(Zawgyi / Unicode)
၂၀၂၀ ေရြးေကာက္ပြဲရလဒ္အရ ေခၚယူတဲ့ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ မနက္ျဖန္မွာ စတင္က်င္းပေတာ့မွာ ျဖစ္ပါတယ္။ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒သစ္ တင္ေျမႇာက္ျခင္းနဲ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ကတိသစၥာ ခံယူၾကမယ့္ ျပည္သူ႔လႊတ္ေတာ္က်င္းပေရး COVID-19 စည္းကမ္းခ်က္နဲ႔အညီ ျပင္ဆင္ေနတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ ေမးျမန္းတင္ျပထားပါတယ္။
၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲကေန ျပည္သူအမ်ားရဲ႕ မဲဆႏၵနဲ႔ ေရြးေကာက္တင္ေျမႇာက္ခံလိုက္ရတဲ့ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ စုစုေပါင္း ၃၁၅ ဦးမွာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၂၅၈ ေနရာရရွိၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၂၆ ေနရာ ရရွိပါတယ္။ ေနာက္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) က ၁၃ ေနရာ၊ ရခိုင္အမ်ိဳးသားပါတီ (ANP) က ၄ ေနရာ စသျဖင့္လည္း အသီးသီး ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေတြအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ တနလၤာေန႔မွာေတာ့ လႊတ္ေတာ္အသီးသီးအနက္ ျပည္သူ႔လႊတ္ေတာ္ကို ပထမဆုံး ေခၚယူက်င္းပတာ ျဖစ္ပါတယ္။ မနက္ ၁၀ နာရီက စတင္က်င္းပမယ့္ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမ ပုံမွန္အစည္းအေဝးမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ ဒုဥကၠ႒ ေရြးခ်ယ္တင္ေျမႇာက္ၿပီး ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္သစ္ေတြ လႊတ္ေတာ္ေရွ႕ေမွာက္ ကတိသစၥာျပဳၾကမွာ ျဖစ္ပါတယ္။
ရန္ကုန္တိုင္း သဃၤန္းကၽြန္းၿမိဳ႕နယ္ မဲဆႏၵနယ္က ေရြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒါက္တာေက်ာ္စြာဦးက မနက္ျဖန္ ျပည္သူ႔လႊတ္ေတာ္ က်င္းပမယ့္ အစီအစဥ္ေတြ ဗြီအိုေအကို ေျပာျပပါတယ္။
"က်ေနာ္တို႔ေတြ မနက္ျဖန္မွာ လႊတ္ေတာ္စတက္ရမွာေပါ့။ အဲ့လို စတက္ၾကဖို႔ကို စီစဥ္ထားတဲ့အတိုင္း က်ေနာ္တို႔က ယာဥ္တန္းနဲ႔အတူ ျပည္သူ႔လႊတ္ေတာ္ကို သြားရမွာေပါ့ေနာ္။ အားလုံး က်ေနာ္တို႔ မနက္ ၉ နာရီ ၄၅ မိနစ္ေလာက္မွာ ေနရာယူၿပီးသား ျဖစ္ဖို႔ေတာ့ သိထားပါတယ္။ အားလုံး စုရပ္မွာ မနက္ ၈ နာရီကေန ၈ ခြဲဆိုလို႔ရွိရင္ စုရပ္ကေန ကားေတြ တန္းစီၿပီး ထြက္မွာေပါ့ေနာ္။ သူတို႔စီစဥ္ထားတဲ့ ယာဥ္တန္းနဲ႔ ထြက္မွာေပါ့ေနာ္။ အခုသိထားတဲ့ အစီအစဥ္ေတြအတိုင္းပဲ ဆက္လက္ၿပီးေတာ့ က်င္းပမွာေပါ့ေနာ္။ လႊတ္ေတာ္ဥကၠ႒ ဒုဥကၠ႒ေတြ ေရြးခ်ယ္မယ္။ အခုလို ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္အျဖစ္နဲ႔ အဲ့ဒီ့အတြက္ က်ေနာ္ စိတ္လႈပ္ရွားပါတယ္၊ ဂုဏ္လည္း ဂုဏ္ယူပါတယ္။ ဒါက ပထမဆုံး ကိုယ့္အေတြ႔အႀကဳံလည္းျဖစ္လို႔ ဝမ္းလည္း ဝမ္းသာပါတယ္။ မိဘျပည္သူေတြကေန မဲေပးေရြးခ်ယ္လိုက္တဲ့အတြက္ အထူးပဲ ေက်းဇူးတင္ပါတယ္။ ေနာက္ မၾကာခင္ေသာ ကာလမွာ အစိုးရဖြဲ႔တဲ့အခါမွာလည္း ပါဝင္ခြင့္ရမွာျဖစ္လို႔ ဝမ္းသာဂုဏ္ယူမိပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ေရြးေကာက္ပြဲ ေၾကညာစာတမ္းအတိုင္း က႑အသီးသီးကို အတတ္ႏိုင္ဆံုး ႀကိဳးစားေဆာင္ရြက္သြားဖို႔ ရွိပါတယ္။"
ႏိုင္ငံမွာ ကပ္ေရာဂါ COVID-19 ျဖစ္ပြားေနဆဲကာလ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ COVID-19 ကူးစက္ျပန္႔ပြားမႈ ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းခ်က္ေတြနဲ႔ အညီ လႊတ္ေတာ္ကို က်င္းပမွာ ျဖစ္ပါတယ္။ တက္ေရာက္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္တုိင္း၊ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ အပါအဝင္ ကိုဗစ္ပိုးရွိမရွိ ႏွစ္ႀကိမ္စစ္ၿပီး ကာကြယ္ေဆးေတြ ထိုးႏွံေပးထားတယ္လို႔လည္း ေရြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေက်ာ္စြာဦးက ေျပာျပပါတယ္။
"မက်င္းပခင္ လေတြကတည္းက ျပည္ေထာင္စုလႊတ္ေတာ္ နာယကႀကီး အပါအဝင္ က်င္းပေရး ဗဟိုေကာ္မတီဖြဲ႔ၿပီးေတာ့ ေသခ်ာ သူတို႔ ျပင္ဆင္ထားတာကို သိရပါတယ္။ ေရြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အားလံုးကို ပိုးႏွစ္ႀကိမ္စစ္တယ္။ နဂၢတစ္ျဖစ္ၿပီဆိုေတာ့ ပထမဆံုးအႀကိမ္ ကာကြယ္ေဆးထုိးေပးတယ္။ ေနာက္တႀကိမ္ကေတာ့ ေဖေဖာ္ဝါရီလကုန္ေလာက္မွာ က်ေနာ္တို႔ကို ေနာက္တႀကိမ္ ထပ္ထိုးေပးမွာေပါ့။
“အဲ့ေတာ့ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ တတ္ႏိုင္သေလာက္ သူတို႔ စီစဥ္ေပးထားပါတယ္။ က်ေနာ္တို႔ Social Distancing ခပ္ခြာခြာေနလို႔ရေအာင္ စားပြဲဝိုင္းေတြကအစ ေသခ်ာေလး စနစ္တက် စီစဥ္ထားတာကိုလည္း ေတြ႔ရပါတယ္။ က်ေနာ္တို႔ကိုလည္း Mask ေတြ Face Shield ေတြ ေသခ်ာေပးထားၿပီးေတာ့ အျပည့္အစံု တပ္ဖို႔ေပါ့ေနာ္၊ အဲ့ဒါေလးေတြ စီစဥ္ထားတယ္။ ေနာက္တခုက လႊတ္ေတာ္ခန္းမႀကီးကလည္း ႀကီးတဲ့အတြက္ေၾကာင့္မို႔လို႔ Social Distancing အတြက္ ေကာင္းေကာင္း စီစဥ္ထားမယ္လို႔ ယူဆပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စံခ်ိန္စံညႊန္းေတြနဲ႔အညီ လႊတ္ေတာ္က်င္းပမယ္လို႔ ယံုၾကည္ပါတယ္။”
အခုလို ေနျပည္ေတာ္မွာ လႊတ္ေတာ္ေတြ က်င္းပဖို႔ စီစဥ္ေနခ်ိန္မွာပဲ ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္အေျဖနဲ႔ ပတ္သက္ၿပီး ေက်နပ္လက္ခံႏိုင္ျခင္း မရွိတာေၾကာင့္ဆိုၿပီး ဒီကေန႔ စေနေန႔အထိ ရန္ကုန္ၿမိဳ႕ ေရႊတိဂံုေစတီေတာ္အနီးမွာ တပ္မေတာ္ေထာက္ခံသူေတြ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။
အဓိက အတိုက္အခံပါတီ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ အပါအဝင္ ႏုိင္ငံေရးပါတီတခ်ိဳ႕နဲ႔ တပ္မေတာ္ဘက္က ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကို မဲရလဒ္အေျဖနဲ႔ မဲစာရင္းေတြ ျပန္တုိက္ၿပီး စစ္ေဆးေျဖရွင္းေပးဖို႔လည္း ေတာင္းဆိုေနတာပါ။ ဒီအတြက္ အခု လႊတ္ေတာ္သစ္မေခၚခင္ လႊတ္ေတာ္ေဟာင္းေခၚၿပီး အထူးအစည္းအေဝး က်င္းပဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
ဒါေပမယ့္လည္း ဥပေဒအရဆိုရင္ လႊတ္ေတာ္ေဟာင္းက ဒီကေန႔ဆိုရင္ ပ်က္ျပယ္သြားၿပီျဖစ္ၿပီး ေနာက္ဆံုး ၂၀၂၀ ေရြးေကာက္ပဲြရလဒ္အရ လႊတ္ေတာ္သစ္ကိုပဲ ေခၚယူရမွာျဖစ္ပါတယ္။ တခ်ိန္တည္းမွာလည္း တပ္မေတာ္ဘက္က အာဏာသိမ္းႏိုင္ေျခ ရွိတယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြေၾကာင့္ ဒီ တတိယအႀကိမ္လႊတ္ေတာ္ ေခၚယူမႈကို ထိခိုက္မလား စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။
---------------------------
(Unicode)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်မည်
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ခေါ်ယူတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် မနက်ဖြန်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် တင်မြှောက်ခြင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကတိသစ္စာ ခံယူကြမယ့် ပြည်သူ့လွှတ်တော်ကျင်းပရေး COVID-19 စည်းကမ်းချက်နဲ့အညီ ပြင်ဆင်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် မေးမြန်းတင်ပြထားပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကနေ ပြည်သူအများရဲ့ မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၃၁၅ ဦးမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅၈ နေရာရရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆ နေရာ ရရှိပါတယ်။ နောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၁၃ နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၄ နေရာ စသဖြင့်လည်း အသီးသီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တနင်္လာနေ့မှာတော့ လွှတ်တော်အသီးသီးအနက် ပြည်သူ့လွှတ်တော်ကို ပထမဆုံး ခေါ်ယူကျင်းပတာ ဖြစ်ပါတယ်။ မနက် ၁၀ နာရီက စတင်ကျင်းပမယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ်တွေ လွှတ်တော်ရှေ့မှောက် ကတိသစ္စာပြုကြမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးက မနက်ဖြန် ပြည်သူ့လွှတ်တော် ကျင်းပမယ့် အစီအစဉ်တွေ ဗွီအိုအေကို ပြောပြပါတယ်။
"ကျနော်တို့တွေ မနက်ဖြန်မှာ လွှတ်တော်စတက်ရမှာပေါ့။ အဲ့လို စတက်ကြဖို့ကို စီစဉ်ထားတဲ့အတိုင်း ကျနော်တို့က ယာဉ်တန်းနဲ့အတူ ပြည်သူ့လွှတ်တော်ကို သွားရမှာပေါ့နော်။ အားလုံး ကျနော်တို့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ နေရာယူပြီးသား ဖြစ်ဖို့တော့ သိထားပါတယ်။ အားလုံး စုရပ်မှာ မနက် ၈ နာရီကနေ ၈ ခွဲဆိုလို့ရှိရင် စုရပ်ကနေ ကားတွေ တန်းစီပြီး ထွက်မှာပေါ့နော်။ သူတို့စီစဉ်ထားတဲ့ ယာဉ်တန်းနဲ့ ထွက်မှာပေါ့နော်။ အခုသိထားတဲ့ အစီအစဉ်တွေအတိုင်းပဲ ဆက်လက်ပြီးတော့ ကျင်းပမှာပေါ့နော်။ လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတွေ ရွေးချယ်မယ်။ အခုလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ အဲ့ဒီ့အတွက် ကျနော် စိတ်လှုပ်ရှားပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဒါက ပထမဆုံး ကိုယ့်အတွေ့အကြုံလည်းဖြစ်လို့ ဝမ်းလည်း ဝမ်းသာပါတယ်။ မိဘပြည်သူတွေကနေ မဲပေးရွေးချယ်လိုက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက် မကြာခင်သော ကာလမှာ အစိုးရဖွဲ့တဲ့အခါမှာလည်း ပါဝင်ခွင့်ရမှာဖြစ်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းအတိုင်း ကဏ္ဍအသီးသီးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားဖို့ ရှိပါတယ်။"
နိုင်ငံမှာ ကပ်ရောဂါ COVID-19 ဖြစ်ပွားနေဆဲကာလ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ အညီ လွှတ်တော်ကို ကျင်းပမှာ ဖြစ်ပါတယ်။ တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တိုင်း၊ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် ကိုဗစ်ပိုးရှိမရှိ နှစ်ကြိမ်စစ်ပြီး ကာကွယ်ဆေးတွေ ထိုးနှံပေးထားတယ်လို့လည်း ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးက ပြောပြပါတယ်။
"မကျင်းပခင် လတွေကတည်းက ပြည်ထောင်စုလွှတ်တော် နာယကကြီး အပါအဝင် ကျင်းပရေး ဗဟိုကော်မတီဖွဲ့ပြီးတော့ သေချာ သူတို့ ပြင်ဆင်ထားတာကို သိရပါတယ်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို ပိုးနှစ်ကြိမ်စစ်တယ်။ နဂ္ဂတစ်ဖြစ်ပြီဆိုတော့ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးပေးတယ်။ နောက်တကြိမ်ကတော့ ဖေဖော်ဝါရီလကုန်လောက်မှာ ကျနော်တို့ကို နောက်တကြိမ် ထပ်ထိုးပေးမှာပေါ့။
“အဲ့တော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် တတ်နိုင်သလောက် သူတို့ စီစဉ်ပေးထားပါတယ်။ ကျနော်တို့ Social Distancing ခပ်ခွာခွာနေလို့ရအောင် စားပွဲဝိုင်းတွေကအစ သေချာလေး စနစ်တကျ စီစဉ်ထားတာကိုလည်း တွေ့ရပါတယ်။ ကျနော်တို့ကိုလည်း Mask တွေ Face Shield တွေ သေချာပေးထားပြီးတော့ အပြည့်အစုံ တပ်ဖို့ပေါ့နော်၊ အဲ့ဒါလေးတွေ စီစဉ်ထားတယ်။ နောက်တခုက လွှတ်တော်ခန်းမကြီးကလည်း ကြီးတဲ့အတွက်ကြောင့်မို့လို့ Social Distancing အတွက် ကောင်းကောင်း စီစဉ်ထားမယ်လို့ ယူဆပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ လွှတ်တော်ကျင်းပမယ်လို့ ယုံကြည်ပါတယ်။”
အခုလို နေပြည်တော်မှာ လွှတ်တော်တွေ ကျင်းပဖို့ စီစဉ်နေချိန်မှာပဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အဖြေနဲ့ ပတ်သက်ပြီး ကျေနပ်လက်ခံနိုင်ခြင်း မရှိတာကြောင့်ဆိုပြီး ဒီကနေ့ စနေနေ့အထိ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနီးမှာ တပ်မတော်ထောက်ခံသူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အဓိက အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ တပ်မတော်ဘက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မဲရလဒ်အဖြေနဲ့ မဲစာရင်းတွေ ပြန်တိုက်ပြီး စစ်ဆေးဖြေရှင်းပေးဖို့လည်း တောင်းဆိုနေတာပါ။ ဒီအတွက် အခု လွှတ်တော်သစ်မခေါ်ခင် လွှတ်တော်ဟောင်းခေါ်ပြီး အထူးအစည်းအဝေး ကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဥပဒေအရဆိုရင် လွှတ်တော်ဟောင်းက ဒီကနေ့ဆိုရင် ပျက်ပြယ်သွားပြီဖြစ်ပြီး နောက်ဆုံး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်သစ်ကိုပဲ ခေါ်ယူရမှာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း တပ်မတော်ဘက်က အာဏာသိမ်းနိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ဒီ တတိယအကြိမ်လွှတ်တော် ခေါ်ယူမှုကို ထိခိုက်မလား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။