သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တပ္မေတာ္ရဲ႕ ၁၀ ႏွစ္တာခရီး ဘယ္လို အကဲျဖတ္ႏိုင္မလဲ


လြတ္လပ္ေရးေန႔ တက္ေရာက္လာတဲ့ ျမန္မာတပ္မေတာ္ အရာရွိတခ်ဳိ႕ (ေနျပည္ေတာ္၊ ဇန္န၀ါရီလ ၄၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

လက္ရွိ ၂၀၂၁ ခုႏွစ္ဟာ ဆုိရင္ ျမန္မာ့တပ္မေတာ္ အေနနဲ႔ သူ႔တပ္မေတာ္သူ သီးျခား ရပ္တည္ခဲ့တာ ၁၀ ႏွစ္ ျပည့္ခဲ့ပါျပီ။ လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္ ေရွ႕ပိုင္းကာလတုန္းကဆုိရင္ ဗိုလ္ခ်ဳပ္ၾကီးေတြဟာ စစ္အာဏာရွင္ စနစ္နဲ႔ ႏုိင္ငံကို အုပ္ခ်ဳပ္ခဲ့ျပီး တပ္မေတာ္ကို ကိုင္တြယ္ခဲ့ရံုမက စီးပြားေရး၊ ပညာေရး၊ လူမွဳေရး၊ ဥပေဒျပဳေရး အပါအ၀င္ တိုင္းျပည္ တစ္ခုလံုးကို အုပ္ခ်ဳပ္ မင္းလုပ္ခဲ့လို႔ပါပဲ။ အဲလို စစ္အာဏာရွင္ စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့လို႔လည္း ျမန္မာႏိုင္ငံဟာ စီးပြားေရး နိမ့္က်ရံုမက ပညာေရး အပါအ၀င္ အဖက္ဖက္က ယိုယြင္း က်ဆင္းသြားတဲ့ အေျခအေနေတြ ၾကံဳခဲ့ၾကရပါတယ္။ ႏိုင္ငံက အဲလို အဖက္ဖက္က ယိုယြင္းက်ဆင္းခဲ့ေပမယ့္ တပ္မေတာ္ကေရာ အေျခအေနေကာင္းသလား ဆုိေတာ့ အဲလို မဟုတ္ျပန္ပါဘူး။ ျပည္ေထာင္စု တပ္မေတာ္ ပံုစံ မဟုတ္ေတာ့တဲ့၊ အဖက္ဖက္က မျပည့္မစံု ျဖစ္တဲ့အျပင္ တုိက္ရည္ ခုိက္ရည္လည္း က်ဆင္းခဲ့ျပီး လူ႔အခြင့္အေရး ခ်ိဳးေဖါက္မွဳ မ်ိဳးစံုေၾကာင့္ ႏုိင္ငံတကာရဲ႕ ကဲ့ရဲ႕ ျပစ္တင္ ဖယ္က်ဥ္တာကိုေတာင္ ခံခဲ့ရပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပံုအရ က်င္းပတဲ့ ၂၀၁၀ အေထြေထြ ေရြးေကာက္ပြဲအျပီး ေနာက္ပိုင္း ၂၀၁၁ ခုႏွစ္ အေရာက္မွာေတာ့ အေျခအေနေတြ ေျပာင္းလဲသြားခဲ့ပါတယ္။ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရး မ႑ိဳင္ အသီးသီးေပၚေပါက္၊ ဦးေဆာင္မယ့္သူေတြလည္း ေရြးခ်ယ္ ျပီးသြားတဲ့အခါ အဲဒီအခ်ိန္က တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ လက္ေအာက္မွာ တပ္မေတာ္ နဲ႔ ၀န္ၾကီးဌာန (၃) ခုပဲ က်န္ခဲ့တဲ့ အေနအထား ေရာက္သြားပါတယ္။ တစ္နည္းေျပာရရင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ဟာ သူ႔အရင္ ကာကြယ္ေရးဦးစီးခ်ဳပ္ တစ္ျဖစ္လဲ စစ္အာဏာရွင္ေတြနဲ႔ မတူပဲ တပ္မေတာ္ကိုပဲ သီးသန္႔ ကိုင္တြယ္ရတဲ့ အေနအထား ေရာက္ခဲ့တာမ်ိဳးပါ။ ဒီလို အေျခအေနေအာက္မွာ ကာကြယ္ေရး ဦးစီးခ်ဳပ္ အေနနဲ႔ ဘာေတြ အေကာင္အထည္ ေဖာ္ ေဆာင္ရြက္ခဲ့ပါသလဲ၊ သူ႔လက္ထက္ ၁၀ ႏွစ္တာကာလအတြင္း တပ္မေတာ္ ဘာေတြ ေျပာင္းလဲလာသလဲ ဆိုတာ စိတ္၀င္စားဖို႔ ေကာင္းတဲ့ ကိစၥ ျဖစ္လာပါတယ္။
၂၀၁၁ ခုႏွစ္ကို ျပန္ၾကည့္ရင္ အုပ္ခ်ဳပ္ေရး မ႑ိဳင္ ေခါင္းေဆာင္ အျဖစ္ ဗိုလ္ခ်ဳပ္ၾကီးေဟာင္း ဦးသိန္းစိန္၊ ဥပေဒျပဳေရး မ႑ိဳင္ ေခါင္းေဆာင္ အျဖစ္ လႊတ္ေတာ္ ဥကၠဌ ဗိုလ္ခ်ဳပ္ၾကီးေဟာင္း သူရေရႊမန္းတို႔ တာ၀န္ယူၾကပါတယ္။ တပ္မေတာ္ ေခါင္းေဆာင္အျဖစ္ သူတို႔ထက္ ငယ္ရြယ္တဲ့ ဂ်ဴနီယာျဖစ္တဲ့ ဗိုလ္ခ်ဳပ္ၾကီး မင္းေအာင္လွိဳင္က ကာကြယ္ေရး ဦးစီးခ်ဳပ္ တာ၀န္ ထမ္းေဆာင္ရပါတယ္။ အဲဒီအခ်ိန္ကစ မ႑ိဳင္အသီးသီးကို ေခါင္းေဆာင္ အသီးသီးက တာ၀န္ယူတဲ့ ပံုသ႑ာန္ အျဖစ္ ေျပာင္းလဲသြားတာေရာ၊ အဲဒီ မ႑ိဳင္အသီးသီးမွာ တာ၀န္ယူတဲ့ ေခါင္းေဆာင္ေတြဟာ သူ႔ထက္ စီနီယာ ဗိုလ္ခ်ဳပ္ၾကီးေတြ ျဖစ္ေနတာေၾကာင့္ပါ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီး မင္းေအာင္လွိဳင္ဟာ အုပ္ခ်ဳပ္ေရး၊ ဥပေဒ ျပဳေရးနဲ႔ ခပ္ေ၀းေ၀း ေနျပီး တပ္မေတာ္ ကိစၥေတြကိုပဲ တာ၀န္ယူ ကိုင္တြယ္ခဲ့တာ ေတြ႕ႏိုင္ပါတယ္။
သူတာ၀န္ယူျပီးေနာက္ပိုင္း နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ တပ္မေတာ္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြကို ျပဳျပင္တာ ေတြ႕ႏိုင္ပါတယ္။ ျပည္သူလူထုကို ဒုကၡအၾကီးအက်ယ္ ေပးခဲ့တဲ့ ေပၚတာဆြဲတဲ့ စနစ္ကို ဖ်က္သိမ္း ျပစ္ပါတယ္။ ကေလးစစ္သား အသံုးျပဳမွဳ အဆံုးသတ္ႏိုင္ေရး အတြက္ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းနဲ႔ပါ ပူးေပါင္း ေဆာင္ရြက္ပါတယ္။ ေရွ႕တန္း စစ္ေျမျပင္ေတြမွာ တပ္မေတာ္က က်ဴးလြန္ေလ့ရွိတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မွဳ ေပါင္းစံုကို ေလ်ာ့ခ်ႏိုင္ေအာင္ ၾကိဳးစားပါတယ္။ ရုပ္၀တၱဳပိုင္းအရ နိမ့္က်ေနတဲ့ တပ္မေတာ္ကို ျပန္ျပီး ျဖည့္တင္းပါတယ္။ အေရးအၾကီးဆံုး အခ်က္ကေတာ့ အဲဒီအခ်ိန္ တည္ဆဲ အစိုးရျဖစ္တဲ့ သမၼတ ဦးသိန္းစိန္ရဲ႕ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ကူညီ ပံ့ပိုးေပးတာပါပဲ။ ေျပာရရင္ တပ္မေတာ္ ပံုရိပ္ အထိုက္အေလ်ာက္ ေကာင္းေအာင္ လုပ္ႏိုင္ခဲ့တာ ေတြ႕ရပါတယ္။
အဲဒီကေန ၄ ႏွစ္ေလာက္အၾကာ ၂၀၁၅ ႏွစ္ဦးပိုင္းမွာေတာ့ ဖုန္က်ားရွင္းရဲ႕ ကိုးကန္႔တပ္ဖြဲ႕ေတြ ကိုးကန္႔နယ္ေျမထဲ ၀င္ေရာက္တုိက္ခိုက္တဲ့ ျဖစ္ရပ္နဲ႔ ၾကံဳရပါတယ္။ တပ္မေတာ္ဘက္က ထိခိုက္က်ဆံုးမွဳမ်ားျပီး အထိနာခဲ့တာကိုၾကည့္ရင္ တပ္မေတာ္ရဲ႕ တုိက္ခုိက္ေရး စြမ္းရည္ အေတာ့္ကို အားနည္းေနတာ ေတြ႕ျမင္လိုက္ၾကရပါတယ္။ ေနာက္ပိုင္း ရခုိင္ျပည္နယ္မွာ ရခုိင္လက္နက္ကိုင္ AA တပ္ဖြဲ႕ေတြ လက္နက္ခဲယမ္း အျပည့္အစံုနဲ႔ အေျခခ်လာႏုိင္တာ၊ တုိက္ပြဲေတြ ဆင္ႏဲႊလာႏုိင္တာ၊ အဲဒီတုိက္ပြဲေတြမွာ တပ္မေတာ္ဘက္က ၾကည္း၊ေရ၊ေလ ရွိသမွ် အင္အားသံုး တုိက္ခုိက္တာေတာင္ အႏုိင္ရေအာင္ တုိက္ခိုက္ႏိုင္စြမ္းမရွိတာကို ၾကည့္ရင္ တပ္မေတာ္ရဲ႕ လံုျခံဳေရးဆုိင္ရာ ေဆာင္ရြက္ႏုိင္မွဳနဲ႔ တုိက္ခိုက္ေရး စြမ္းရည္ တိုးတက္ မလာေသးတာကိုေတာ့ သတိျပဳမိႏိုင္ပါတယ္။
၂၀၁၅ ေရြးေကာက္ပြဲအျပီး ၂၀၁၆ မွာေတာ့ ျမန္မာႏုိင္ငံမွာ သမိုင္း၀င္ အေျပာင္းအလဲၾကီး ျဖစ္ပါတယ္။ အဲဒါကေတာ့ ၁၉၆၂ ခုႏွစ္က စတြက္ရင္ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ျပည္သူလူထု တင္ေျမွာက္လိုက္တဲ့ အစိုးရအဖြဲ႕တရပ္ အာဏာရလာတာပါ။
အင္န္အယ္လ္ဒီ အစိုးရ တက္လာတဲ့အခါ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ ပံုစံ သိသိသာသာၾကီး ေျပာင္းသြားပါတယ္။ အရင္ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္နဲ႔ မတူ အုပ္ခ်ဳပ္ေရး က႑နဲ႔ ဥပေဒျပဳေရးက႑ေတြမွာ ပါ၀င္ပတ္သက္ဖို႔ ၾကိဳးစားတာ၊ ပါ၀င္ပတ္သက္တာ ေတြ႕ျမင္ၾကရပါတယ္။ ႏိုင္ငံျခား သံတမန္ေတြကို ေတြ႕ဆံုတာ၊ ႏိုင္ငံတကာ အစိုးရ အၾကီးအကဲေတြနဲ႔ ေတြ႕ဆံုတာေတြ ပံုမွန္လုပ္ျပီး တည္ဆဲ အစိုးရ လက္ေအာက္က မဟုတ္တဲ့၊ အာဏာတစ္စံုတရာရွိတဲ့ စင္ျပိဳင္အစိုးရ ေခါင္းေဆာင္ သဖြယ္ ကိုယ့္ကိုယ္ကိုယ္ ပံုေဖာ္ပါတယ္။ ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္ရာမွာလည္း ဦးေဆာင္သူ အစိုးရကုိ အကူအညီေပးတဲ့ ပံုစံကေန ကိုယ့္ဖာသာကိုယ္ သေဘာထား တင္းမာတဲ့ ပံုစံမ်ိဳးနဲ႔ ရပ္တည္ လွဳပ္ရွားတာမ်ိဳး လုပ္ပါတယ္။
အခုေနာက္ဆံုး ၂၀၂၀ ထဲမွာေတာ့ ေရြးေကာက္ပြဲကာလ ပါတီ ႏိုင္ငံေရးထဲ ၀င္ပါတဲ့ အေျခအေနမ်ိဳးအထိ ေရာက္လာတာ ေတြ႕ျမင္ၾကရပါတယ္။ တရား၀င္ ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိေပမယ့္ ျပည္ခုိင္ျဖိဳးပါတီနဲ႔ အတူရပ္တည္၊ ျပည္ခုိင္ျဖိဳးပါတီ မဲရွံဳးရတဲ့ ကိစၥနဲ႔ ပတ္သက္ျပီး မဲစာရင္းကိစၥေတြ ၀င္လုပ္၊ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၊ အဲဒီကေန တဆင့္ ႏိုင္ငံေတာ္ သမၼတကို အျပစ္တင္တာမ်ိဳး အထိလုပ္ပါတယ္။ သက္တမ္းကုန္ေတာ့မယ့္ ဒုတိယအၾကိမ္ လႊတ္ေတာ္ ေခၚေပးဖို႔ ေတာင္းဆိုတာ၊ ျငင္းပယ္ခံရေတာ့ ဖြဲ႕စည္းပံုနဲ႔ ညီမညီ ေမးခြန္းထုတ္ျပီး ႏုိင္ငံေရးပါတီ တစ္ခုသဖြယ္ အတုိက္အခံ လုပ္ေနတာေတြ ေတြ႕ျမင္ၾကရပါတယ္။ ဒါေတြအားလံုး ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ ဦးေဆာင္မွဳေအာက္မွာ တပ္မေတာ္က အေကာင္အထည္ ေဖာ္ခဲ့ရတာေတြပါ။
လက္ရွိ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ တပ္မေတာ္ကို ကိုင္တြယ္ခဲ့တဲ့ ၁၀ ႏွစ္တာ သက္တမ္းကို ျပန္ၾကည့္ရင္ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနဲ႔ အျခားကိစၥေတြကို ၀င္မပါပဲ၊ စိတ္မ၀င္စားပဲနဲ႔ တပ္မေတာ္ ေရးရာေတြကိုပဲ ကိုင္တြယ္ခဲ့တဲ့ အခ်ိန္အခါေတြတုန္းက တပ္မေတာ္ရဲ႕ ပံုရိပ္ ပိုျပီးေကာင္းမြန္လာသလို၊ တိုးတက္ ျဖစ္ထြန္းမွဳေတြကိုလည္း ရရွိခဲ့တာ ေတြ႕ႏုိင္ပါတယ္။ အင္န္အယ္လ္ဒီ အစိုးရ လက္ထက္ ေရာက္လာေတာ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ စိတ္၀င္စားမွဳနဲ႔ အေကာင္အထည္ ေဖာ္ရာ နယ္ပယ္ေတြဟာ တပ္မေတာ္ ကိစၥေတြတင္မက အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနဲ႔ ပါတီႏုိင္ငံေရး အထိ ေရာက္ခဲ့ေလေတာ့ တပ္မေတာ္ရဲ႕ ပံုရိပ္နဲ႔ စြမ္းရည္ က်ဆင္းသြားျပန္တာကို သတိျပဳမိႏုိင္ပါတယ္။ ခုဆိုရင္ တပ္မေတာ္ဟာ BGF အပါအ၀င္ ဘယ္ သူပုန္အဖြဲ႕အစည္းကိုမွ ေကာင္းေကာင္း မထိန္းခ်ဳပ္ႏုိိင္သလို၊ ျပည္နယ္ေတြမွာ လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ ျပည္သူေတြအေပၚ ဆက္ေၾကးေကာက္ခ်င္သလိုေကာက္၊ ဖမ္းခ်င္သလိုဖမ္း၊ သတ္ခ်င္သလို သတ္ ျပသနာမ်ိဳးေတြကိုေတာင္ ကိုင္တြယ္၊ အကာအကြယ္ ေပးႏုိင္စြမ္း ရွိမေနပါဘူး။ ဒါေတြကို ၾကည့္လိုက္ရင္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ အေနနဲ႔ တပ္မေတာ္အေရးအရာ ကိစၥေတြကိုပဲ အာရံုစိုက္ျပီး ၾကိဳးစား လုပ္ကိုင္ ေဆာင္ရြက္ျခင္းသည္သာ တပ္မေတာ္ အတြက္ေရာ၊ တိုင္းျပည္ အတြက္ပါ ေကာင္းမြန္တဲ့ ရလာဒ္ေတြ ေပၚထြက္လာႏုိင္မွာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

-----------------------------------------

တပ်မတော်ရဲ့ ၁၀ နှစ်တာခရီး ဘယ်လို အကဲဖြတ်နိုင်မလဲ

လက်ရှိ ၂၀၂၁ ခုနှစ်ဟာ ဆိုရင် မြန်မာ့တပ်မတော် အနေနဲ့ သူ့တပ်မတော်သူ သီးခြား ရပ်တည်ခဲ့တာ ၁၀ နှစ် ပြည့်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ရှေ့ပိုင်းကာလတုန်းကဆိုရင် ဗိုလ်ချုပ်ကြီးတွေဟာ စစ်အာဏာရှင် စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး တပ်မတော်ကို ကိုင်တွယ်ခဲ့ရုံမက စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဥပဒေပြုရေး အပါအဝင် တိုင်းပြည် တစ်ခုလုံးကို အုပ်ချုပ် မင်းလုပ်ခဲ့လို့ပါပဲ။ အဲလို စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့လို့လည်း မြန်မာနိုင်ငံဟာ စီးပွားရေး နိမ့်ကျရုံမက ပညာရေး အပါအဝင် အဖက်ဖက်က ယိုယွင်း ကျဆင်းသွားတဲ့ အခြေအနေတွေ ကြုံခဲ့ကြရပါတယ်။ နိုင်ငံက အဲလို အဖက်ဖက်က ယိုယွင်းကျဆင်းခဲ့ပေမယ့် တပ်မတော်ကရော အခြေအနေကောင်းသလား ဆိုတော့ အဲလို မဟုတ်ပြန်ပါဘူး။ ပြည်ထောင်စု တပ်မတော် ပုံစံ မဟုတ်တော့တဲ့၊ အဖက်ဖက်က မပြည့်မစုံ ဖြစ်တဲ့အပြင် တိုက်ရည် ခိုက်ရည်လည်း ကျဆင်းခဲ့ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု မျိုးစုံကြောင့် နိုင်ငံတကာရဲ့ ကဲ့ရဲ့ ပြစ်တင် ဖယ်ကျဉ်တာကိုတောင် ခံခဲ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအပြီး နောက်ပိုင်း ၂၀၁၁ ခုနှစ် အရောက်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင် အသီးသီးပေါ်ပေါက်၊ ဦးဆောင်မယ့်သူတွေလည်း ရွေးချယ် ပြီးသွားတဲ့အခါ အဲဒီအချိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်အောက်မှာ တပ်မတော် နဲ့ ဝန်ကြီးဌာန (၃) ခုပဲ ကျန်ခဲ့တဲ့ အနေအထား ရောက်သွားပါတယ်။ တစ်နည်းပြောရရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ သူ့အရင် ကာကွယ်ရေးဦးစီးချုပ် တစ်ဖြစ်လဲ စစ်အာဏာရှင်တွေနဲ့ မတူပဲ တပ်မတော်ကိုပဲ သီးသန့် ကိုင်တွယ်ရတဲ့ အနေအထား ရောက်ခဲ့တာမျိုးပါ။ ဒီလို အခြေအနေအောက်မှာ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ဘာတွေ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါသလဲ၊ သူ့လက်ထက် ၁၀ နှစ်တာကာလအတွင်း တပ်မတော် ဘာတွေ ပြောင်းလဲလာသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စ ဖြစ်လာပါတယ်။
၂၀၁၁ ခုနှစ်ကို ပြန်ကြည့်ရင် အုပ်ချုပ်ရေး မဏ္ဍိုင် ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ ဥပဒေပြုရေး မဏ္ဍိုင် ခေါင်းဆောင် အဖြစ် လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းတို့ တာဝန်ယူကြပါတယ်။ တပ်မတော် ခေါင်းဆောင်အဖြစ် သူတို့ထက် ငယ်ရွယ်တဲ့ ဂျူနီယာဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီအချိန်ကစ မဏ္ဍိုင်အသီးသီးကို ခေါင်းဆောင် အသီးသီးက တာဝန်ယူတဲ့ ပုံသဏ္ဍာန် အဖြစ် ပြောင်းလဲသွားတာရော၊ အဲဒီ မဏ္ဍိုင်အသီးသီးမှာ တာဝန်ယူတဲ့ ခေါင်းဆောင်တွေဟာ သူ့ထက် စီနီယာ ဗိုလ်ချုပ်ကြီးတွေ ဖြစ်နေတာကြောင့်ပါ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနဲ့ ခပ်ဝေးဝေး နေပြီး တပ်မတော် ကိစ္စတွေကိုပဲ တာဝန်ယူ ကိုင်တွယ်ခဲ့တာ တွေ့နိုင်ပါတယ်။
သူတာဝန်ယူပြီးနောက်ပိုင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မတော်ရဲ့ ချို့ယွင်းချက်တွေကို ပြုပြင်တာ တွေ့နိုင်ပါတယ်။ ပြည်သူလူထုကို ဒုက္ခအကြီးအကျယ် ပေးခဲ့တဲ့ ပေါ်တာဆွဲတဲ့ စနစ်ကို ဖျက်သိမ်း ပြစ်ပါတယ်။ ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်နိုင်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ပါ ပူးပေါင်း ဆောင်ရွက်ပါတယ်။ ရှေ့တန်း စစ်မြေပြင်တွေမှာ တပ်မတော်က ကျူးလွန်လေ့ရှိတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု ပေါင်းစုံကို လျော့ချနိုင်အောင် ကြိုးစားပါတယ်။ ရုပ်ဝတ္တုပိုင်းအရ နိမ့်ကျနေတဲ့ တပ်မတော်ကို ပြန်ပြီး ဖြည့်တင်းပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ အဲဒီအချိန် တည်ဆဲ အစိုးရဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီ ပံ့ပိုးပေးတာပါပဲ။ ပြောရရင် တပ်မတော် ပုံရိပ် အထိုက်အလျောက် ကောင်းအောင် လုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။
အဲဒီကနေ ၄ နှစ်လောက်အကြာ ၂၀၁၅ နှစ်ဦးပိုင်းမှာတော့ ဖုန်ကျားရှင်းရဲ့ ကိုးကန့်တပ်ဖွဲ့တွေ ကိုးကန့်နယ်မြေထဲ ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်ရပ်နဲ့ ကြုံရပါတယ်။ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများပြီး အထိနာခဲ့တာကိုကြည့်ရင် တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည် အတော့်ကို အားနည်းနေတာ တွေ့မြင်လိုက်ကြရပါတယ်။ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တွေ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အခြေချလာနိုင်တာ၊ တိုက်ပွဲတွေ ဆင်နွဲှလာနိုင်တာ၊ အဲဒီတိုက်ပွဲတွေမှာ တပ်မတော်ဘက်က ကြည်း၊ရေ၊လေ ရှိသမျှ အင်အားသုံး တိုက်ခိုက်တာတောင် အနိုင်ရအောင် တိုက်ခိုက်နိုင်စွမ်းမရှိတာကို ကြည့်ရင် တပ်မတော်ရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်နိုင်မှုနဲ့ တိုက်ခိုက်ရေး စွမ်းရည် တိုးတက် မလာသေးတာကိုတော့ သတိပြုမိနိုင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ မှာတော့ မြန်မာနိုင်ငံမှာ သမိုင်းဝင် အပြောင်းအလဲကြီး ဖြစ်ပါတယ်။ အဲဒါကတော့ ၁၉၆၂ ခုနှစ်က စတွက်ရင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူလူထု တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့တရပ် အာဏာရလာတာပါ။
အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံစံ သိသိသာသာကြီး ပြောင်းသွားပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ မတူ အုပ်ချုပ်ရေး ကဏ္ဍနဲ့ ဥပဒေပြုရေးကဏ္ဍတွေမှာ ပါဝင်ပတ်သက်ဖို့ ကြိုးစားတာ၊ ပါဝင်ပတ်သက်တာ တွေ့မြင်ကြရပါတယ်။ နိုင်ငံခြား သံတမန်တွေကို တွေ့ဆုံတာ၊ နိုင်ငံတကာ အစိုးရ အကြီးအကဲတွေနဲ့ တွေ့ဆုံတာတွေ ပုံမှန်လုပ်ပြီး တည်ဆဲ အစိုးရ လက်အောက်က မဟုတ်တဲ့၊ အာဏာတစ်စုံတရာရှိတဲ့ စင်ပြိုင်အစိုးရ ခေါင်းဆောင် သဖွယ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ဦးဆောင်သူ အစိုးရကို အကူအညီပေးတဲ့ ပုံစံကနေ ကိုယ့်ဖာသာကိုယ် သဘောထား တင်းမာတဲ့ ပုံစံမျိုးနဲ့ ရပ်တည် လှုပ်ရှားတာမျိုး လုပ်ပါတယ်။
အခုနောက်ဆုံး ၂၀၂၀ ထဲမှာတော့ ရွေးကောက်ပွဲကာလ ပါတီ နိုင်ငံရေးထဲ ဝင်ပါတဲ့ အခြေအနေမျိုးအထိ ရောက်လာတာ တွေ့မြင်ကြရပါတယ်။ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိပေမယ့် ပြည်ခိုင်ဖြိုးပါတီနဲ့ အတူရပ်တည်၊ ပြည်ခိုင်ဖြိုးပါတီ မဲရှုံးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မဲစာရင်းကိစ္စတွေ ဝင်လုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အဲဒီကနေ တဆင့် နိုင်ငံတော် သမ္မတကို အပြစ်တင်တာမျိုး အထိလုပ်ပါတယ်။ သက်တမ်းကုန်တော့မယ့် ဒုတိယအကြိမ် လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုတာ၊ ငြင်းပယ်ခံရတော့ ဖွဲ့စည်းပုံနဲ့ ညီမညီ မေးခွန်းထုတ်ပြီး နိုင်ငံရေးပါတီ တစ်ခုသဖွယ် အတိုက်အခံ လုပ်နေတာတွေ တွေ့မြင်ကြရပါတယ်။ ဒါတွေအားလုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်က အကောင်အထည် ဖော်ခဲ့ရတာတွေပါ။
လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်ကို ကိုင်တွယ်ခဲ့တဲ့ ၁၀ နှစ်တာ သက်တမ်းကို ပြန်ကြည့်ရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ အခြားကိစ္စတွေကို ဝင်မပါပဲ၊ စိတ်မဝင်စားပဲနဲ့ တပ်မတော် ရေးရာတွေကိုပဲ ကိုင်တွယ်ခဲ့တဲ့ အချိန်အခါတွေတုန်းက တပ်မတော်ရဲ့ ပုံရိပ် ပိုပြီးကောင်းမွန်လာသလို၊ တိုးတက် ဖြစ်ထွန်းမှုတွေကိုလည်း ရရှိခဲ့တာ တွေ့နိုင်ပါတယ်။ အင်န်အယ်လ်ဒီ အစိုးရ လက်ထက် ရောက်လာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စိတ်ဝင်စားမှုနဲ့ အကောင်အထည် ဖော်ရာ နယ်ပယ်တွေဟာ တပ်မတော် ကိစ္စတွေတင်မက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ ပါတီနိုင်ငံရေး အထိ ရောက်ခဲ့လေတော့ တပ်မတော်ရဲ့ ပုံရိပ်နဲ့ စွမ်းရည် ကျဆင်းသွားပြန်တာကို သတိပြုမိနိုင်ပါတယ်။ ခုဆိုရင် တပ်မတော်ဟာ BGF အပါအဝင် ဘယ် သူပုန်အဖွဲ့အစည်းကိုမှ ကောင်းကောင်း မထိန်းချုပ်နိုင်သလို၊ ပြည်နယ်တွေမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ပြည်သူတွေအပေါ် ဆက်ကြေးကောက်ချင်သလိုကောက်၊ ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလို သတ် ပြသနာမျိုးတွေကိုတောင် ကိုင်တွယ်၊ အကာအကွယ် ပေးနိုင်စွမ်း ရှိမနေပါဘူး။ ဒါတွေကို ကြည့်လိုက်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တပ်မတော်အရေးအရာ ကိစ္စတွေကိုပဲ အာရုံစိုက်ပြီး ကြိုးစား လုပ်ကိုင် ဆောင်ရွက်ခြင်းသည်သာ တပ်မတော် အတွက်ရော၊ တိုင်းပြည် အတွက်ပါ ကောင်းမွန်တဲ့ ရလာဒ်တွေ ပေါ်ထွက်လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG