သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အပစ္ရပ္သက္တမ္းတိုးတဲ့ထဲ ရခုိင္ပါတဲ့အေပၚ ေမ ွ်ာ္လင့္ခ်က္ေတြ တိုးလာ


ရခိုင္စစ္ေရွာင္ဒုကၡသည္တခ်ိဳ႕။ (မွတ္တမ္းဓာတ္ပံု - International Committee of the Red Cross Myanmar)

[Zawgyi/Unicode]

တပ္မေတာ္က တဘက္သတ္ အပစ္အခတ္ရပ္စဲေရး ေနာက္ထပ္ ၁ လ သက္တမ္းတုိးလုိက္တဲ့အထဲမွာ ပထမဆုံးအႀကိမ္အျဖစ္ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့တဲ့ ရခိုင္ျပည္နယ္လည္း ပါဝင္လာတာေၾကာင့္ ရခုိင္ႏုိင္ငံေရး အသုိင္းအဝန္းနဲ႔ အကဲခတ္ေတြၾကား ၿငိမ္းခ်မ္းေရး ေမွ်ာ္လင့္ခ်က္ေတြ တုိးလာေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

လက္နက္ကိုင္ပဋိပကၡေတြ ရွိေနတဲ့ တိုင္းရင္းသားေဒသေတြမွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔နဲ႔ ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ တႏုိင္ငံလုံးမွာ စစ္ေရးလႈပ္ရွားမႈေတြကုိ ဒီလကုန္အထိ ရပ္ဆုိင္းထားမယ့္အေၾကာင္း တပ္မေတာ္က ေၾကညာထားပါတယ္။ အခုေနာက္ဆုံးအႀကိမ္ သက္တမ္းတုိးဖုိ႔ ေၾကညာလုိက္တဲ့အထဲမွာေတာ့ အရင္ကလုိ အၾကမ္းဖက္အဖဲြ႔အစည္းေတြ လႈပ္ရွားရာ နယ္ေျမေတြက လဲြလုိ႔ ဆုိတဲ့ သတ္မွတ္ခ်က္ ပါ၀င္လာတာ မေတြ႔ရေတာ့တာေၾကာင့္ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ၾကား တုိက္ပဲြေတြ ျပင္းထန္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာ စစ္ေရးပဋိပကၡေတြ ေလ်ာ့ပါးလာမယ့္ လကၡဏာတခုအျဖစ္ ရခုိင္ျပည္နယ္က လူထုအေျချပဳ အဖဲြ႔တခုျဖစ္တဲ့ ဝံလက္ေဖာင္းေဒးရွင္း ဒါရိုက္တာ ဦးခိုင္ေကာင္းစံက ျမင္ပါတယ္။

“အဓိကေတာ့ အသံုးအႏႈန္း သံုးတာကအစ တိုးတက္မႈ ရွိတယ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ အခါတိုင္း ဆိုရင္ အၾကမ္းဖက္အဖြဲ႔ ရွိတဲ့ ေဒသမွအပတို႔ သံုးႏႈန္းထားတာကလည္း ရခိုင္ေဒသကို ရည္ညြန္းသလိုျဖစ္ေနတယ္။ အခုက်ေတာ့ အဲဒီလို သံုးႏႈန္းတာမရွိဘူး။ ျမန္မာျပည္အဝန္းလို႔ ေျပာတဲ့အတြက္ ဒါဟာ ေကာင္းတဲ့ အေကာင္း လကၡဏာေဆာင္တဲ့ လကၡဏာတစ္ခုပဲလို႔ က်ေနာ္ျမင္ပါတယ္။”

ရခိုင္ျပည္နယ္မွာ ၂၀၁၈ ခုနွစ္ေႏွာင္းပုိင္းကစ တပ္မေတာ္နဲ႔ တုိက္ပဲြေတြ ျဖစ္ခဲ့ၿပီးေနာက္ AA အဖြဲ႔ကုိ အၾကမ္းဖက္ အဖဲြ႔အစည္းအျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ လုံၿခံဳေရး စိတ္မခ်ရတာေၾကာင့္ မက်င္းပျဖစ္တဲ့ ေနရာေတြမွာ ေရြးေကာက္ပဲြေတြ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ဆုိၿပီး ႏွစ္ ဘက္စလုံးက တုိက္ခုိက္မႈေတြ ရပ္ဆုိင္းခဲ့ၾကသလုိ ေဆြးေႏြးမႈတခ်ဳိ႕လည္း ရွိခဲ့ပါတယ္။

ဒါေပမဲ့လည္း ရည္ရြယ္ထားတဲ့အတုိင္း ေရြးေကာက္ပဲြ က်င္းပႏုိင္ဖုိ႔နဲ႔ ရခုိင္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရး ရရွိဖုိ႔ ဒီထက္ပုိၿပီး ခုိင္မာတဲ့ ေျခလွမ္းေတြ လွမ္းဖုိ႔လုိတယ္လုိ႔ ANP ရခုိင္အမ်ိဳးသားပါတီ ဥကၠ႒ ဦးသာထြန္းလွက သုံးသပ္ပါတယ္။

“လက္ရွိရခိုင္ျပည္နယ္ရဲ႕ အေျခအေနကေတာ့ လက္နက္ကိုင္တပ္ဖြဲ႔ေတြက ႏွစ္ဘက္ နားလည္မႈနဲ႔ အပစ္အခတ္ရပ္စဲထားတဲ့ အေျခအေနျဖစ္တယ္။ အဲဒီကေနတဆင့္ တရားဝင္ အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးႏိုင္ေရးအထိ ၿငိမ္းခ်မ္းေရးကို ပိုၿပီးေတာ့ တည္ေဆာက္ဖို႔ လုိမယ္လို႔ထင္တယ္။ ၿငိမ္းခ်မ္းေရးကို တည္ေဆာင္ႏိုင္မွလည္း ဒုကၡေရာက္ေနၾကတဲ့ စစ္ေရွာင္ျပည္သူေတြ ရဲ႕ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းေတြကို ပံုမွန္လုပ္ကိုင္ႏိုင္ၾကမယ္။ ေနရပ္ျပန္ႏိုင္မယ့္ အခင္းအက်င္းေတြကို ပိုၿပီးေတာ့ လုပ္ေဆာင္လာႏိုင္လိမ့္မယ္။ အဲဒီလိုေတြ လုပ္ေပးႏိုင္တဲ့ အေျခအေနေရာက္မွာလည္း ရခိုင္ျပည္နယ္ရဲ႕ ျပည္သူေတြကလည္း ရခိုင္ျပည္နယ္ရဲ႕ အေရးအရာေတြကို ပိုၿပီးေတာ့ လုပ္ေပးႏိုင္လိမ့္မယ္ျဖစ္ပါတယ္။”

ရခုိင္ျပည္နယ္မွာ တုိက္ခုိက္မႈေတြ ရပ္စဲထားတာ ႏွစ္ လေလာက္အတြင္း တပ္မေတာ္နဲ႔ AA အဖဲြ႔တုိ႔ၾကား အြန္လုိင္းကေရာ၊ လူကုိယ္တုိင္ပါ ေတြ႔ဆုံေဆြးေႏြးတာေတြလည္း ရွိခဲ့ပါတယ္။ AA အဖဲြ႔အပါအ၀င္ အစုိးရနဲ႔ NCA အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကုိ လက္မွတ္ထုိးမထားတဲ့ ေျမာက္ပုိင္းမဟာမိတ္အဖဲြ႔ဝင္ တုိင္းရင္းသားလက္နက္ကုိင္ ၄ ဖဲြ႔နဲ႔လည္း အစုိးရကုိယ္စားလွယ္ေတြ ေတြ႔ဆုံေဆြးေႏြးဖုိ႔ စီစဥ္ေနၾကတာပါ။

ဝံလက္ေဖာင္းေဒးရွင္း ဒါရိုက္တာ ဦးခိုင္ေကာင္းစံကေတာ့ AA အဖဲြ႔နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြမွာ တုိးတက္တဲ့ လကၡဏာေတြ ေတြ႔ရေပမဲ့ ၿငိမ္းခ်မ္းေရးရဖုိ႔ကေတာ့ ႀကိဳးပမ္းရမယ့္ကိစၥေတြ ရွိေနေသးတယ္လုိ႔ေျပာပါတယ္။

“ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာေတာ့ အရင္ကဆိုရင္ AA ကို အသိအမွတ္မျပဳတာေပါ့ေလ။ ေနာက္ၿပီးေတာ့ တပ္မေတာ္အေနနဲ႔ ၾကည္း၊ ေရ၊ ေလ အင္အားအလံုးအရင္းနဲ႔ တိုက္ပြဲလုပ္ တာေတြ ေတြ႔ရတယ္။ အခုဒီ ျငိမ္းခ်မ္းေရးစကားေျပာၿပီး ေနာက္ပိုင္းမွာေတာ့ အျပဳသေဘာေဆာင္တဲ့ အသံုးအႏႈန္းေတြ ေတြ႔ရတာေပါ့ေနာ္။ ဒါေပမဲ့ ဒါက အတိအက်ေတာ့ ေျပာရခက္တယ္။ ဒါေပမဲ့ တစ္ျဖည္းျဖည္း သြားေနတာကေတာ့ ခိုင္မာတာေပါ့။ အခုဆိုရင္ တိုက္ပဲြ ရပ္ထားတာလည္း ႏွစ္လေလာက္ ရွိၿပီး ၿပီးေတာ့ အပစ္ရပ္ လက္မွတ္ထိုးမယ္။ ေနာက္ၿပီးေတာ့ တပ္စခန္းေနရာခ်မႈေတြ... ဥပမာ ရခိုင့္တပ္ေတာ္ကေတာ့ ဘယ္ေနရာေတြမွာ ေနဆိုတာမ်ိဳး အဲဒီလိုအဆင့္ေတြ အထိေရာက္မွပဲ တကယ့္ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ ထင္တာေပါ့။”

AA အဖဲြ႔ အပါအ၀င္ တပ္မေတာ္နဲ႔ စစ္ေရးတင္းမာေနတဲ့ တုိင္းရင္းသားလက္နက္ကုိင္ ေျမာက္ပုိင္းမဟာမိတ္ ၃ ဖဲြ႔ကလည္း တဘက္သတ္ အပစ္အခတ္ရပ္စဲေရး ေၾကညာခ်က္ကုိ ဒီလကုန္အထိ ထပ္မံသက္တမ္းတုိးထားပါတယ္။ အေစာပုိင္းမွာ ႏွစ္ ဘက္ အျပန္အလွန္ တဘက္သတ္ အပစ္အခတ္ရပ္စဲေရး ေၾကညာထားတဲ့ အခ်ိန္မွာပဲ မၾကာခဏဆုိသလုိ တုိက္ခုိက္မႈေတြလည္း ျဖစ္ပြားခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အပစ်ရပ်သက်တမ်းတိုးတဲ့ထဲ ရခိုင်ပါတဲ့အပေါ် မေ ျှာ်လင့်ချက်တွေတိုးလာ

တပ်မတော်က တဘက်သတ် အပစ်အခတ်ရပ်စဲရေး နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်တဲ့အထဲမှာ ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်လည်း ပါဝင်လာတာကြောင့် ရခိုင်နိုင်ငံရေး အသိုင်းအဝန်းနဲ့ အကဲခတ်တွေကြား ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ တိုးလာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့နဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တနိုင်ငံလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ဒီလကုန်အထိ ရပ်ဆိုင်းထားမယ့်အကြောင်း တပ်မတော်က ကြေညာထားပါတယ်။ အခုနောက်ဆုံးအကြိမ် သက်တမ်းတိုးဖို့ ကြေညာလိုက်တဲ့အထဲမှာတော့ အရင်ကလို အကြမ်းဖက်အဖွဲ့အစည်းတွေ လှုပ်ရှားရာ နယ်မြေတွေက လွဲလို့ ဆိုတဲ့ သတ်မှတ်ချက် ပါဝင်လာတာ မတွေ့ရတော့တာကြောင့် တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ လျော့ပါးလာမယ့် လက္ခဏာတခုအဖြစ် ရခိုင်ပြည်နယ်က လူထုအခြေပြု အဖွဲ့တခုဖြစ်တဲ့ ဝံလက်ဖောင်းဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက မြင်ပါတယ်။

“အဓိကတော့ အသုံးအနှုန်း သုံးတာကအစ တိုးတက်မှု ရှိတယ်လို့ ပြောလို့ရတာပေါ့နော်။ အခါတိုင်း ဆိုရင် အကြမ်းဖက်အဖွဲ့ ရှိတဲ့ ဒေသမှအပတို့ သုံးနှုန်းထားတာကလည်း ရခိုင်ဒေသကို ရည်ညွန်းသလိုဖြစ်နေတယ်။ အခုကျတော့ အဲဒီလို သုံးနှုန်းတာမရှိဘူး။ မြန်မာပြည်အဝန်းလို့ ပြောတဲ့အတွက် ဒါဟာ ကောင်းတဲ့ အကောင်း လက္ခဏာဆောင်တဲ့ လက္ခဏာတစ်ခုပဲလို့ ကျနော်မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်နှောင်းပိုင်းကစ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် AA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ လုံခြုံရေး စိတ်မချရတာကြောင့် မကျင်းပဖြစ်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ဆိုပြီး နှစ် ဘက်စလုံးက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းခဲ့ကြသလို ဆွေးနွေးမှုတချို့လည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ရည်ရွယ်ထားတဲ့အတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ဒီထက်ပိုပြီး ခိုင်မာတဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုတယ်လို့ ANP ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက သုံးသပ်ပါတယ်။

“လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေက နှစ်ဘက် နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေဖြစ်တယ်။ အဲဒီကနေတဆင့် တရားဝင် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအထိ ငြိမ်းချမ်းရေးကို ပိုပြီးတော့ တည်ဆောက်ဖို့ လိုမယ်လို့ထင်တယ်။ ငြိမ်းချမ်းရေးကို တည်ဆောင်နိုင်မှလည်း ဒုက္ခရောက်နေကြတဲ့ စစ်ရှောင်ပြည်သူတွေ ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ပုံမှန်လုပ်ကိုင်နိုင်ကြမယ်။ နေရပ်ပြန်နိုင်မယ့် အခင်းအကျင်းတွေကို ပိုပြီးတော့ လုပ်ဆောင်လာနိုင်လိမ့်မယ်။ အဲဒီလိုတွေ လုပ်ပေးနိုင်တဲ့ အခြေအနေရောက်မှာလည်း ရခိုင်ပြည်နယ်ရဲ့ ပြည်သူတွေကလည်း ရခိုင်ပြည်နယ်ရဲ့ အရေးအရာတွေကို ပိုပြီးတော့ လုပ်ပေးနိုင်လိမ့်မယ်ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ရပ်စဲထားတာ နှစ် လလောက်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ကြား အွန်လိုင်းကရော၊ လူကိုယ်တိုင်ပါ တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ AA အဖွဲ့အပါအဝင် အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးမထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နဲ့လည်း အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေကြတာပါ။

ဝံလက်ဖောင်းဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကတော့ AA အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တိုးတက်တဲ့ လက္ခဏာတွေ တွေ့ရပေမဲ့ ငြိမ်းချမ်းရေးရဖို့ကတော့ ကြိုးပမ်းရမယ့်ကိစ္စတွေ ရှိနေသေးတယ်လို့ပြောပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ အရင်ကဆိုရင် AA ကို အသိအမှတ်မပြုတာပေါ့လေ။ နောက်ပြီးတော့ တပ်မတော်အနေနဲ့ ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ တိုက်ပွဲလုပ် တာတွေ တွေ့ရတယ်။ အခုဒီ ငြိမ်းချမ်းရေးစကားပြောပြီး နောက်ပိုင်းမှာတော့ အပြုသဘောဆောင်တဲ့ အသုံးအနှုန်းတွေ တွေ့ရတာပေါ့နော်။ ဒါပေမဲ့ ဒါက အတိအကျတော့ ပြောရခက်တယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်း သွားနေတာကတော့ ခိုင်မာတာပေါ့။ အခုဆိုရင် တိုက်ပွဲ ရပ်ထားတာလည်း နှစ်လလောက် ရှိပြီး ပြီးတော့ အပစ်ရပ် လက်မှတ်ထိုးမယ်။ နောက်ပြီးတော့ တပ်စခန်းနေရာချမှုတွေ... ဥပမာ ရခိုင့်တပ်တော်ကတော့ ဘယ်နေရာတွေမှာ နေဆိုတာမျိုး အဲဒီလိုအဆင့်တွေ အထိရောက်မှပဲ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မယ်လို့ ထင်တာပေါ့။”

AA အဖွဲ့ အပါအဝင် တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကလည်း တဘက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဒီလကုန်အထိ ထပ်မံသက်တမ်းတိုးထားပါတယ်။ အစောပိုင်းမှာ နှစ် ဘက် အပြန်အလှန် တဘက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ အချိန်မှာပဲ မကြာခဏဆိုသလို တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG