သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ေတာင္းဆိုဆႏၵျပ


ရခိုင္ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ေတာင္းဆိုဆႏၵျပတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနၾကရတဲ့ ဒုကၡသည္ ၃၀ ေလာက္ဟာ ေနရပ္ျပန္ႏုိင္ေရး ဒီကေန႔ပဲ ေတာင္းဆုိဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပသူေတြဟာ ရခုိင္ျပည္နယ္မွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အဆုံးသတ္ေရးနဲ႔ ေက်းရြာေတြအနီး စစ္တပ္က စခန္းခ်ေနထုိင္ေနတာေတြကုိ ႐ုပ္သိမ္းေပးေရး စတာေတြကုိလည္း ေတာင္းဆုိခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ႏွစ္ဆန္းပုိင္းက တုိက္ပဲြေတြ အျပင္းအထန္ျဖစ္ရာက ေက်ာက္ေတာ္ၿမိဳ႕နဲ႔ ၁၀ မိုင္ေလာက္ အကြာမွာရွိတဲ့ မာလာေက်းရြာကေန ထြက္ေျပးတိမ္းေရွာင္လာၾကသူေတြ အမ်ားစု အပါအ၀င္ ဒုကၡသည္ ၆၀၀ ေက်ာ္ေလာက္ဟာ စခန္းတြင္း စား၀တ္ေနေရး၊ က်န္းမာေရးနဲ႔ ပညာေရး အခက္အခဲႀကံဳေနရၿပီး အကူအညီေတြ မလုံေလာက္တာေၾကာင့္ ေနရပ္ျပန္ႏုိင္ေအာင္ စီစဥ္ေပးဖုိ႔ ေတာင္းဆုိခဲ့ရတာလုိ႔လည္း ဆႏၵျပသူေတြက ေျပာပါတယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔က ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ မက်င္းပျဖစ္ခဲ့တဲ့ ေဒသေတြမွာ ျပန္လည္က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးေပးဖုိ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔ရဲ႕ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က လက္ခံခဲ့ၿပီးေနာက္ တုိက္ခုိက္မႈေတြ ရပ္ဆုိင္းေနတာ ၂ လေလာက္ ရွိေနေပမဲ့ တုိက္ပဲြေတြအတြင္း အသုံးျပဳခဲ့တဲ့ မုိင္းေတြနဲ႔ မေပါက္ကဲြေသးတဲ့ လက္နက္က်ည္ေတြရဲ႕ အႏၱရာယ္ အပါအ၀င္ လုံၿခံဳေရးစုိးရိမ္မႈေၾကာင့္ ဒုကၡသည္ အမ်ားအျပားကေတာ့ ေနရပ္မျပန္ရဲေသးဘဲ ျဖစ္ေနပါတယ္။

[Unicode Version]

ရခိုင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုဆန္ဒပြ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် ၃၀ လောက်ဟာ နေရပ်ပြန်နိုင်ရေး ဒီကနေ့ပဲ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးနဲ့ ကျေးရွာတွေအနီး စစ်တပ်က စခန်းချနေထိုင်နေတာတွေကို ရုပ်သိမ်းပေးရေး စတာတွေကိုလည်း တောင်းဆိုခဲ့ကြတာပါ။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ရာက ကျောက်တော်မြို့နဲ့ ၁၀ မိုင်လောက် အကွာမှာရှိတဲ့ မာလာကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ အများစု အပါအဝင် ဒုက္ခသည် ၆၀၀ ကျော်လောက်ဟာ စခန်းတွင်း စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေး အခက်အခဲကြုံနေရပြီး အကူအညီတွေ မလုံလောက်တာကြောင့် နေရပ်ပြန်နိုင်အောင် စီစဉ်ပေးဖို့ တောင်းဆိုခဲ့ရတာလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတာ ၂ လလောက် ရှိနေပေမဲ့ တိုက်ပွဲတွေအတွင်း အသုံးပြုခဲ့တဲ့ မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တွေရဲ့ အန္တရာယ် အပါအဝင် လုံခြုံရေးစိုးရိမ်မှုကြောင့် ဒုက္ခသည် အများအပြားကတော့ နေရပ်မပြန်ရဲသေးဘဲ ဖြစ်နေပါတယ်။

XS
SM
MD
LG