(Zawgyi / Unicode)
NLD ပါတီ တာဝန္ရွိသူေတြကို စစ္တပ္က လိုက္လံဖမ္းဆီးေနတယ္ဆိုတာကို အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန္႔က ဗြီအိုေအကို အတည္ျပဳ ေျပာထားပါတယ္။
“က်ေနာ္တုိ႔ သိရသေလာက္ေတာ့ အခု တုိင္းလႊတ္ေတာ္ဥကၠ႒၊ ဧရာဝတီတုိင္း လႊတ္ေတာ္ဥကၠ႒လည္း ေခၚသြားၿပီ ၾကားတယ္။ တုိင္းထဲက လႊတ္ေတာ္ကုိယ္စားလွယ္ တခ်ဳိ႕လည္း ထိန္းသိမ္းလိုက္ၿပီ ၾကားတယ္၊ ဧရာဝတီတုိင္းထဲက။ ေနာက္ CEC ထဲက ဦးသိန္းဦးနဲ႔ ဦးဟံသာျမင့္ ပါသြားၿပီလို႔ေတာ့ က်ေနာ္တုိ႔ရဲေဘာ္ေတြ သတင္းပုိ႔တယ္။ က်ေနာ္လည္း လာေခၚတာ ေစာင့္ေနပါတယ္။ ကရင္ေတာ့ ေဒၚနန္းခင္ေထြးျမင့္အိမ္ ဝုိင္းထားတယ္ေတာ့ ၾကားတယ္။ ကယား NLD ဥကၠ႒၊ ေနာက္ လင္းေခးၿမိဳ႕နယ္ ဥကၠ႒၊ ရွမ္းက ဝန္ႀကီး ဦးစုိးညြန္႔လြင္၊ က်ေနာ္တုိ႔ သိတာေတာ့ အဲဒီေလာက္ပဲ ရွိပါေသးတယ္။”
------------------------
(Unicode)
ပါတီခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးနေဟု NLD တာဝန်ရှိသူ အတည်ပြု
NLD ပါတီ တာဝန်ရှိသူတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတယ်ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို အတည်ပြု ပြောထားပါတယ်။
“ကျနော်တို့ သိရသလောက်တော့ အခု တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌလည်း ခေါ်သွားပြီ ကြားတယ်။ တိုင်းထဲက လွှတ်တော်ကိုယ်စားလှယ် တချို့လည်း ထိန်းသိမ်းလိုက်ပြီ ကြားတယ်၊ ဧရာဝတီတိုင်းထဲက။ နောက် CEC ထဲက ဦးသိန်းဦးနဲ့ ဦးဟံသာမြင့် ပါသွားပြီလို့တော့ ကျနော်တို့ရဲဘော်တွေ သတင်းပို့တယ်။ ကျနော်လည်း လာခေါ်တာ စောင့်နေပါတယ်။ ကရင်တော့ ဒေါ်နန်းခင်ထွေးမြင့်အိမ် ဝိုင်းထားတယ်တော့ ကြားတယ်။ ကယား NLD ဥက္ကဋ္ဌ၊ နောက် လင်းခေးမြို့နယ် ဥက္ကဋ္ဌ၊ ရှမ်းက ဝန်ကြီး ဦးစိုးညွန့်လွင်၊ ကျနော်တို့ သိတာတော့ အဲဒီလောက်ပဲ ရှိပါသေးတယ်။"