သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကယ္ပဲ “ ႏိုင္ငံေရး အက်ပ္အတည္း” ေပၚေပါက္ေနၿပီလား


ေနျပည္ေတာ္မွာ က်င္းပတဲ့ အထူးသတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)
တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၀ ရက္ေန႔က တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးကေန “ သေဘာထား ထုတ္ျပန္ခ်က္” တစ္ခုကို ေၾကညာပါတယ္။ အဲဒီ ထုတ္ျပန္ခ်က္ထဲမွာ က်င္းပၿပီးသြားတဲ့ ေ႐ြးေကာက္ပြဲ နဲ႔ ပတ္သက္ၿပီး ျပသနာေတြ ရွိခဲ့တဲ့အတြက္ တပ္မေတာ္သား မဲဆႏၵရွင္ေတြ အေနနဲ႔ ေ႐ြးေကာက္ပြဲ ကန႔္ကြက္လႊာ တင္ဖို႔ စာ႐ြက္စာတမ္း အေထာက္အထားေတြ ကူးယူခြင့္ျပဳဖို႔ ေတာင္းဆိုရာမွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဥပေဒနဲ႔ မညီဘူး ဆိုၿပီးတုန႔္ျပန္ခဲ့တဲ့ အေၾကာင္း၊ တပ္မေတာ္ အေနနဲ႔ ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္က မဲစာရင္းေတြကို စိစစ္ခဲ့ရာမွာ ထပ္ေနတဲ့ မဲစာရင္း ၃ သန္းနီးပါး၊ မဲမသာမႈျဖစ္ေစႏိုင္တဲ့ အျခားမဲစာရင္း ၄ သန္း ၆ သိန္းေက်ာ္၊ စုစုေပါင္း ၇ သန္း ၆ သိန္းေက်ာ္ ေတြ႕ရွိခဲ့တဲ့ အေၾကာင္း၊ ဒီ ျပသနာေတြကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျဖရွင္းမေပးတဲ့ အတြက္ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ပါဝင္ၿပီး ျပည္ေထာင္စု လႊတ္ေတာ္ အထူးအစည္းအေဝး က်င္းပေပးဖို႔ ေတာင္းဆိုရာမွာလည္း ျပည္ေထာင္စု လႊတ္ေတာ္ဘက္က ျငင္းဆန္ခဲ့ေၾကာင္း၊ တပ္မေတာ္ အေနနဲ႔ ခုလို ေတာင္းဆိုတာဟာ အဖြဲ႕အစည္းေတြနဲ႔ လူပုဂၢိဳလ္ေတြကို ထိခိုက္နစ္နာ ေစလိုရင္း မဟုတ္ပဲ ေ႐ြးေကာက္ပြဲရဲ႕ ရလာဒ္ကို သံသယ ကင္းစြာနဲ႔ အသိအမွတ္ျပဳလိုရင္း ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေနနဲ႔ ပါတီလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္ျခင္းလည္း မရွိတဲ့အေၾကာင္း၊ ဒါေၾကာင့္ လက္ရွိ ႏိုင္ငံေရးအက်ပ္အတည္း ကို ေက်ာ္လႊားႏိုင္ေစဖို႔ အတြက္ ျပည္ေထာင္စု လႊတ္ေတာ္က ျဖစ္ေစ၊ ႏိုင္ငံေတာ္ အစိုးရက ျဖစ္ေစ၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကျဖစ္ေစ နည္းလမ္းရွာ ေျဖရွင္းေပးဖို႔ သေဘာထား ထုတ္ျပန္အပ္ပါသည္ ဆိုၿပီး ေဖာ္ျပထားပါတယ္။

တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ထူးျခားတာ တစ္ခုက လက္ရွိ အေျခအေနကို “ ႏိုင္ငံေရး အက်ပ္အတည္း” ဆိုၿပီး သုံးႏႈန္းသြားတဲ့ ကိစၥပါ။ ျမန္မာႏိုင္ငံမွာ တကယ္ပဲ ႏိုင္ငံေရး အက်ပ္အတည္း တစ္ခု ျဖစ္ေပၚေနၿပီလား၊ တပ္မေတာ္ကမ်ား အာဏာသိမ္းေလမလား ဆိုၿပီး ျပည္သူေတြၾကား ေျပာဆိုေဆြးေႏြးမႈေတြ ေတြ႕ျမင္လာရပါတယ္။
တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး ကေန တပ္မေတာ္ အေနနဲ႔ ပါတီႏိုင္ငံေရး လုပ္ငန္းေတြမွာ ပါဝင္ ပတ္သက္မႈ မရွိပါဘူးလို႔ ေျပာဆိုေနေပမယ့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေနနဲ႔ ေ႐ြးေကာက္ပြဲ အႀကိဳကာလက ျပည္ခိုင္ၿဖိဳး နဲ႔ သူ႔ရဲ႕ မိတ္ဖက္ ပါတီ တစ္ခ်ိဳ႕နဲ႔ ေတြ႕ဆုံမႈေတြ လုပ္ခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္ ပါတီ ေခါင္းေဆာင္ေတြကေန လာမယ့္ ေ႐ြးေကာက္ပြဲဟာ တရားမွ်တမႈ ရွိမွာ မဟုတ္တဲ့အေၾကာင္း၊ ဒါေၾကာင့္ ၁၉၅၈ ခုႏွစ္တုန္းကလို တပ္မေတာ္က အာဏာလြဲွယူၿပီး ေ႐ြးေကာက္ပြဲကို ဦးစီးက်င္းပေပးဖို႔ ဆိုသည္အထိ တင္ျပခဲ့ၾကပါတယ္။


ဒါတင္မက ေနာက္ပိုင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ တပ္စခန္းေတြကို လွည့္လည္ရင္း ဘယ္လို ပါတီက ပုဂၢိဳလ္မ်ိဳးကို မဲေပးသင့္တယ္ ဆိုၿပီး ေျပာဆိုမႈေတြရွိခဲ့ပါတယ္။ သူ႔မိန႔္ခြန္းေတြမွာ ဘယ္ပါတီကို မဲေပးပါဆိုၿပီး တိတိက်က် နာမည္ထုတ္ေျပာတာ မရွိေပမယ့္ ျပည္ခိုင္ၿဖိဳးပါတီကို မဲေပးဖို႔ သြယ္ဝိုက္ၿပီး ေျပာဆိုတဲ့ သေဘာျဖစ္ခဲ့ၿပီး ေနာက္ပိုင္း သတင္းမီဒီယာ ေကာင္စီက တဆင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေန ကန႔္ကြက္ခဲ့တဲ့အတြက္ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ အဲဒီ မိန႔္ခြန္းေဖာ္ျပခ်က္ေတြကို ျမဝတီ သတင္းစာမွာ ေဖာ္ျပျခင္း မျပဳေတာ့ပါဘူး။


ေ႐ြးေကာက္ပြဲမွာ သမၼတ ေ႐ြး၊ အစိုးရဖြဲ႕မယ့္ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္ႏွစ္ခု အတြက္ အင္န္အယ္လ္ဒီ က ၈၃%၊ ျပည္ခိုင္ၿဖိဳးက ၇% ပဲ အႏိုင္ရခဲ့ပါတယ္။ ေျပာရရင္ လႊတ္ေတာ္ထဲမွာ တပ္ကိုယ္စားလွယ္နဲ႔ ျပည္ခိုင္ၿဖိဳးအမတ္ေတြ ေပါင္းတဲ့ အေရအတြက္နဲ႔ သမၼတတစ္ေယာက္ တင္ႏိုင္ေတာ့မွာ မဟုတ္သလို၊ ႏိုင္ငံေရးအကဲခတ္တခ်ိဳ႕ ခန႔္မွန္းေနၾကသလို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ေ႐ြးေကာက္ပြဲကေန တဆင့္ သမၼတ ရာထူးရယူေရး ဆိုတာလည္း ျဖစ္မလာေတာ့ပါဘူး။ အဲဒီေနာက္ပိုင္းကစ တပ္မေတာ္ေခါင္းေဆာင္ေတြ အေနနဲ႔ ေ႐ြးေကာက္ပြဲ ကိစၥ အတိအလင္း ဝင္ပါလာေတာ့တာပါပဲ။


တပ္မေတာ္ ေခါင္းေဆာင္ေတြဘက္က လက္ရွိ ဦးတည္ရာကေတာ့ ေ႐ြးေကာက္ပြဲရလာဒ္ကို သံသယ ကင္းစြာနဲ႔ အသိအမွတ္ျပဳခ်င္တယ္၊ ဒါေၾကာင့္ တပ္မေတာ္သားေတြ မဲေပးခဲ့တဲ့ ၿမိဳ႕နယ္ ၂၀၀ ေက်ာ္က မဲစာရင္းေတြကို စိစစ္တယ္၊ ထပ္ေနတာေတြနဲ႔ မဲမသာမႈျဖစ္ေစႏိုင္တဲ့ မဲစာရင္း ၇ သန္းေက်ာ္ ေတြ႕ထားတယ္၊ ဒီကိစၥ ေျဖရွင္းေပး ဆိုၿပီး ျဖစ္ပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီ ဘက္ကေတာ့ ဒီမဲစာရင္း ျပသနာေတြကို ေျဖရွင္းေပး မၿပီးမခ်င္း ေ႐ြးေကာက္ပြဲ ရလာဒ္ အေကာင္အထည္ ေဖာ္တာ မလုပ္ပါနဲ႔ဦး၊ တနည္း က်င္းပေတာ့မယ့္ တတိယ အႀကိမ္ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္ အစည္းအေဝးေတြကို ဆိုင္းငံ့ေပးထားပါလို႔ ဆိုပါတယ္။


ဒီၾကားထဲ လာမယ့္ ဇန္နဝါရီ ၂၉ ရက္ေန႔ တရားလႊတ္ေတာ္ခ်ဳပ္မွာ သမၼတ ဦးဝင္းျမင့္အပါအဝင္ ၄ ဦးနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ အပါအဝင္ ၁၅ ဦးကို စာခြၽန္ေတာ္ အမိန႔္ ထုတ္ဆင့္ေပးဖို႔ တင္ျပထားတဲ့ အမႈ(၃) မႈကို လက္ခံဖို႔ သင့္မသင့္ ၾကားနာမယ့္ ပြဲလည္း ရွိေနပါတယ္။ ႏိုင္ငံေတာ္ သမၼတ အပါ ၄ ဦးကို စာခြၽန္ေတာ္ အမိန႔္ထုတ္ဆင့္ေပးဖို႔ မႏၲေလးက ဦးေဇာ္ဝိတ္ ဆိုသူက ေလ်ာက္ထားတာ ျဖစ္ၿပီး၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ကိုေတာ့ ျပည္ခိုင္ၿဖိဳးပါတီ နဲ႔ အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္ပါတီ ေခါင္းေဆာင္ အရင္ သမၼတ႐ုံးဝန္ႀကီးေဟာင္း ဦးစိုးေမာင္တို႔က ေလ်ာက္ထားတာ ျဖစ္ပါတယ္။ တၿပိဳင္တည္းလိုလို အခုရက္ပိုင္းအတြင္း ေန႔စဥ္ ရက္ဆက္ဆိုသလို၊ ျပည္ခိုင္ၿဖိဳးပါတီ အပါအဝင္ အုပ္စု တစ္ခ်ိဳ႕ကေန ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ကာကြယ္မယ့္ တပ္မေတာ္ကို ေထာက္ခံပြဲ ဆိုတာမ်ိဳး ခပ္စိပ္စိပ္ က်င္းပလာၾကတာကိုလည္း ေတြ႕ၾကရပါတယ္။ ဒီ အေျခအေနကို တပ္မေတာ္ဘက္က “ ႏိုင္ငံေရး အက်ပ္အတည္း” လို႔ သုံးႏႈန္းေပမယ့္ တကယ့္ တကယ္ အေသအျခာ ဆန္းစစ္ၾကည့္ရင္ တပ္မေတာ္ ေခါင္းေဆာင္ေတြ၊ ျပည္ခိုင္ၿဖိဳးနဲ႔ သူ႔အင္အားစုေတြရဲ႕ ဖန္တီးမႈ သက္သက္ေလာက္ပဲ ျဖစ္ၿပီး တိုင္းျပည္မွာ အျခား ဘာအက်ပ္အတည္းမွ ဆိုက္ေနတာမ်ိဳးကိုမွ ေတြ႕ျမင္ၾကရမွာ မဟုတ္ပါဘူး။ လက္ရွိ အေျခအေနမွာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ လႊတ္ေတာ္ တာဝန္ရွိသူေတြဟာ ေဖေဖၚဝါရီ ၁ ရက္ေန႔မွာ တတိယ အႀကိမ္ လႊတ္ေတာ္ ေခၚယူထားၿပီး သမၼတ ေ႐ြး၊ အစိုးရအဖြဲ႕သစ္ ဖြဲ႕တာမ်ိဳး လုပ္ၾကပါလိမ့္မယ္။ တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳးဘက္ကေတာ့ ေ႐ြးေကာက္ပြဲ ရလာဒ္ကို အေကာင္အထည္ ေဖာ္တဲ့ တတိယ အႀကိမ္ လႊတ္ေတာ္ အစည္းအေဝး က်င္းပတာ၊ အစိုးရသစ္ ဖြဲ႕ၿပီး အာဏာလြဲွေျပာင္းမွာကို တားဆီးလိုပုံရပါတယ္။ ဒီအတြက္ လာမယ့္ ဇန္နဝါရီ ၂၉ ရက္ တရားလႊတ္ေတာ္ခ်ဳပ္မွာ စာခြၽန္လႊာအမႈ (၃) မႈကို လက္ခံ၊ မခံ အေျခအေနကို ေစာင့္ၾကည့္ၾကရပါလိမ့္မယ္။
တကယ္လို႔မ်ား စာခြၽန္ေတာ္မႈ (၃) မႈစလုံးကို တရား႐ုံးခ်ဳပ္က လက္မခံဘူး ဆိုရင္ေတာ့ တပ္မေတာ္ဘက္က ကန႔္ကြက္မႈေတြ ရွိေနတဲ့တိုင္ လႊတ္ေတာ္ အႀကီးအကဲေတြဟာ တတိယ အႀကိမ္ လႊတ္ေတာ္ကို အခ်ိန္ဇယားအတိုင္း ဆက္ၿပီး က်င္းပသြားမယ့္ အေျခအေနရွိေနၿပီး အစိုးရအဖြဲ႕သစ္ လႊဲေျပာင္းတာကိုလည္း ေအးေအးခ်မ္းခ်မ္း ေဆာင္႐ြက္သြားႏိုင္ပါလိမ့္မယ္။


ဒါေပမယ့္ ကံမေကာင္း အေၾကာင္းမလွစြာပဲ စာခြၽန္ေတာ္ အမႈ တခုခုကိုသာ တရား႐ုံးခ်ဳပ္က ၾကားနာဖို႔ လက္ခံလိုက္ရင္ အဲဒီ အခ်က္ကို အေၾကာင္းျပၿပီး ေ႐ြးေကာက္ပြဲ ရလာဒ္ေတြကို အေကာင္အထည္ မေဖာ္ေသးဖို႔၊ တတိယ အႀကိမ္ လႊတ္ေတာ္ ေခၚယူထားတာကို ဆိုင္းငံ့ေပးဖို႔ တပ္မေတာ္ဘက္က ျပင္းျပင္းထန္ထန္ ေတာင္းဆိုလာႏိုင္ပါတယ္။ အဲလို ေတာင္းဆိုတာမ်ိဳးကို လက္ရွိ လႊတ္ေတာ္ အႀကီးအကဲေတြက လက္ခံၾကမွာ မဟုတ္ပါဘူး။ တတိယ အႀကိမ္ လႊတ္ေတာ္ေခၚေရး ဆက္လုပ္ၾကမွာ ေသျခာပါတယ္။ ဒီအခါ တပ္မေတာ္ဘက္က ဥပေဒေဘာင္တြင္းကေန ဆက္လုပ္စရာ မရွိေတာ့ပါဘူး။ ဥပေဒေဘာင္အတြင္း ဆက္လုပ္စရာ မရွိေတာ့တဲ့အတြက္ တတိယအႀကိမ္ လႊတ္ေတာ္ ေခၚယူလို႔ မရေအာင္၊ တားဆီးဖို႔ အင္အားအသုံးျပဳမလား၊ ဒါမွမဟုတ္ ျပသနာကို ဥပေဒေဘာင္ထဲကေနပဲ ဆက္ေျဖရွင္းႏိုင္ေအာင္ လာမယ့္ တတိယအႀကိမ္ လႊတ္ေတာ္က်မွ ဒီ ကိစၥေတြ ဆက္ေဆြးေႏြးသြားတာမ်ိဳး၊ တရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ ေနာက္ပိုင္း ဆုံးျဖတ္ခ်က္ေတြကို အခ်ိန္ယူ ေစာင့္ဆိုင္းသြားတာမ်ိဳး ဘယ္လမ္းကို ေ႐ြးခ်ယ္မလဲ ဆိုတာကိုေတာ့ တပ္မေတာ္ ေခါင္းေဆာင္ေတြ ကိုယ္တိုင္ ဆုံးျဖတ္ၾကရမွာ ျဖစ္ေၾကာင္းပါ။

-----------------------------

တကယ်ပဲ “ နိုင်ငံရေး အကျပ်အတည်း” ပေါ်ပေါက်နေပြီလား

စည်သူအောင်မြင့်
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ “ သဘောထား ထုတ်ပြန်ချက်” တစ်ခုကို ကြေညာပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ပြသနာတွေ ရှိခဲ့တဲ့အတွက် တပ်မတော်သား မဲဆန္ဒရှင်တွေ အနေနဲ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်ဖို့ စာရွက်စာတမ်း အထောက်အထားတွေ ကူးယူခွင့်ပြုဖို့ တောင်းဆိုရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနဲ့ မညီဘူး ဆိုပြီးတုန့်ပြန်ခဲ့တဲ့ အကြောင်း၊ တပ်မတော် အနေနဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်က မဲစာရင်းတွေကို စိစစ်ခဲ့ရာမှာ ထပ်နေတဲ့ မဲစာရင်း ၃ သန်းနီးပါး၊ မဲမသာမှုဖြစ်စေနိုင်တဲ့ အခြားမဲစာရင်း ၄ သန်း ၆ သိန်းကျော်၊ စုစုပေါင်း ၇ သန်း ၆ သိန်းကျော် တွေ့ရှိခဲ့တဲ့ အကြောင်း၊ ဒီ ပြသနာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းမပေးတဲ့ အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ပြီး ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေး ကျင်းပပေးဖို့ တောင်းဆိုရာမှာလည်း ပြည်ထောင်စု လွှတ်တော်ဘက်က ငြင်းဆန်ခဲ့ကြောင်း၊ တပ်မတော် အနေနဲ့ ခုလို တောင်းဆိုတာဟာ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ထိခိုက်နစ်နာ စေလိုရင်း မဟုတ်ပဲ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို သံသယ ကင်းစွာနဲ့ အသိအမှတ်ပြုလိုရင်း ဖြစ်ကြောင်း၊ တပ်မတော် အနေနဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်းလည်း မရှိတဲ့အကြောင်း၊ ဒါကြောင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်း ကို ကျော်လွှားနိုင်စေဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က ဖြစ်စေ၊ နိုင်ငံတော် အစိုးရက ဖြစ်စေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကဖြစ်စေ နည်းလမ်းရှာ ဖြေရှင်းပေးဖို့ သဘောထား ထုတ်ပြန်အပ်ပါသည် ဆိုပြီး ဖော်ပြထားပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထူးခြားတာ တစ်ခုက လက်ရှိ အခြေအနေကို “ နိုင်ငံရေး အကျပ်အတည်း” ဆိုပြီး သုံးနှုန်းသွားတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ တကယ်ပဲ နိုင်ငံရေး အကျပ်အတည်း တစ်ခု ဖြစ်ပေါ်နေပြီလား၊ တပ်မတော်ကများ အာဏာသိမ်းလေမလား ဆိုပြီး ပြည်သူတွေကြား ပြောဆိုဆွေးနွေးမှုတွေ တွေ့မြင်လာရပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကနေ တပ်မတော် အနေနဲ့ ပါတီနိုင်ငံရေး လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်မှု မရှိပါဘူးလို့ ပြောဆိုနေပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရွေးကောက်ပွဲ အကြိုကာလက ပြည်ခိုင်ဖြိုး နဲ့ သူ့ရဲ့ မိတ်ဖက် ပါတီ တစ်ချို့နဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန် ပါတီ ခေါင်းဆောင်တွေကနေ လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် ၁၉၅၈ ခုနှစ်တုန်းကလို တပ်မတော်က အာဏာလွဲှယူပြီး ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးဖို့ ဆိုသည်အထိ တင်ပြခဲ့ကြပါတယ်။
ဒါတင်မက နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်စခန်းတွေကို လှည့်လည်ရင်း ဘယ်လို ပါတီက ပုဂ္ဂိုလ်မျိုးကို မဲပေးသင့်တယ် ဆိုပြီး ပြောဆိုမှုတွေရှိခဲ့ပါတယ်။ သူ့မိန့်ခွန်းတွေမှာ ဘယ်ပါတီကို မဲပေးပါဆိုပြီး တိတိကျကျ နာမည်ထုတ်ပြောတာ မရှိပေမယ့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ သွယ်ဝိုက်ပြီး ပြောဆိုတဲ့ သဘောဖြစ်ခဲ့ပြီး နောက်ပိုင်း သတင်းမီဒီယာ ကောင်စီက တဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ကန့်ကွက်ခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးရဲ့ အဲဒီ မိန့်ခွန်းဖော်ပြချက်တွေကို မြဝတီ သတင်းစာမှာ ဖော်ပြခြင်း မပြုတော့ပါဘူး။
ရွေးကောက်ပွဲမှာ သမ္မတ ရွေး၊ အစိုးရဖွဲ့မယ့် ပြည်ထောင်စု အဆင့် လွှတ်တော်နှစ်ခု အတွက် အင်န်အယ်လ်ဒီ က ၈၃%၊ ပြည်ခိုင်ဖြိုးက ၇% ပဲ အနိုင်ရခဲ့ပါတယ်။ ပြောရရင် လွှတ်တော်ထဲမှာ တပ်ကိုယ်စားလှယ်နဲ့ ပြည်ခိုင်ဖြိုးအမတ်တွေ ပေါင်းတဲ့ အရေအတွက်နဲ့ သမ္မတတစ်ယောက် တင်နိုင်တော့မှာ မဟုတ်သလို၊ နိုင်ငံရေးအကဲခတ်တချို့ ခန့်မှန်းနေကြသလို
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကနေ တဆင့် သမ္မတ ရာထူးရယူရေး ဆိုတာလည်း ဖြစ်မလာတော့ပါဘူး။ အဲဒီနောက်ပိုင်းကစ တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ ရွေးကောက်ပွဲ ကိစ္စ အတိအလင်း ဝင်ပါလာတော့တာပါပဲ။
တပ်မတော် ခေါင်းဆောင်တွေဘက်က လက်ရှိ ဦးတည်ရာကတော့ ရွေးကောက်ပွဲရလာဒ်ကို သံသယ ကင်းစွာနဲ့ အသိအမှတ်ပြုချင်တယ်၊ ဒါကြောင့် တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်က မဲစာရင်းတွေကို စိစစ်တယ်၊ ထပ်နေတာတွေနဲ့ မဲမသာမှုဖြစ်စေနိုင်တဲ့ မဲစာရင်း ၇ သန်းကျော် တွေ့ထားတယ်၊ ဒီကိစ္စ ဖြေရှင်းပေး ဆိုပြီး ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဘက်ကတော့ ဒီမဲစာရင်း ပြသနာတွေကို ဖြေရှင်းပေး မပြီးမချင်း ရွေးကောက်ပွဲ ရလာဒ် အကောင်အထည် ဖော်တာ မလုပ်ပါနဲ့ဦး၊ တနည်း ကျင်းပတော့မယ့် တတိယ အကြိမ် ပြည်ထောင်စု အဆင့် လွှတ်တော် အစည်းအဝေးတွေကို ဆိုင်းငံ့ပေးထားပါလို့ ဆိုပါတယ်။
ဒီကြားထဲ လာမယ့် ဇန်နဝါရီ ၂၉ ရက်နေ့ တရားလွှတ်တော်ချုပ်မှာ သမ္မတ ဦးဝင်းမြင့်အပါအဝင် ၄ ဦးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအဝင် ၁၅ ဦးကို စာချွန်တော် အမိန့် ထုတ်ဆင့်ပေးဖို့ တင်ပြထားတဲ့ အမှု(၃) မှုကို လက်ခံဖို့ သင့်မသင့် ကြားနာမယ့် ပွဲလည်း ရှိနေပါတယ်။ နိုင်ငံတော် သမ္မတ အပါ ၄ ဦးကို စာချွန်တော် အမိန့်ထုတ်ဆင့်ပေးဖို့ မန္တလေးက ဦးဇော်ဝိတ် ဆိုသူက လျောက်ထားတာ ဖြစ်ပြီး၊ ရွေးကောက်ပွဲ ကော်မရှင် ကိုတော့ ပြည်ခိုင်ဖြိုးပါတီ နဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်ပါတီ ခေါင်းဆောင် အရင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်တို့က လျောက်ထားတာ ဖြစ်ပါတယ်။ တပြိုင်တည်းလိုလို အခုရက်ပိုင်းအတွင်း နေ့စဉ် ရက်ဆက်ဆိုသလို၊ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် အုပ်စု တစ်ချို့ကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်မယ့် တပ်မတော်ကို ထောက်ခံပွဲ ဆိုတာမျိုး ခပ်စိပ်စိပ် ကျင်းပလာကြတာကိုလည်း တွေ့ကြရပါတယ်။ ဒီ အခြေအနေကို တပ်မတော်ဘက်က “ နိုင်ငံရေး အကျပ်အတည်း” လို့ သုံးနှုန်းပေမယ့် တကယ့် တကယ် အသေအခြာ ဆန်းစစ်ကြည့်ရင် တပ်မတော် ခေါင်းဆောင်တွေ၊ ပြည်ခိုင်ဖြိုးနဲ့ သူ့အင်အားစုတွေရဲ့ ဖန်တီးမှု သက်သက်လောက်ပဲ ဖြစ်ပြီး တိုင်းပြည်မှာ အခြား ဘာအကျပ်အတည်းမှ ဆိုက်နေတာမျိုးကိုမှ တွေ့မြင်ကြရမှာ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် တာဝန်ရှိသူတွေဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ တတိယ အကြိမ် လွှတ်တော် ခေါ်ယူထားပြီး သမ္မတ ရွေး၊ အစိုးရအဖွဲ့သစ် ဖွဲ့တာမျိုး လုပ်ကြပါလိမ့်မယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်ကတော့ ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည် ဖော်တဲ့ တတိယ အကြိမ် လွှတ်တော် အစည်းအဝေး ကျင်းပတာ၊ အစိုးရသစ် ဖွဲ့ပြီး အာဏာလွဲှပြောင်းမှာကို တားဆီးလိုပုံရပါတယ်။ ဒီအတွက် လာမယ့် ဇန်နဝါရီ ၂၉ ရက် တရားလွှတ်တော်ချုပ်မှာ စာချွန်လွှာအမှု (၃) မှုကို လက်ခံ၊ မခံ အခြေအနေကို စောင့်ကြည့်ကြရပါလိမ့်မယ်။
တကယ်လို့များ စာချွန်တော်မှု (၃) မှုစလုံးကို တရားရုံးချုပ်က လက်မခံဘူး ဆိုရင်တော့ တပ်မတော်ဘက်က ကန့်ကွက်မှုတွေ ရှိနေတဲ့တိုင် လွှတ်တော် အကြီးအကဲတွေဟာ တတိယ အကြိမ် လွှတ်တော်ကို အချိန်ဇယားအတိုင်း ဆက်ပြီး ကျင်းပသွားမယ့် အခြေအနေရှိနေပြီး အစိုးရအဖွဲ့သစ် လွှဲပြောင်းတာကိုလည်း အေးအေးချမ်းချမ်း ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ စာချွန်တော် အမှု တစ်ခုခုကိုသာ တရားရုံးချုပ်က ကြားနာဖို့ လက်ခံလိုက်ရင် အဲဒီ အချက်ကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရလာဒ်တွေကို အကောင်အထည် မဖော်သေးဖို့၊ တတိယ အကြိမ် လွှတ်တော် ခေါ်ယူထားတာကို ဆိုင်းငံ့ပေးဖို့ တပ်မတော်ဘက်က ပြင်းပြင်းထန်ထန် တောင်းဆိုလာနိုင်ပါတယ်။ အဲလို တောင်းဆိုတာမျိုးကို လက်ရှိ လွှတ်တော် အကြီးအကဲတွေက လက်ခံကြမှာ မဟုတ်ပါဘူး။ တတိယ အကြိမ် လွှတ်တော်ခေါ်ရေး ဆက်လုပ်ကြမှာ သေခြာပါတယ်။ ဒီအခါ တပ်မတော်ဘက်က ဥပဒေဘောင်တွင်းကနေ ဆက်လုပ်စရာ မရှိတော့ပါဘူး။ ဥပဒေဘောင်အတွင်း ဆက်လုပ်စရာ မရှိတော့တဲ့အတွက် တတိယအကြိမ် လွှတ်တော် ခေါ်ယူလို့ မရအောင်၊ တားဆီးဖို့ အင်အားအသုံးပြုမလား၊ ဒါမှမဟုတ် ပြသနာကို ဥပဒေဘောင်ထဲကနေပဲ ဆက်ဖြေရှင်းနိုင်အောင် လာမယ့် တတိယအကြိမ် လွှတ်တော်ကျမှ ဒီ ကိစ္စတွေ ဆက်ဆွေးနွေးသွားတာမျိုး၊ တရားလွှတ်တော်ချုပ်ရဲ့ နောက်ပိုင်း ဆုံးဖြတ်ချက်တွေကို အချိန်ယူ စောင့်ဆိုင်းသွားတာမျိုး ဘယ်လမ်းကို ရွေးချယ်မလဲ ဆိုတာကိုတော့ တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင် ဆုံးဖြတ်ကြရမှာ ဖြစ်ကြောင်းပါ။

XS
SM
MD
LG