သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အားလံုးစည္းလံုးညီညြတ္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္ မွာၾကား (ေရွ႕ေန ေဒၚမင္းမင္းစိုး)


(Zawgyi/ Unicode)

ႏိုင္ငံေရး မတည္ၿငိမ္မႈ အျပင္ Covid-19 ကပ္ေဘးေရာဂါ ျပသနာကိုပါ ရင္ဆိုင္ေနရတဲ႔ ျမန္မာ လူထုၾကား စည္းစည္းလံုးလံုး ရွိၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားေၾကာင္း ေရွ႕ေနက ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျပည္သူသို႔ သတင္းစကား၊ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္နဲ႔ ေနျပည္ေတာ္ ေကာင္စီ ဥကၠဌ ေဒါက္တာ မ်ိဳးေအာင္တို႔ရဲ႕ အမႈေနာက္ဆံုး အေျခအေနေတြကို မသိဂၤ ီထိုက္ စုစည္းတင္ျပေပးထားပါတယ္။

စစ္အာဏာသိမ္းတဲ႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက ရာထူးက ျဖဳတ္ခ်ၿပီး ဖမ္းခံထားရတဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈကို ဇြန္လ ၂၉ ရက္ အဂၤါေန႔က ေနျပည္ေတာ္ တရားရံုးမွာ ၾကားနာခဲ႔တဲ႔ အေတာအတြင္း ျပည္သူေတြ စည္းလံုးၾကဖို႔ ေရွ႕ေနကေန တဆင့္ သတင္းစကား ပါးခဲ႔တာပါ။

“ က်မတို႔ကို အထူးမွာတာကေတာ့ ေရွ႕ေနေတြကို စည္းစည္းလံုးလံုး ေနၾကပါ။ ညီညီၫြတ္ၫြတ္ေနၾကပါလို႔ ေျပာတယ္။ က်မတို႔ကို အရင္မွာၿပီးေတာ့ ျပည္သူေတြကို ျပန္မွာပါတယ္။ စည္းစည္းလံုးလံုး ေနၾကပါ။ ညီညီၫြတ္ၫြတ္ေနၾကပါလို႔ မွာတယ္။ ေနာက္ အေမ႔ က်န္းမာေရး အတြက္ကလည္း ဆရာ၀န္ တေယာက္၊ နာစ္႔ တေယာက္ ထားေပးတယ္။ ”

စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမႈေပါင္းမ်ားစြာ ရင္ဆိုင္ေနရတဲ႔ ေဒၚေအာင္ဆန္းစုၾကည္က အဂၤါေန႔ တရားရံုး ၾကားနာမႈ အတြင္း လူထု အတြက္ သတင္းစကား ပါးခဲ႔တာျဖစ္ေၾကာင္း သူမရဲ႕ ေရွ႕ေန ေဒၚမင္းမင္းစိုးက ေနျပည္ေတာ္မွာ သတင္းေထာက္ေတြကို ေျပာခဲ႔တာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရး ေကာင္းေၾကာင္းလည္း ေရွ႕ေန ေဒၚမင္းမင္းစိုးက ထပ္ေလာင္း ေျပာပါတယ္။
အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံ႔ေဆာ္မႈ အပါအ၀င္ အမႈတြဲ တခုတည္း တရားစြဲခံထားရတဲ႔ သမၼတ ဦးဝင္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တို႔ရဲ႕ အမႈေတြကို ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ အဂၤါေန႔က စစ္ေဆးခဲ႔တာပါ။

တရားလို ဘက္က တင္သြင္းတဲ႔ သက္ေသခံ စာရြက္စာတမ္းေတြကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက ကန္႔ကြက္တဲ႔ ၾကားကဘဲ တရားရံုးက လက္ခံလိုက္တာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ အတြက္ေတာ့ တရားေရး အရ အခက္အခဲ တခု ထပ္ၾကံဳရတာ ျဖစ္ပါတယ္။ ေရွ႕ေန ေဒၚမင္းမင္းစိုးက သတင္းေထာက္ေတြကို အခုလို ရွင္းျပပါတယ္။

“ က်မတို႔ အရင္ အပတ္တုန္းက သက္ေသခံ အျဖစ္ တင္သြင္းခဲ႔တဲ႔ စာရြက္စာတမ္းေတြ ရွိပါတယ္။ တရားလိုဘက္က တင္သြင္းခဲ႔တဲ႔ စာရြက္စာတမ္း ၂ ေစာင္ ရွိပါတယ္။ အဲဒီ စာရြက္စာတမ္းေတြ ကေတာ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ ၇ ရက္ ၂ လ ၂၀၂၁ ပါ အေၾကာင္းၾကားစာနဲ႔ ၁၃ ရက္ ၂ လ ၂၀၂၁ ပါ ေၾကညာခ်က္ေတြကို သူက လူမႈကြန္ယက္ ေပၚမွာ ေဖာ္ျပခဲ႔တဲ႔ စာရြက္စာတမ္းေတြကို ေဖာ္ျပၿပီးေတာ့ သူက သက္ေသခံ တင္သြင္းပါတယ္။ တင္သြင္းတဲ႔ အေပၚမွာ က်မတို႔ စြပ္စြဲခံရသူဘက္ကေန ကန္႔ကြက္ခဲ႔တာေပါ့ေနာ္။ "

“ ဒါေပမယ့္ ဥပေဒ အရာရွိဘက္ကေတာ့ သက္ေသခံ တင္သြင္းမႈကို လက္ခံဖို႔ ေလွ်ာက္လဲခ်က္ ေပးခဲ႔တယ္ေပါ့ေနာ္။ တရားရံုးေတာ္ဘက္က တရာလိုဘက္က သက္ေသခံ တင္သြင္းခဲ႔တဲ႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ ၇ ရက္ ၂ လ ၂၀၂၁ ရက္စြဲပါ စာကို သက္ေသခံ (က) အျဖစ္နဲ႔ လည္းေကာင္း၊ NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ ၁၃ ရက္ ၂ လ ၂၀၂၁ ရက္စြဲပါ ၆/၀၂ /၂၀၂၁ ကို သက္ေသခံ (ခ) အျဖစ္လည္းေကာင္း ၂ ခုလံုးကို သက္ေသခံ အျဖစ္ တင္သြင္းမႈကို လက္ခံ ခဲ႔ပါတယ္။ ”

တရာလိုဘက္က သက္ေသခံ တင္သြင္းတဲ႔ စာရြက္ေတြကေတာ့ အာဏာသိမ္းၿပီး အရပ္ဘက္ ေခါင္းေဆာင္ေတြကို ဖမ္းဆီးထားစဥ္ စစ္တပ္ရဲ႕ လုပ္ရပ္ကို ကန္႔ကြက္ေၾကာင္း NLD ဘက္က ထုတ္ျပန္ခ်က္ေတြ ျဖစ္ပါတယ္။ တရားလိုဘက္က သက္ေသခံ တင္သြင္းတာကို အဂၤါေန႔မွာ တရားရံုးက လက္ခံခဲ႔ေပမယ့္လည္း အထက္တရားရံုးမွာ တင္ျပခြင့္ ျပဳခဲ႔ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက အထက္တရားရံုးကို ဆက္ၿပီး တင္သြင္းဖို႔ ျပင္ဆင္ေနၾကပါတယ္။

သမၼတ ဦး၀င္းျမင့္၊ ေနျပည္ေတာ္ ေကာင္စီ ဥကၠဌ ေဒါက္တာ မ်ိဳးေအာင္တို႔ပါ အတူပါတဲ႔ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံ႔ေဆာ္မႈ ဆိုတဲ႔ စြဲခ်က္ကိုေတာ့ အထက္တရားရံုး က ဆံုးျဖတ္ခ်က္ မက်မခ်င္း ေနျပည္ေတာ္ သီးသန္႔ တရားရံုးက ၾကားနာမႈ ဆိုင္းငံ႔ထားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနရတဲ႔ တရားမ၀င္ Walkie-talkies စကားေျပာစက္ေတြ ခြင့္ျပဳခ်က္ မရွိဘဲ အသံုးျပဳမႈ၊ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပြဲ စည္းရံုးမႈ ၂ ခုမွာ Covid-19 ကပ္ေဘးေရာဂါဆိုင္ရာ တားျမစ္ခ်က္ေတြကို ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ေတာ့ ဆက္လက္ ၾကားနာ စစ္ေဆးသြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)


အားလုံးစည်းလုံးညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား (ရှေ့နေ ဒေါ်မင်းမင်းစိုး)

နိုင်ငံရေး မတည်ငြိမ်မှု အပြင် Covid-19 ကပ်ဘေးရောဂါ ပြသနာကိုပါ ရင်ဆိုင်နေရတဲ့ မြန်မာ လူထုကြား စည်းစည်းလုံးလုံး ရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း ရှေ့နေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ သတင်းစကား၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်တို့ရဲ့ အမှုနောက်ဆုံး အခြေအနေတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ရာထူးက ဖြုတ်ချပြီး ဖမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ဇွန်လ ၂၉ ရက် အင်္ဂါနေ့က နေပြည်တော် တရားရုံးမှာ ကြားနာခဲ့တဲ့ အတောအတွင်း ပြည်သူတွေ စည်းလုံးကြဖို့ ရှေ့နေကနေ တဆင့် သတင်းစကား ပါးခဲ့တာပါ။

“ ကျမတို့ကို အထူးမှာတာကတော့ ရှေ့နေတွေကို စည်းစည်းလုံးလုံး နေကြပါ။ ညီညီညွတ်ညွတ်နေကြပါလို့ ပြောတယ်။ ကျမတို့ကို အရင်မှာပြီးတော့ ပြည်သူတွေကို ပြန်မှာပါတယ်။ စည်းစည်းလုံးလုံး နေကြပါ။ ညီညီညွတ်ညွတ်နေကြပါလို့ မှာတယ်။ နောက် အမေ့ ကျန်းမာရေး အတွက်ကလည်း ဆရာဝန် တယောက်၊ နာစ့် တယောက် ထားပေးတယ်။ ”

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့ တရားရုံး ကြားနာမှု အတွင်း လူထု အတွက် သတင်းစကား ပါးခဲ့တာဖြစ်ကြောင်း သူမရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းကြောင်းလည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ထပ်လောင်း ပြောပါတယ်။
အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်မှု အပါအဝင် အမှုတွဲ တခုတည်း တရားစွဲခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို နေပြည်တော် သီးသန့်တရားရုံးမှာ အင်္ဂါနေ့က စစ်ဆေးခဲ့တာပါ။

တရားလို ဘက်က တင်သွင်းတဲ့ သက်သေခံ စာရွက်စာတမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်တဲ့ ကြားကဘဲ တရားရုံးက လက်ခံလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ တရားရေး အရ အခက်အခဲ တခု ထပ်ကြုံရတာ ဖြစ်ပါတယ်။ ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။

“ ကျမတို့ အရင် အပတ်တုန်းက သက်သေခံ အဖြစ် တင်သွင်းခဲ့တဲ့ စာရွက်စာတမ်းတွေ ရှိပါတယ်။ တရားလိုဘက်က တင်သွင်းခဲ့တဲ့ စာရွက်စာတမ်း ၂ စောင် ရှိပါတယ်။ အဲဒီ စာရွက်စာတမ်းတွေ ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၇ ရက် ၂ လ ၂၀၂၁ ပါ အကြောင်းကြားစာနဲ့ ၁၃ ရက် ၂ လ ၂၀၂၁ ပါ ကြေညာချက်တွေကို သူက လူမှုကွန်ယက် ပေါ်မှာ ဖော်ပြခဲ့တဲ့ စာရွက်စာတမ်းတွေကို ဖော်ပြပြီးတော့ သူက သက်သေခံ တင်သွင်းပါတယ်။ တင်သွင်းတဲ့ အပေါ်မှာ ကျမတို့ စွပ်စွဲခံရသူဘက်ကနေ ကန့်ကွက်ခဲ့တာပေါ့နော်။ "

“ ဒါပေမယ့် ဥပဒေ အရာရှိဘက်ကတော့ သက်သေခံ တင်သွင်းမှုကို လက်ခံဖို့ လျှောက်လဲချက် ပေးခဲ့တယ်ပေါ့နော်။ တရားရုံးတော်ဘက်က တရာလိုဘက်က သက်သေခံ တင်သွင်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၇ ရက် ၂ လ ၂၀၂၁ ရက်စွဲပါ စာကို သက်သေခံ (က) အဖြစ်နဲ့ လည်းကောင်း၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၁၃ ရက် ၂ လ ၂၀၂၁ ရက်စွဲပါ ၆/၀၂ /၂၀၂၁ ကို သက်သေခံ (ခ) အဖြစ်လည်းကောင်း ၂ ခုလုံးကို သက်သေခံ အဖြစ် တင်သွင်းမှုကို လက်ခံ ခဲ့ပါတယ်။ ”
တရာလိုဘက်က သက်သေခံ တင်သွင်းတဲ့ စာရွက်တွေကတော့ အာဏာသိမ်းပြီး အရပ်ဘက် ခေါင်းဆောင်တွေကို ဖမ်းဆီးထားစဉ် စစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း NLD ဘက်က ထုတ်ပြန်ချက်တွေ ဖြစ်ပါတယ်။ တရားလိုဘက်က သက်သေခံ တင်သွင်းတာကို အင်္ဂါနေ့မှာ တရားရုံးက လက်ခံခဲ့ပေမယ့်လည်း အထက်တရားရုံးမှာ တင်ပြခွင့် ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အထက်တရားရုံးကို ဆက်ပြီး တင်သွင်းဖို့ ပြင်ဆင်နေကြပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်တို့ပါ အတူပါတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်မှု ဆိုတဲ့ စွဲချက်ကိုတော့ အထက်တရားရုံး က ဆုံးဖြတ်ချက် မကျမချင်း နေပြည်တော် သီးသန့် တရားရုံးက ကြားနာမှု ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ တရားမဝင် Walkie-talkies စကားပြောစက်တွေ ခွင့်ပြုချက် မရှိဘဲ အသုံးပြုမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ စည်းရုံးမှု ၂ ခုမှာ Covid-19 ကပ်ဘေးရောဂါဆိုင်ရာ တားမြစ်ချက်တွေကို ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့တော့ ဆက်လက် ကြားနာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG