ထုိင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ UNHCR - ကုလသမဂၢမဟာမင္းႀကီး႐ံုးေရွ႕မွာ စစ္အာဏာသိမ္းတဲ့ ၆ ရက္ေျမာက္ေန႔အျဖစ္ ျမန္မာေက်ာင္းသားေတြနဲ႔ အလုပ္သမားေတြ ထပ္မံဆႏၵျပ ကန္႔ကြက္တဲ့သတင္းကို ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ကUNHCR - ကုလသမဂၢမဟာမင္းႀကီး႐ံုးေရွ႕မွာ စေနေန႔ညက ျမန္မာေက်ာင္းသားေတြနဲ႔ ျမန္မာအလုပ္သမားေတြ စုေဝးခဲ့ၾကၿပီး ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာ ၆ ရက္ေျမာက္ေန႔အျဖစ္ ဆက္ၿပီး ကန္႔ကြက္ခဲ့ၾကတပါ။
ေႂကြးေက်ာ္သံမ်ား.....
“ထိုင္းေရာက္ ျမန္မာေတြအေနနဲ႔ အာဏာရွင္စနစ္ကို ဆန္႔က်င္ေၾကာင္း က်ေနာ္တို႔ လာေရာက္ဆႏၵျပရျခင္းျဖစ္ပါတယ္။.....ဒီေန႔မွာေတာ့ ထိုင္းႏုိင္ငံက UN ေရွ႕မွာ က်ေနာ္တို႔ ထိုင္းေရာက္ျမန္မာေတြအေနနဲ႔ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ေနျခင္းျဖစ္ပါတယ္။ ကိုယ့္ရဲ႕စိတ္ဓာတ္နဲ႔ကိုယ္လာတာပါ။ ဘယ္သူမွ စည္း႐ံုးျခင္းမရွိပါဘူး။ ဒါက ကုိယ့္အသိစိတ္နဲ႔ကိုယ္လာၾကတာ ျဖစ္ပါတယ္ေနာ္။”
......
.......
လာေရာက္ဆႏၵျပသူ ျမန္မာႏုိင္ငံသားတဦး ေျပာသြားခဲ့တာပါ။စေနေန႔ည ဆႏၵျပပြဲမွာ ထိုင္းမွာေရာက္ေနၾကတဲ့ ျမန္မာေက်ာင္းသားေတြနဲ႔ ထုိင္းႏုိင္ငံမွာ အလုပ္လာလုပ္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ရာဂဏန္းေလာက္ စုေဝးခဲ့ၾကတာပါ။ ျမန္မာျပည္မွာ စစ္အာဏာသိမ္းၿပီး ႏိုင္ငံ့ထိပ္တန္းေခါင္းေဆာင္ေတြကို ဖမ္းဆီးထားတာကို ကန္႔ကြက္ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ ျမန္မာျပည္မွာစစ္အာဏာသိမ္းတဲ့ေန့ကစတင္ျပီးထုိင္းေရာက္ျမန္မာေတြဟာ ျမန္မာသံရံုးေရွ့နဲ့ ကုလသမဂၢရံုးေရွ့မွာ ေန႔စဥ္ဆႏၵျပေနၾကတာျဖစ္ပါတယ္။
#MyanmarMilitaryCoup #MyanmarThailand #VOABurmese
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ UNHCR - ကုလသမဂ္ဂမဟာမင်းကြီးရုံးရှေ့မှာ စစ်အာဏာသိမ်းတဲ့ ၆ ရက်မြောက်နေ့အဖြစ် မြန်မာကျောင်းသားတွေနဲ့ အလုပ်သမားတွေ ထပ်မံဆန္ဒပြ ကန့်ကွက်တဲ့သတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကUNHCR - ကုလသမဂ္ဂမဟာမင်းကြီးရုံးရှေ့မှာ စနေနေ့ညက မြန်မာကျောင်းသားတွေနဲ့ မြန်မာအလုပ်သမားတွေ စုဝေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၆ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ကန့်ကွက်ခဲ့ကြတပါ။
ကြွေးကျော်သံများ.....
“ထိုင်းရောက် မြန်မာတွေအနေနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကျနော်တို့ လာရောက်ဆန္ဒပြရခြင်းဖြစ်ပါတယ်။.....ဒီနေ့မှာတော့ ထိုင်းနိုင်ငံက UN ရှေ့မှာ ကျနော်တို့ ထိုင်းရောက်မြန်မာတွေအနေနဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ကိုယ်လာတာပါ။ ဘယ်သူမှ စည်းရုံးခြင်းမရှိပါဘူး။ ဒါက ကိုယ့်အသိစိတ်နဲ့ကိုယ်လာကြတာ ဖြစ်ပါတယ်နော်။”
......
.......
လာရောက်ဆန္ဒပြသူ မြန်မာနိုင်ငံသားတဦး ပြောသွားခဲ့တာပါ။စနေနေ့ည ဆန္ဒပြပွဲမှာ ထိုင်းမှာရောက်နေကြတဲ့ မြန်မာကျောင်းသားတွေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာနိုင်ငံသား ရာဂဏန်းလောက် စုဝေးခဲ့ကြတာပါ။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီး နိုင်ငံ့ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထားတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်မှာစစ်အာဏာသိမ်းတဲ့နေ့ကစတင်ပြီးထိုင်းရောက်မြန်မာတွေဟာ မြန်မာသံရုံးရှေ့နဲ့ ကုလသမဂ္ဂရုံးရှေ့မှာ နေ့စဉ်ဆန္ဒပြနေကြတာဖြစ်ပါတယ်။