(Zawgyi/Unicode)
ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ အမႈေတြထဲက သမၼတဦးဝင္းျမင့္နဲ႔အမႈတဲြတူတဲ့ အမႈေတြကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးသတ္ႏိုင္မယ့္ အေျခအေန နည္းသြားၿပီလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကေျပာပါ တယ္။ ဒီေန႔ ဇြန္လ ၂၉ ရက္ ေန႔ျပည္ေတာ္မွာျပဳလုပ္တဲ့ စစ္ေဆးၾကားနာမႈအတြင္း ပုဒ္မ ၅၀၅ (ခ) နဲ႔စဲြခ်က္ထားတဲ့အမႈအတြက္ တရားလိုဘက္ကတင္ျပတဲ့ သက္ေသေတြကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေ႐ွ႕ေနေတြ ကန္႔ကြက္ေပမဲ့ တရားသူႀကီးကလက္ခံခဲ့တာေၾကာင့္ အထက္တရား႐ုံးကို ဆက္လက္အယူခံဝင္သြားဖို႔ ျပင္ေနပါတယ္။ ခုလို ေႏွာင့္ေႏွးမႈေတြ႐ွိတဲ့ အေျခအေန အျပည့္အစုံရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး ေျပာျပေပးမွာပါ။
အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္၊ လုပ္ေဆာင္မႈ၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ)၊ ခ်ဳိးေဖာက္မႈတို႔နဲ႔ အမႈတတြဲထဲ တရားစဲြခံေနရတဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တို႔ရဲ႕ အမႈေတြကို ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ဒီေန႔ ဇြန္လ ၂၉ ရက္ေန႔မွာ ဆက္လက္ စစ္ေဆးပါတယ္။ ဒီအမႈအတြက္ တရားလိုေတြဖက္က တင္ျပတဲ့ သက္ေသေတြကို တရားသူႀကီးက လက္ခံလိုက္ပါတယ္။
စစ္တပ္ကအာဏာသိမ္းၿပီး သမၼတနဲ႔ ႏိုင္ငံေတာ္အတုိင္ပင္ခံတို႔ကို ဖမ္းဆီးထားစဥ္ စစ္တပ္ရဲ႕ လုပ္ရပ္ကို ကန္႔ကြက္ေၾကာင္း NLD ပါတီရဲ႕ထုတ္ျပန္ခ်က္ေတြကို သက္ေသအျဖစ္ တရားလိုဘက္က တင္ျပတာျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္းတဲ့အေပၚ ကန႔္ကြက္တဲ့ NLD ပါတီရဲ႕ ထုတ္ျပန္ခ်က္မွာ သမၼတဦးဝင္းျမင့္ရဲ႕ လက္မွတ္ေရာ၊ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္မွတ္ပါ မပါဘဲ သက္ေသအျဖစ္ တရားသူႀကီးက လက္ခံလိုက္တာကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြ သေဘာမတူတဲ့အတြက္ အထက္တရား႐ုံးမွာ တင္ျပအယူခံဝင္ဖို႔ ျပင္ဆင္ေနၿပီလို႔ ေ႐ွ႕ေန ေဒၚစန္းမာလာညြန္႔က ဗီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။
ခုလို အထက္တရား႐ံုးကို တက္ဖို႔ အေျခအေနျဖစ္လာတာေၾကာင့္ ဒီအမႈကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးျပတ္ စစ္ႏိုင္ဖို႔ ခက္ခဲသြားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနအဖဲြ႔ကို ဦးေဆာင္တဲ့ ေ႐ွ႕ေနႀကီးဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
မေန႔ စစ္ေဆးခဲ့တဲ့ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ကိုခ်ဳိးေဖာက္တယ္ဆိုတဲ့ အမႈမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြ ဘက္က ျပန္လွန္ေမးခြန္းေမးတာကို တရားလိုဘက္က ကန႔္ကြက္ခဲ့တာေၾကာင့္ ေမးခြန္းေမးျမန္းခြင့္ရေအာင္ အထက္တရား႐ုံးကို တင္ျပသြားဖို႔ရွိေနပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေနာက္ထပ္စြဲဆိုထားတဲ့ သဘာဝေဘး အႏၲ ရာယ္ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္မႈ၊ ပုဒ္မ ၂၅ နဲ႔စြဲတဲ့အမႈအတြက္လည္း ဒီေန႔ ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ စစ္ေဆးၾကားနာခဲ့ပါတယ္။ ဒီအမႈအတြက္ေတာ့ တရားလိုသက္ေသ ေတြကိုစစ္ေမးခဲ့တယ္လို႔ ေရွ႕ေနေတြက ေျပာျပပါတယ္။
အမႈစုစုေပါင္း ၇ ခုနဲ႔ တရားစဲြဆိုခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြထဲက ႐ိုး႐ွင္းတဲ့ အမႈေတြကို ရက္ေပါင္း ၁၈၀ အတြင္း တခုစီ အၿပီးသတ္စစ္ေဆးဖုိ႔ တရားသူႀကီးက သေဘာတူလက္ခံထားပါတယ္။ ဒါေပမဲ့လည္း အထက္တရား႐ံုး တက္ရမယ့္ အေျခအေနျဖစ္လာပါတယ္။ ေရွ႕ေနေတြ ဘက္ကေတာ့ တရားၿပိဳင္ရဲ႕အခြင့္အေရးအရ ခုခံေခ်ပခြင့္ အယူခံဝင္ခြင့္ရသေလာက္ထိ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။
ဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈေတြထဲက ႐ိုးရွင္းတဲ့အမႈေတြအတြက္ အမႈတခုစီကို ရက္ ေပါင္း ၁၈၀အတြင္း အၿပီးစစ္ဖို႔ တရားသူႀကီးက ခြင့္ျပဳခဲ့ၿပီးေနာက္ ေနျပည္ေတာ္က သီးသန႔္ တရား႐ုံးမွာ အပတ္စဥ္ တနလၤာေန႔နဲ႔ အဂၤါေန႔ေတြမွာ အမႈေတြကိုစစ္ေဆးေန တာျဖစ္ပါ တယ္။
ဒီေန႔ စစ္ေဆးတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္၊ လုပ္ေဆာင္မႈ၊ သဘာဝေဘး အႏၲ ရာယ္ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္မႈ တို႔အတြက္ ေနာက္တႀကိမ္႐ုံးခ်ိန္းကေတာ့ ဇူလိုင္လ ၆ ရက္ေန႔ျဖစ္ပါတယ္။
.........................................................................................
ဒေါ်အောင်ဆန်းစုကြည်အမှုများ ရက်၁၈၀အတွင်းအပြီးသတ်နိုင်ခြေ နည်းပါး
(Unicode)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက သမ္မတဦးဝင်းမြင့်နဲ့အမှုတွဲတူတဲ့ အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်နိုင်မယ့် အခြေအနေ နည်းသွားပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကပြောပါ တယ်။ ဒီနေ့ ဇွန်လ ၂၉ ရက် နေ့ပြည်တော်မှာပြုလုပ်တဲ့ စစ်ဆေးကြားနာမှုအတွင်း ပုဒ်မ ၅၀၅ (ခ) နဲ့စွဲချက်ထားတဲ့အမှုအတွက် တရားလိုဘက်ကတင်ပြတဲ့ သက်သေတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေ ကန့်ကွက်ပေမဲ့ တရားသူကြီးကလက်ခံခဲ့တာကြောင့် အထက်တရားရုံးကို ဆက်လက်အယူခံဝင်သွားဖို့ ပြင်နေပါတယ်။ ခုလို နှောင့်နှေးမှုတွေရှိတဲ့ အခြေအနေ အပြည့်အစုံရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပေးမှာပါ။
အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်၊ လုပ်ဆောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ချိုးဖောက်မှုတို့နဲ့ အမှုတတွဲထဲ တရားစွဲခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာ ဆက်လက် စစ်ဆေးပါတယ်။ ဒီအမှုအတွက် တရားလိုတွေဖက်က တင်ပြတဲ့ သက်သေတွေကို တရားသူကြီးက လက်ခံလိုက်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ဖမ်းဆီးထားစဉ် စစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း NLD ပါတီရဲ့ထုတ်ပြန်ချက်တွေကို သက်သေအဖြစ် တရားလိုဘက်က တင်ပြတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့အပေါ် ကန့်ကွက်တဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ သမ္မတဦးဝင်းမြင့်ရဲ့ လက်မှတ်ရော၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်ပါ မပါဘဲ သက်သေအဖြစ် တရားသူကြီးက လက်ခံလိုက်တာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ သဘောမတူတဲ့အတွက် အထက်တရားရုံးမှာ တင်ပြအယူခံဝင်ဖို့ ပြင်ဆင်နေပြီလို့ ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဗီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
ခုလို အထက်တရားရုံးကို တက်ဖို့ အခြေအနေဖြစ်လာတာကြောင့် ဒီအမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးပြတ် စစ်နိုင်ဖို့ ခက်ခဲသွားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကို ဦးဆောင်တဲ့ ရှေ့နေကြီးဦးခင်မောင်ဇော်က ပြောပါတယ်။
မနေ့ စစ်ဆေးခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ကိုချိုးဖောက်တယ်ဆိုတဲ့ အမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ဘက်က ပြန်လှန်မေးခွန်းမေးတာကို တရားလိုဘက်က ကန့်ကွက်ခဲ့တာကြောင့် မေးခွန်းမေးမြန်းခွင့်ရအောင် အထက်တရားရုံးကို တင်ပြသွားဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ်စွဲဆိုထားတဲ့ သဘာဝဘေး အန္တ ရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ ပုဒ်မ ၂၅ နဲ့စွဲတဲ့အမှုအတွက်လည်း ဒီနေ့ နေပြည်တော် သီးသန့်တရားရုံးမှာ စစ်ဆေးကြားနာခဲ့ပါတယ်။ ဒီအမှုအတွက်တော့ တရားလိုသက်သေ တွေကိုစစ်မေးခဲ့တယ်လို့ ရှေ့နေတွေက ပြောပြပါတယ်။
အမှုစုစုပေါင်း ၇ ခုနဲ့ တရားစွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက ရိုးရှင်းတဲ့ အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်း တခုစီ အပြီးသတ်စစ်ဆေးဖို့ တရားသူကြီးက သဘောတူလက်ခံထားပါတယ်။ ဒါပေမဲ့လည်း အထက်တရားရုံး တက်ရမယ့် အခြေအနေဖြစ်လာပါတယ်။ ရှေ့နေတွေ ဘက်ကတော့ တရားပြိုင်ရဲ့အခွင့်အရေးအရ ခုခံချေပခွင့် အယူခံဝင်ခွင့်ရသလောက်ထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်ကပြောပါတယ်။
ဒါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက ရိုးရှင်းတဲ့အမှုတွေအတွက် အမှုတခုစီကို ရက် ပေါင်း ၁၈၀အတွင်း အပြီးစစ်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးနောက် နေပြည်တော်က သီးသန့် တရားရုံးမှာ အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ အမှုတွေကိုစစ်ဆေးနေ တာဖြစ်ပါ တယ်။
ဒီနေ့ စစ်ဆေးတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်၊ လုပ်ဆောင်မှု၊ သဘာဝဘေး အန္တ ရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု တို့အတွက် နောက်တကြိမ်ရုံးချိန်းကတော့ ဇူလိုင်လ ၆ ရက်နေ့ဖြစ်ပါတယ်။