(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ အခုမနက္အေစာပိုင္း စစ္တပ္က အာဏာသိမ္းလိုက္ၿပီဆိုတဲ့သတင္း က်ယ္က်ယ္ျပန္႔ျပန္ ျဖစ္ေပၚေနပါတယ္။
ဗြီအိုေအက စံုစမ္းေမးျမန္းထားသေလာက္ ျပည္နယ္နဲ႔ တိ္ုင္းအစိုးရ ဝန္ႀကီးခ်ဳပ္အားလံုးနီးပါးနဲ႔ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္က ပါတီေခါင္းေဆာင္တခ်ိဳ႕အျပင္ တတ္ႂကြလႈပ္ရွားသူတခ်ိဳ႕ကိုပါ စစ္တပ္က ဖမ္းေဆာင္ေခၚေဆာင္မႈေတြ ရွိေနတယ္လို႔ သိရပါတယ္။
ေနျပည္ေတာ္အပါအဝင္ ေနရာအေတာ္မ်ားမ်ားကိုလည္း ဖုန္းလိုင္းဆက္သြယ္လို႔ မရပါဘူး။
စစ္တပ္က အာဏာသိမ္းလိုက္ၿပီလား ဆိုတာကိုေတာ့ အတည္ျပဳလို႔ မရေသးပါဘူး။
အခု ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာေတာ့ ျပည္သူ႔လႊတ္ေတာ္ကို ေခၚယူဖို႔ မူလက စီစဥ္ထားတာပါ။ စစ္တပ္အာဏာသိမ္းမယ္ဆိုတဲ့ သတင္းလည္း ၿပီးခဲ့တဲ့ တပတ္တည္းက က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ခဲ့တာပါ။
-----------------------
(Unicode)
စစ်အာဏာသိမ်းသတင်း ကျယ်ကျယ်ပြန့်ပြန်ဖြစ်နေ
မြန်မာနိုင်ငံမှာ အခုမနက်အစောပိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့သတင်း ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်နေပါတယ်။
ဗွီအိုအေက စုံစမ်းမေးမြန်းထားသလောက် ပြည်နယ်နဲ့ တိုင်းအစိုးရ ဝန်ကြီးချုပ်အားလုံးနီးပါးနဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီခေါင်းဆောင်တချို့အပြင် တတ်ကြွလှုပ်ရှားသူတချို့ကိုပါ စစ်တပ်က ဖမ်းဆောင်ခေါ်ဆောင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
နေပြည်တော်အပါအဝင် နေရာအတော်များများကိုလည်း ဖုန်းလိုင်းဆက်သွယ်လို့ မရပါဘူး။
စစ်တပ်က အာဏာသိမ်းလိုက်ပြီလား ဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
အခု ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖို့ မူလက စီစဉ်ထားတာပါ။ စစ်တပ်အာဏာသိမ်းမယ်ဆိုတဲ့ သတင်းလည်း ပြီးခဲ့တဲ့ တပတ်တည်းက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တာပါ။