သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိအားေတြရွိေပမယ့္ လႊတ္ေတာ္ေခၚယူ အစိုးရဖဲြ႔သြားမည္ - NLD ေျပာခြင့္ရ


ေဒါက္တာမ်ဳိးညြန္႔။ (ဓာတ္ပုံ - NLD)

(Zawgyi / Unicode)

၂၀၂၀ ေရြးေကာက္ပဲြရလဒ္ ေျပာင္းလဲေအာင္ ဖိအားေပး လႈပ္ရွားမႈေတြ ရွိေနေပမယ့္ NLD ပါတီအေနနဲ႔ လႊတ္ေတာ္ေခၚယူေရး၊ အစိုးရဖဲြ႔ေရး ကိစၥေတြကို အစီအစဥ္အတိုင္း ေဆာင္ရြက္သြားမယ္လို႔ အာဏာရ NLD ပါတီ ေျပာခြင့္ရသူက ေျပာဆိုပါတယ္။ ႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြအေပၚ NLD ရဲ႕ သေဘာထားကို မဆုမြန္ စံုစမ္းေမးျမန္း တင္ျပထားပါတယ္။

ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕နဲ႔ ၿမိဳ႕ႀကီးတခ်ိဳ႕မွာ တပ္မေတာ္ေထာက္ခံပြဲနဲ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ (UEC) အေပၚ ကန္႔ကြက္႐ႈတ္ခ်ပြဲေတြကို ဒီသီတင္းပတ္ေတြထဲ ဆက္တုိက္ဆိုသလို ျပဳလုပ္လာၾကပါတယ္။ ဒီကေန႔ စေနေန႔မွာလည္း ရန္ကုန္ၿမိဳ႕မွာ တပ္မေတာ္ေထာက္ခံပြဲ၊ UEC ကန္႔ကြက္လႈပ္ရွားမႈေတြကို ဆက္လက္လုပ္ေဆာင္ၿပီး ၿမိဳ႕ခံလူတခ်ိဳ႕နဲ႔ ထိပ္တိုက္တင္းမာမႈေတြလည္း ျဖစ္ခဲ့ပါတယ္။ တဖက္မွာလည္း NLD အစိုးရနဲ႔ တပ္မေတာ္အၾကား ႏိုင္ငံေရးမေက်လည္မႈေတြကေန အာဏာသိမ္းမႈေတြ ျဖစ္လာမလား အမ်ားျပည္သူအၾကား စိုးရိမ္တာေတြလည္း ရွိေနပါတယ္။

ဒီအေျခအေနေတြဟာ ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲေအာင္ အဓိက႐ုဏ္းအသြင္ လႈပ္ရွားမႈလို႔ လက္ရွိ အာဏာရပါတီ NLD ရဲ႕ ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔က ႐ႈျမင္ပါတယ္။

"က်ေနာ္တို႔ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို မဲဆႏၵရွင္ ျပည္သူေတြရဲ႕ ဆႏၵအတိုင္း ျဖစ္တာကို တမ်ိဳးတဖံု ေျပာင္းလဲသြားေအာင္ ဖိအားေပးဖို႔ လႈပ္ရွားမႈေတြ ရွိေနတယ္ဆိုတာ ျပည္သူအမ်ား အျမင္ပဲျဖစ္ပါတယ္။ အဲ့ဒီ့ေတာ့ သူတို႔ဟာ ဥပေဒနည္းလမ္းနဲ႔ ညီတာေတြကို မေဆာင္ရြက္ဘဲနဲ႔ အဓိက႐ုဏ္းပုံစံမ်ိဳးေတြ ဖန္တီးဖို႔ ႀကိဳးစားေနပါတယ္။ အဲ့ဒီ့ေတာ့ ျပည္သူမ်ားဘက္က ဒီလုပ္ရပ္ေတြ သတင္းျဖန္႔ခ်ိမႈေတြကို စစ္မွန္ျခင္းရွိမရွိ ဒါကို သတိနဲ႔ လက္ခံၿပီးေတာ့ စိတ္ရဲ႕ဆႏၵအေလ်ာက္ တုံ႔ျပန္တာေတြ ပူးေပါင္းပါဝင္မႈေတြကို ေရွာင္ၾကဥ္မယ္၊ မိမိတို႔ေနအိမ္ထဲမွာပဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဒီျဖစ္ရပ္ေတြကို ရင္ဆိုင္မယ္၊ အကယ္လို႔ လုိအပ္လာခဲ့ရင္ တရားဥပေဒရဲ႕ အကာအကြယ္ကို ေတာင္းခံမယ္၊ ဒီလိုနည္းမ်ိဳးနဲ႔သာ ေဆာင္ရြက္သင့္တယ္လို႔ က်ေနာ္တို႔အဖြဲ႔ခ်ဳပ္က တိုက္တြန္းခ်င္ပါတယ္ခင္ဗ်။"

ဖြဲ႔စည္းပံုအေျခခံဥပေဒကို ေက်ာ္လြန္မႈမရွိတဲ့ တည္ဆဲဥပေဒေတြကို ေလးစားလိုက္နာရမယ္။ မေလးစား မလိုက္နာရင္ ဒီဥပေဒကို အသံုးျပဳဖို႔ မလိုအပ္ေတာ့တာေၾကာင့္ ဖ်က္ပစ္ရမယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္က သင္တန္းသားေတြကို ေျပာဆိုခဲ့တဲ့အေပၚ အဖြဲ႔အစည္းအခ်ိဳ႕နဲ႔ မီဒီယာေတြဘက္က "လိုရာဆြဲေျပာဆို" ခဲ့တယ္လို႔ တပ္မေတာ္ျပန္ၾကားေရးက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ လက္ရွိ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ၿပီး ျပ႒ာန္းထားတဲ့ ဥပေဒေဘာင္ထဲက ဥပေဒနဲ႔အညီ ေဆာင္ရြက္သြားမယ္လို႔ ေဖာ္ျပပါတယ္။

ဒီသေဘာထားကို အာဏာရပါတီ NLD ေျပာခြင့္ရသူက အျပဳသေဘာ ျမင္ပါတယ္။

"က်ေနာ္တို႔ ဖြဲ႔စည္းပံုအေျခခံဥပေဒအတုိင္းသာ သြားမွာျဖစ္ပါတယ္။ ျပင္ဆင္ဖို႔ ႀကိဳးစားတယ္ဆိုတာ နားလည္မႈလြဲပါတယ္လို႔ ဒီကေန႔ ထုတ္ျပန္ခ်က္မွာ ေတြ႔ပါတယ္။ ဒီလိုျဖစ္ရင္ေတာ့ အေကာင္းဆံုးပါပဲခင္ဗ်။ က်ေနာ္တို႔ကေတာ့ ဒီထုတ္ျပန္ခ်က္ဟာ ဥပေဒစိုးမိုးမႈအတြက္ အင္မတန္ေကာင္းတဲ့ ေဆာင္ရြက္ခ်က္လို႔ပဲ က်ေနာ္တို႔ ေျပာခ်င္ပါတယ္ခင္ဗ်။"

၂၀၂၀ ေရြးေကာက္ပဲြ မဲစာရင္းအျငင္းပြားမႈေတြကို ေျဖရွင္းဖို႔၊ တတိယအႀကိမ္ လႊတ္ေတာ္မေခၚခင္ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းကို ျပန္လည္ေခၚယူဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ၂၀၂၀ ေရြးေကာက္ပဲြရလဒ္အရ တတိယအႀကိမ္လႊတ္ေတာ္ကိုပဲ နဂိုအစီအစဥ္အတိုင္း ေခၚယူသြားမွာျဖစ္ၿပီး အစိုးရသစ္ ဖြဲ႔စည္းေရးကို ဆက္ေဆာင္ရြက္သြားမယ္လို႔ NLD ေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန္႔က ေျပာပါတယ္။

"အစိုးရသစ္ဖြဲ႔မွာပါ။ အဲ့ဒီ့ေတာ့ အစိုးရသစ္ဖြဲ႔မယ့္ ကိစၥမွာ က်ေနာ္တို႔ ဥပေဒအရ ဘယ္ေန႔ဘယ္ရက္မွာ ဘာကို အၿပီးလုပ္ရမယ္ဆိုတာ သတ္မွတ္ထားပါတယ္။ အထူးသျဖင့္ကေတာ့ တတိယအႀကိမ္လႊတ္ေတာ္ဟာ ေရြးေကာက္ပြဲ က်င္းပအၿပီး ရက္ေပါင္း ၉၀ အတြင္း မျဖစ္မေန ေခၚယူရမွာပါ။ အဲ့ဒီ့ေတာ့ လႊတ္ေတာ္ကို ေအာင္ျမင္ေအာင္ ေခၚပါမယ္။ ေအာင္ျမင္ေအာင္ လႊတ္ေတာ္ေခၚၿပီးရင္ လႊတ္ေတာ္အႀကီးအကဲေတြ ေရြးမယ္။ ဒီကေန ျပည္ေထာင္စုအစိုးရနဲ႔ တုိင္းနဲ႔ျပည္နယ္ အစိုးရအဖြဲ႔ေတြ ေရြးမယ္။ ေနာက္ ျပည္ေထာင္စုအဆင့္ အဖြဲ႔အစည္းေတြ အဖြဲ႔ဝင္ေတြ ေရြးမယ္။ ဒါေတြကို က်ေနာ္တို႔ တဆင့္ခ်င္း ေဆာင္ရြက္သြားဖို႔ ျပင္ဆင္ေနပါတယ္ခင္ဗ်။"

ၿပီးခဲ့တဲ့ ၂၀၂၀ ေရြးေကာက္ပဲြမွာ NLD ပါတီအေနနဲ႔ အျပတ္အသတ္ အႏိုင္ရခဲ့ၿပီး တကယ္လို႔ ဒီလိုမဟုတ္ဘဲ မဲကြာျခားမႈ မျပတ္မသားရွိခဲ့ရင္ အခုလို ဖိအားေတြ ဒီထက္ပိုဆိုးႏုိင္တယ္လို႔လည္း ေဒါက္တာမ်ိဳးၫြန္႔က သံုးသပ္ေျပာဆိုပါတယ္။ ဒီအတြက္ ေရြးေကာက္ပဲြ အႏိုင္အ႐ႈံး ေမးခြန္းထုတ္စရာ မလိုေအာင္ အျပတ္အသတ္ မဲေပးခဲ့တာကိုၾကည့္ရင္ လူထုရဲ႕ ႏိုင္ငံေရးေရခ်ိန္ အားေကာင္းမႈ ရွိတယ္လို႔လည္း ခ်ီးက်ဴးေျပာခဲ့ပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲအလြန္ကာလ လႊတ္ေတာ္ေခၚယူခါနီး အခ်ိန္နဲ႔ အစိုးရသစ္ ဖြဲ႔စည္းေတာ့မယ္အခ်ိန္ အခုလို အစိုးရနဲ႔ တပ္မေတာ္ၾကား ႏိုင္ငံေရးတင္းမာမႈေတြအေပၚ ကုလသမဂၢနဲ႔ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ႏုိင္ငံတကာ သံတမန္အဖြဲ႔အစည္းေတြ၊ ႏုိင္ငံေတာ္သံဃနာယကအဖြဲ႔ႀကီးက သံဃာေတာ္ေတြ၊ KNU အပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔တခ်ိဳ႕နဲ႔ ေရြးေကာက္ပြဲေစာင့္ၾကည့္ေရး အဖြဲ႔ေပါင္းစံု၊ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြဘက္က စိုးရိမ္ပူပန္ေၾကာင္း အသီးသီး ထုတ္ေျပာခဲ့သလို ျပႆနာကို ႏုိင္ငံေရးနည္းလမ္းနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းဖို႔ တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ဖိအားတွေရှိပေမယ့် လွှတ်တော်ခေါ်ယူ အစိုးရဖွဲ့သွားမည် - NLD ပြောခွင့်ရ

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြောင်းလဲအောင် ဖိအားပေး လှုပ်ရှားမှုတွေ ရှိနေပေမယ့် NLD ပါတီအနေနဲ့ လွှတ်တော်ခေါ်ယူရေး၊ အစိုးရဖွဲ့ရေး ကိစ္စတွေကို အစီအစဉ်အတိုင်း ဆောင်ရွက်သွားမယ်လို့ အာဏာရ NLD ပါတီ ပြောခွင့်ရသူက ပြောဆိုပါတယ်။ နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် NLD ရဲ့ သဘောထားကို မဆုမွန် စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မြို့ကြီးတချို့မှာ တပ်မတော်ထောက်ခံပွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် ကန့်ကွက်ရှုတ်ချပွဲတွေကို ဒီသီတင်းပတ်တွေထဲ ဆက်တိုက်ဆိုသလို ပြုလုပ်လာကြပါတယ်။ ဒီကနေ့ စနေနေ့မှာလည်း ရန်ကုန်မြို့မှာ တပ်မတော်ထောက်ခံပွဲ၊ UEC ကန့်ကွက်လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး မြို့ခံလူတချို့နဲ့ ထိပ်တိုက်တင်းမာမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ တဖက်မှာလည်း NLD အစိုးရနဲ့ တပ်မတော်အကြား နိုင်ငံရေးမကျေလည်မှုတွေကနေ အာဏာသိမ်းမှုတွေ ဖြစ်လာမလား အများပြည်သူအကြား စိုးရိမ်တာတွေလည်း ရှိနေပါတယ်။

ဒီအခြေအနေတွေဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲအောင် အဓိကရုဏ်းအသွင် လှုပ်ရှားမှုလို့ လက်ရှိ အာဏာရပါတီ NLD ရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ရှုမြင်ပါတယ်။

"ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်တာကို တမျိုးတဖုံ ပြောင်းလဲသွားအောင် ဖိအားပေးဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာ ပြည်သူအများ အမြင်ပဲဖြစ်ပါတယ်။ အဲ့ဒီ့တော့ သူတို့ဟာ ဥပဒေနည်းလမ်းနဲ့ ညီတာတွေကို မဆောင်ရွက်ဘဲနဲ့ အဓိကရုဏ်းပုံစံမျိုးတွေ ဖန်တီးဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီ့တော့ ပြည်သူများဘက်က ဒီလုပ်ရပ်တွေ သတင်းဖြန့်ချိမှုတွေကို စစ်မှန်ခြင်းရှိမရှိ ဒါကို သတိနဲ့ လက်ခံပြီးတော့ စိတ်ရဲ့ဆန္ဒအလျောက် တုံ့ပြန်တာတွေ ပူးပေါင်းပါဝင်မှုတွေကို ရှောင်ကြဉ်မယ်၊ မိမိတို့နေအိမ်ထဲမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဒီဖြစ်ရပ်တွေကို ရင်ဆိုင်မယ်၊ အကယ်လို့ လိုအပ်လာခဲ့ရင် တရားဥပဒေရဲ့ အကာအကွယ်ကို တောင်းခံမယ်၊ ဒီလိုနည်းမျိုးနဲ့သာ ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့အဖွဲ့ချုပ်က တိုက်တွန်းချင်ပါတယ်ခင်ဗျ။"

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာရမယ်။ မလေးစား မလိုက်နာရင် ဒီဥပဒေကို အသုံးပြုဖို့ မလိုအပ်တော့တာကြောင့် ဖျက်ပစ်ရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က သင်တန်းသားတွေကို ပြောဆိုခဲ့တဲ့အပေါ် အဖွဲ့အစည်းအချို့နဲ့ မီဒီယာတွေဘက်က "လိုရာဆွဲပြောဆို" ခဲ့တယ်လို့ တပ်မတော်ပြန်ကြားရေးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်အနေနဲ့ကတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်ထဲက ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

ဒီသဘောထားကို အာဏာရပါတီ NLD ပြောခွင့်ရသူက အပြုသဘော မြင်ပါတယ်။

"ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ သွားမှာဖြစ်ပါတယ်။ ပြင်ဆင်ဖို့ ကြိုးစားတယ်ဆိုတာ နားလည်မှုလွဲပါတယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ တွေ့ပါတယ်။ ဒီလိုဖြစ်ရင်တော့ အကောင်းဆုံးပါပဲခင်ဗျ။ ကျနော်တို့ကတော့ ဒီထုတ်ပြန်ချက်ဟာ ဥပဒေစိုးမိုးမှုအတွက် အင်မတန်ကောင်းတဲ့ ဆောင်ရွက်ချက်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်ခင်ဗျ။"

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုတွေကို ဖြေရှင်းဖို့၊ တတိယအကြိမ် လွှတ်တော်မခေါ်ခင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကို ပြန်လည်ခေါ်ယူဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တတိယအကြိမ်လွှတ်တော်ကိုပဲ နဂိုအစီအစဉ်အတိုင်း ခေါ်ယူသွားမှာဖြစ်ပြီး အစိုးရသစ် ဖွဲ့စည်းရေးကို ဆက်ဆောင်ရွက်သွားမယ်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"အစိုးရသစ်ဖွဲ့မှာပါ။ အဲ့ဒီ့တော့ အစိုးရသစ်ဖွဲ့မယ့် ကိစ္စမှာ ကျနော်တို့ ဥပဒေအရ ဘယ်နေ့ဘယ်ရက်မှာ ဘာကို အပြီးလုပ်ရမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ အထူးသဖြင့်ကတော့ တတိယအကြိမ်လွှတ်တော်ဟာ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၉၀ အတွင်း မဖြစ်မနေ ခေါ်ယူရမှာပါ။ အဲ့ဒီ့တော့ လွှတ်တော်ကို အောင်မြင်အောင် ခေါ်ပါမယ်။ အောင်မြင်အောင် လွှတ်တော်ခေါ်ပြီးရင် လွှတ်တော်အကြီးအကဲတွေ ရွေးမယ်။ ဒီကနေ ပြည်ထောင်စုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ ရွေးမယ်။ နောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ အဖွဲ့ဝင်တွေ ရွေးမယ်။ ဒါတွေကို ကျနော်တို့ တဆင့်ချင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်ခင်ဗျ။"

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး တကယ်လို့ ဒီလိုမဟုတ်ဘဲ မဲကွာခြားမှု မပြတ်မသားရှိခဲ့ရင် အခုလို ဖိအားတွေ ဒီထက်ပိုဆိုးနိုင်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က သုံးသပ်ပြောဆိုပါတယ်။ ဒီအတွက် ရွေးကောက်ပွဲ အနိုင်အရှုံး မေးခွန်းထုတ်စရာ မလိုအောင် အပြတ်အသတ် မဲပေးခဲ့တာကိုကြည့်ရင် လူထုရဲ့ နိုင်ငံရေးရေချိန် အားကောင်းမှု ရှိတယ်လို့လည်း ချီးကျူးပြောခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလ လွှတ်တော်ခေါ်ယူခါနီး အချိန်နဲ့ အစိုးရသစ် ဖွဲ့စည်းတော့မယ်အချိန် အခုလို အစိုးရနဲ့ တပ်မတော်ကြား နိုင်ငံရေးတင်းမာမှုတွေအပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ သံတမန်အဖွဲ့အစည်းတွေ၊ နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးက သံဃာတော်တွေ၊ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့ပေါင်းစုံ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဘက်က စိုးရိမ်ပူပန်ကြောင်း အသီးသီး ထုတ်ပြောခဲ့သလို ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ တိုက်တွန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG