[Zawgyi/Unicode]
မၾကာေသးခင္ အခ်ိန္အထိ လက္နက္ကုိင္ ပဋိပကၡေတြ ႀကံဳခဲ့ရတဲ့ ရခုိင္ျပည္နယ္မွာ မုိင္းနဲ႔ စစ္ က်န္လက္နက္ ေပါက္ကြဲမႈေတြေၾကာင့္ ကေလးငယ္ေတြအပါအ၀င္ ေဒသခံ အရပ္သားေတြ ထိခိုက္ေသဆုံးမႈေတြအျပင္ ေနာက္ဆက္တဲြ ဘယ္လုိဆုိးက်ဳိးေတြ ႀကံဳေနရသလဲဆုိတာ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။
ရခိုင္ျပည္နယ္မွာ မုိင္းနဲ႔ စစ္က်န္လက္နက္ေတြ ေပါက္ကြဲမႈေတြအပါအ၀င္ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အသက္ဆုံး႐ႈံးတာ၊ ကုိယ္လက္အဂၤါ ဆုံး႐ႈံးတာေတြအျပင္ ေနာက္ဆက္တဲြ လူမႈဘ၀ေတြကုိပါ ထိခုိက္မႈေတြလည္း ရွိေနပါတယ္။
ဒီႏွစ္ထဲမွာပဲ ပထမဆုံးအႀကိမ္ စစ္က်န္လက္နက္ ေပါက္ကဲြမႈေၾကာင့္ မင္းျပားၿမိဳ႕နယ္ စပါးထားေက်းရြာက အသက္ ၄၅ ႏွစ္ အရြယ္ အမ်ဳိးသမီးတဦး ေသဆုံးၿပီး အနီးအနားက ကေလးတခ်ဳိ႕ အပါအ၀င္ လူ ၉ ဦးလည္း ဒဏ္ရာရခဲ့ပါတယ္။
“ျဖစ္တဲ့ေနရာကေတာ့ သားရွိတဲ့ ေနရာနဲ႔ တစ္အိမ္၊ ႏွစ္အိမ္ေလာက္ပဲျခားတယ္။ အေမသြားၿပီး နာရီေလာက္ၾကာေတာ့ အဲဒီဘက္က ေပါက္ကြဲသံၾကားတယ္။ သားအေမပါသြားၿပီလား၊ မသိဘူးဆိုၿပီး သူငယ္ခ်င္းေတြကို ေမးၾကည့္ေတာ့ အဲဒီအိမ္ေအာက္မွာ လူေတြ လဲေနၾကတယ္။ ဆိုၿပီးေတာ့ ေျပာတယ္။ အေလာတႀကီးေျပးသြားၿပီး ၾကည့္ေတာ့ အေလာင္းကို ေတြ႔ရတာေပါ့။”
ေမာင္လွေက်ာ္သန္းရဲ႕ အသက္ ၅၅ ႏွစ္အရြယ္ ဖခင္ျဖစ္သူဟာလည္း ၿပီးခဲ့တဲ့ႏွစ္ ဇြန္လထဲ စပါးထားေက်းရြာအနီး တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ၾကား တုိက္ပဲြေတြအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကဲြရာက ေသဆုံးသူ ၆ ဦးမွာ တဦးအပါအ၀င္ ျဖစ္ခဲ့ပါ တယ္။
“ရြာနားမွာ တိုက္ပြဲ ျပင္းျပင္းထန္ထန္ျဖစ္ေတာ့ အေဖတို႔ ပုန္းေနတဲ့ ေနရာကို လက္နက္ႀကီး က်ည္ဆံက်ေတာ့ ၆ ေယာက္ေသၿပီးေတာ့ က်န္တဲ့သူေတြက ဒဏ္ရာရသြားၾကတယ္။ ေသတဲ့အထဲမွာ အေဖလည္းပါတယ္။ အဲဒါကေတာ့ အေဖ့ရဲ႕ အျဖစ္အပ်က္ေပါ့။”
ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြၾကား အရပ္သား ထိခုိက္ေသဆုံးမႈေတြ သာမက၊ မုိင္းေတြ၊ စစ္က်န္လက္နက္ေတြ အႏၱရာယ္ေတြေၾကာင့္ ႏုိင္ငံတကာ အသုိင္းအ၀န္းၾကား စုိးရိမ္မႈေတြလည္း ထြက္ေပၚခဲ့တာပါ။ ျမန္မာႏုိင္ငံမွာ မုိင္းနဲ႔ စစ္က်န္လက္နက္ ေပါက္ကဲြမႈေတြေၾကာင့္ ကေလးေတြ ေသဆုံး၊ ဒဏ္ရာရမႈေတြ တုိးလာတာဟာ စုိးရိမ္စရာ ေကာင္းတယ္လုိ႔လည္း ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႔ (UNICEF) က စပါးထားေက်းရြာ ေပါက္ကဲြမႈအၿပီးမွာပဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆုိလုိက္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ ဇန္န၀ါရီလကေန စက္တင္ဘာလအထိ ေသဆုံးသူ ကေလး ၁၃ ေယာက္နဲ႔ အျပင္းအထန္ ဒဏ္ရာရသူ ၅၆ ေယာက္ ရွိခဲ့ေၾကာင္းလည္း မွတ္တမ္းတင္ထားပါတယ္။
လက္နက္ကုိင္ ပဋိပကၡေတြၾကား မိသားစု ၿပိဳကဲြတဲ့အျဖစ္နဲ႔ ႀကံဳခဲ့ရတဲ့ ေမာင္လွေက်ာ္သန္း ကေတာ့ မိဘ ၂ ပါးစလုံး မရွိေတာ့တဲ့အတြက္ ၉ တန္းေက်ာင္းသူ ညီမငယ္အတြက္ စိတ္ပူေနပါတယ္။
“စိတ္ပူတာကေတာ့ ညီမေလးအတြက္ ပိုစိတ္ပူတယ္။ အစစအရာရာ အေဖနဲ႔ အေမပဲ လုပ္ေကြ်းခဲ့တာေလ။ ခံစားရတာကေတာ့ ကမၻာႀကီး တစ္ခုလံုး ၿပိဳကြဲသြားသလို ခံစားရတယ္။ အစစအရာရာ အေဖနဲ႔ အေမပဲ လုပ္ေကြ်းခဲ့တာေလ။ အဲဒီလိုလုပ္ေကြ်းခဲ့ေပမဲ့ အေဖ့ေက်းဇူးကိုလည္း မဆပ္လိုက္ရသလို အေမ့ေက်းဇူးေတြကိုလည္း မဆပ္လိုက္ရဘူးေပါ့။ ဝမ္းနည္း မိတာေပါ့။”
ျမန္မာႏို္င္ငံမွာ မုိင္းနဲ႔ စစ္က်န္လက္နက္ ေပါက္ကဲြမႈေၾကာင့္ ေသဆုံး၊ ဒဏ္ရာရသူ ၃ ပုံ ၁ ပုံေက်ာ္ဟာ ကေလးေတြ ျဖစ္ၾကၿပီး တ၀က္ေလာက္ဟာ ရခုိင္ျပည္နယ္မွာ ျဖစ္တယ္လုိ႔ လည္း UNICEF ကေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ဇန္န၀ါရီလကေန စက္တင္ဘာလအတြင္း လက္နက္ကုိင္ ပဋိပကၡ ေတြေၾကာင့္ ေသဆုံးရတဲ့ ကေလး ၄၉ ေယာက္ ရွိခဲ့ၿပီး ကုိယ္လက္အဂၤါ ထိခုိက္ဆုံး႐ႈံးသူ ၁၃၄ ေယာက္အထိ ရွိခဲ့တာေၾကာင့္ အရင္တႏွစ္ကထက္ ပုိမ်ားလာတယ္လုိ႔လည္း ေျပာပါတယ္။
ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ရပ္စဲသြားတာ ၂ လေက်ာ္ၾကာ ရွိေနၿပီျဖစ္ေပမဲ့ ပဋိပကၡ ေတြအ တြင္း အသုံးျပဳခဲ့ၾကတဲ့ မုိင္းနဲ႔ လက္နက္ေတြရဲ႕ အႏၱရာယ္ကေတာ့ စုိးရိမ္စရာအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။
“က်မတို႔က ေတာေတြ၊ ေတာင္ေတြကို သြားရတယ္။ ဟင္းခူးတယ္။ ေတာင္မွာ ထင္းခုတ္ တယ္။ ေန႔တိုင္းေတာေတာင္ေတြကို သြားေနရေတာ့ ကေလးေတြက အျပင္သြားရင္းနဲ႔ ပါလာတာလည္း ျဖစ္ႏိုင္တယ္။ စစ္က်န္လက္နက္ေတြလည္း ရွိႏိုင္တယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ဒီေတာင္ေပၚမွာလည္း စစ္သားေတြ ေနခဲ့တယ္ေလ။ စိုးရိမ္တယ္။ က်မတို႔ကေတာ့ ေတာေတြ၊ ေတာင္ေတြ သြားလို႔ရွိရင္ သံေတြ၊ ဘာေတြ ေတြ႔လို႔ရွိရင္ေတာင္ မယူပါဘူး။ ကေလးေတြကေတာ့ မသိလို႔ ယူၾကတာပဲျဖစ္မွာ။”
မုိင္းနဲ႔ စစ္က်န္လက္နက္ေတြဟာ ကေလးေတြအတြက္ ပုိၿပီး အႏၱရာယ္ရွိသလုိ၊ ေပါက္ကဲြမႈဒဏ္ကုိလည္း ပုိၿပီးခံစားရႏုိင္တယ္လုိ႔လည္း UNICEF က သတိေပးထားပါတယ္။
ဒါေၾကာင့္လည္း လက္နက္ကုိင္ ပဋိပကၡေတြမွာ ပါ၀င္ေနသူေတြ အားလုံးအေနနဲ႔ မုိင္းေထာင္တဲ့ လုပ္ရပ္ေတြကုိ မလုပ္ၾကဖုိ႔ ေျမျမွဳပ္မုိင္းေတြနဲ႔ မေပါက္ကဲြေသးတဲ့ လက္နက္က်ည္ဆံေတြကို ရွင္းလင္းဖုိ႔ လုိအပ္ေနသလုိ၊ မုိင္းနဲ႔ မေပါက္ကဲြေသးတဲ့ စစ္က်န္လက္နက္ေတြရဲ႕ အႏၱရာယ္ေတြကို သတိထားဖုိ႔ အသိပညာေပး လုပ္ငန္းေတြ လုိအပ္ေနတယ္လုိ႔လည္း တိုက္တြန္းထားပါတယ္။
[Unicode Version]
ရခိုင်စစ်ကျန်လက်နက်တွေကြောင့် အရပ်သားထိခိုက်မှု
မကြာသေးခင် အချိန်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ စစ် ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအပြင် နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုးတွေ ကြုံနေရသလဲဆိုတာ ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုတွေအပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေအပြင် နောက်ဆက်တွဲ လူမှုဘဝတွေကိုပါ ထိခိုက်မှုတွေလည်း ရှိနေပါတယ်။
ဒီနှစ်ထဲမှာပဲ ပထမဆုံးအကြိမ် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် မင်းပြားမြို့နယ် စပါးထားကျေးရွာက အသက် ၄၅ နှစ် အရွယ် အမျိုးသမီးတဦး သေဆုံးပြီး အနီးအနားက ကလေးတချို့ အပါအဝင် လူ ၉ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
“ဖြစ်တဲ့နေရာကတော့ သားရှိတဲ့ နေရာနဲ့ တစ်အိမ်၊ နှစ်အိမ်လောက်ပဲခြားတယ်။ အမေသွားပြီး နာရီလောက်ကြာတော့ အဲဒီဘက်က ပေါက်ကွဲသံကြားတယ်။ သားအမေပါသွားပြီလား၊ မသိဘူးဆိုပြီး သူငယ်ချင်းတွေကို မေးကြည့်တော့ အဲဒီအိမ်အောက်မှာ လူတွေ လဲနေကြတယ်။ ဆိုပြီးတော့ ပြောတယ်။ အလောတကြီးပြေးသွားပြီး ကြည့်တော့ အလောင်းကို တွေ့ရတာပေါ့။”
မောင်လှကျော်သန်းရဲ့ အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့နှစ် ဇွန်လထဲ စပါးထားကျေးရွာအနီး တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာက သေဆုံးသူ ၆ ဦးမှာ တဦးအပါအဝင် ဖြစ်ခဲ့ပါ တယ်။
“ရွာနားမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တော့ အဖေတို့ ပုန်းနေတဲ့ နေရာကို လက်နက်ကြီး ကျည်ဆံကျတော့ ၆ ယောက်သေပြီးတော့ ကျန်တဲ့သူတွေက ဒဏ်ရာရသွားကြတယ်။ သေတဲ့အထဲမှာ အဖေလည်းပါတယ်။ အဲဒါကတော့ အဖေ့ရဲ့ အဖြစ်အပျက်ပေါ့။”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံးမှုတွေ သာမက၊ မိုင်းတွေ၊ စစ်ကျန်လက်နက်တွေ အန္တရာယ်တွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးတွေ သေဆုံး၊ ဒဏ်ရာရမှုတွေ တိုးလာတာဟာ စိုးရိမ်စရာ ကောင်းတယ်လို့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စပါးထားကျေးရွာ ပေါက်ကွဲမှုအပြီးမှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ သေဆုံးသူ ကလေး ၁၃ ယောက်နဲ့ အပြင်းအထန် ဒဏ်ရာရသူ ၅၆ ယောက် ရှိခဲ့ကြောင်းလည်း မှတ်တမ်းတင်ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြား မိသားစု ပြိုကွဲတဲ့အဖြစ်နဲ့ ကြုံခဲ့ရတဲ့ မောင်လှကျော်သန်း ကတော့ မိဘ ၂ ပါးစလုံး မရှိတော့တဲ့အတွက် ၉ တန်းကျောင်းသူ ညီမငယ်အတွက် စိတ်ပူနေပါတယ်။
“စိတ်ပူတာကတော့ ညီမလေးအတွက် ပိုစိတ်ပူတယ်။ အစစအရာရာ အဖေနဲ့ အမေပဲ လုပ်ကျွေးခဲ့တာလေ။ခံစားရတာကတော့ ကမ္ဘာကြီး တစ်ခုလုံး ပြိုကွဲသွားသလို ခံစားရတယ်။ အစစအရာရာ အဖေနဲ့ အမေပဲ လုပ်ကျွေးခဲ့တာလေ။ အဲဒီလိုလုပ်ကျွေးခဲ့ပေမဲ့ အဖေ့ကျေးဇူးကိုလည်း မဆပ်လိုက်ရသလို အမေ့ကျေးဇူးတွေကိုလည်း မဆပ်လိုက်ရဘူးပေါ့။ ဝမ်းနည်း မိတာပေါ့။”
မြန်မာနိုင်ငံမှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၃ ပုံ ၁ ပုံကျော်ဟာ ကလေးတွေ ဖြစ်ကြပြီး တဝက်လောက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်တယ်လို့ လည်း UNICEF ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် သေဆုံးရတဲ့ ကလေး ၄၉ ယောက် ရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးသူ ၁၃၄ ယောက်အထိ ရှိခဲ့တာကြောင့် အရင်တနှစ်ကထက် ပိုများလာတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲသွားတာ ၂ လကျော်ကြာ ရှိနေပြီဖြစ်ပေမဲ့ ပဋိပက္ခ တွေအ တွင်း အသုံးပြုခဲ့ကြတဲ့ မိုင်းနဲ့ လက်နက်တွေရဲ့ အန္တရာယ်ကတော့ စိုးရိမ်စရာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
“ကျမတို့က တောတွေ၊ တောင်တွေကို သွားရတယ်။ ဟင်းခူးတယ်။ တောင်မှာ ထင်းခုတ် တယ်။ နေ့တိုင်းတောတောင်တွေကို သွားနေရတော့ ကလေးတွေက အပြင်သွားရင်းနဲ့ ပါလာတာလည်း ဖြစ်နိုင်တယ်။ စစ်ကျန်လက်နက်တွေလည်း ရှိနိုင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီတောင်ပေါ်မှာလည်း စစ်သားတွေ နေခဲ့တယ်လေ။ စိုးရိမ်တယ်။ ကျမတို့ကတော့ တောတွေ၊ တောင်တွေ သွားလို့ရှိရင် သံတွေ၊ ဘာတွေ တွေ့လို့ရှိရင်တောင် မယူပါဘူး။ ကလေးတွေကတော့ မသိလို့ ယူကြတာပဲဖြစ်မှာ။”
မိုင်းနဲ့ စစ်ကျန်လက်နက်တွေဟာ ကလေးတွေအတွက် ပိုပြီး အန္တရာယ်ရှိသလို၊ ပေါက်ကွဲမှုဒဏ်ကိုလည်း ပိုပြီးခံစားရနိုင်တယ်လို့လည်း UNICEF က သတိပေးထားပါတယ်။
ဒါကြောင့်လည်း လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်နေသူတွေ အားလုံးအနေနဲ့ မိုင်းထောင်တဲ့ လုပ်ရပ်တွေကို မလုပ်ကြဖို့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်ဆံတွေကို ရှင်းလင်းဖို့ လိုအပ်နေသလို၊ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်တွေကို သတိထားဖို့ အသိပညာပေး လုပ်ငန်းတွေ လိုအပ်နေတယ်လို့လည်း တိုက်တွန်းထားပါတယ်။