သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးၿပီ (ေရွ႕ေန ေဒၚမင္းမင္းစိုး)


ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇန္နဝါရီ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး အဖမ္းခံေနရတဲ့ ျမန္မာ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူနဲ႔အတူေနသူအားလံုး COVID-19 ကာကြယ္ေဆး အျပည့္ထိုးၿပီးျဖစ္တယ္လို႔ သူ႔ေရွ႕ေနတဦးျဖစ္တဲ့ ေဒၚမင္းမင္းစိုးက အဂၤါေန႔က သတင္းေထာက္ေတြကို ေျပာပါတယ္။

“အေမအပါအဝင္ အေမ့အခန္းထဲမွာရွိတဲ့သူေတြ အကုန္လံုး ကိုဗစ္ကို ၂ ႀကိမ္စလံုး ထိုးၿပီးပါၿပီလို႔ ေျပာပါတယ္ရွင့္။ ကိုဗစ္နဲ႔ပတ္သက္ၿပီး အထူးသတိထားဖို႔လည္း ထပ္ၿပီးေတာ့ ေျပာပါတယ္။”

စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျပင္ပကမာၻနဲ႔ အဆက္ျဖတ္ခံထားရတာျဖစ္ၿပီး သူ႔ကို တရားစြဲဆိုထားတဲ့ အမႈေတြအတြက္ ႐ုံးခ်ိန္းထုတ္ေတာ့မွသာ သူ႔ေရွ႕ေနေတြနဲ႔ ေတြ႔ခြင့္ရတာပါ။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈအတြက္ ႐ုံးထုတ္ခ်ိန္မွာ ေတြ႔ခြင့္ရတဲ့ ေရွ႕ေန ေဒၚမင္းမင္းစိုးက အမႈအေၾကာင္း သတင္းေထာက္ေတြကို ရွင္းျပခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ေရာ သူနဲ႔ အတူေနသူေတြပါ ကာကြယ္ေဆးထိုးၿပီးေၾကာင္း ေျပာေပမယ့္ အထိန္းသိမ္းမခံရခင္က ကာကြယ္ေဆး ပထမအလံုး ထိုးထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဘယ္ႏိုင္ငံထုတ္ ေဆးထိုးခဲ့တယ္ဆိုတဲ့ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ သူနဲ႔ အတူေနသူေတြကေတာ့ သူ႔ကိုယ္ရံေတာ္နဲ႔ ခ်က္ျပဳတ္သူ အပါအဝင္ ၁၀ ဦးေလာက္ရွိမယ္လို႔ ခန္႔မွန္းၾကပါတယ္။

ျမန္မာႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကူးစက္မႈ တဟုန္ထိုး တိုးလာေနသလို ဇြန္လဆန္းကစၿပီး တရက္ကို ကူးစက္သူ ၁၀၀ ဝန္းက်င္ရွိေနရာကေန ဇူလိုင္လ ၅ ရက္ တနလၤာေန႔ကေတာ့ ကူးစက္သူ ၃,၀၀၀ ေလာက္ ျဖစ္သြားတယ္လို႔ အာဏာပိုင္ေတြက သတင္းထုတ္ျပန္ပါတယ္။

လူဦးေရ ၅၄ သန္းေက်ာ္ရွိတဲ့ ဆင္းရဲတဲ့ ျမန္မာႏိုင္ငံအတြက္ ဒီႏွစ္အေစာပိုင္းမွာ တ႐ုတ္ႏိုင္ငံကေန ကာကြယ္ေဆး ၅ သိန္းနဲ႔ အိႏၵိယကေန ေဆး ၁ သန္းခြဲ ရခဲ့တဲ့ေနာက္ တႏိုင္ငံလံုးအတြက္ ကာကြယ္ေဆး အလံုအေလာက္ရဖို႔ ႀကိဳးပမ္းေနရတာ ျဖစ္ပါတယ္။

ကိုဗစ္ကပ္ေရာဂါ ကူးစက္ျဖစ္ပြားမႈဟာ အခုတႀကိမ္မွာ အရင္ကထက္ ပိုျပင္းထန္တာေၾကာင့္ ျပည္သူေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္က အထူးစိုးရိမ္ေနေၾကာင္းနဲ႔ တတ္ႏိ္ုင္ရင္ ကာကြယ္ေဆးရေအာင္ ထိုးၾကဖို႔၊ အခ်င္းခ်င္းေစာင့္ေရွာက္ၾကဖို႔နဲ႔ ကိုဗစ္ကန္႔သတ္ခ်က္ေတြ၊ သတိေပးခ်က္ေတြကို လိုက္နာၾကဖို႔လည္း မွာၾကားေၾကာင္း ေဒၚမင္းမင္းစိုးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေထာင္နဲ႔ခ်ီတဲ့ ဆရာဝန္ေတြ၊ ဝန္ထမ္းေတြနဲ႔ လုပ္အားေပးေတြဟာ အာဏာသိမ္းထားတဲ့ စစ္တပ္ကို အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM မွာ ပါဝင္ေနတာေၾကာင့္ အခု ကိုဗစ္ကပ္ေရာဂါဆိုင္ရာ တုံ႔ျပန္မႈဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနရတဲ့ သူ႔အေပၚ တရားစြဲဆိုခ်က္ေတြထဲမွာ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ထုတ္ျပန္ထားတဲ့ ကန္႔သတ္ခ်က္ေတြကို ခ်ိဳးေဖာက္မႈလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီ (ရှေ့နေ ဒေါ်မင်းမင်းစိုး)

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အဖမ်းခံနေရတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့အတူနေသူအားလုံး COVID-19 ကာကွယ်ဆေး အပြည့်ထိုးပြီးဖြစ်တယ်လို့ သူ့ရှေ့နေတဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပါတယ်။

“အမေအပါအဝင် အမေ့အခန်းထဲမှာရှိတဲ့သူတွေ အကုန်လုံး ကိုဗစ်ကို ၂ ကြိမ်စလုံး ထိုးပြီးပါပြီလို့ ပြောပါတယ်ရှင့်။ ကိုဗစ်နဲ့ပတ်သက်ပြီး အထူးသတိထားဖို့လည်း ထပ်ပြီးတော့ ပြောပါတယ်။”

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံထားရတာဖြစ်ပြီး သူ့ကို တရားစွဲဆိုထားတဲ့ အမှုတွေအတွက် ရုံးချိန်းထုတ်တော့မှသာ သူ့ရှေ့နေတွေနဲ့ တွေ့ခွင့်ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် ရုံးထုတ်ချိန်မှာ တွေ့ခွင့်ရတဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက အမှုအကြောင်း သတင်းထောက်တွေကို ရှင်းပြချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရော သူနဲ့ အတူနေသူတွေပါ ကာကွယ်ဆေးထိုးပြီးကြောင်း ပြောပေမယ့် အထိန်းသိမ်းမခံရခင်က ကာကွယ်ဆေး ပထမအလုံး ထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်နိုင်ငံထုတ် ဆေးထိုးခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ သူနဲ့ အတူနေသူတွေကတော့ သူ့ကိုယ်ရံတော်နဲ့ ချက်ပြုတ်သူ အပါအဝင် ၁၀ ဦးလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှု တဟုန်ထိုး တိုးလာနေသလို ဇွန်လဆန်းကစပြီး တရက်ကို ကူးစက်သူ ၁၀၀ ဝန်းကျင်ရှိနေရာကနေ ဇူလိုင်လ ၅ ရက် တနင်္လာနေ့ကတော့ ကူးစက်သူ ၃,၀၀၀ လောက် ဖြစ်သွားတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ ဆင်းရဲတဲ့ မြန်မာနိုင်ငံအတွက် ဒီနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေး ၅ သိန်းနဲ့ အိန္ဒိယကနေ ဆေး ၁ သန်းခွဲ ရခဲ့တဲ့နောက် တနိုင်ငံလုံးအတွက် ကာကွယ်ဆေး အလုံအလောက်ရဖို့ ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အခုတကြိမ်မှာ အရင်ကထက် ပိုပြင်းထန်တာကြောင့် ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က အထူးစိုးရိမ်နေကြောင်းနဲ့ တတ်နိုင်ရင် ကာကွယ်ဆေးရအောင် ထိုးကြဖို့၊ အချင်းချင်းစောင့်ရှောက်ကြဖို့နဲ့ ကိုဗစ်ကန့်သတ်ချက်တွေ၊ သတိပေးချက်တွေကို လိုက်နာကြဖို့လည်း မှာကြားကြောင်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆရာဝန်တွေ၊ ဝန်ထမ်းတွေနဲ့ လုပ်အားပေးတွေဟာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM မှာ ပါဝင်နေတာကြောင့် အခု ကိုဗစ်ကပ်ရောဂါဆိုင်ရာ တုံ့ပြန်မှုဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ သူ့အပေါ် တရားစွဲဆိုချက်တွေထဲမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်မှုလည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG