သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ႏိုင္ငံေရးတင္းမာေနခ်ိန္ ဆႏၵျပပြဲေတြျဖစ္ၿပီး စစ္ကားေတြလည္း ေတြ႔လာေနရ


ႏိုင္ငံေတာ္အလံေတြ ကိုင္ၿပီး ေရြးေကာက္ပဲြ ေကာ္မရွင္ကို ကန႔္ကြက္ဆႏၵျပသူေတြကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

မၾကာေသးခင္ရက္ေတြက စလို႔ ႏိုင္ငံေရးအရ တင္းမာမႈေတြ ေပၚေပါက္ေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံက ၿမိဳ႕ႀကီးတခ်ိဳ႕မွာ လုံၿခဳံေရး စိုးရိမ္မႈေတြ ထြက္ေပၚခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္တဲ့ အစိုးရနဲ႔ တပ္မေတာ္ၾကား တင္းမာမႈေတြ ထြက္ေပၚေနခ်ိန္မွာပဲ လုံၿခဳံေရး တင္းၾကပ္တဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့တာပါ။ ႏိုင္ငံေရးတင္းမာမႈ သတင္းေတြနဲ႔အတူ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္မွာလည္း ၿပီးခဲ့တဲ့ ရက္ကပဲ လုံၿခံဳေရး တိုးျမႇင့္လိုက္တာေတြ ရွိေပမဲ့အေၾကာင္းရင္းကိုေတာ့ မသိရဘူးလို႔လည္း ၿမိဳ႕ခံံ တဦးျဖစ္တဲ့ ဦးစိုးႏိုင္ကေျပာပါတယ္။

"ေလာေလာဆယ္ ဒီဘက္ကေန... ေနျပည္ေတာ္ကေန အျပင္ထြက္မယ့္သူေတာင္မွ ေထာက္ခံစာနဲ႔ေတာင္မွ အဆင္မေျပဘူးလို႔ ေျပာတယ္။ ေနျပည္ေတာ္ကေနလည္း အဝင္မခံဘူး။ ႏွစ္ ရက္၊ သံုး ရက္ေလာက္ေတာ့ ရွိသြားၿပီ။"

ရန္ကုန္ၿမိဳ႕က ဆႏၵျပျမင္ကြင္း။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)
ရန္ကုန္ၿမိဳ႕က ဆႏၵျပျမင္ကြင္း။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)

သမၼတနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ဝင္ေတြကို ေ႐ြးေကာက္ပြဲဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ အေရးယူဖို႔ အတိုက္အခံ ျပည္ေထာင္စုနဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီနဲ႔ မိတ္ဖက္ပါတီေတြရဲ႕ စာခြၽန္ေတာ္အမိန႔္ေလွ်ာက္ထားမႈကို ျပည္ေထာင္စု တရားလႊတ္ေတာ္က လက္ခံသင့္၊ မသင့္ ၾကားနာခဲ့တဲ့ ဒီေန႔မွာပဲ ေနျပည္ေတာ္မွာ ရာဂဏန္းရွိတဲ့ အတိုက္အခံေထာက္ခံသူ အင္အားစုေတြ ေမာ္ေတာ္ကားအစီး ၆၀ ေလာက္နဲ႔ စုေဝးဆႏၵျပခဲ့တဲ့ အတြက္လည္း လုံၿခဳံေရးကို တိုးျမႇင့္ခဲ့ရပါတယ္။

ေ႐ြးေကာက္ပြဲအၿပီး အစိုးရသစ္နဲ႔ လႊတ္ေတာ္ေတြ စတင္မယ့္ အခ်ိန္မွာပဲ ႏိုင္ငံေရးအၾကပ္အတည္းေတြလည္း ေပၚေပါက္ေနတာပါ။ လႊတ္ေတာ္တက္မယ့္ ကိုယ္စားလွယ္ေတြေနထိုင္ေနၾကတဲ့ ေနျပည္ေတာ္ စည္ပင္ရိပ္သာေနရာ တဝိုက္မွာလည္း လုံၿခဳံေရးတိုးျမွင့္ထားတဲ့ သတင္းေတြ ထြက္ေပၚေနေပမဲ့ အေျခအေနေတြ တည္တည္ၿငိမ္ၿငိမ္ ရွိေနတယ္လို႔လည္း ANP ရခိုင္အမ်ိဳးသားပါတီက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္ေက်ာ္ကေျပာပါတယ္

"ဒီမွာေတာ့ သိပ္ၿပီးေတာ့ ထူးထူးျခားျခား အေျပာင္းအလဲေတာ့ ဘာမွမရွိဘူး။ ဒီေန႔လည္း ပံုမွန္အတိုင္းပဲ။ ပံုမွန္ေလးသြားေနတာပဲ။ ဒီကလံုျခံဳေရးကေတာ့ က်ေနာ္တို႔လာကတည္းက ပံုမွန္အတိုင္းထားထားတာပဲ။ ထူးထူးျခားျခား ပိုၿပီးေတာ့ လုပ္တာေတာ့မဟုတ္ပါဘူး။"

လတ္တေလာ အေျခအေနေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရသူအျပင္ ေနျပည္ေတာ္က လုံၿခဳံေရးတာဝန္ရွိသူေတြနဲ႔ အာဏာပိုင္ေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ မရခဲ့ပါဘူး။ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ လုံၿခံဳေရး တိုးျမႇင့္မယ္လို႔ သတင္းထုတ္ျပန္ထားတဲ့ ေနျပည္ေတာ္ေကာင္စီက တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးတင္ထြန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ လုံၿခဳံေရးပိုင္းနဲ႔ ပတ္သတ္လို႔ မေျပာႏိုင္ေၾကာင္း ဗီြအိုေအကိုေျပာပါတယ္။ ေနျပည္ေတာ္က သမၼတ႐ုံးမွာ လကုန္ရက္ ေသာၾကာေန႔ေတြမွာ ပုံမွန္က်င္းပေလ့ရွိတဲ့ သတင္းစာရွင္းလင္းပြဲကိုလည္း ဒီတပတ္မွာ က်င္းပတာ မေတြ႕ရပါဘူး။

ဒီေန႔ညေနပိုင္းမွာပဲ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္က ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးအနီး တပ္မေတာ္ေထာက္ခံသူ အင္အားရာခ်ီ ဆႏၵျပခဲ့ၿပီး ေကာ္မရွင္ကို ကန႔္ကြက္ေဝဖန္ခဲ့ၾကပါတယ္။

မႏၲေလးၿမိဳ႕မွာလည္း ဒီကေန႔မနက္ပိုင္းက တရားလႊတ္ေတာ္႐ုံးအနီး ဆႏၵျပဖို႔ စီစဥ္ထားတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ လုံၿခဳံေရးတိုးျမွင့္ထားခဲ့ရတယ္လို႔ ၿမိဳ႕ခံတဦးျဖစ္တဲ့ ဦးသိန္းေအာင္ျမင့္က ဗီြအိုေအကို ေျပာပါတယ္။

"တရားလႊတ္ေတာ္ရံုးကို လာၿပီးေတာ့ ဆႏၵျပမယ္လို႔ အသံၾကားလို႔ဆိုၿပီး လံုျခံဳေရးေတြခ်ထားတာ ေတြ႔ခဲ့တာပဲခင္ဗ်။ မနက္ကတည္းကေနခ်ထားတာ ေန႔လယ္ေလာက္မွ ဘာသတင္းထပ္ရလို႔လည္း မသိဘူး။ ျပန္ၿပီးေတာ့ လူစုခဲြလိုက္တာေတြ႔တယ္။ ဟိုနားကပဲ ျပမလိုလို၊ ဒီနားကပဲ ျပေတာ့မလိုလို.... အသံေတြကေတာ့ ေကာလဟာလေတြကေတာ့ ထြက္ေနတာပဲေပါ့ေနာ္။"

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မဲမသာမႈေတြ ျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး တပ္မေတာ္က ေျပာဆိုေနသလို အတိုက္အခံ ႏိုင္ငံေရးအင္အားစုေတြကလည္း ေ႐ြးေကာက္ပြဲရလဒ္အေပၚ ကန႔္ကြက္မႈေတြ ရွိေနရာက ႏိုင္ငံေရးတင္းမာမႈေတြ ႀကီးထြားလာေနတာ ျဖစ္ပါတယ္။ တပ္မေတာ္ရဲ႕ သတင္းစာရွင္းလင္းပြဲအတြင္း တိုင္းျပည္အာဏာသိမ္းႏိုင္ေျခ ရွိ၊ မရွိ သတင္းေထာက္ေတြရဲ႕ အေမးကို ယတိျပတ္ မျငင္းခဲ့သလို ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း ဖြဲ႕စည္းပုံကို မလိုက္နာရင္ ဖ်က္ပစ္ဖို႔အထိ ျပင္းျပင္းထန္ထန္ ေျပာဆိုခဲ့တာပါ။ ဒီတပတ္ထဲမွာပဲ ရန္ကုန္နဲ႔ ေနရာတခ်ိဳ႕မွာ တပ္မေတာ္က သံခ်ပ္ကာယာဥ္ေတြ ျဖတ္သန္းေမာင္းႏွင္တာလို သတင္းေတြလည္း ထြက္ေပၚခဲ့တာေၾကာင့္ စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။

ျမန္မာသတင္းသမားတဦးျဖစ္တဲ့ ဦးသီဟေသြးကေတာ့ ေ႐ြးေကာက္ပြဲေနာက္ပိုင္း ႏိုင္ငံေရးအားၿပိဳင္မႈေတြရဲ႕ ရလဒ္အျဖစ္ သုံးသပ္ပါတယ္။

"ဒီအားျပိဳင္ပဲြမွာ ၿပီးခဲ့တဲ့ ၂၀၂၀ ေရြးေကာက္ပဲြမွာ ျဖစ္ေပၚလာတဲ့ ရလဒ္ကို အေၾကာင္းျပဳၿပီးေတာ့ ႏိုင္ငံေရး ဂုဏ္သိကၡာအရပဲ ျဖစ္ျဖစ္၊ ရသင့္ရထိုက္တဲ့ေဝစုပဲျဖစ္ျဖစ္ စသည္ျဖစ္ေပါ့ေနာ္... အဲဒါေတြအားလံုးကို ပစ္မွတ္ထားၿပီးေတာ့ ရည္ရြယ္ၿပီးေတာ့ ကစားေနတဲ့ ႏိုင္ငံေရးအခင္းအက်င္းေတြလို႔ ျမင္ပါတယ္။"

မၾကာခင္ အစိုးရသစ္နဲ႔ လႊတ္ေတာ္ေတြ ထြက္ေပၚလာေတာ့မယ့္ အခ်ိန္မွာပဲ ႏိုင္ငံေရး တင္းမာမႈေတြ ေပၚေပါက္လာေနတဲ့အေပၚ စိုးရိမ္ေၾကာင္း ဒီကေန႔ပဲ ျမန္မာႏိုင္ငံအေျခစိုက္ အေနာက္ႏိုင္ငံသံ႐ုံးေတြက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ၾကပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ ေ႐ြးေကာက္ပြဲရလဒ္ကို အင္အားသုံးၿခိမ္းေျခာက္တဲ့ လုပ္ရပ္မ်ိဳးကို လက္ခံမွာ မဟုတ္ေၾကာင္း ဗြီအိုေအကို ေျပာဆိုခဲ့သလို၊ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကလည္း ေ႐ြးေကာက္ပြဲ ရလဒ္ကို ေလးစားဖို႔ ေသြးထိုးလႈံ႕ေဆာ္ၿပီး တည္ၿငိမ္မႈပ်က္ျပားေအာင္ မလုပ္ဖို႔ မေန႔တုန္းကပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့နိုင်ငံရေးတင်းမာနေချိန် ဆန္ဒပြပွဲတွေဖြစ်ပြီး စစ်ကားတွေလည်း တွေ့လာနေရ

မကြာသေးခင်ရက်တွေက စလို့ နိုင်ငံရေးအရ တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ လုံခြုံရေး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်ကြား တင်းမာမှုတွေ ထွက်ပေါ်နေချိန်မှာပဲ လုံခြုံရေး တင်းကြပ်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ နိုင်ငံရေးတင်းမာမှု သတင်းတွေနဲ့အတူ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း ပြီးခဲ့တဲ့ ရက်ကပဲ လုံခြုံရေး တိုးမြှင့်လိုက်တာတွေ ရှိပေမဲ့အကြောင်းရင်းကိုတော့ မသိရဘူးလို့လည်း မြို့ခံံ တဦးဖြစ်တဲ့ ဦးစိုးနိုင်ကပြောပါတယ်။

ေနျပည္ေတာ္ရွိ လမ္းတခုမွာ လံုျခံဳေရးယူထားတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)
ေနျပည္ေတာ္ရွိ လမ္းတခုမွာ လံုျခံဳေရးယူထားတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (ဇန္နဝါရီ ၂၉၊ ၂၀၂၁)

"လောလောဆယ် ဒီဘက်ကနေ... နေပြည်တော်ကနေ အပြင်ထွက်မယ့်သူတောင်မှ ထောက်ခံစာနဲ့တောင်မှ အဆင်မပြေဘူးလို့ ပြောတယ်။ နေပြည်တော်ကနေလည်း အဝင်မခံဘူး။ နှစ် ရက်၊ သုံး ရက်လောက်တော့ ရှိသွားပြီ။"

သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူဖို့ အတိုက်အခံ ပြည်ထောင်စုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်ပါတီတွေရဲ့ စာချွန်တော်အမိန့်လျှောက်ထားမှုကို ပြည်ထောင်စု တရားလွှတ်တော်က လက်ခံသင့်၊ မသင့် ကြားနာခဲ့တဲ့ ဒီနေ့မှာပဲ နေပြည်တော်မှာ ရာဂဏန်းရှိတဲ့ အတိုက်အခံထောက်ခံသူ အင်အားစုတွေ မော်တော်ကားအစီး ၆၀ လောက်နဲ့ စုဝေးဆန္ဒပြခဲ့တဲ့ အတွက်လည်း လုံခြုံရေးကို တိုးမြှင့်ခဲ့ရပါတယ်။

ရွေးကောက်ပွဲအပြီး အစိုးရသစ်နဲ့ လွှတ်တော်တွေ စတင်မယ့် အချိန်မှာပဲ နိုင်ငံရေးအကြပ်အတည်းတွေလည်း ပေါ်ပေါက်နေတာပါ။ လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေနေထိုင်နေကြတဲ့ နေပြည်တော် စည်ပင်ရိပ်သာနေရာ တဝိုက်မှာလည်း လုံခြုံရေးတိုးမြှင့်ထားတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း ANP ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်ကပြောပါတယ်

"ဒီမှာတော့ သိပ်ပြီးတော့ ထူးထူးခြားခြား အပြောင်းအလဲတော့ ဘာမှမရှိဘူး။ ဒီနေ့လည်း ပုံမှန်အတိုင်းပဲ။ ပုံမှန်လေးသွားနေတာပဲ။ ဒီကလုံခြုံရေးကတော့ ကျနော်တို့လာကတည်းက ပုံမှန်အတိုင်းထားထားတာပဲ။ ထူးထူးခြားခြား ပိုပြီးတော့ လုပ်တာတော့မဟုတ်ပါဘူး။"

လတ်တလော အခြေအနေတွေနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူအပြင် နေပြည်တော်က လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် လုံခြုံရေး တိုးမြှင့်မယ်လို့ သတင်းထုတ်ပြန်ထားတဲ့ နေပြည်တော်ကောင်စီက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးတင်ထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ လုံခြုံရေးပိုင်းနဲ့ ပတ်သတ်လို့ မပြောနိုင်ကြောင်း ဗွီအိုအေကိုပြောပါတယ်။ နေပြည်တော်က သမ္မတရုံးမှာ လကုန်ရက် သောကြာနေ့တွေမှာ ပုံမှန်ကျင်းပလေ့ရှိတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဒီတပတ်မှာ ကျင်းပတာ မတွေ့ရပါဘူး။

ဒီနေ့ညနေပိုင်းမှာပဲ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး တပ်မတော်ထောက်ခံသူ အင်အားရာချီ ဆန္ဒပြခဲ့ပြီး ကော်မရှင်ကို ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာလည်း ဒီကနေ့မနက်ပိုင်းက တရားလွှတ်တော်ရုံးအနီး ဆန္ဒပြဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတိုးမြှင့်ထားခဲ့ရတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ဦးသိန်းအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

"တရားလွှတ်တော်ရုံးကို လာပြီးတော့ ဆန္ဒပြမယ်လို့ အသံကြားလို့ဆိုပြီး လုံခြုံရေးတွေချထားတာ တွေ့ခဲ့တာပဲခင်ဗျ။ မနက်ကတည်းကနေချထားတာ နေ့လယ်လောက်မှ ဘာသတင်းထပ်ရလို့လည်း မသိဘူး။ ပြန်ပြီးတော့ လူစုခွဲလိုက်တာတွေ့တယ်။ ဟိုနားကပဲ ပြမလိုလို၊ ဒီနားကပဲ ပြတော့မလိုလို.... အသံတွေကတော့ ကောလဟာလတွေကတော့ ထွက်နေတာပဲပေါ့နော်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး တပ်မတော်က ပြောဆိုနေသလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလည်း ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက်မှုတွေ ရှိနေရာက နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တိုင်းပြည်အာဏာသိမ်းနိုင်ခြေ ရှိ၊ မရှိ သတင်းထောက်တွေရဲ့ အမေးကို ယတိပြတ် မငြင်းခဲ့သလို ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံကို မလိုက်နာရင် ဖျက်ပစ်ဖို့အထိ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာပါ။ ဒီတပတ်ထဲမှာပဲ ရန်ကုန်နဲ့ နေရာတချို့မှာ တပ်မတော်က သံချပ်ကာယာဉ်တွေ ဖြတ်သန်းမောင်းနှင်တာလို သတင်းတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာသတင်းသမားတဦးဖြစ်တဲ့ ဦးသီဟသွေးကတော့ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအားပြိုင်မှုတွေရဲ့ ရလဒ်အဖြစ် သုံးသပ်ပါတယ်။

"ဒီအားပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာတဲ့ ရလဒ်ကို အကြောင်းပြုပြီးတော့ နိုင်ငံရေး ဂုဏ်သိက္ခာအရပဲ ဖြစ်ဖြစ်၊ ရသင့်ရထိုက်တဲ့ဝေစုပဲဖြစ်ဖြစ် စသည်ဖြစ်ပေါ့နော်... အဲဒါတွေအားလုံးကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ပြီးတော့ ကစားနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေလို့ မြင်ပါတယ်။"

မကြာခင် အစိုးရသစ်နဲ့ လွှတ်တော်တွေ ထွက်ပေါ်လာတော့မယ့် အချိန်မှာပဲ နိုင်ငံရေး တင်းမာမှုတွေ ပေါ်ပေါက်လာနေတဲ့အပေါ် စိုးရိမ်ကြောင်း ဒီကနေ့ပဲ မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံသံရုံးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲရလဒ်ကို အင်အားသုံးခြိမ်းခြောက်တဲ့ လုပ်ရပ်မျိုးကို လက်ခံမှာ မဟုတ်ကြောင်း ဗွီအိုအေကို ပြောဆိုခဲ့သလို၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့ သွေးထိုးလှုံ့ဆော်ပြီး တည်ငြိမ်မှုပျက်ပြားအောင် မလုပ်ဖို့ မနေ့တုန်းကပဲ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG