သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေဒသခံသတင္းသမားႏွစ္ဦးကို တပ္တရားစဲြ


ရခိုင္ျပည္နယ္က ေဒသခံသတင္းသမား ႏွစ္ ဦး။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္က ေဒသခံသတင္းသမား ႏွစ္ ေယာက္ကုိ မမွန္မကန္ေရးသားေဖာ္ျပမႈ စြပ္စဲြခ်က္နဲ႔ တပ္မေတာ္က တရားစဲြဆုိ လုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ မာလာေက်းရြာက စပါးေတြကို တပ္မေတာ္က ယူသြားတယ္ဆိုၿပီး ေတာ့ သတင္းေရးသား ေဖာ္ျပခဲ့တဲ့အတြက္ စစ္ေတြအေျခစိုက္ DMG သတင္းဌာနက အယ္ဒီတာနဲ႔ သတင္းေထာက္တစ္ဦးကို တပ္မေတာ္က ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။

ကိုယ္တိုင္တရားစြဲဆို ခံထားရတဲ့ DMG (Development Media Group) သတင္းဌာနရဲ႕ ဒုတာဝန္ခံ အယ္ဒီတာ ကိုေနဝင္းစံကေတာ့ ေဒသခံေတြရဲ႕ ေျပာဆုိခ်က္အေပၚ အေျခခံၿပီး ေရးသားခဲ့တာလုိ႔ ေျပာပါတယ္။

“အမႈဖြင့္လိုက္တဲ့ အေၾကာင္းကေတာ့ က်ေနာ္တို႔ဒီ ဇန္နဝါရီလ ၁၀ ရက္ေန႔က ေဖာ္ျပခဲ့တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ မာလာေက်းရြာက စပါးေတြကို တပ္မေတာ္သားတခ်ိဳ႕က ယူေဆာင္ သြားတယ္ဆိုၿပီးေတာ့ ေဒသခံေတြရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သတ္ၿပီး သတင္းေဖာ္ျပခဲ့တယ္ေပါ့ေနာ္။ အဲဒီသတင္းနဲ႔ ပတ္သတ္ၿပီးေတာ့ က်ေနာ္တို႔ကို အမႈဖြင့္တာေပါ့ေနာ္။”

DMG သတင္းဌာနက ဒုတာဝန္ခံအယ္ဒီတာ ကိုေနဝင္းစံနဲ႔ သတင္းေထာက္ မနွင္းႏြယ္တို႔ကို ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) နဲ႔ ဗုိုလ္မွဴးဘုန္းျမင့္ေက်ာ္က တရားလို လုပ္ၿပီးေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၂ရက္ေန႔က စစ္ေတြၿမိဳ႕မ ရဲစခန္းမွာ တရားစြဲဆိုလိုက္တာပါ။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ သတင္းနဲ႔ ပတ္သက္လုိ႔ စုံစမ္းစစ္ေဆးၿပီးေနာက္ မမွန္မကန္ ေဖာ္ျပတာ ေတြ႔ရွိရတဲ့အတြက္ အေရးယူဖုိ႔ စီစဥ္ခဲ့တာလုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ အဲဒီမွာ DMG က ဇန္နဝါရီလ ၁၀ ရက္ေန႔မွာလား မသိဘူး... ေရးထားတာရွိ္တယ္။ ေက်ာက္ေတာ္မွာ ရွိတဲ့ မာလာရခိုင္ရြာက စပါးေတြကို တပ္ကေန သယ္ၿပီးေတာ့ မာလာၿမိဳမွာ ပို႔ေနတယ္ဆိုၿပီးေတာ့ စြပ္စြဲထားတဲ့ဟာ ရွိပါတယ္။ အဲဒါနဲ႔ ပတ္သတ္ၿပီးေတာ့ က်ေနာ္တို႔က ေျမျပင္စံုစမ္းစစ္ေဆးမႈေတြ လုပ္တယ္။ လုပ္တဲ့အခါ ေတြ႔ရွိခ်က္ေတြ က်ေနာ္တို႔ မာလာ ရခိုင္ရြာမွာ ၂၀၂၀ မတ္လ ကတည္းက လူမရွိေတာ့ဘူး။ စပါးလည္း မစိုက္ဘူး။ ဟိုဘက္မွာ သူနဲ႔ကပ္ေနတဲ့ မာလာၿမိဳမွာေတာ့ လူလည္းရွိတယ္။ စပါးလည္းစိုက္တယ္။ ၂၀၂၁ ဇန္နဝါရီလ ၆ ရက္ေန႔ကေတာ့ က်ေနာ္တို႔တပ္က ရိကၡာသယ္တာရွိ္တယ္။ ေျမာက္ေတာင္ေက်းရြာဘက္မွာ ရွိေနတဲ့ က်ေနာ္တို႔ရဲ႕ ယာယီလံုၿခံဳေရးတပ္ကို က်ေနာ္တို႔ ဆန္ပို႔ခဲ့တယ္။ ပို႔တဲ့အခါ က်ေနာ္တို႔ ၿမိဳရြာမွာ ရွိတဲ့ ေထာ္လာဂ်ီကို ငွားၿပီးေတာ့ ပို႔ခဲ့တယ္။ အဲတာကို ရခိုင္ရြာက စပါးေတြကို ယူေနပါၿပီဆိုၿပီးေတာ့ မမွန္မကန္ စြပ္စြဲထားတာရွိတယ္။ ဒါမမွန္ကန္တဲ့အတြက္ က်ေနာ္တို႔က တရားစြဲတာျဖစ္တယ္။”

တရားစြဲခံထားရတဲ့ သတင္းေထာက္မႏွင္းႏြယ္ကေတာ့ သတင္းနဲ႔ ပတ္သက္လုိ႔ ေဒသခံေတြရဲ႕ ေျပာဆုိခ်က္ေတြအေပၚ တုံ႔ျပန္ခ်က္ရဖုိ႔ တပ္မေတာ္နဲ႔ ျပည္နယ္အစုိးရ တာ၀န္ရွိသူေတြကုိ ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ဘူးလုိ႔ ေျပာပါတယ္။

“ေဒသခံေတြ ေျပာတာ ဟုတ္၊ မဟုတ္ဆိုတာကို အတည္ျပဳခ်က္ရဖို႔အတြက္လည္း တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့တယ္။ တပ္မေတာ္ဘက္ကို ဆက္သြယ္လို႔မရေတာ့ ပုိၿပီးေတာ့ ေသခ်ာေအာင္ဆိုၿပီး ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ဘက္ကို ဆက္သြယ္ခဲ့တယ္။ ဒါေပမဲ့ သူတို႔ဆီက ဘာတုံ႔ျပန္ခ်က္မွ မရရွိခဲ့ဘူး။ ဒီျဖစ္စဥ္က ဟုတ္တယ္၊ မဟုတ္ဘူးဆိုတာမ်ိဳးေပါ့။ တုန္႔ျပန္မႉ မရရွိခဲ့တဲ့အေၾကာင္းကိုလည္း က်မတို႔က သတင္းမွာ ေဖာ္ျပခဲ့တယ္။ ဒါေပမဲ့ အခုမွ ဒီသတင္းက မဟုတ္မွန္ဘူးဆိုၿပီး က်မတို႔ကို တရားစြဲတာကေတာ့ မျဖစ္သင့္ဘူးလို႔ထင္တယ္။”

တပ္မေတာ္က တရားစြဲဆိုထားတဲ့ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) အရ ျပစ္မႈက်ဴးလြန္ေၾကာင္းထင္ရွားရင္ေတာ့ ဒဏ္ေငြအျဖစ္ က်ပ္ေငြ ၁၀ သိန္းကေန အျမင့္ဆုံး ေထာင္ဒဏ္ ၂ ႏွစ္အထိ၊ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ခုစလုံး အျပစ္ေပးခံရႏုိင္ပါတယ္။

အခု အမႈမတုိင္ခင္ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေမလ ၁ ရက္ေန႔ကလည္း DMG သတင္းဌာနရဲ႕ အယ္ဒီခ်ဳပ္ကို သတင္းတပ္ဖဲြ႔ SB က တရားလိုလုပ္ၿပီး မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇/၂ နဲ႔ စစ္ေတြၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္လွစ္ထားတာေၾကာင့္ တိမ္းေရွာင္ေနရသလို DMG ရဲ႕ ေမာင္ေတာအေျခစိုက္ သတင္းေထာက္ကိုလည္း လမ္းတံတားဦးစီးဌာနက တရားလိုလုပ္ၿပီး ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ အမႈဖြင့္ခံထားရပါတယ္။

ရခိုင္ေဒသခံသတင္းသမားႏွစ္ဦးကို တပ္တရားစဲြ
please wait

No media source currently available

0:00 0:03:54 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ဒေသခံသတင်းသမားနှစ်ဦးကို တပ်တရားစွဲ

ရခိုင်ပြည်နယ်က ဒေသခံသတင်းသမား နှစ် ယောက်ကို မမှန်မကန်ရေးသားဖော်ပြမှု စွပ်စွဲချက်နဲ့ တပ်မတော်က တရားစွဲဆို လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတွေကို တပ်မတော်က ယူသွားတယ်ဆိုပြီး တော့ သတင်းရေးသား ဖော်ပြခဲ့တဲ့အတွက် စစ်တွေအခြေစိုက် DMG သတင်းဌာနက အယ်ဒီတာနဲ့ သတင်းထောက်တစ်ဦးကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ကိုယ်တိုင်တရားစွဲဆို ခံထားရတဲ့ DMG (Development Media Group) သတင်းဌာနရဲ့ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံကတော့ ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် အခြေခံပြီး ရေးသားခဲ့တာလို့ ပြောပါတယ်။

“အမှုဖွင့်လိုက်တဲ့ အကြောင်းကတော့ ကျနော်တို့ဒီ ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြခဲ့တဲ့ ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတွေကို တပ်မတော်သားတချို့က ယူဆောင် သွားတယ်ဆိုပြီးတော့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး သတင်းဖော်ပြခဲ့တယ်ပေါ့နော်။ အဲဒီသတင်းနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ကို အမှုဖွင့်တာပေါ့နော်။”

DMG သတင်းဌာနက ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဗိုလ်မှူးဘုန်းမြင့်ကျော်က တရားလို လုပ်ပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့က စစ်တွေမြို့မ ရဲစခန်းမှာ တရားစွဲဆိုလိုက်တာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သတင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီးနောက် မမှန်မကန် ဖော်ပြတာ တွေ့ရှိရတဲ့အတွက် အရေးယူဖို့ စီစဉ်ခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ အဲဒီမှာ DMG က ဇန်နဝါရီလ ၁၀ ရက်နေ့မှာလား မသိဘူး... ရေးထားတာရှိတယ်။ ကျောက်တော်မှာ ရှိတဲ့ မာလာရခိုင်ရွာက စပါးတွေကို တပ်ကနေ သယ်ပြီးတော့ မာလာမြိုမှာ ပို့နေတယ်ဆိုပြီးတော့ စွပ်စွဲထားတဲ့ဟာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့က မြေပြင်စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ လုပ်တဲ့အခါ တွေ့ရှိချက်တွေ ကျနော်တို့ မာလာ ရခိုင်ရွာမှာ ၂၀၂၀ မတ်လ ကတည်းက လူမရှိတော့ဘူး။ စပါးလည်း မစိုက်ဘူး။ ဟိုဘက်မှာ သူနဲ့ကပ်နေတဲ့ မာလာမြိုမှာတော့ လူလည်းရှိတယ်။ စပါးလည်းစိုက်တယ်။ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့ကတော့ ကျနော်တို့တပ်က ရိက္ခာသယ်တာရှိတယ်။ မြောက်တောင်ကျေးရွာဘက်မှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ယာယီလုံခြုံရေးတပ်ကို ကျနော်တို့ ဆန်ပို့ခဲ့တယ်။ ပို့တဲ့အခါ ကျနော်တို့ မြိုရွာမှာ ရှိတဲ့ ထော်လာဂျီကို ငှားပြီးတော့ ပို့ခဲ့တယ်။ အဲတာကို ရခိုင်ရွာက စပါးတွေကို ယူနေပါပြီဆိုပြီးတော့ မမှန်မကန် စွပ်စွဲထားတာရှိတယ်။ ဒါမမှန်ကန်တဲ့အတွက် ကျနော်တို့က တရားစွဲတာဖြစ်တယ်။”

တရားစွဲခံထားရတဲ့ သတင်းထောက်မနှင်းနွယ်ကတော့ သတင်းနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပေါ် တုံ့ပြန်ချက်ရဖို့ တပ်မတော်နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ဘူးလို့ ပြောပါတယ်။

“ဒေသခံတွေ ပြောတာ ဟုတ်၊ မဟုတ်ဆိုတာကို အတည်ပြုချက်ရဖို့အတွက်လည်း တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့တယ်။ တပ်မတော်ဘက်ကို ဆက်သွယ်လို့မရတော့ ပိုပြီးတော့ သေချာအောင်ဆိုပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဘက်ကို ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဆီက ဘာတုံ့ပြန်ချက်မှ မရရှိခဲ့ဘူး။ ဒီဖြစ်စဉ်က ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာမျိုးပေါ့။ တုန့်ပြန်မှူ မရရှိခဲ့တဲ့အကြောင်းကိုလည်း ကျမတို့က သတင်းမှာ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ အခုမှ ဒီသတင်းက မဟုတ်မှန်ဘူးဆိုပြီး ကျမတို့ကို တရားစွဲတာကတော့ မဖြစ်သင့်ဘူးလို့ထင်တယ်။”

တပ်မတော်က တရားစွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင်တော့ ဒဏ်ငွေအဖြစ် ကျပ်ငွေ ၁၀ သိန်းကနေ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံး အပြစ်ပေးခံရနိုင်ပါတယ်။

အခု အမှုမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့ကလည်း DMG သတင်းဌာနရဲ့ အယ်ဒီချုပ်ကို သတင်းတပ်ဖွဲ့ SB က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၂ နဲ့ စစ်တွေမြို့မ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတာကြောင့် တိမ်းရှောင်နေရသလို DMG ရဲ့ မောင်တောအခြေစိုက် သတင်းထောက်ကိုလည်း လမ်းတံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG