သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA ကို အၾကမ္းဖက္အဖဲြ႔အစည္းမွ ပယ္ဖ်က္ေပးဖို႔ ရခိုင္လႊတ္ေတာ္ဆံုးျဖတ္


AA တပ္ဖဲြ႔ဝင္တဦး။ (မွတ္တမ္း ဓာတ္ပံု - arakanarmy website)

[Zawgyi/Unicode]

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားတာကုိ အစုိးရက ရုပ္သိမ္းေပးေရး အဆိုကို ရခိုင္ျပည္နယ္ လႊတ္ေတာ္မွာ ဒီကေန႔ တင္သြင္းရာမွာ တခဲနက္ ေထာက္ခံခဲ့ၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

AA အဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္ထားတာကုိ ပယ္ဖ်က္ေပးဖို႔ ရခိုင္ျပည္နယ္အစိုးကတဆင့္ ျပည္ေထာင္စုအစိုးကို တိုက္တြန္းတဲ့အဆိုကို ဒီကေန႔ က်င္းပတဲ့ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ တင္သြင္းရာမွာ ကန္႔ကြက္သူ မရွိခဲ့ဘူးလို႔ ေက်ာက္ေတာ္ျမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေမာင္သန္းစိန္က ေျပာပါတယ္။

“ဦးထြန္းသာစိန္က အဆိုတင္လိုက္တဲ့အခါ လႊတ္ေတာ္မွာ တပ္မေတာ္သားကိုယ္စားလွယ္ေရာ၊ NLD ကိုယ္စားလွယ္ေတြေရာ တေယာက္မွ ကန္႔ကြက္တဲ့သူေတြ မရွိပါဘူး။”

အဆိုကို ကန္႔ကြက္သူမရွိလို႔ လာမယ့္ လႊတ္ေတာ္အစည္းအေ၀းမွာ ေဆြးေႏြးသြားမွာျဖစ္ျပီး ေဆြးေႏြးလိုတဲ့ပုဂၢိဳလ္ေတြ ဇန္နဝါရီ ၁၃ ရက္ေန႔မွာ ေနာက္ဆုံးထား စာရင္းေပးသြင္းရမွာ ျဖစ္ပါတယ္။

ျမန္မာတပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ၾကား ၿပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းကစ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေနတာေၾကာင့္ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ တုိးတက္မႈရေအာင္ အၾကမ္းဖက္အဖြဲ႕အျဖစ္ကေန ရုပ္သိမ္းေပးေရးအဆိုကို တင္သြင္းရတာျဖစ္ေၾကာင္း အဆိုတင္သြင္းသူ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးထြန္းသာစိန္က ဗီြအိုေအကိုေျပာပါတယ္။

“အဆိုတင္ရတာကေတာ့ဗ်ာ။ လက္ေတြ႔ေျမျပင္အေျခအေနမွာ တပ္မေတာ္နဲ႔ ULA/AA က အပစ္အခတ္လည္း မရွိေတာ့ဘူး တိုက္ပြဲလည္း မရွိေတာ့ဘူး။ ဒါေတြဟာ အမွန္တကယ္မွာ ယာယီအပစ္ခတ္ရပ္စဲထားတဲ့ ျဖစ္ပ်က္ေနတဲ့ ၿငိမ္းခ်မ္းေရး အလားအလာပဲ ျဖစ္တယ္။ ၂ လတာ ကာလထဲမွာ တပ္မေတာ္နဲ႔ ရခိုင္တပ္ေတာ္ AA ကလည္းပဲ ႏွစ္ၾကိမ္။ On Line မွာ တၾကိမ္ေပါ့ေနာ္၊ ပန္ဆန္းမွာ တၾကိမ္ေတြ႔ဆုံမႈေတြ ရွိတယ္။ ေတြ႕ဆုံမႈေတြအရလည္းပဲ ဒီပစ္ခတ္သံေတြတိတ္သြားတယ္။ ဆိုေတာ့ ဒီေနရာမွာ တဘက္နဲ႔ တဘက္ ေတြ႕ဖို႔၊ ဆုံဖို႔ စကားေျပာဖို႔အတြက္ အဟန္႔အတားျဖစ္ေနတာကေတာ့ အၾကမ္းဖက္ဆိုတဲ့ ပုဒ္မ၊ အၾကမ္းဖက္ဆိုတဲ့ မတရားအသင္းဆိုတဲ့ ကိစၥေတြပါပဲ။ တကယ္တမ္း ထာ၀ရျငိမ္းခ်မ္းေရးကိုလိုလားရင္ ထာ၀ရျငိမ္းခ်မ္းေရးကို တည္ေဆာက္မယ္ဆိုလို႔ရွိရင္ အၾကမ္းဖက္လို႔ ထုတ္ျပန္ထားတဲ့ အဖြဲ႕အစည္းကိုယ္တိုင္က မိမိရဲ႕ ထုတ္ျပန္ခ်က္ကို ျပန္လည္ရုပ္သိမ္းဖို႔လိုတဲ့အတြက္ အဲဒီအဆိုကို တင္ရတာျဖစ္ပါတယ္။”

ျပီးခဲ့တဲ့၂၀၂၀ ခုႏွစ္ မတ္လ ၂၃ ရက္ေန႔က ျမန္မာအစိုးရကေန AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕ကို မတရားအသင္းနဲ႔ အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကျငာထားတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္စစ္ေရးပဋိပကၡကာလအတြင္း ေဒသခံေတြအေနနဲ႔ AA အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုျပီး အၾကမ္းဖက္ဥပေဒနဲ႔ ဖမ္းဆီးထိန္းသိမ္း တရားစြဲဆိုခံေနရတာေတြ မ်ားျပားေနတာပါ။ ဒီအေျခအေနကို ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုးအတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက အခုလိုေျပာပါတယ္။

“အၾကမ္းဖက္ဥပေဒ ၅၀ ကၾကီး၊ ဂငယ္၊ ဃၾကီးတို႔နဲ႔ေပါ့။ ဒီဟာေတြနဲ႔ စြဲဆိုတင္ထားတဲ့သူေတြဘယ္ေလာက္ ရွိျပီး ဘယ္ေလာက္ျပန္လႊတ္လာတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔ လက္လွန္းမီသေလာက္က ၂၄၀ ေက်ာ္ေက်ာ္ေလာက္ ရွိမယ္ ထင္ပါတယ္ဗ်။”

စစ္ေရး ပဋိပကၡကာလအတြင္း AA အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုျပီး ေဒသခံေတြ အဖမ္းဆီးခံရတာ တရားစြဲဆိုခံရတာ မ်ားျပားျပီး သက္ေသမခိုင္လုံလို႔ ျပန္လႊတ္ေပးတာေတြလည္း ရွိေနတယ္လို႔ ကိုေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ ရုပ္သိမ္းေပးေရးကိစၥနဲ႔ ပတ္သက္ျပီး တပ္မေတာ္ဘက္ကေတာ့ ျငိမ္းခ်မ္းေရးလုပ္ေဆာင္ခ်က္အေပၚ မူတည္ျပီး ပယ္ဖ်က္သြားတဲ့ သာဓကရွိခဲ့တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တပ္မေတာ္ သတင္းစာရွင္းလင္းပြဲမွာေျပာဆိုခဲ့ပါတယ္။

ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က လက္ခံခဲ့ၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္မွာ တုိက္ပဲြေတြ ရပ္ဆုိင္းေနတာ ၂ လေလာက္ရွိေနျပီျဖစ္ပါတယ္။

စစ္ပြဲကာလအတြင္း ေနရပ္ကေန တိမ္းေရွာင္လာၾကတဲ့ စစ္ေရွာင္ေတြအနက္က ၈၀,၀၀၀ ေလာက္ေနရပ္ျပန္ေနၾကျပီး ၁၀၀,၀၀၀ ေလာက္ လုံျခံဳေရးအေျခအေနအရ ေနရပ္မျပန္နိုင္ေသးဘူးလို႔လည္း ျပီးခဲ့တဲ့ေသာၾကာေန႔က ေနျပည္ေတာ္ သတင္းစာရွင္းလင္းပဲြမွာ သမၼတ႐ံုး ေျပာခြင့္ရဦးေဇာ္ေဌးက ေျပာဆိုခဲ့့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပေးဖို့ ရခိုင်လွှတ်တော်ဆုံးဖြတ်

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာကို အစိုးရက ရုပ်သိမ်းပေးရေး အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ တင်သွင်းရာမှာ တခဲနက် ထောက်ခံခဲ့ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ်အစိုးကတဆင့် ပြည်ထောင်စုအစိုးကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းရာမှာ ကန့်ကွက်သူ မရှိခဲ့ဘူးလို့ ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မောင်သန်းစိန်က ပြောပါတယ်။

“ဦးထွန်းသာစိန်က အဆိုတင်လိုက်တဲ့အခါ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်ရော၊ NLD ကိုယ်စားလှယ်တွေရော တယောက်မှ ကန့်ကွက်တဲ့သူတွေ မရှိပါဘူး။”

အဆိုကို ကန့်ကွက်သူမရှိလို့ လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပြီး ဆွေးနွေးလိုတဲ့ပုဂ္ဂိုလ်တွေ ဇန်နဝါရီ ၁၃ ရက်နေ့မှာ နောက်ဆုံးထား စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

မြန်မာတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုရအောင် အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းပေးရေးအဆိုကို တင်သွင်းရတာဖြစ်ကြောင်း အဆိုတင်သွင်းသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ဗွီအိုအေကိုပြောပါတယ်။

“အဆိုတင်ရတာကတော့ဗျာ။ လက်တွေ့မြေပြင်အခြေအနေမှာ တပ်မတော်နဲ့ ULA/AA က အပစ်အခတ်လည်း မရှိတော့ဘူး တိုက်ပွဲလည်း မရှိတော့ဘူး။ ဒါတွေဟာ အမှန်တကယ်မှာ ယာယီအပစ်ခတ်ရပ်စဲထားတဲ့ ဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေး အလားအလာပဲ ဖြစ်တယ်။ ၂ လတာ ကာလထဲမှာ တပ်မတော်နဲ့ ရခိုင်တပ်တော် AA ကလည်းပဲ နှစ်ကြိမ်။ On Line မှာ တကြိမ်ပေါ့နော်၊ ပန်ဆန်းမှာ တကြိမ်တွေ့ဆုံမှုတွေ ရှိတယ်။ တွေ့ဆုံမှုတွေအရလည်းပဲ ဒီပစ်ခတ်သံတွေတိတ်သွားတယ်။ ဆိုတော့ ဒီနေရာမှာ တဘက်နဲ့ တဘက် တွေ့ဖို့ဆုံဖို့ စကားပြောဖို့အတွက် အဟန့်အတားဖြစ်နေတာကတော့ အကြမ်းဖက်ဆိုတဲ့ ပုဒ်မ အကြမ်းဖက်ဆိုတဲ့ မတရားအသင်းဆိုတဲ့ ကိစ္စတွေပါပဲ။ တကယ်တမ်း ထာဝရငြိမ်းချမ်းရေးကိုလိုလားရင် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုလို့ရှိရင် အကြမ်းဖက်လို့ ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်းကိုယ်တိုင်က မိမိရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းဖို့လိုတဲ့အတွက် အဲဒီအဆိုကို တင်ရတာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က မြန်မာအစိုးရကနေ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်စစ်ရေးပဋိပက္ခကာလအတွင်း ဒေသခံတွေအနေနဲ့ AAအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံနေရတာတွေ များပြားနေတာပါ။ ဒီအခြေအနေကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုပြောပါတယ်။

“အကြမ်းဖက်ဥပဒေ ၅၀ ကကြီး၊ ဂငယ်၊ ဃကြီးတို့နဲ့ပေါ့။ ဒီဟာတွေနဲ့ စွဲဆိုတင်ထားတဲ့သူတွေဘယ်လောက် ရှိပြီး ဘယ်လောက်ပြန်လွှတ်လာတယ်ဆိုတာကိုတော့ ကျနော်တို့ လက်လှန်းမီသလောက်က ၂၄၀ ကျော်ကျော်လောက် ရှိမယ် ထင်ပါတယ်ဗျ။”

စစ်ရေး ပဋိပက္ခကာလအတွင်း AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံတွေ အဖမ်းဆီးခံရတာ တရားစွဲဆိုခံရတာ များပြားပြီး သက်သေမခိုင်လုံလို့ ပြန်လွှတ်ပေးတာတွေလည်း ရှိနေတယ်လို့ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ရုပ်သိမ်းပေးရေးကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်အပေါ် မူတည်ပြီး ပယ်ဖျက်သွားတဲ့ သာဓကရှိခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော် သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ ၂ လလောက်ရှိနေပြီဖြစ်ပါတယ်။

စစ်ပွဲကာလအတွင်း နေရပ်ကနေ တိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေအနက်က ၈၀,၀၀၀ လောက်နေရပ်ပြန်နေကြပြီး ၁၀၀,၀၀၀ လောက် လုံခြုံရေးအခြေအနေအရ နေရပ်မပြန်နိုင်သေးဘူးလို့လည်း ပြီးခဲ့တဲ့သောကြာနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG