သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေျခစိုက္ သံတမန္ေတြကို ျမန္မာစစ္တပ္ ျပစ္တင္ေဝဖန္


မဲစာရင္းမမွန္ကန္မႈဆိုသည္ႏွင့္ စပ္လ်ဥ္း၍ တပ္မေတာ္ကျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

လက္ရွိ ျမန္မာ့ႏိ္ုင္ငံေရး အေျခအေနနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံက သံတမန္တခ်ိဳ႕ဟာ အေျခအေနမွန္ကိုမသိဘဲ ယူဆခ်က္ေတြနဲ႔ ထုတ္ျပန္ေျပာဆိုေနတယ္လို႔ တပ္မေတာ္က ျပစ္တင္ေဝဖန္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြအတြင္း မဲမသမာမႈျဖစ္ႏုိင္တဲ့ မဲ ၁၀ သန္းခဲြ မဲစာရင္းအရ ၂၀၂၀ ေရြးေကာက္ပဲြလုပ္ငန္းစဥ္ကို တပ္မေတာ္အေနနဲ႔ လက္မခံႏိုင္တာေၾကာင့္ ထုတ္ျပန္ေျပာဆိုတာေတြ ရွိခဲ့ၿပီး သံတမန္ေတြဘက္က ဒါကို ေသေသခ်ာခ်ာ စိစစ္ေလ့လာသင့္တယ္လို႔လည္း ဒီကေန႔ထုတ္ျပန္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

တပ္မေတာ္အေနနဲ႔ ဒီမိုကေရစီစံႏႈန္းအတိုင္း လိုက္နာၾကဖို႔ တိုက္တြန္းအားေပးတာျဖစ္ၿပီး ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ အစိုးရကို တရားဝင္မဲ ေနာက္ဆံုးမဲစာရင္း ထုတ္ျပန္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း ဆိုပါတယ္။

မဲစာရင္း မသမာမႈေတြ ရွိခဲ့တယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုလာတဲ့ေနာက္ပိုင္း တပ္မေတာ္နဲ႔ အစိုးရၾကား တင္းမာမႈေတြရွိလာၿပီး တပ္မေတာ္က အာဏာသိမ္းႏိုင္ေခ်ရွိတယ္လို႔ သံုးသပ္ခ်က္ေတြ ေပၚထြက္လာတာေၾကာင့္ ျပည္တြင္းျပည္ပ စိုးရိမ္မႈေတြ တိုးလာပါတယ္။

အဲဒီေနာက္ အေမရိကန္ ႏိုင္ငံျခားေရးဌာနနဲ႔ ကုလသမဂၢနည္းတူ ျမန္မာႏိုင္ငံအေျခစိုက္ သံ႐ုံးတခ်ိဳ႕ကလည္း ေရြးေကာက္ပဲြရလဒ္ကို ေျပာင္းလဲဖို႔ ဒါမွမဟုတ္ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈကို ၾကန္႔ၾကာေစဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြကို ကန္႔ကြက္တယ္လို႔ ထုတ္ျပန္ခဲ့ၾကပါတယ္။

တပ္မေတာ္ဘက္က ဒီေန႔ထုတ္ျပန္ခ်က္ထဲမွာေတာ့ တပ္မေတာ္အေနနဲ႔ ၂၀၀၈ ဖဲြ႔စည္းပံုက ေပးထားတဲ့ ေရြးေကာက္ပဲြဆိုင္ရာ စံႏႈန္းေတြ လိုက္နာေစဖို႔ ျဖစ္ႏိုင္သမွ် လုပ္ေဆာင္မႈေတြ လုပ္သြားမယ္လို႔လည္း ဆိုထားပါတယ္။ ျဖစ္ႏိုင္သမွ် လုပ္ေဆာင္မႈေတြ ဆိုတဲ့ေနရာမွာေတာ့ အေသးစိတ္ ရွင္းရွင္းလင္း ေဖာ္ျပထားတာ မရွိပါဘူး။

မနက္ျဖန္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ဆိုရင္ေတာ့ ၂၀၂၀ ေရြးေကာက္ပဲြရလဒ္အရ ကိုယ္စားလွယ္သစ္ေတြနဲ႔ ျပည္သူ႔လႊတ္ေတာ္ကို က်င္းပဖို႔ရွိၿပီး ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒နဲ႔ ဒုဥကၠ႒တို႔ကို ေရြးခ်ယ္မွာ ျဖစ္ပါတယ္။

----------------------

(Unicode)

မြန်မာအခြေစိုက် သံတမန်တွေကို မြန်မာစစ်တပ် ပြစ်တင်ဝေဖန်

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက သံတမန်တချို့ဟာ အခြေအနေမှန်ကိုမသိဘဲ ယူဆချက်တွေနဲ့ ထုတ်ပြန်ပြောဆိုနေတယ်လို့ တပ်မတော်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုဖြစ်နိုင်တဲ့ မဲ ၁၀ သန်းခွဲ မဲစာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို တပ်မတော်အနေနဲ့ လက်မခံနိုင်တာကြောင့် ထုတ်ပြန်ပြောဆိုတာတွေ ရှိခဲ့ပြီး သံတမန်တွေဘက်က ဒါကို သေသေချာချာ စိစစ်လေ့လာသင့်တယ်လို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်အနေနဲ့ ဒီမိုကရေစီစံနှုန်းအတိုင်း လိုက်နာကြဖို့ တိုက်တွန်းအားပေးတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို တရားဝင်မဲ နောက်ဆုံးမဲစာရင်း ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

မဲစာရင်း မသမာမှုတွေ ရှိခဲ့တယ်လို့ တပ်မတော်ဘက်က ပြောဆိုလာတဲ့နောက်ပိုင်း တပ်မတော်နဲ့ အစိုးရကြား တင်းမာမှုတွေရှိလာပြီး တပ်မတော်က အာဏာသိမ်းနိုင်ချေရှိတယ်လို့ သုံးသပ်ချက်တွေ ပေါ်ထွက်လာတာကြောင့် ပြည်တွင်းပြည်ပ စိုးရိမ်မှုတွေ တိုးလာပါတယ်။

အဲဒီနောက် အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂနည်းတူ မြန်မာနိုင်ငံအခြေစိုက် သံရုံးတချို့ကလည်း ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ကန့်ကွက်တယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။

တပ်မတော်ဘက်က ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းတွေ လိုက်နာစေဖို့ ဖြစ်နိုင်သမျှ လုပ်ဆောင်မှုတွေ လုပ်သွားမယ်လို့လည်း ဆိုထားပါတယ်။ ဖြစ်နိုင်သမျှ လုပ်ဆောင်မှုတွေ ဆိုတဲ့နေရာမှာတော့ အသေးစိတ် ရှင်းရှင်းလင်း ဖော်ပြထားတာ မရှိပါဘူး။

မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ကိုယ်စားလှယ်သစ်တွေနဲ့ ပြည်သူ့လွှတ်တော်ကို ကျင်းပဖို့ရှိပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG