သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

တပ္မေတာ္ရဲ႕ အပစ္ရပ္သက္တမ္းတိုး ေၾကညာခ်က္ ဘာထူးျခားသလဲ 


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ မတ္လ ၆ ရက္ေန႔တုန္းက ေကာင္းခါးရွိ ျမန္မာတပ္ဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

တပ္မေတာ္အေနနဲ႔ ဒီတစ္ေခါက္ အပစ္ရပ္ဆိုင္းမူသက္တမ္းတိုးရာမွာ အရင္လို အၾကမ္းဖက္အဖြဲ႔ေနရာမွအပလုိ႔ ျခြင္းခ်က္မထားေတာ့ဘဲ၊ ႏိုင္ငံတဝွမ္းလံုး အပစ္ရပ္ဆိုင္းမယ္လို႔ မေန႔ကထုတ္ျပန္ခဲ့တာ၊ ထူးျခားအေရးပါတယ္လို႔ NCA အပစ္ရပ္ လက္မွတ္ထိုး အဖြဲ႔ေခါင္းေဆာင္ တစ္ဦးက ဆိုပါတယ္။

မေန႔ကပဲလုပ္ခဲ့တဲ့ ဒီ NCA လက္မွတ္ထိုးတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ (EAO) နဲ႔ အစိုးရအၾကား၊ အလြတ္သေဘာ Online ေဆြးေႏြးရာမွာ ပါဝင္ခဲ့တဲ့၊ ABSDF ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး ဒုဥကၠဌ ကိုမ်ိဳးဝင္းကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုမ်ိဳး၀င္းက ဒီတေခါက္အပစ္ရပ္သက္တမ္းတိုးေၾကညာခ်က္ရဲ႕ ထူးျခားမႈကို -

ကိုမ်ိဳး၀င္း။ ။ ထူးတယ္ဆိုတာေတာ့ ဒီ ႏိုင္ငံတ၀ွမ္းဆိုတာကေတာ့ နည္းနည္းေတာ့ အလားအလာေကာင္းတာေပါ့ေနာ္ ဘာပဲေျပာေျပာ။ အရင္တုန္းကဆိုရင္ ျခြင္းခ်က္အေနနဲ႔ ထုတ္တာကို၊ မတရားအသင္း ေၾကညာခ်က္ထားတာမွအပ ဆိုတဲ့ဟာ မပါဘူးဆိုေတာ့၊ ရခိုင္ေဒသအတြက္ေတာ့ လူထုအတြက္ေတာ့ အေျခအေနေကာင္းေတြေတာ့ ရွိတယ္လို႔ မွတ္ယူလို႔ ရတာေပါ့ေနာ္။ ဒီ လက္နက္ကိုင္ ပဋိပကၡေတြ ေလ်ာ့ခ်လိုက္ႏိုင္တယ္ဆိုရင္ေတာ့ ျပည္သူအတြက္ေတာ့ အေကာင္းဆံုအေျခအေနပါပဲ။ ဒီေဒသအတြက္ေတာ့ ရွိၿပီးသား ရထားတဲ့ အပစ္အခတ္ရပ္စဲေရးေနရာတခုမွာေတာ့ ထည့္သြင္းႏိုင္တယ္ဆိုရင္ေတာ့၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ေတာ့ အေထာက္အကူျဖစ္တာေပါ့ေလ။ အစကတည္းကလည္း တတိုင္းျပည္လံုး ပစ္ခတ္ရပ္စဲေရး ေၾကညာေပးပါဆိုၿပီးေတာ့ တေလ်ာက္လံုးေတာင္းဆိုခဲ့တာေပါ့ေနာ္။ အခုလက္ရွိအေျခအေနမွာ အဲဒါကို ထုတ္ျပန္လာတယ္ဆိုတဲ့အေနအထားအေပၚမွာေတာ့၊ ဒီ တပ္နဲ႔ AA ၾကား ဆက္ဆံမႈေတြက တစံုတရာ နားလည္မႈ ရွိထားႏိုင္တယ္ဆိုတဲ့အေျခအေနေတြျဖစ္တယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ အခုထူးျခားတဲ့ ေၾကညာခ်က္နဲ႔ အတူေပါ့ေနာ္၊ တၿပိဳင္နက္လုပ္ခဲ့တဲ့ အစည္းအေ၀းကေရာ ဆက္စပ္ၿပီးေတာ့ ထူးျခားမႈေတြ ရွိခဲ့ေသးလား။

ကိုမ်ိဳး၀င္း။ ။ အဓိကေတာ့ ေရြးေကာက္ပြဲလည္းၿပီး၊ (ပင္လံု) ညီလာခံၿပီးကတည္းက က်ေနာ္တို႔ ၂ ဖက္က၊ တခါမွ ျပန္ မဆံုျဖစ္တာေလ။ နဂိုက Informal (အလြတ္သေဘာ) ျပန္ေတြ႔ၿပီးေတာ့ ဆက္လုပ္ရမယ့္အလုပ္ေတြ ဘယ္လိုျပန္စမလဲဆိုတာေပါ့၊ တိုင္ပင္ေဆြးေႏြးဖလွယ္ျဖစ္တယ္။ အခုက အဓိကေတာ့ တပ္ဆိုတာထက္ကို၊ အစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔နဲ႔ ညိွတဲ့အေျခအေနရွိတာကို။ AA ဆိုၿပီး တခုတည္း မဟုတ္ပါဘူး၊ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔နဲ႔ KIO အပါအ၀င္ေပါ့။ အဲဒီ ၄ ဖြဲ႔နဲ႔ အစိုးရနဲ႔ ညိွေနတဲ့ အေနအထားကလည္း ဒီ ပဏာမ အပစ္အခတ္ရပ္စဲေရး ေဆာင္ရြက္ႏိုင္ဖို႔အတြက္ကို၊ ညိွေနတဲ့ အေနအထားကေတာ့ တစံုတရာေတာ့ တိုးတက္မႈရွိတယ္ဆုိတဲ့အေျခအေနမ်ိဳးေတာ့ က်ေနာ္တို႔ သိရတယ္ေပါ့ေနာ္။ ဒီကေန႔ မိတ္ဆက္ေပးတဲ့ အေျခအေနဟာ ဆိုရင္ေတာ့။ အဓိက အေရးႀကီးတာကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေထာက္အကူျပဳဖို႔အတြက္ ဘယ္သူပဲလုပ္လုပ္ပါ၊ အစိုးရပဲလုပ္လုပ္၊ တပ္ကပဲလုပ္လုပ္ ဒါက ေကာင္းတဲ့ အလားအာလို႔ ျမင္တာပဲေလ။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာ အခုလက္ရွိမွာေပါ့ေနာ္၊ ဒီတပ္မေတာ္နဲ႔အစိုးရၾကားမွာပဲ၊ မဲစာရင္းဆိုင္ရာ အျငင္းပြား တင္းမာမႈေတြက ျပင္းထန္လာေနေတာ့ အဲဒီအေနအထားကိုေရာ၊ ဒီအစည္းအေ၀းမွာပါတဲ့ အစိုးရေခါင္းေဆာင္ေတြနဲ႔ ေျပာျဖစ္ေသးလား။

ကိုမ်ိဳး၀င္း။ ။ ဒီအစည္းအေ၀းထဲမွာလည္း က်ေနာ္တို႔ အၾကံျပဳပါတယ္။ အဓိကေတာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အပါအ၀င္ေပါ့၊ သူေျဖရွင္းရမယ့္ ျပႆနာေတြ အမ်ားၾကီးရွိတာကို။ အဲဒီ ေျဖရွင္းရမယ့္ ျပႆနာေတြထဲမွာ တပ္မေတာ္နဲ႔ အစိုးရနဲ႔ အခုလိုမ်ိဳး ျဖစ္ေနတာကေတာ့ မျဖစ္သင့္ဘူးေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါေတြက သက္ေရာက္မႈက အားလံုးအေပၚမွာ သက္ေရာက္မႈ ျဖစ္မွာကို။ ဒီ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေပၚမွာလည္း သက္ေရာက္မႈ ျဖစ္မွာကို။ က်ေနာ္တို႔ကေတာ့ အျမန္ဆံုး လူထုမ်က္ႏွာကိုပဲ ၾကည့္ေစခ်င္တာေပါ့ေနာ္။ အဲဒါဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အပၚမွာ သက္ေရာက္မႈရွိလာမွာကိုလည္း မျဖစ္ေစခ်င္ဘူးေလ။ က်ေနာ္တို႔ကေတာ့ ၂ ဖက္စလံုးကို တိုက္တြန္းတယ္ေလ အစည္းအေ၀းမွာ။ အျမန္ဆံုးေတြ႔ဆံုေဆြးေႏြး ေျဖရွင္းဖို႔အတြက္ေပါ့။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ သူတို႔ဘက္ကေရာ ဘယ္လိုအေၾကာင္းျပန္ ခဲ့သလဲ။

ကိုမ်ိဳး၀င္း။ ။ သူတို႔ဘက္ကေတာ့ တင္ျပမယ္ဆိုတာပဲ ရွိမွာေပါ့ေနာ္။ ဒါေတာ့ သက္ဆိုင္ရာက လုပ္ရမွာေပါ့။ က်ေနာ္တို႔ဘက္ကေတာ့ က်ေနာ္တို႔ ျဖစ္ခ်င္တဲ့ သေဘာထားေတြကို အၾကံျပဳတိုက္တြန္းတာေပါ့ေနာ၊္ ယေန႔ကာလ ႏိုင္ငံေရးအေျခအေနေအာက္မွာ။

ကိုဝင္းမင္း။ ။ ကိုမ်ိဳး၀င္း ကိုယ္တိုင္ေရာ အခုအေျခအေနကို၊ အရင္ ၁၉၈၈ အေရးအခင္းကို ျဖတ္သန္းခဲ့ရတဲ့ ေက်ာင္းသားေခါင္းေဆာင္တေယာက္အေနနဲ႔ ဘယ္လိုမ်ိဳး စိုးရိမ္မႈရွိသလဲ။

ကိုမ်ိဳး၀င္း။ ။ အေျခအေနေတြကေတာ့ အေလးထားၿပီးေတာ့ ေစာင့္ၾကည့္ေနရတဲ့ အေျခအေနျဖစ္ေနတာကို။ ဒီ စစ္တပ္အာဏာသိမ္းမႈေအာက္မွာ ဒီတိုင္းျပည္မွာ ျဖတ္ခဲ့ရတဲ့ ခရီးေတြက အားလံုး က်ေနာ္တို႔ကိုယ္တိုင္လည္း က်ေနာ္တို႔ မ်ိဳးဆက္မွာ ျဖစ္ခဲ့ရတဲ့အေျခအေနေတြက၊ တိုင္းျပည္အတြက္ေတာ့ ေကာင္းက်ိဳးတခုမွ မရွိပါဘူး။ ျပည္သူလူထုအတြက္ေရာ ေရရွည္အတြက္ေရာေပါ့ေနာ္။ ဒါက အစစအရာရာ ဒီအေျခအေနေရာက္ခဲ့ရတာ၊ အားလံုးသင္ခန္းစာယူဖို႔ေကာင္းၿပီေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ဒီအေျခအေနမ်ိဳး မေရာက္ဖို႔အတြက္ေတာ့ အားလံုး၀ိုင္းၿပီးေတာ့ ေတာင္းဆိုေနၾကတာေပါ့ေလ။ ကာယကံရွင္ေတြအေပၚမွာ မူတည္တာေပါ့။ အဓိက အေရးႀကီးတာကေတာ့ အတၱ၊ မာနေတြ ေလ်ာ့ခ်ဖို႔အတြက္ေပါ့ဗ်ာ၊ ျပည္သူလူထုကိုမ်က္ႏွာမူၿပီးေတာ့ ေဆြးေႏြးေျဖရွင္းႏုိင္ဖို႔ပဲ အေရးႀကီးတာေပါ့။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဒီအေပၚမွာ တိုးတက္မႈ အေနအထားေရာ ေတြ႔ခဲ့ ၊ ၾကားခဲ့ရေသးလား။

ကိုမ်ိဳး၀င္း။ ။ ၂ ဖက္ေတြ႔ဖို႔အတြက္ေတာ့ ႀကိဳးပမ္းမႈေတြရွိေနတယ္ဆိုတာ သတင္းေကာင္းေတာ့ ၾကားတာေပါ့။ ရလဒ္ကေတာ့ မသိေသးဘူးေပါ့ေနာ္။ အဓိကေတာ့ စကားေျပာေနတာကေတာ့ ရွိေနၿပီေပါ့ေနာ္ ၂ ဖက္။ ဒါေပမယ့္ ဘယ္ေလာက္အထိ ရွိတယ္ မရွိဘူး ဆိုတာကေတာ့ က်ေနာ္တို႔က အေသးစိတ္မသိဘူးေပါ့ေနာ္ အခုလက္ရွိအေျခအေနမွာေတာ့။ ဘယ္လိုပဲ ေတြ႔ေတြ႔ ၂ ဖက္ေအာင္ျမင္ တိုးတက္ပါေစလို႔႔ပဲ၊ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျဖရွင္းႏိုင္ပါေစလို႔ပဲ က်ေနာ္ဆုေတာင္းတာေပါ့ေနာ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ေနာက္တေခါက္ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြနဲ႔ အစိုးရၾကား ေဆြးေႏြးပြဲေတြ ျဖစ္လာဖို႔။

ကိုမ်ိဳး၀င္း။ ။ ပံုမွန္ အနည္းဆံုး ၁ လ ၁ ၾကိမ္ေတာ့ က်ေနာ္တို႔အခု EAO က တာ၀န္ေပးထားတဲ့ ကိုယ္စားလွယ္အဖြဲ႔နဲ႔ အစိုးရ ကိုယ္စားလွယ္အဖြဲ႔နဲ႔ေတာ့ အလြတ္သေဘာေတြေတာ့ ပံုမွန္ေတြ႔ဖို႔အတြက္ေတာ့ အဲေလာက္ပဲ သေဘာထားရႏိုင္တယ္။ ၂ ဖက္အဆင္ေျပမယ့္ ရက္ေတာ့ ျပန္ညိႈရမွာေပါ့။

ABSDF ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး ဒုဥကၠဌ ကိုမ်ိဳးဝင္းကို ကိုဝင္းမင္းက ေမးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


................

တပ်မတော်ရဲ့ အပစ်ရပ်သက်တမ်းတိုး ကြေညာချက် ဘာထူးခြားသလဲ

(Unicode)

တပ်မတော်အနေနဲ့ ဒီတစ်ခေါက် အပစ်ရပ်ဆိုင်းမူသက်တမ်းတိုးရာမှာ အရင်လို အကြမ်းဖက်အဖွဲနေရာမှအပလို့ ခြွင်းချက်မထားတော့ဘဲ၊ နိုင်ငံတဝှမ်းလုံး အပစ်ရပ်ဆိုင်းမယ်လို့ မနေ့ကထုတ်ပြန်ခဲ့တာ၊ ထူးခြားအရေးပါတယ်လို့ NCA အပစ်ရပ် လက်မှတ်ထိုး အဖွဲ့ခေါင်းဆောင် တစ်ဦးက ဆိုပါတယ်။

မနေ့ကပဲလုပ်ခဲ့တဲ့ ဒီ NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) နဲ့ အစိုးရအကြား၊ အလွတ်သဘော Online ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဒုဥက္ကဌ ကိုမျိုးဝင်းကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုမျိုးဝင်းက ဒီတခေါက်အပစ်ရပ်သက်တမ်းတိုးကြေညာချက်ရဲ့ ထူးခြားမှုကို -

ကိုမျိုးဝင်း။ ။ ထူးတယ်ဆိုတာတော့ ဒီ နိုင်ငံတဝှမ်းဆိုတာကတော့ နည်းနည်းတော့ အလားအလာကောင်းတာပေါ့နော် ဘာပဲပြောပြော။ အရင်တုန်းကဆိုရင် ခြွင်းချက်အနေနဲ့ ထုတ်တာကို၊ မတရားအသင်း ကြေညာချက်ထားတာမှအပ ဆိုတဲ့ဟာ မပါဘူးဆိုတော့၊ ရခိုင်ဒေသအတွက်တော့ လူထုအတွက်တော့ အခြေအနေကောင်းတွေတော့ ရှိတယ်လို့ မှတ်ယူလို့ ရတာပေါ့နော်။ ဒီ လက်နက်ကိုင် ပဋိပက္ခတွေ လျော့ချလိုက်နိုင်တယ်ဆိုရင်တော့ ပြည်သူအတွက်တော့ အကောင်းဆုံအခြေအနေပါပဲ။ ဒီဒေသအတွက်တော့ ရှိပြီးသား ရထားတဲ့ အပစ်အခတ်ရပ်စဲရေးနေရာတခုမှာတော့ ထည့်သွင်းနိုင်တယ်ဆိုရင်တော့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်တော့ အထောက်အကူဖြစ်တာပေါ့လေ။ အစကတည်းကလည်း တတိုင်းပြည်လုံး ပစ်ခတ်ရပ်စဲရေး ကြေညာပေးပါဆိုပြီးတော့ တလျောက်လုံးတောင်းဆိုခဲ့တာပေါ့နော်။ အခုလက်ရှိအခြေအနေမှာ အဲဒါကို ထုတ်ပြန်လာတယ်ဆိုတဲ့အနေအထားအပေါ်မှာတော့၊ ဒီ တပ်နဲ့ AA ကြား ဆက်ဆံမှုတွေက တစုံတရာ နားလည်မှု ရှိထားနိုင်တယ်ဆိုတဲ့အခြေအနေတွေဖြစ်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အခုထူးခြားတဲ့ ကြေညာချက်နဲ့ အတူပေါ့နော်၊ တပြိုင်နက်လုပ်ခဲ့တဲ့ အစည်းအဝေးကရော ဆက်စပ်ပြီးတော့ ထူးခြားမှုတွေ ရှိခဲ့သေးလား။

ကိုမျိုးဝင်း။ ။ အဓိကတော့ ရွေးကောက်ပွဲလည်းပြီး၊ (ပင်လုံ) ညီလာခံပြီးကတည်းက ကျနော်တို့ ၂ ဖက်က၊ တခါမှ ပြန် မဆုံဖြစ်တာလေ။ နဂိုက Informal (အလွတ်သဘော) ပြန်တွေ့ပြီးတော့ ဆက်လုပ်ရမယ့်အလုပ်တွေ ဘယ်လိုပြန်စမလဲဆိုတာပေါ့၊ တိုင်ပင်ဆွေးနွေးဖလှယ်ဖြစ်တယ်။ အခုက အဓိကတော့ တပ်ဆိုတာထက်ကို၊ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ညှိတဲ့အခြေအနေရှိတာကို။ AA ဆိုပြီး တခုတည်း မဟုတ်ပါဘူး၊ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ KIO အပါအဝင်ပေါ့။ အဲဒီ ၄ ဖွဲ့နဲ့ အစိုးရနဲ့ ညှိနေတဲ့ အနေအထားကလည်း ဒီ ပဏာမ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ဖို့အတွက်ကို၊ ညှိနေတဲ့ အနေအထားကတော့ တစုံတရာတော့ တိုးတက်မှုရှိတယ်ဆိုတဲ့အခြေအနေမျိုးတော့ ကျနော်တို့ သိရတယ်ပေါ့နော်။ ဒီကနေ့ မိတ်ဆက်ပေးတဲ့ အခြေအနေဟာ ဆိုရင်တော့။ အဓိက အရေးကြီးတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုဖို့အတွက် ဘယ်သူပဲလုပ်လုပ်ပါ၊ အစိုးရပဲလုပ်လုပ်၊ တပ်ကပဲလုပ်လုပ် ဒါက ကောင်းတဲ့ အလားအာလို့ မြင်တာပဲလေ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ အခုလက်ရှိမှာပေါ့နော်၊ ဒီတပ်မတော်နဲ့အစိုးရကြားမှာပဲ၊ မဲစာရင်းဆိုင်ရာ အငြင်းပွား တင်းမာမှုတွေက ပြင်းထန်လာနေတော့ အဲဒီအနေအထားကိုရော၊ ဒီအစည်းအဝေးမှာပါတဲ့ အစိုးရခေါင်းဆောင်တွေနဲ့ ပြောဖြစ်သေးလား။

ကိုမျိုးဝင်း။ ။ ဒီအစည်းအဝေးထဲမှာလည်း ကျနော်တို့ အကြံပြုပါတယ်။ အဓိကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင်ပေါ့၊ သူဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးရှိတာကို။ အဲဒီ ဖြေရှင်းရမယ့် ပြဿနာတွေထဲမှာ တပ်မတော်နဲ့ အစိုးရနဲ့ အခုလိုမျိုး ဖြစ်နေတာကတော့ မဖြစ်သင့်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက သက်ရောက်မှုက အားလုံးအပေါ်မှာ သက်ရောက်မှု ဖြစ်မှာကို။ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာလည်း သက်ရောက်မှု ဖြစ်မှာကို။ ကျနော်တို့ကတော့ အမြန်ဆုံး လူထုမျက်နှာကိုပဲ ကြည့်စေချင်တာပေါ့နော်။ အဲဒါဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါ်မှာ သက်ရောက်မှုရှိလာမှာကိုလည်း မဖြစ်စေချင်ဘူးလေ။ ကျနော်တို့ကတော့ ၂ ဖက်စလုံးကို တိုက်တွန်းတယ်လေ အစည်းအဝေးမှာ။ အမြန်ဆုံးတွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့အတွက်ပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ သူတို့ဘက်ကရော ဘယ်လိုအကြောင်းပြန် ခဲ့သလဲ။

ကိုမျိုးဝင်း။ ။ သူတို့ဘက်ကတော့ တင်ပြမယ်ဆိုတာပဲ ရှိမှာပေါ့နော်။ ဒါတော့ သက်ဆိုင်ရာက လုပ်ရမှာပေါ့။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ ဖြစ်ချင်တဲ့ သဘောထားတွေကို အကြံပြုတိုက်တွန်းတာပေါ့နော၊် ယနေ့ကာလ နိုင်ငံရေးအခြေအနေအောက်မှာ။

ကိုဝင်းမင်း။ ။ ကိုမျိုးဝင်း ကိုယ်တိုင်ရော အခုအခြေအနေကို၊ အရင် ၁၉၈၈ အရေးအခင်းကို ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လိုမျိုး စိုးရိမ်မှုရှိသလဲ။

ကိုမျိုးဝင်း။ ။ အခြေအနေတွေကတော့ အလေးထားပြီးတော့ စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်နေတာကို။ ဒီ စစ်တပ်အာဏာသိမ်းမှုအောက်မှာ ဒီတိုင်းပြည်မှာ ဖြတ်ခဲ့ရတဲ့ ခရီးတွေက အားလုံး ကျနော်တို့ကိုယ်တိုင်လည်း ကျနော်တို့ မျိုးဆက်မှာ ဖြစ်ခဲ့ရတဲ့အခြေအနေတွေက၊ တိုင်းပြည်အတွက်တော့ ကောင်းကျိုးတခုမှ မရှိပါဘူး။ ပြည်သူလူထုအတွက်ရော ရေရှည်အတွက်ရောပေါ့နော်။ ဒါက အစစအရာရာ ဒီအခြေအနေရောက်ခဲ့ရတာ၊ အားလုံးသင်ခန်းစာယူဖို့ကောင်းပြီပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီအခြေအနေမျိုး မရောက်ဖို့အတွက်တော့ အားလုံးဝိုင်းပြီးတော့ တောင်းဆိုနေကြတာပေါ့လေ။ ကာယကံရှင်တွေအပေါ်မှာ မူတည်တာပေါ့။ အဓိက အရေးကြီးတာကတော့ အတ္တ၊ မာနတွေ လျော့ချဖို့အတွက်ပေါ့ဗျာ၊ ပြည်သူလူထုကိုမျက်နှာမူပြီးတော့ ဆွေးနွေးဖြေရှင်းနိုင်ဖို့ပဲ အရေးကြီးတာပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီအပေါ်မှာ တိုးတက်မှု အနေအထားရော တွေ့ခဲ့ ၊ ကြားခဲ့ရသေးလား။

ကိုမျိုးဝင်း။ ။ ၂ ဖက်တွေ့ဖို့အတွက်တော့ ကြိုးပမ်းမှုတွေရှိနေတယ်ဆိုတာ သတင်းကောင်းတော့ ကြားတာပေါ့။ ရလဒ်ကတော့ မသိသေးဘူးပေါ့နော်။ အဓိကတော့ စကားပြောနေတာကတော့ ရှိနေပြီပေါ့နော် ၂ ဖက်။ ဒါပေမယ့် ဘယ်လောက်အထိ ရှိတယ် မရှိဘူး ဆိုတာကတော့ ကျနော်တို့က အသေးစိတ်မသိဘူးပေါ့နော် အခုလက်ရှိအခြေအနေမှာတော့။ ဘယ်လိုပဲ တွေ့တွေ့ ၂ ဖက်အောင်မြင် တိုးတက်ပါစေလို့ပဲ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ပါစေလို့ပဲ ကျနော်ဆုတောင်းတာပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ နောက်တခေါက် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အစိုးရကြား ဆွေးနွေးပွဲတွေ ဖြစ်လာဖို့။

ကိုမျိုးဝင်း။ ။ ပုံမှန် အနည်းဆုံး ၁ လ ၁ ကြိမ်တော့ ကျနော်တို့အခု EAO က တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့တော့ အလွတ်သဘောတွေတော့ ပုံမှန်တွေ့ဖို့အတွက်တော့ အဲလောက်ပဲ သဘောထားရနိုင်တယ်။ ၂ ဖက်အဆင်ပြေမယ့် ရက်တော့ ပြန်ညှိုရမှာပေါ့။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဒုဥက္ကဌ ကိုမျိုးဝင်းကို ကိုဝင်းမင်းက မေးခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG