သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈ တရား႐ုံးၾကားနာမႈ ေလးပတ္ေျမာက္ ခုခံေခ်ပ


ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇန္နဝါရီ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ေဒၚေအာင္ဆန္းစုၾကည္အမႈေတြနဲ႔ ပတ္သက္လို႔ အပတ္စဥ္ တရား႐ုံးၾကားနာမႈေတြနဲ႔ အမႈအလားအလာေတြကို အပတ္စဥ္ တင္ဆက္ေပးေနရာမွာ အခုေတာ့ တရား႐ုံးၾကားနာမႈ ေလးပတ္ေျမာက္အေျခအေနကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တုိ႔အေပၚ စဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ေနျပည္ေတာ္က သီးသန္႔တရား႐ုံးမွာ ဒီတပတ္ ၄ ပတ္ေျမာက္အျဖစ္နဲ႔ ဆက္ၿပီးေတာ့ ၾကားနာစစ္ေဆးခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ဘက္က သူ႔အေပၚ စဲြဆုိထားတဲ့ အမႈေတြဟာ ဥပေဒေၾကာင္းအရ မမွန္ကန္တာ၊ သက္ေသအေထာက္အထား မခုိင္လုံတာအျပင္ ဥပေဒလုပ္ထုံးလုပ္နည္းနဲ႔ မညီတာေတြကို ေဖာ္ထုတ္တင္ျပႏုိင္ဖို႔ ႀကိဳးပမ္းလာခဲ့ပါတယ္။

ဒီတပတ္ အမႈေတြကို ၾကားနာစစ္ေဆးတဲ့ အခါမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က သူ႔အေပၚစဲြထားတဲ့ အမႈေတြဟာ ဥပေဒေၾကာင္းအရ မေလ်ာ္ကန္တဲ့ လုပ္ထုံးလုပ္နည္းေတြ ျဖစ္ေနတယ္လို႔ ေရွ႕ေနေတြကို ေျပာခဲ့ပါတယ္။ ဆုိေတာ့ ဒီအမႈေတြဟာ ဥပေဒ လုပ္ထုံးလုပ္နည္းေတြနဲ႔ ဘယ္လိုမညီတာပါလဲ? ဒါနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနတဦးျဖစ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးၾကည္ဝင္းက အခုလိုေျပာပါတယ္။

“လုပ္ထုံးလုပ္နည္း မညီဘူးဆုိတာ ဒီလုပ္ထုံးလုပ္နည္းက ဘယ္လိုလဲဆုိေတာ့ အကယ္၍ စြပ္စဲြခံရသူတေယာက္ကို ပထမကတည္းက တုိင္ခ်က္ဖြင့္လိုက္ရမယ္။ ဘာေၾကာင့္ တုိင္ခ်က္ဖြင့္သလဲဆုိရင္ ပစၥည္းေတြနဲ႔ မိသြားၿပီ ဆုိလို႔ရွိရင္ တုိင္ခ်က္ဖြင့္ရမယ္။ တုိင္ခ်က္ဖြင့္ၿပီးေတာ့မွ ဖမ္းရမွာေပါ့ေနာ္၊ အဲဒီလိုမ်ိဳးသြားရမယ္။ အခုဟာက အဲဒီလိုမ်ိဳးမဟုတ္ဘူး။ ဒီျပစ္မႈေတြ ဘာမွမရွိဘဲနဲ႔ သူတုိ႔ ၁ ရက္ေန႔မွာ ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အေရးေပၚကာလ ျပ႒ာန္းလိုက္ၿပီးေတာ့မွ အဲဒီ ၁ ရက္ေန႔ မနက္ ၄ နာရီမွာ ဖမ္းလိုက္တာပဲ။ ဆက္သြယ္ေရးပစၥည္းေတြ၊ တယ္လီဖုန္းေတြ၊ စကားေျပာစက္ေတြ ေတြ႔ၿပီးေတာ့မွ တုိင္ခ်က္ေတြဖြင့္တယ္။ အစက အမႈမရွိဘူး။ ယခင္ကလည္း ဘာမွအမႈမရွိဘူး။ ဖမ္းၿပီးခါမွ ေနာက္မွ အမႈေတြ စဲြတဲ့အခါက်ေတာ့ ဒါက ရဲလုပ္ထုံးလုပ္နည္းအရဆုိရင္ ဒါက ေနာက္မွ အမႈစဲြတာေပါ့။ ဥပမာေလးတခုက ေတာင္ကိုရီးယားမွာ ဆုိလို႔ရွိရင္ ေတာင္ကိုရီးယားသမၼတ ပါ့ခ္ဂြမ္ေဟး၊ သူဆုိလို႔ရွိရင္ သမၼတတာဝန္ ထမ္းေဆာင္ေနရင္းနဲ႔ အစိုးရအဖဲြ႔က လာဘ္စားမႈနဲ႔ တုိင္ခ်က္ဖြင့္တာ။ ေပၚလြင္ေတာ့မွ အေရးယူတာ။ ဒါေတြက လုပ္ထုံးလုပ္နည္းက်တာေပါ့။”

စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္လင္းအားႀကီးအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တုိ႔ရဲ႕ ေနအိမ္ေတြကို ဝင္ေရာက္စီးနင္းၿပီး အာဏာသိမ္းတဲ့အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ကေန ဆက္သြယ္ေရး စကားေျပာစက္ေတြကို သိမ္းဆည္းရမိတာနဲ႔ ပတ္သက္ၿပီး ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ-၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ-၆၇ ေတြနဲ႔လည္း အမႈဖြင့္ တရားစဲြခဲ့ပါတယ္။ ဒီလို တရားစဲြခဲ့တဲ့အေပၚမွာ ၿပီးခဲ့တဲ့တရားခြင္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ဆြဲထားတဲ့ ေျမပုံနဲ႔ ခုခံေခ်ပတာေတြ လုပ္ခဲ့ပါတယ္။

“ေျမပုံဆဲြထားတာက ေဒၚေအာင္ဆန္းစုၾကည္ သူ႔ဘာသာသူ ဆဲြထားတာ။ က်ေနာ္က ေျမပုံၾကည့္ၿပီးေတာ့ သူ႔ကိုေမးတာ။ ေျမပုံဆုိတာက ထုံးစံက အမႈစစ္အရာရွိက ေျမပုံဆဲြေပးရမယ္။ ဘယ္မွာပဲ ဘာပဲျဖစ္ျဖစ္၊ အမႈတမႈျဖစ္သြားရင္ ေျမပုံဆုိတာ ဆဲြေပးရမယ္။ ဒီအမႈစစ္အရာရွိက အမႈထဲမွာ ဆဲြမထားဘူး။ ေဒၚေအာင္ဆန္းစုၾကည္က ဆဲြထားတယ္။ ဆဲြထားေတာ့ က်ေနာ္က ေျမပုံကိုၾကည့္ၿပီးေတာ့ ေမးတာ။ ဗုိလ္ႀကီးကေတာ့ ေျမပုံျမင္သလား မျမင္သလားေတာ့ မသိဘူး။ အဲဒီသက္ေသက သူကလည္း အမွန္အတုိင္းကို အကုန္လုံးေျပာသြားတာ။ အဲဒီဗုိလ္ႀကီး မင္းထက္ေအာင္ကိုပဲ ဒီပစၥည္းေတြက လုံၿခဳံေရးအရ ျပည္ထဲေရးဝန္ႀကီးဌာနက ဝန္ထမ္းေတြပဲကိုင္တာ မဟုတ္ဘူးလားလို႔ ေမးေတာ့ ဟုတ္တယ္ ျပည္ထဲေရးက ဝန္ထမ္းေတြပဲ ကိုင္တာတဲ့။ အဲဒီဝန္ထမ္းေတြကလည္း ျပည္ထဲေရးဝန္ႀကီးဌာနကလား ဆုိေတာ့လည္း ဟုတ္တယ္ ဒါပဲေျပာတာပဲ။ ေဒၚေအာင္ဆန္းစုၾကည္ဆီက ေတြ႔တာမဟုတ္ဘူးဆုိတာ အရင္လူေတြက ေမးမရေပမယ့္ ဒီဗုိလ္ႀကီးက်တဲ့ အခါက်ေတာ့ သူက ရွင္းရွင္းလင္းလင္း ျဖစ္သြားတာေပါ့။” လုိ႔ ေဒၚေအာင္ဆန္းစုၾကကည္ရဲ႕ ေရွ႕ေန ဦးၾကည္ဝင္းက ဆုိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္ကေတာ့ ဒီစကားေျပာစက္ေတြဟာ သူမရဲ႕ ေနအိမ္ၿခံဝင္းအတြင္းမွာရွိတဲ့ လုံၿခဳံေရးတပ္ဖဲြ႔ဝင္ေတြဆီက သိမ္းဆည္းခဲ့တာျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ဆီက သိမ္းဆည္းရမိခဲ့တာ မဟုတ္ေၾကာင္း၊ ဒါ့အျပင္ အဲဒီလုံၿခဳံေရးေတြဟာလည္း ျပည္ထဲေရးဝန္ႀကီးဌာနက တာဝန္ေပး ခန္႔အပ္ထားသူေတြျဖစ္ၿပီး ျပည္ထဲေရးက အသုံးျပဳတဲ့ ပစၥည္းေတြျဖစ္ေၾကာင္း တင္ျပခဲ့သလို သက္ေသကိုလည္း အမႈအတြက္ အမွန္အတုိင္း ထြက္ဆုိႏုိင္ေအာင္ လုပ္ဆာင္ႏုိင္ခဲ့တယ္လို႔ ဆုိရမွာပါ။

ဒါ့အျပင္ ဇူလိုင္လ ၆ ရက္ေန႔ကေတာ့ စစ္ေကာင္စီဘက္က ပါတီဗဟိုက ေဖေဖာ္ဝါရီ ၇ ရက္နဲ႔ ၁၃ ရက္ေန႔ေတြက ထုတ္ျပန္တဲ့ ေၾကညာခ်က္ ၂ ေစာင္ကို သက္ေသတင္ၿပီး ၅၀၅ (ခ) နဲ႔ စဲြထားတဲ့အမႈဟာ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြဟာ ဖမ္းဆီးထိန္းသိမ္း ခံထားရတဲ့အတြက္ ျပင္ပကမာၻနဲ႔ အဆက္အသြယ္ ျပတ္ေနတဲ့အခ်ိန္ ျဖစ္တာေၾကာင့္ သက္ေသမခုိင္မာဘူးလို႔ တင္ျပခဲ့ၾကပါတယ္။

လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ကာလကလည္း အေမရိကန္ႏုိ္င္ငံသား ဂၽြန္ယက္ေတာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ကို ခုိးဝင္ ဝင္ေရာက္ခဲ့မႈနဲ႔ နအဖစစ္အစိုးရက ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္ ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ကို ခ်ိဳးေဖာက္တယ္ဆုိၿပီး ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက သူမဟာ ခ်မွတ္ထားတဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြကို ခ်ိဳးေဖာက္ျခင္းမရွိသလို အဆိုပါ အေမရိကန္ႏုိင္ငံသားကိုလည္း ဖိတ္ေခၚခဲ့ျခင္း မရွိေၾကာင္း၊ လုံၿခဳံေရး ခ်ထားတဲ့ၾကားက အဲဒီလို ဝင္ေရာက္ခဲ့တာဟာ လုံၿခဳံေရးေတြမွာ တာဝန္ရွိတယ္လို႔ သက္ေသအခုိင္အမာနဲ႔ ေလွ်ာက္လဲခဲ့ၾကေပမယ့္ အင္းစိန္ေထာင္တြင္းမွာ နအဖစစ္အစိုးရဖဲြ႔ထားတဲ့ တရား႐ုံးက ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္ဒဏ္ခ်မွတ္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးကြားနာမှု လေးပတ်မြောက် ခုခံချေပ

ဒေါ်အောင်ဆန်းစုကြည်အမှုတွေနဲ့ ပတ်သက်လို့ အပတ်စဉ် တရားရုံးကြားနာမှုတွေနဲ့ အမှုအလားအလာတွေကို အပတ်စဉ် တင်ဆက်ပေးနေရာမှာ အခုတော့ တရားရုံးကြားနာမှု လေးပတ်မြောက်အခြေအနေကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး နေပြည်တော်က သီးသန့်တရားရုံးမှာ ဒီတပတ် ၄ ပတ်မြောက်အဖြစ်နဲ့ ဆက်ပြီးတော့ ကြားနာစစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေဟာ ဥပဒေကြောင်းအရ မမှန်ကန်တာ၊ သက်သေအထောက်အထား မခိုင်လုံတာအပြင် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေကို ဖော်ထုတ်တင်ပြနိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

ဒီတပတ် အမှုတွေကို ကြားနာစစ်ဆေးတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်စွဲထားတဲ့ အမှုတွေဟာ ဥပဒေကြောင်းအရ မလျော်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြစ်နေတယ်လို့ ရှေ့နေတွေကို ပြောခဲ့ပါတယ်။ ဆိုတော့ ဒီအမှုတွေဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဘယ်လိုမညီတာပါလဲ? ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက အခုလိုပြောပါတယ်။

“လုပ်ထုံးလုပ်နည်း မညီဘူးဆိုတာ ဒီလုပ်ထုံးလုပ်နည်းက ဘယ်လိုလဲဆိုတော့ အကယ်၍ စွပ်စွဲခံရသူတယောက်ကို ပထမကတည်းက တိုင်ချက်ဖွင့်လိုက်ရမယ်။ ဘာကြောင့် တိုင်ချက်ဖွင့်သလဲဆိုရင် ပစ္စည်းတွေနဲ့ မိသွားပြီ ဆိုလို့ရှိရင် တိုင်ချက်ဖွင့်ရမယ်။ တိုင်ချက်ဖွင့်ပြီးတော့မှ ဖမ်းရမှာပေါ့နော်၊ အဲဒီလိုမျိုးသွားရမယ်။ အခုဟာက အဲဒီလိုမျိုးမဟုတ်ဘူး။ ဒီပြစ်မှုတွေ ဘာမှမရှိဘဲနဲ့ သူတို့ ၁ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလ ပြဋ္ဌာန်းလိုက်ပြီးတော့မှ အဲဒီ ၁ ရက်နေ့ မနက် ၄ နာရီမှာ ဖမ်းလိုက်တာပဲ။ ဆက်သွယ်ရေးပစ္စည်းတွေ၊ တယ်လီဖုန်းတွေ၊ စကားပြောစက်တွေ တွေ့ပြီးတော့မှ တိုင်ချက်တွေဖွင့်တယ်။ အစက အမှုမရှိဘူး။ ယခင်ကလည်း ဘာမှအမှုမရှိဘူး။ ဖမ်းပြီးခါမှ နောက်မှ အမှုတွေ စွဲတဲ့အခါကျတော့ ဒါက ရဲလုပ်ထုံးလုပ်နည်းအရဆိုရင် ဒါက နောက်မှ အမှုစွဲတာပေါ့။ ဥပမာလေးတခုက တောင်ကိုရီးယားမှာ ဆိုလို့ရှိရင် တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွမ်ဟေး၊ သူဆိုလို့ရှိရင် သမ္မတတာဝန် ထမ်းဆောင်နေရင်းနဲ့ အစိုးရအဖွဲ့က လာဘ်စားမှုနဲ့ တိုင်ချက်ဖွင့်တာ။ ပေါ်လွင်တော့မှ အရေးယူတာ။ ဒါတွေက လုပ်ထုံးလုပ်နည်းကျတာပေါ့။”

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းပြီး အာဏာသိမ်းတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ ဆက်သွယ်ရေး စကားပြောစက်တွေကို သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၇ တွေနဲ့လည်း အမှုဖွင့် တရားစွဲခဲ့ပါတယ်။ ဒီလို တရားစွဲခဲ့တဲ့အပေါ်မှာ ပြီးခဲ့တဲ့တရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆွဲထားတဲ့ မြေပုံနဲ့ ခုခံချေပတာတွေ လုပ်ခဲ့ပါတယ်။

“မြေပုံဆွဲထားတာက ဒေါ်အောင်ဆန်းစုကြည် သူ့ဘာသာသူ ဆွဲထားတာ။ ကျနော်က မြေပုံကြည့်ပြီးတော့ သူ့ကိုမေးတာ။ မြေပုံဆိုတာက ထုံးစံက အမှုစစ်အရာရှိက မြေပုံဆွဲပေးရမယ်။ ဘယ်မှာပဲ ဘာပဲဖြစ်ဖြစ်၊ အမှုတမှုဖြစ်သွားရင် မြေပုံဆိုတာ ဆွဲပေးရမယ်။ ဒီအမှုစစ်အရာရှိက အမှုထဲမှာ ဆွဲမထားဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဆွဲထားတယ်။ ဆွဲထားတော့ ကျနော်က မြေပုံကိုကြည့်ပြီးတော့ မေးတာ။ ဗိုလ်ကြီးကတော့ မြေပုံမြင်သလား မမြင်သလားတော့ မသိဘူး။ အဲဒီသက်သေက သူကလည်း အမှန်အတိုင်းကို အကုန်လုံးပြောသွားတာ။ အဲဒီဗိုလ်ကြီး မင်းထက်အောင်ကိုပဲ ဒီပစ္စည်းတွေက လုံခြုံရေးအရ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းတွေပဲကိုင်တာ မဟုတ်ဘူးလားလို့ မေးတော့ ဟုတ်တယ် ပြည်ထဲရေးက ဝန်ထမ်းတွေပဲ ကိုင်တာတဲ့။ အဲဒီဝန်ထမ်းတွေကလည်း ပြည်ထဲရေးဝန်ကြီးဌာနကလား ဆိုတော့လည်း ဟုတ်တယ် ဒါပဲပြောတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီက တွေ့တာမဟုတ်ဘူးဆိုတာ အရင်လူတွေက မေးမရပေမယ့် ဒီဗိုလ်ကြီးကျတဲ့ အခါကျတော့ သူက ရှင်းရှင်းလင်းလင်း ဖြစ်သွားတာပေါ့။” လို့ ဒေါ်အောင်ဆန်းစုကြကည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကတော့ ဒီစကားပြောစက်တွေဟာ သူမရဲ့ နေအိမ်ခြံဝင်းအတွင်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက သိမ်းဆည်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းဆည်းရမိခဲ့တာ မဟုတ်ကြောင်း၊ ဒါ့အပြင် အဲဒီလုံခြုံရေးတွေဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေး ခန့်အပ်ထားသူတွေဖြစ်ပြီး ပြည်ထဲရေးက အသုံးပြုတဲ့ ပစ္စည်းတွေဖြစ်ကြောင်း တင်ပြခဲ့သလို သက်သေကိုလည်း အမှုအတွက် အမှန်အတိုင်း ထွက်ဆိုနိုင်အောင် လုပ်ဆာင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် ဇူလိုင်လ ၆ ရက်နေ့ကတော့ စစ်ကောင်စီဘက်က ပါတီဗဟိုက ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေက ထုတ်ပြန်တဲ့ ကြေညာချက် ၂ စောင်ကို သက်သေတင်ပြီး ၅၀၅ (ခ) နဲ့ စွဲထားတဲ့အမှုဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့အတွက် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတဲ့အချိန် ဖြစ်တာကြောင့် သက်သေမခိုင်မာဘူးလို့ တင်ပြခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလကလည်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ခိုးဝင် ဝင်ရောက်ခဲ့မှုနဲ့ နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ချိုးဖောက်တယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သူမဟာ ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ခြင်းမရှိသလို အဆိုပါ အမေရိကန်နိုင်ငံသားကိုလည်း ဖိတ်ခေါ်ခဲ့ခြင်း မရှိကြောင်း၊ လုံခြုံရေး ချထားတဲ့ကြားက အဲဒီလို ဝင်ရောက်ခဲ့တာဟာ လုံခြုံရေးတွေမှာ တာဝန်ရှိတယ်လို့ သက်သေအခိုင်အမာနဲ့ လျှောက်လဲခဲ့ကြပေမယ့် အင်းစိန်ထောင်တွင်းမှာ နအဖစစ်အစိုးရဖွဲ့ထားတဲ့ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG