သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဗုိလ္ေလာင္းတခ်ဳိ႕ အိႏၵိယစစ္တကၠသုိလ္က သင္တန္းဆင္း


ေနျပည္ေတာ္မွာ က်င္းပတဲ့ လြတ္လပ္ေရးေန႔ အခမ္းအနား တက္ေရာက္တဲ့ ျမန္မာတပ္မေတာ္အရာရွိအခ်ဳိ႕။ (ဇန္နဝါရီ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာဗိုလ္ေလာင္းတခ်ိဳ႕ စေနေန႔က အိႏၵိယ စစ္တကၠသိုလ္ကေန သင္တန္းဆင္းပါတယ္။

အိႏၵိယစစ္တကၠသိုလ္မွာ တႏွစ္ၾကာ သင္တန္းတက္ခဲ့ၾကတဲ့ အာဖဂန္နစၥတန္၊ ဘူတန္ အပါအဝင္ ႏုိင္ငံတကာ ဗိုလ္ေလာင္း ၇၀ သင္တန္းဆင္းတဲ့အထဲမွာ ျမန္မာဗိုလ္ေလာင္းေတြ ပါဝင္ခဲ့တာပါ။

အိႏၵိယဗုိလ္ေလာင္း ၃၂၅ ဦးနဲ႔အတူ သင္တန္းဆင္းတဲ့ အာဖဂန္နစၥတန္ ၾကည္းတပ္ဗိုလ္ Taubish က သင္တန္းဆင္းပြဲမွာ “ႏုိင္ငံအတြက္လည္း ဂုဏ္ယူသလို သူတို႔ကို ေလ့က်င့္ သင္တန္းေပးတဲ့အတြက္ အိႏၵိယကိုလည္း ေက်းဇူးတင္ေၾကာင္း” ေျပာသြားတာပါ။

အိႏၵိယႏုိင္ငံ Uttarakhand ျပည္နယ္ Dehradun က အိႏၵိယစစ္တကၠသိုလ္ IMA ကေန ဒီႏွစ္ သင္တန္းဆင္းတဲ့ ႏုိင္ငံျခားဗိုလ္ေလာင္း ၇၀ ေက်ာ္မွာ အာဖဂန္နစၥတန္က အမ်ားဆံုးျဖစ္ပါတယ္။

စေနေန႔ကက်င္းပတဲ့ အိႏၵိယစစ္တကၠသိုလ္ သင္တန္းဆင္းပြဲကိုေတာ့ အိႏၵိယ ၾကည္းတပ္ ဒုတိယအႀကီးအကဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး S.K Saini တက္ေရာက္ပါတယ္။

၁၉၃၂ ခုႏွစ္က စတင္တည္ေထာင္တဲ့ အိႏၵိယစစ္တကၠသိုလ္က အဓိကအားျဖင့္ အိႏၵိယၾကည္းတပ္ အရာရွိေတြကို ေလ့က်င့္ေပးတာျဖစ္ၿပီး ျပည္ပႏုိင္ငံေတြက ဗိုလ္ေလာင္းေတြကိုလည္း လက္ခံ ေလ့က်င့္ေပးေနတာပါ။ အခုအခ်ိန္ထိ ျမန္မာအပါအဝင္ ျပည္ပႏုိင္ငံေတြက ဗိုလ္ေလာင္း ၃,၀၀၀ ေက်ာ္ သင္တန္းဆင္းခဲ့ၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာဗိုလ်လောင်းတချို့ အိန္ဒိယစစ်တက္ကသိုလ်က သင်တန်းဆင်း

မြန်မာဗိုလ်လောင်းတချို့ စနေနေ့က အိန္ဒိယ စစ်တက္ကသိုလ်ကနေ သင်တန်းဆင်းပါတယ်။ အိန္ဒိယစစ်တက္ကသိုလ်မှာ တနှစ်ကြာ သင်တန်းတက်ခဲ့ကြတဲ့ အာဖဂန်နစ္စတန်၊ ဘူတန် အပါအဝင် နိုင်ငံတကာ ဗိုလ်လောင်း ၇၀ သင်တန်းဆင်းတဲ့အထဲမှာ မြန်မာဗိုလ်လောင်းတွေ ပါဝင်ခဲ့တာပါ။

အိန္ဒိယဗိုလ်လောင်း ၃၂၅ ဦးနဲ့အတူ သင်တန်းဆင်းတဲ့ အာဖဂန်နစ္စတန် ကြည်းတပ်ဗိုလ် Taubish က သင်တန်းဆင်းပွဲမှာ “နိုင်ငံအတွက်လည်း ဂုဏ်ယူသလို သူတို့ကို လေ့ကျင့် သင်တန်းပေးတဲ့အတွက် အိန္ဒိယကိုလည်း ကျေးဇူးတင်ကြောင်း” ပြောသွားတာပါ။

အိန္ဒိယနိုင်ငံ Uttarakhand ပြည်နယ် Dehradun က အိန္ဒိယစစ်တက္ကသိုလ် IMA ကနေ ဒီနှစ် သင်တန်းဆင်းတဲ့ နိုင်ငံခြားဗိုလ်လောင်း ၇၀ ကျော်မှာ အာဖဂန်နစ္စတန်က အများဆုံးဖြစ်ပါတယ်။

စနေနေ့ကကျင်းပတဲ့ အိန္ဒိယစစ်တက္ကသိုလ် သင်တန်းဆင်းပွဲကိုတော့ အိန္ဒိယ ကြည်းတပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး S.K Saini တက်ရောက်ပါတယ်။

၁၉၃၂ ခုနှစ်က စတင်တည်ထောင်တဲ့ အိန္ဒိယစစ်တက္ကသိုလ်က အဓိကအားဖြင့် အိန္ဒိယကြည်းတပ် အရာရှိတွေကို လေ့ကျင့်ပေးတာဖြစ်ပြီး ပြည်ပနိုင်ငံတွေက ဗိုလ်လောင်းတွေကိုလည်း လက်ခံ လေ့ကျင့်ပေးနေတာပါ။ အခုအချိန်ထိ မြန်မာအပါအဝင် ပြည်ပနိုင်ငံတွေက ဗိုလ်လောင်း ၃,၀၀၀ ကျော် သင်တန်းဆင်းခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG