AA နဲ့ တပ်မတော်ဘက်က တောင်းဆိုနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ လုပ်ပေးဖို့ ဆိုတာကလည်း လွှတ်တော်သစ်တွေ ခေါ်ယူ၊ သမ္မတ ရွေး၊ အစိုးရဖွဲ့ပြီးချိန်ထိ ဖြစ်လာနိုင်စရာ အကြောင်း မမြင်တွေ့ရပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ၊ ရလာဒ် အကောင်အထည် ဖော်ရေးတွေဟာ လာမယ့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ တတိယအကြိမ် လွှတ်တော် သက်တမ်း စတင်တဲ့နေ့မှာ အောင်အောင်မြင်မြင် အေးအေးချမ်းချမ်း ပြီးဆုံးသွားတဲ့သဘော မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်နိုင်ကြောင်းပါ။


XS
SM
MD
LG