(Zawgyi / Unicode)
ျမန္မာ့ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီဘက္က စဲြဆိုထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ဇြန္လ ၂၁ ရက္ေန႔ကေန ၂၃ ရက္အတြင္း တရား႐ုံးၾကားနာမႈေတြ ရွိခဲ့ၿပီး တရားလိုျပ သက္ေသေတြကို စစ္ေဆးခဲ့ပါတယ္။ ဒီတပတ္ၾကားနာခဲ့တဲ့ အမႈအသြားအလာ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ကိုရန္ႏုိင္ သံုးသပ္ တင္ျပေပးထားပါတယ္။
ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တုိ႔ကို တရားစဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ဒီတပတ္မွာ ဒုတိယပတ္ေျမာက္အျဖစ္နဲ႔ ဇြန္လ ၂၁ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ ဆက္လက္ ၾကားနာ စစ္ေဆးခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကို သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈဥပေဒပုဒ္မ ၂၅ နဲ႔ ၂ မႈ၊ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ - ၈၊ ဆက္သြယ္ေရးဥပေဒပုဒ္မ - ၆၇၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ဥပေဒပုဒ္မ ၅၀၅ (ခ)၊ ႏုိင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈ ဥပေဒပုဒ္မ ၃ (၁) (ဂ) နဲ႔ အဂတိလိုက္စားမႈ တုိက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅၊ စုစုေပါင္း ၇ မႈနဲ႔ အမႈဖြင့္ထားၿပီး ဒီထဲက ၆ မႈကေတာ့ တရား႐ုံးမွာ ၾကားနာစစ္ေဆးေနၿပီး အဂတိလိုက္စားမႈ တုိက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ နဲ႔ စဲြထားတဲ့ အမႈကေတာ့ တရား႐ုံးမွာ စဲြခ်က္မတင္ရေသးဘူးလို႔ သိရပါတယ္။
ၿပီးခဲ့တဲ့တပတ္က ပထမဆုံးအႀကိမ္ အမႈေတြ စစ္ေဆးခဲ့တုန္းကေတာ့ တရားလိုေတြကို စစ္ေဆးခဲ့ၿပီး ဒီတပတ္မွာေတာ့ တရားလိုျပသက္ေသေတြကို စစ္ေဆးခဲ့တာပါ။ တရားလိုဘက္က တင္ျပခ်က္ေတြကို အေကာင္းဆုံး ေခ်ပႏုိင္ခဲ့သလို အျပန္အလွန္ ေမးခြန္းေတြမွာလည္း အျပစ္မရွိေၾကာင္း ေပၚလြင္ေအာင္ သက္ေသထူႏုိင္ေလာက္တဲ့အထိ တင္ျပႏုိင္ခဲ့တယ္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က ေျပာပါတယ္။ ဒီထဲက ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ - ၈ နဲ႔ ဆက္သြယ္ေရး ဥပေဒပုဒ္မ - ၆၇ တုိ႔နဲ႔ စဲြဆုိခဲ့တဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ေရွ႕ေန ဦးၾကည္ဝင္းက ဗီြအိုေအကို အခုလို ေျပာခဲ့ပါတယ္။
“ေဒၚေအာင္ဆန္းစုၾကည္ အမႈကေတာ့ ဒီေန႔ ကိုယ္စစ္တဲ့အခါက်ေတာ့ ဥပေဒအရ ၿငိစြန္းမႈမရွိဘူးေပ့ါ၊ ဆက္သြယ္ေရးပစၥည္းေတြက ျပည္ထဲေရးဌာန သုံးတာေတြပဲေလ။ သူ႔ဆီကမိတာ မဟုတ္ဘူးေလ။ တိုင္တဲ့ အမ်ိဳးအစားက ရွင္းေနတာပဲေလ။ အဲဒါေတြကို ေဒၚေအာင္ဆန္းစုၾကည္ဆီက သိမ္းတာမဟုတ္ဘူး။ မနက္ ၃ နာရီေလာက္ ေရာက္ၿပီးေတာ့ လုံၿခဳံေရးအဖြဲ႔ဆီက ၆ လုံး၊ ေနာက္ ကင္းဂိတ္က တလုံး၊ ကိုယ္ေရးအရာရွိေဆာင္က တလုံး ဒါပဲ။ ေဒၚေအာင္ဆန္းစုၾကည္ဆီက သိမ္းတာမပါဘူး။ ဒါေၾကာင့္မို႔ ဒီအမႈတင္မဟုတ္ဘူး ေရွ႕ေနပညာအရ သိေနတာပဲ။ ျပစ္မႈကင္းမကင္း သိတယ္ေလ။ ေနာက္ ရဲကိုယ္တိုင္ကကို ေဒၚေအာင္ဆန္းစုၾကည္ဆီက သိမ္းမသိမ္းကို ေပၚတာပဲ။ ထုံးစံအရဆို မူးယစ္ေဆးေတြမိရင္ ရွာေဖြပုံစံနဲ႔ သိမ္းၾကတယ္ေလ။ ဒါက က်ေနာ့္အိမ္ထဲက၊ ကုတင္ဆီက စသျဖင့္ သိမ္းၾကရတယ္။ ခုက သူတို႔ရဲေတြက သူတို႔ဘာသာ အပ္တာေလ၊ ေဒၚေအာင္ဆန္းစုၾကည္ အပ္တာမွမဟုတ္တာ။”
အဂၤါေန႔မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တုိ႔ကို စဲြထားတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈနဲ႔ သဘာဝေဘးအႏၱရာယ္နဲ႔ စီမံခန္႔ခဲြမႈ အက္ဥပေဒ ခ်ိဳးေဖာက္မႈေတြကို ဆက္လက္စစ္ေဆးခဲ့ၿပီး ဗုဒၶဟူးေန႔ကေတာ့ ႏုိင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၃ (၁) (ဂ) နဲ႔ ရန္ကုန္မွာဖြင့္ထားတဲ့ အမႈကို ေနျပည္ေတာ္ကို ႐ုံးေျပာင္းဖို႔ ေလွွ်ာက္လဲခ်က္ေပးတယ္။
အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ေအာင္ လုပ္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး တဘက္ကတင္တဲ့ သက္ေသေတြဟာ ဥပေဒေၾကာင္းအရ ညီညြတ္မွန္ကန္မႈ မရွိဘူးဆုိၿပီး ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနေတြဘက္က ပယ္ခ်ခဲ့ပါတယ္။ တရားလိုဘက္က သက္ေသတင္သြင္းတဲ့အေပၚ အမိန္႔ခ်တာ အပါအဝင္ ေရွ႕သီတင္းပတ္ ႐ုံးခ်ိန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ အက်ိဳးေဆာင္ေရွေန႔တဦးျဖစ္တဲ့ ေဒၚမင္းမင္းစိုးက ဗီြအိုေအကို အခုလို ေျပာပါတယ္။
“ေရွ႕တပတ္မွာလည္း တရားလိုျပ သက္ေသေတြပဲ ဆက္စစ္သြားမွာပါ။ တမႈမွာ တခ်ဳိ႕ဆိုရင္ တရားလိုျပ သက္ေသက ၁၀ ဦး၊ တခ်ဳိ႕အမႈမွာဆုိ ၉ ဦး တင္သြင္းထားတာ ရွိတဲ့အခါက်ေတာ့ က်န္တဲ့ တရားလိုျပ သက္ေသေတြကို ဆက္ၿပီး စစ္သြားမွာပါ။ သူတုိ႔ဘက္က တင္သြင္းတဲ့ စာရြက္စာတမ္းေတြကို ကန္႔ကြက္ ေလွ်ာက္လဲခ်က္ က်မတို႔ဘက္ကေပးတယ္။ ဥပေဒဘက္က တရားလိုဘက္ကေတာ့ တင္သြင္းတဲ့ စာရြက္စာတမ္းေတြကို သက္ေသခံအျဖစ္ လက္ခံဖို႔ဆုိၿပီး သူတုိ႔ဘက္က ေလွ်ာက္လဲခ်က္ ေပးတယ္။ အဲဒီႏွစ္ခုအေပၚ မူတည္ၿပီးမွ အမိန္႔ခ်မွာပါ။”
တရားခြင္မွာ အမႈမစစ္ခင္မွာေတာ့ ေရွ႕ေနေတြဟာ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္တုိ႔နဲ႔ အမႈအေၾကာင္း ေဆြးေႏြးဖို႔အတြက္ သီးသန္႔ေတြ႔ဆုံဖို႔ အခ်ိန္ မိနစ္ ၃၀ ေတြ႔ခြင့္ရၿပီး ဒီအေျခအေနကိုေတာ့ ေဒၚမင္းမင္းစိုးက အခုလိုရွင္းျပပါတယ္။
“တရားခြင္ မတုိင္ခင္မွာကေတာ့ နာရီဝက္ေလာက္ကေတာ့ ေတြ႔ခြင့္ရပါတယ္ အၿမဲတမ္း။ သီးသန္႔ေတြ႔ခြင့္ရတဲ့ အေနအထားမွာေတာ့ လြတ္လြတ္လပ္လပ္ ေျပာခြင့္ရပါတယ္။ က်မတုိ႔ခ်ည္းပဲေပါ့၊ ေရွ႕ေနေတြရယ္၊ အေမတုိ႔ရယ္နဲ႔ သီးသန္႔ေတြ႔ခြင့္ရတာပါ။ လြတ္လြတ္လပ္လပ္ ေတြ႔ခြင့္ရတာပါ၊ တျခား ဘယ္သူမွ မရွိပါဘူး။ CCTV လည္း မရွိေတာ့သလို လုံၿခဳံေရးေတြလည္း အထဲမွာ မရွိပါဘူး။ အထူးတရား႐ုံးထဲမွာရွိတဲ့ အခန္းတခန္းမွာပါ။ တရားခြင္ကေတာ့ အထူးတရား႐ုံးထဲမွာပဲ အေဆာက္အဦးႀကီး တခုထဲမွာပဲ အခန္းေလးေတြ ဖြဲ႔ထားတာ။ အဲဒီအခန္းေလးေတြထဲမွာ ေတြ႔ရတာပါ။ နည္းပါတယ္၊ လုံေလာက္မႈေတာ့ မရွိပါဘူး။ က်မတို႔က ပထမစစ္မယ့့္ရက္ဆိုရင္ ေလးမႈစာအတြက္ ေျပာရတယ္၊ တနလၤာေန႔ေပါ့၊ အဂၤါေန႔ဆုိရင္ အမႈအတြက္ ေတြ႔ရတဲ့အခ်ိန္ကေတာ့ နည္းနည္းေတာ့ လုံေလာက္ပါတယ္။ ဒီ ေလးမႈစာနဲ႔ ပတ္သက္ၿပီး ေျပာရတဲ့အခ်ိန္။ တနလၤာေန႔ ေတြ႔ရတဲ့အခ်ိန္ကေတာ့ မလုံေလာက္ပါဘူး။”
ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ နဲ႔ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈ ဥပေဒပုဒ္မ ၂၅ ေတြအတြက္ တကယ္လို႔ အျပစ္ရွိတယ္ဆုိရင္ ျပစ္ဒဏ္အေနနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ထက္ မပိုေသာ ျပစ္ဒဏ္ ဒါမွမဟုတ္ ေငြဒဏ္ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ရပ္စလုံး က်ခံရမယ္လို႔ ျပ႒ာန္းထားၿပီး ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ (က) က ၁ ႏွစ္အထိ ခ်မွတ္ႏုိင္ၿပီး ၅၀၅ (ခ) က ၃ ႏွစ္၊ ႏုိင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈ ဥပေဒက ေထာင္ဒဏ္ ၃ ႏွစ္ကေန ၁၅ ႏွစ္အထိ ခ်မွတ္ႏုိင္ၿပီး အဂတိလိုက္စားမႈတုိက္ဖ်က္ေရး ဥပေဒက ၁၅ ႏွစ္အထိ ခ်မွတ္ႏုိင္တယ္လို႔ ျပ႒ာန္းထားပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ သူ႔အေပၚ စဲြဆုိထားတဲ့ အမႈေတြကို ရွင္းရွင္းလင္းလင္း ေပၚေပါက္ေအာင္ စစ္ေပးဖို႔ သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြကို ေျပာထားပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လ ၁၉ ရက္ေန႔ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၆ ႏွစ္ျပည့္ ေမြးေန႔လည္း ျဖစ္တာေၾကာင့္ သူ႔ရဲ႕ေမြးေန႔ကို တကူးတက က်င္းပတာေတြ၊ ဆုေတာင္းတာေတြအတြက္ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္း၊ ျပည္သူေတြ ညီညြတ္စြာ ေနထုိင္ၾကဖို႔နဲ႔ ေမြးေန႔ဆုေတာင္းအေနနဲ႔ ျပည္သူေတြ က်န္းမာဖို႔ ဆုေတာင္းတယ္လို႔ ေရွေန႔ကတဆင့္ မွာၾကားခဲ့ပါတယ္။
--------------------
(Unicode)
စစ်ကောင်စီစွဲဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုများ (ဒုတိယပတ် - ဇွန်၂၁-၂၃)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်အတွင်း တရားရုံးကြားနာမှုတွေ ရှိခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီတပတ်ကြားနာခဲ့တဲ့ အမှုအသွားအလာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုရန်နိုင် သုံးသပ် တင်ပြပေးထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဒီတပတ်မှာ ဒုတိယပတ်မြောက်အဖြစ်နဲ့ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဆက်လက် ကြားနာ စစ်ဆေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ၂ မှု၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ - ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ စုစုပေါင်း ၇ မှုနဲ့ အမှုဖွင့်ထားပြီး ဒီထဲက ၆ မှုကတော့ တရားရုံးမှာ ကြားနာစစ်ဆေးနေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲထားတဲ့ အမှုကတော့ တရားရုံးမှာ စွဲချက်မတင်ရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့တပတ်က ပထမဆုံးအကြိမ် အမှုတွေ စစ်ဆေးခဲ့တုန်းကတော့ တရားလိုတွေကို စစ်ဆေးခဲ့ပြီး ဒီတပတ်မှာတော့ တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တာပါ။ တရားလိုဘက်က တင်ပြချက်တွေကို အကောင်းဆုံး ချေပနိုင်ခဲ့သလို အပြန်အလှန် မေးခွန်းတွေမှာလည်း အပြစ်မရှိကြောင်း ပေါ်လွင်အောင် သက်သေထူနိုင်လောက်တဲ့အထိ တင်ပြနိုင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြောပါတယ်။ ဒီထဲက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ - ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၇ တို့နဲ့ စွဲဆိုခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အမှုကတော့ ဒီနေ့ ကိုယ်စစ်တဲ့အခါကျတော့ ဥပဒေအရ ငြိစွန်းမှုမရှိဘူးပေ့ါ၊ ဆက်သွယ်ရေးပစ္စည်းတွေက ပြည်ထဲရေးဌာန သုံးတာတွေပဲလေ။ သူ့ဆီကမိတာ မဟုတ်ဘူးလေ။ တိုင်တဲ့ အမျိုးအစားက ရှင်းနေတာပဲလေ။ အဲဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းတာမဟုတ်ဘူး။ မနက် ၃ နာရီလောက် ရောက်ပြီးတော့ လုံခြုံရေးအဖွဲ့ဆီက ၆ လုံး၊ နောက် ကင်းဂိတ်က တလုံး၊ ကိုယ်ရေးအရာရှိဆောင်က တလုံး ဒါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းတာမပါဘူး။ ဒါကြောင့်မို့ ဒီအမှုတင်မဟုတ်ဘူး ရှေ့နေပညာအရ သိနေတာပဲ။ ပြစ်မှုကင်းမကင်း သိတယ်လေ။ နောက် ရဲကိုယ်တိုင်ကကို ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းမသိမ်းကို ပေါ်တာပဲ။ ထုံးစံအရဆို မူးယစ်ဆေးတွေမိရင် ရှာဖွေပုံစံနဲ့ သိမ်းကြတယ်လေ။ ဒါက ကျနော့်အိမ်ထဲက၊ ကုတင်ဆီက စသဖြင့် သိမ်းကြရတယ်။ ခုက သူတို့ရဲတွေက သူတို့ဘာသာ အပ်တာလေ၊ ဒေါ်အောင်ဆန်းစုကြည် အပ်တာမှမဟုတ်တာ။”
အင်္ဂါနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ သဘာဝဘေးအန္တရာယ်နဲ့ စီမံခန့်ခွဲမှု အက်ဥပဒေ ချိုးဖောက်မှုတွေကို ဆက်လက်စစ်ဆေးခဲ့ပြီး ဗုဒ္ဓဟူးနေ့ကတော့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မှာဖွင့်ထားတဲ့ အမှုကို နေပြည်တော်ကို ရုံးပြောင်းဖို့ လျှောက်လဲချက်ပေးတယ်။
အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး တဘက်ကတင်တဲ့ သက်သေတွေဟာ ဥပဒေကြောင်းအရ ညီညွတ်မှန်ကန်မှု မရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က ပယ်ချခဲ့ပါတယ်။ တရားလိုဘက်က သက်သေတင်သွင်းတဲ့အပေါ် အမိန့်ချတာ အပါအဝင် ရှေ့သီတင်းပတ် ရုံးချိန်းတွေနဲ့ ပတ်သက်ပြီးတော့ အကျိုးဆောင်ရှေနေ့တဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ရှေ့တပတ်မှာလည်း တရားလိုပြ သက်သေတွေပဲ ဆက်စစ်သွားမှာပါ။ တမှုမှာ တချို့ဆိုရင် တရားလိုပြ သက်သေက ၁၀ ဦး၊ တချို့အမှုမှာဆို ၉ ဦး တင်သွင်းထားတာ ရှိတဲ့အခါကျတော့ ကျန်တဲ့ တရားလိုပြ သက်သေတွေကို ဆက်ပြီး စစ်သွားမှာပါ။ သူတို့ဘက်က တင်သွင်းတဲ့ စာရွက်စာတမ်းတွေကို ကန့်ကွက် လျှောက်လဲချက် ကျမတို့ဘက်ကပေးတယ်။ ဥပဒေဘက်က တရားလိုဘက်ကတော့ တင်သွင်းတဲ့ စာရွက်စာတမ်းတွေကို သက်သေခံအဖြစ် လက်ခံဖို့ဆိုပြီး သူတို့ဘက်က လျှောက်လဲချက် ပေးတယ်။ အဲဒီနှစ်ခုအပေါ် မူတည်ပြီးမှ အမိန့်ချမှာပါ။”
တရားခွင်မှာ အမှုမစစ်ခင်မှာတော့ ရှေ့နေတွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ အမှုအကြောင်း ဆွေးနွေးဖို့အတွက် သီးသန့်တွေ့ဆုံဖို့ အချိန် မိနစ် ၃၀ တွေ့ခွင့်ရပြီး ဒီအခြေအနေကိုတော့ ဒေါ်မင်းမင်းစိုးက အခုလိုရှင်းပြပါတယ်။
“တရားခွင် မတိုင်ခင်မှာကတော့ နာရီဝက်လောက်ကတော့ တွေ့ခွင့်ရပါတယ် အမြဲတမ်း။ သီးသန့်တွေ့ခွင့်ရတဲ့ အနေအထားမှာတော့ လွတ်လွတ်လပ်လပ် ပြောခွင့်ရပါတယ်။ ကျမတို့ချည်းပဲပေါ့၊ ရှေ့နေတွေရယ်၊ အမေတို့ရယ်နဲ့ သီးသန့်တွေ့ခွင့်ရတာပါ။ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရတာပါ၊ တခြား ဘယ်သူမှ မရှိပါဘူး။ CCTV လည်း မရှိတော့သလို လုံခြုံရေးတွေလည်း အထဲမှာ မရှိပါဘူး။ အထူးတရားရုံးထဲမှာရှိတဲ့ အခန်းတခန်းမှာပါ။ တရားခွင်ကတော့ အထူးတရားရုံးထဲမှာပဲ အဆောက်အဦးကြီး တခုထဲမှာပဲ အခန်းလေးတွေ ဖွဲ့ထားတာ။ အဲဒီအခန်းလေးတွေထဲမှာ တွေ့ရတာပါ။ နည်းပါတယ်၊ လုံလောက်မှုတော့ မရှိပါဘူး။ ကျမတို့က ပထမစစ်မယ့်ရက်ဆိုရင် လေးမှုစာအတွက် ပြောရတယ်၊ တနင်္လာနေ့ပေါ့၊ အင်္ဂါနေ့ဆိုရင် အမှုအတွက် တွေ့ရတဲ့အချိန်ကတော့ နည်းနည်းတော့ လုံလောက်ပါတယ်။ ဒီ လေးမှုစာနဲ့ ပတ်သက်ပြီး ပြောရတဲ့အချိန်။ တနင်္လာနေ့ တွေ့ရတဲ့အချိန်ကတော့ မလုံလောက်ပါဘူး။”
ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွေအတွက် တကယ်လို့ အပြစ်ရှိတယ်ဆိုရင် ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၃ နှစ်ထက် မပိုသော ပြစ်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရမယ်လို့ ပြဋ္ဌာန်းထားပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ (က) က ၁ နှစ်အထိ ချမှတ်နိုင်ပြီး ၅၀၅ (ခ) က ၃ နှစ်၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေက ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေက ၁၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရှင်းရှင်းလင်းလင်း ပေါ်ပေါက်အောင် စစ်ပေးဖို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့လည်း ဖြစ်တာကြောင့် သူ့ရဲ့မွေးနေ့ကို တကူးတက ကျင်းပတာတွေ၊ ဆုတောင်းတာတွေအတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေ ညီညွတ်စွာ နေထိုင်ကြဖို့နဲ့ မွေးနေ့ဆုတောင်းအနေနဲ့ ပြည်သူတွေ ကျန်းမာဖို့ ဆုတောင်းတယ်လို့ ရှေနေ့ကတဆင့် မှာကြားခဲ့ပါတယ်။