[Zawgyi/Unicode]
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက အဂတိလိုက္စားမႈနဲ႔ေနာက္ထပ္ အမႈ ၄ မႈထပ္တိုး တရားစဲြလိုက္ပါတယ္။ အဲဒီ ထပ္တုိးအမႈ ၄ မႈထဲမွာ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ အတူစြဲဆိုလိုက္တဲ့ အမႈ ၁ ခုလည္းပါတယ္လို႔ သူ႔ေ႐ွ႕ေနေတြကေျပာပါတယ္။ အရင္ကစြဲထားတဲ့ အမႈေတြထဲက အမႈ ၂ ခုကိုလည္း ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ဒီေန႔ ဇူလိုင္လ ၁၂ ရက္ေန႔မွာ စစ္ေဆးခဲ့တာမွာ တရားစဲြသူေတြဘက္က ဥပေဒနဲ႔ မညီလုပ္ခဲ့တာေတြ ေတ႔ြ႐ွိခဲ့ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ အမႈအေၾကာင္း ေနာက္ဆံုးသိရထားသမ ွ် ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ ခ်ဳိးေဖာက္မႈနဲ႔ စစ္ေကာင္စီက အမႈ ၄ မႈ ထပ္တုိး တရားစြဲလိုက္ပါတယ္။ ထပ္တုိးအမႈ ၄ မႈမွာ ၁ မႈက မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒၚတာေဇာ္ျမင့္ေမာင္နဲ႔ အမႈတဲြတခုျဖစ္ၿပီး အမႈေတြအေၾကာင္း အေသးစိတ္ကို ေလာေလာဆယ္ မသိရေသးဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ တရားလႊတ္ေတာ္ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ခုလုိေျပာျပပါတယ္။
"ဟုတ္တယ္ဗ်။ ဒီကေန႔ပဲ သိရတာ။ မနက္ျဖန္က်ေနာ္တို႔ပါဝါယူမယ္။ သူ႔ဆီကေလ အဲဒါက က်ေနာ္တို႔ မႏၲေလးမွာဗ်။ ဘာေတြမွန္းေတာ့ က်ေနာ္တို႔ေသခ်ာမသိေသးဘူး....။ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ တြဲလ်က္ပါတယ္လို႔ေျပာတယ္ဗ်။ မႏၲေလး႐ုံးမွာ ၂၂ ရက္ေန႔တင္မွာတဲ့။ က်ေနာ္ထင္တယ္ တိုင္းတရားလႊတ္ေတာ္မွာ တင္မလားမသိဘူး။ အဲဒီလိုလုပ္မလားေတာ့မသိဘူး။ အတိအက်မသိေသးဘူးဗ်။ အမႈအမွတ္တို႔႐ုံးတို႔ မသိေသးဘူး။ ဒါမယ့္ သူ႔ဆီက ပါဝါယူထားၿပီး ၂၂ ရက္ေန႔သြားတင္ရမွာေပါ့ ဟုတ္ကဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ တြဲတာတမႈပါတယ္။ ေနာက္ ရန္ကုန္ကအမႈေတြ အဲဒီမွာတင္သလားေတာ့ က်ေနာ္လည္း မသိဘူး။ တိုင္းေဒသႀကီးတရားလႊတ္ေတာ္မွာစစ္ရင္ေတာ့ အဂတိအမႈေတြကို မႏၲေလးတိုင္းမွာစစ္မွာေပါ့"
ဒီအမႈေတြနဲ႔ ပတ္သက္လို႔ မနက္ျဖန္႐ုံးခ်ိန္းမွာ ေရွ႕ေနအဖြဲ႕က အမႈသည္ကို ကိုယ္စားျပဳမယ့္ ပါဝါရယူမွာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အေစာပိုင္းကလည္း အဂတိလိုက္စားမႈ ၁ မႈနဲ႔ တရားစြဲထားတဲ့အတြက္ အခုဆိုရင္ အဂတိလိုက္စားမႈ စုစုေပါင္း ၅ မႈျဖစ္သြားပါတယ္။
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ လာဘ္ထိုးတဲ့အေနနဲ႔ေပးတဲ့ အေမရိကန္ေဒၚလာ ၆၀၀,၀၀၀ နဲ႔ အကယ္ဒမီအေခါက္ေ႐ႊ ခုနစ္ပိႆာကို ေဒၚေအာင္ဆန္းစုၾကည္ လက္ခံယူခဲ့တာအျပင္၊ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ ေဒၚခင္ၾကည္ေဖာင္ေဒး႐ွင္းနဲ႔ပတ္သက္တဲ့ ရန္ကုန္နဲ႔ ေနျပည္ေတာ္တုိ႔မွာ ေျမေနရာေတြ၊ အေဆာက္အဦးေတြနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ရာထူးအာဏာကို အလဲြသံုးစားလုပ္ေၾကာင္း အဂတိလိုက္စားမႈေကာ္မ႐ွင္ကေတ႔ြ႐ွိထားတယ္လို႔ စြပ္စြဲၿပီး ဇြန္လက တရားစြဲခဲ့တာျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အေစာပိုင္းက တရားစြဲခံထားရတဲ့ အမႈေတြထဲက ပို႔ကုန္သြင္းကုန္ဥပေဒနဲ႔ ဆက္သြယ္ေရးဥပေဒခ်ဳိးေဖာက္တယ္ဆိုတဲ့ အမႈေတြအတြက္လည္း ဒီေန႔ ေနျပည္ေတာ္ အထူးတရား႐ံုးမွာ စစ္ေဆးပါတယ္။ ပုိ႔ကုန္၊ သြင္းကုန္အမႈနဲ႔ ပတ္သက္လို႔ သက္ေသကို အျပန္အလွန္ေမးခြန္းထုတ္စစ္ေဆးခဲ့တာမွာ ေဒၚေအာင္ဆန္းစုၾကည္ဖမ္းဆီးတဲ့ေန႔က စစ္တပ္က ေနအိမ္ထဲ ဝင္ေရာက္ရွာေဖြတာမွာ ႐ွာေဖြဝရမ္းမပါခဲ့ဘူးဆိုတာ စစ္ေဆးသိခဲ့ရတယ္လို႔ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ ဒါဟာ ဥပေဒနဲ႔ မညီ လုပ္ေဆာင္တာျဖစ္တယ္လို႔ ေ႐ွ႕ေနဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။
"ေဒၚေအာင္ဆန္းစုၾကည္လက္မွတ္ထိုးထားတဲ့ ရွာေဖြပုံစံဆိုတာ မရွိဘူးဗ်။ အမႈ ၂ခုလုံးမွာေပါ့ သူလည္းေျပာတယ္။ သူ႔ကိုဒီပစၥည္းေတြေတြ႕တာေျပာတယ္။ ဒါေတြနဲ႔ ပတ္သတ္လို႔ေျဖရွင္းခိုင္းတာမရွိဘူးေျပာေတာ့ ဒါကိုၾကည့္ရင္ ဒါဟာရွာေဖြ ဝရမ္းမပါဘူး။ ေနာက္တခါ ရွာေဖြပုံစံကို အိမ္ပိုင္ရွင္ကို လက္မွတ္ ထိုးခိုင္းတာမရွိဘူး။ ဆိုတာသိရေတာ့ က်ေနာ္တို႔အဲဒီအေပၚမွီၿပီးေတာ့ သူ႔ကိုစစ္တာပါ။ စစ္တာမွာ ရွာေဖြပုံစံမပါဘူး အိမ္ပိုင္ရွင္ကို လက္မွတ္ထိုးခိုင္းတာမရွိဘူးဆိုတဲ့ အခ်က္ကိုက်ေနာ္တို႔ယူတာပါ။ ဒါကအမႈေပၚ ဘယ္လိုထိေရာက္လဲဆိုေတာ့ အဲဒါရွာေတြ႔တာက ဘယ္လိုရွာေတြ႕လဲေပါ့။ နည္းလမ္းတက်ရွာရဲ႕လားေပါ့။ ရွာေဖြတာနည္းလမ္းက်မွလည္း ေတြ႕ရွိ႕ျခင္းကိုေျဖရွင္းရတာ။ အိမ္ရွင္တို႔ အေတြ႕ခံရတဲ့ သူေတြကေျဖရွင္းဖို႔ တာဝန္ရွိတာေလ။"
ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲထားတဲ့ သဘာဝေဘးဒဏ္စီမံခန္႔ခြဲမႈ ဥပေဒခ်ဳိးေဖာက္မႈ အမႈ ၂ ခု၊ သမၼတဦးဝင္းျမင့္အေပၚတရားစြဲထားတဲ့ အလားတူ အမႈတို႔ကိုလည္း ဒီေန႔ စစ္ေဆးပါတယ္။ သမၼတအမႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အမႈတို႔အတြက္ တရား႐ံုးကဆင့္ေခၚထားတဲ့ သက္ေသတေယာက္ကေတာ့ ကိုဗစ္ကပ္ေရာဂါျဖစ္ေနတဲ့အတြက္ ဒီေန႔ တရားခြင္ကို မလာႏိုင္ပါဘူး။ ႏိုင္ငံတဝန္း ကိုဗစ္ကပ္ေရာဂါကူးစက္မႈ တစစျမင့္တက္လာတဲ့ အေျခအေနေတြနဲ႔ ပတ္သတ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ သမၼတတို႔က ျပည္သူေတြ အတြက္ စိုးရိမ္မကင္းျဖစ္ေနၾကတယ္လို႔ ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ ျပည္သူေတြအခ်င္းခ်င္း႐ိုင္းပင္းကူညီကာကာကြယ္ခုခံဖို႔ ျပည္သူေတြကို ေဒၚေအာင္ဆန္းစုၾကည္က မွာ တယ္လို႔ေျပာပါတယ္။
"ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေတာ္ေတာ္စိုးရိမ္ေနတယ္။ ဒီေရာဂါကို လူထုကပဲ ကိုယ့္အခ်င္းခ်င္း ညီညီၫႊတ္ၫႊတ္နဲ႔ တြန္းလွန္မွျဖစ္ေတာ့မယ္ ထင္တယ္လို႔သူေျပာတယ္။ မွာတယ္။ သမၼတဦးဝင္းျမင့္ကလည္း ေန႔တိုင္းဆုေတာင္းေမတၱာပို႔ေပးေနတဲ့ အေၾကာင္းေျပာပါတယ္။"
ေဒၚေအာင္ဆန္းစုၾကည္ဟာ အေစာပိုင္းက အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ၊ ပို႔ကုန္သြင္းကုန္ဥပေဒ၊ ဆက္သြယ္ေရးဥပေဒ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ဥပေဒ၊ အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ အပါအဝင္ အမႈေပါင္း ၇ မႈ နဲ႔ စြပ္စြဲခံရၿပီး တရားရင္ဆိုင္ေနရၿပီး ဒီေန႔ ေနာက္ထပ္ တိုးလိုက္တဲ့ အမႈ ၄ မႈနဲ႕ေပါင္းရင္ စုစုေပါင္း အမႈ ၁၁ ခုနဲ႔ ရင္ဆိုင္ေနရပါတယ္။
...........................................................................................
[Unicode Version]
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု လေးမှုနဲ့ ထပ်တိုးတရားစွဲ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့နောက်ထပ် အမှု ၄ မှုထပ်တိုး တရားစွဲလိုက်ပါတယ်။ အဲဒီ ထပ်တိုးအမှု ၄ မှုထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အတူစွဲဆိုလိုက်တဲ့ အမှု ၁ ခုလည်းပါတယ်လို့ သူ့ရှေ့နေတွေကပြောပါတယ်။ အရင်ကစွဲထားတဲ့ အမှုတွေထဲက အမှု ၂ ခုကိုလည်း နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ စစ်ဆေးခဲ့တာမှာ တရားစွဲသူတွေဘက်က ဥပဒေနဲ့ မညီလုပ်ခဲ့တာတွေ တေ့ွရှိခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အမှုအကြောင်း နောက်ဆုံးသိရထားသမ ျှ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ချိုးဖောက်မှုနဲ့ စစ်ကောင်စီက အမှု ၄ မှု ထပ်တိုး တရားစွဲလိုက်ပါတယ်။ ထပ်တိုးအမှု ၄ မှုမှာ ၁ မှုက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါ်တာဇော်မြင့်မောင်နဲ့ အမှုတွဲတခုဖြစ်ပြီး အမှုတွေအကြောင်း အသေးစိတ်ကို လောလောဆယ် မသိရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ခုလိုပြောပြပါတယ်။
"ဟုတ်တယ်ဗျ။ ဒီကနေ့ပဲ သိရတာ။ မနက်ဖြန်ကျနော်တို့ပါဝါယူမယ်။ သူ့ဆီကလေ အဲဒါက ကျနော်တို့ မန္တလေးမှာဗျ။ ဘာတွေမှန်းတော့ ကျနော်တို့သေချာမသိသေးဘူး....။ ဒေါက်တာဇော်မြင့်မောင်နဲ့ တွဲလျက်ပါတယ်လို့ပြောတယ်ဗျ။ မန္တလေးရုံးမှာ ၂၂ ရက်နေ့တင်မှာတဲ့။ ကျနော်ထင်တယ် တိုင်းတရားလွှတ်တော်မှာ တင်မလားမသိဘူး။ အဲဒီလိုလုပ်မလားတော့မသိဘူး။ အတိအကျမသိသေးဘူးဗျ။ အမှုအမှတ်တို့ရုံးတို့ မသိသေးဘူး။ ဒါမယ့် သူ့ဆီက ပါဝါယူထားပြီး ၂၂ ရက်နေ့သွားတင်ရမှာပေါ့ ဟုတ်ကဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ တွဲတာတမှုပါတယ်။ နောက် ရန်ကုန်ကအမှုတွေ အဲဒီမှာတင်သလားတော့ ကျနော်လည်း မသိဘူး။ တိုင်းဒေသကြီးတရားလွှတ်တော်မှာစစ်ရင်တော့ အဂတိအမှုတွေကို မန္တလေးတိုင်းမှာစစ်မှာပေါ့"
ဒီအမှုတွေနဲ့ ပတ်သက်လို့ မနက်ဖြန်ရုံးချိန်းမှာ ရှေ့နေအဖွဲ့က အမှုသည်ကို ကိုယ်စားပြုမယ့် ပါဝါရယူမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အစောပိုင်းကလည်း အဂတိလိုက်စားမှု ၁ မှုနဲ့ တရားစွဲထားတဲ့အတွက် အခုဆိုရင် အဂတိလိုက်စားမှု စုစုပေါင်း ၅ မှုဖြစ်သွားပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် လာဘ်ထိုးတဲ့အနေနဲ့ပေးတဲ့ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နဲ့ အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့တာအပြင်၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ မြေနေရာတွေ၊ အဆောက်အဦးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ရာထူးအာဏာကို အလွဲသုံးစားလုပ်ကြောင်း အဂတိလိုက်စားမှုကော်မရှင်ကတေ့ွရှိထားတယ်လို့ စွပ်စွဲပြီး ဇွန်လက တရားစွဲခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အစောပိုင်းက တရားစွဲခံထားရတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက်လည်း ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ စစ်ဆေးပါတယ်။ ပို့ကုန်၊ သွင်းကုန်အမှုနဲ့ ပတ်သက်လို့ သက်သေကို အပြန်အလှန်မေးခွန်းထုတ်စစ်ဆေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးတဲ့နေ့က စစ်တပ်က နေအိမ်ထဲ ဝင်ရောက်ရှာဖွေတာမှာ ရှာဖွေဝရမ်းမပါခဲ့ဘူးဆိုတာ စစ်ဆေးသိခဲ့ရတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒါဟာ ဥပဒေနဲ့ မညီ လုပ်ဆောင်တာဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးထားတဲ့ ရှာဖွေပုံစံဆိုတာ မရှိဘူးဗျ။ အမှု ၂ခုလုံးမှာပေါ့ သူလည်းပြောတယ်။ သူ့ကိုဒီပစ္စည်းတွေတွေ့တာပြောတယ်။ ဒါတွေနဲ့ ပတ်သတ်လို့ဖြေရှင်းခိုင်းတာမရှိဘူးပြောတော့ ဒါကိုကြည့်ရင် ဒါဟာရှာဖွေ ဝရမ်းမပါဘူး။ နောက်တခါ ရှာဖွေပုံစံကို အိမ်ပိုင်ရှင်ကို လက်မှတ် ထိုးခိုင်းတာမရှိဘူး။ ဆိုတာသိရတော့ ကျနော်တို့အဲဒီအပေါ်မှီပြီးတော့ သူ့ကိုစစ်တာပါ။ စစ်တာမှာ ရှာဖွေပုံစံမပါဘူး အိမ်ပိုင်ရှင်ကို လက်မှတ်ထိုးခိုင်းတာမရှိဘူးဆိုတဲ့ အချက်ကိုကျနော်တို့ယူတာပါ။ ဒါကအမှုပေါ် ဘယ်လိုထိရောက်လဲဆိုတော့ အဲဒါရှာတွေ့တာက ဘယ်လိုရှာတွေ့လဲပေါ့။ နည်းလမ်းတကျရှာရဲ့လားပေါ့။ ရှာဖွေတာနည်းလမ်းကျမှလည်း တွေ့ရှိ့ခြင်းကိုဖြေရှင်းရတာ။ အိမ်ရှင်တို့ အတွေ့ခံရတဲ့ သူတွေကဖြေရှင်းဖို့ တာဝန်ရှိတာလေ။"
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု ဥပဒေချိုးဖောက်မှု အမှု ၂ ခု၊ သမ္မတဦးဝင်းမြင့်အပေါ်တရားစွဲထားတဲ့ အလားတူ အမှုတို့ကိုလည်း ဒီနေ့ စစ်ဆေးပါတယ်။ သမ္မတအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုတို့အတွက် တရားရုံးကဆင့်ခေါ်ထားတဲ့ သက်သေတယောက်ကတော့ ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့အတွက် ဒီနေ့ တရားခွင်ကို မလာနိုင်ပါဘူး။ နိုင်ငံတဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှု တစစမြင့်တက်လာတဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့က ပြည်သူတွေ အတွက် စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။ ပြည်သူတွေအချင်းချင်းရိုင်းပင်းကူညီကာကာကွယ်ခုခံဖို့ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က မှာ တယ်လို့ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကတော့ တော်တော်စိုးရိမ်နေတယ်။ ဒီရောဂါကို လူထုကပဲ ကိုယ့်အချင်းချင်း ညီညီညွှတ်ညွှတ်နဲ့ တွန်းလှန်မှဖြစ်တော့မယ် ထင်တယ်လို့သူပြောတယ်။ မှာတယ်။ သမ္မတဦးဝင်းမြင့်ကလည်း နေ့တိုင်းဆုတောင်းမေတ္တာပို့ပေးနေတဲ့ အကြောင်းပြောပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ အစောပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေ၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ အပါအဝင် အမှုပေါင်း ၇ မှု နဲ့ စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရပြီး ဒီနေ့ နောက်ထပ် တိုးလိုက်တဲ့ အမှု ၄ မှုနဲ့ပေါင်းရင် စုစုပေါင်း အမှု ၁၁ ခုနဲ့ ရင်ဆိုင်နေရပါတယ်။