သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေတာင္ပိုင္း ပင္လယ္စာစက္ရံုက ျမန္မာ ၅၀ ကိုဗစ္ပိုးေတြ႕


ျမန္မာအလုပ္သမားေတြကို ကိုဗစ္ကပ္ေရာဂါပိုး စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ဆုန္ခလာခရိုင္ကပ္ေရာဂါထိန္းခ်ဳပ္ေရးအာဏာပုိင္)

[Zawgyi/Unicode]

ျမန္မာနဲ ့ထိုင္း အလုပ္သမား ၃,၀၀၀ ေက်ာ္ အလုပ္လုပ္ေနတဲ့ ထိုင္းေတာင္ပိုင္း ဆုန္ခလာခရိုင္ Siam International Food Co., Ltd ပင္လယ္စာစက္ရံုတြင္းက အလုပ္သမားေတြ ကုိဗစ္ကပ္ေရာဂါပုိးကူးစက္ေနလို႔ စက္ရံုကို ပိတ္လိုိက္ရပါတယ္။ ကူးစက္ခံရသူေတြထဲမွာ ျမန္မာအလုပ္သမား ၅၀ ေလာက္ ပါ၀င္ေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ျမန္မာနဲ ့ ထိုင္း အလုပ္သမား ၃,၀၀၀ ေက်ာ္ရွိတဲ့ ထိုင္းေတာင္ပိုင္း ဆုန္ခလာခရိုင္ထဲက ပင္လယ္စာထုတ္လုပ္တဲ့ စက္ရံုမွာ ကိုဗစ္ကပ္ေရာဂါပိုး ကူးဆက္မႈေတြ ရိွေနလို႔ စက္ရံုကို အေရးေပၚပိတ္ခဲ့တာပါ။ ပိုးေတြ႔လူနာေတြလည္း ဆက္တိုးလာေနတဲ့အေၾကာင္း ဆုန္ခလာခရိုင္အတြင္းက ကုိဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာဏာပုိင္ေတြက ထုတ္ေဖာ္ေျပာဆိုပါတယ္။

ကိုဗစ္ကူးစက္ခံရသူေတြထဲမွာ ျမန္မာအလုပ္သမား ၅၀ ေလာက္ပါ၀င္တယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္ကေျပာပါတယ္။

"က်ေနာ္ၾကားသေလာက္က ျမန္မာအလုပ္သမား ၅၀ ေလာက္ပါတယ္။ ျဖစ္ေနတာ တပတ္ေလာက္ရွိျပီ။ သူတို႔ဘာ့သာသူတို႔ ကုသေနၾကတာ။"

ဆုန္ခလာ ျပည္နယ္ နထပ္ျမိဳ႕နယ္အတြင္းက ပင္လယ္စာ ထုတ္လုပ္ေနတဲ့ စက္ရံုတြင္းမွာ ေမလ ၁၇ ရက္ေန႔ကတည္းက စက္ရံုတြင္းမွာ ပိုးေတြ ့လူနာေတြ ဆက္တိုက္ တိုးလာေနရာမွာ ပိုးေတြ ့လူနာ ၆၅ ဦးမွာ ျမန္မာနို္င္ငံသား ၄၉ ဦး ပါ၀င္ေနေၾကာင္း ထိုင္းနိုင္ငံ ဆုန္ခလာ ျပည္နယ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအဖြဲ ့မွ ထုတ္ျပန္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လုိ႔ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ အႏုရပ္ ဆရာဖတ္ကေတာ့ ထုိင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

"ျပည္နယ္တြင္းမွာ ပိုးေတြ႔လူနာေတြ တိုးလာတာ ဆိုေပမဲ့ အေျခအေနကို က်န္းမာေရး ၀န္ထမ္းေတြက ထိန္းခ်ဳပ္ထားနိုင္ပါတယ္။ မၾကာခင္ ပံုမွန္အေျခအေန ျပန္ရလာမွာပါ။" လို ့ေဒါက္တာအႏုရပ္ ေျပာသြားတာပါ။

ကိုဗစ္ကပ္ပုိးေတြ႔ရွိခဲ့တဲ့ ပင္လယ္စာစက္ရံုကို ရက္အကန္႔သတ္မရွိ ပိတ္ထားလိုက္ျပီး စက္ရံုအလုပ္သမားေတြ အားလံုးကို ေရာဂါပိုးစစ္ေဆးေရး လုပ္ေဆာင္ေနရာမွာ အဲဒီစက္ရံုတြင္းမွာပဲ အေရးေပၚ က်န္းမာေရးဌာနေတြ ဖြင့္ျပီး ကပ္ေရာဂါပိုးစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာပါ။

စက္ရံုလုပ္သားေတြ ကူးစက္မႈေတြျဖစ္ေနတာေၾကာင့္ စက္ရံုအနီးက လူေနရပ္ကြက္ေတြမွာလည္း ပိုးသတ္ေဆးဖ်န္းတာေတြနဲ႔ စက္ရံုအလုပ္သမားေတြ သြားလာ၀ယ္ယူေနၾကတဲ့ ေစ်းကိုပါ ပိတ္ခဲ့ရပါတယ္။

လက္ရွိအေျခအေနမွာ စက္ရံုတြင္းက ျမန္မာအလုပ္သမား ၁,၅၀၀ ေက်ာ္ကို ကိုဗစ္ေရာဂါပိုး စစ္ေဆးေနျပီး ပိုးေတြ႔လူနာေတြ ထပ္တိုးေနေၾကာင္း ဆုန္ခလာျပည္နယ္ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအာဏာပုိင္ေတြက ဆုိပါတယ္။

ထိုင္းနိုင္ငံ ကပ္ေရာဂါထိန္းခ်ဳပ္ေရးဗ်ဴရိုက ေမလ ၁၉ ထုတ္ျပန္ခ်က္အရ ကိုဗစ္ကပ္ပိုးေတြ ့လူနာသစ္ ၃,၃၉၄ ဦး ထပ္တိုးလာတယ္လို႔ ဆိုပါတယ္။ ထုိင္းတႏိုင္ငံလံုးမွာေတာ့ ကုိဗစ္ကပ္ပိုးအတည္ျပဳလူနာ ၁၁၇,၀၀၀ ရွိေနျပီျဖစ္သလုိ အခုခ်ိန္ထိ ေသဆံုးသူ ၆၇၈ ဦးရွိသြားျပီျဖစ္ေႀကာင္း ထုိင္းအစုိးရက တရား၀င္ အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းတောင်ပိုင်း ပင်လယ်စာစက်ရုံက မြန်မာ ၅၀ ကိုဗစ်ပိုးတွေ့

မြန်မာနဲ့ထိုင်း အလုပ်သမား ၃,၀၀၀ ကျော် အလုပ်လုပ်နေတဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် Siam International Food Co., Ltd ပင်လယ်စာစက်ရုံတွင်းက အလုပ်သမားတွေ ကိုဗစ်ကပ်ရောဂါပိုးကူးစက်နေလို့ စက်ရုံကို ပိတ်လိုက်ရပါတယ်။ ကူးစက်ခံရသူတွေထဲမှာ မြန်မာအလုပ်သမား ၅၀ လောက် ပါဝင်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မြန်မာနဲ့ ထိုင်း အလုပ်သမား ၃,၀၀၀ ကျော်ရှိတဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲက ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံမှာ ကိုဗစ်ကပ်ရောဂါပိုး ကူးဆက်မှုတွေ ရှိနေလို့ စက်ရုံကို အရေးပေါ်ပိတ်ခဲ့တာပါ။ ပိုးတွေ့လူနာတွေလည်း ဆက်တိုးလာနေတဲ့အကြောင်း ဆုန်ခလာခရိုင်အတွင်းက ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။

ကိုဗစ်ကူးစက်ခံရသူတွေထဲမှာ မြန်မာအလုပ်သမား ၅၀ လောက်ပါဝင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကပြောပါတယ်။

"ကျနော်ကြားသလောက်က မြန်မာအလုပ်သမား ၅၀ လောက်ပါတယ်။ ဖြစ်နေတာ တပတ်လောက်ရှိပြီ။ သူတို့ဘာ့သာသူတို့ ကုသနေကြတာ။"

ဆုန်ခလာ ပြည်နယ် နထပ်မြို့နယ်အတွင်းက ပင်လယ်စာ ထုတ်လုပ်နေတဲ့ စက်ရုံတွင်းမှာ မေလ ၁၇ ရက်နေ့ကတည်းက စက်ရုံတွင်းမှာ ပိုးတွေ့လူနာတွေ ဆက်တိုက် တိုးလာနေရာမှာ ပိုးတွေ့လူနာ ၆၅ ဦးမှာ မြန်မာနိုင်ငံသား ၄၉ ဦး ပါဝင်နေကြောင်း ထိုင်းနိုင်ငံ ဆုန်ခလာ ပြည်နယ်ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အနုရပ် ဆရာဖတ်ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ပြည်နယ်တွင်းမှာ ပိုးတွေ့လူနာတွေ တိုးလာတာ ဆိုပေမဲ့ အခြေအနေကို ကျန်းမာရေး ဝန်ထမ်းတွေက ထိန်းချုပ်ထားနိုင်ပါတယ်။ မကြာခင် ပုံမှန်အခြေအနေ ပြန်ရလာမှာပါ။" လို့ဒေါက်တာအနုရပ် ပြောသွားတာပါ။

ကိုဗစ်ကပ်ပိုးတွေ့ရှိခဲ့တဲ့ ပင်လယ်စာစက်ရုံကို ရက်အကန့်သတ်မရှိ ပိတ်ထားလိုက်ပြီး စက်ရုံအလုပ်သမားတွေ အားလုံးကို ရောဂါပိုးစစ်ဆေးရေး လုပ်ဆောင်နေရာမှာ အဲဒီစက်ရုံတွင်းမှာပဲ အရေးပေါ် ကျန်းမာရေးဌာနတွေ ဖွင့်ပြီး ကပ်ရောဂါပိုးစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

စက်ရုံလုပ်သားတွေ ကူးစက်မှုတွေဖြစ်နေတာကြောင့် စက်ရုံအနီးက လူနေရပ်ကွက်တွေမှာလည်း ပိုးသတ်ဆေးဖျန်းတာတွေနဲ့ စက်ရုံအလုပ်သမားတွေ သွားလာဝယ်ယူနေကြတဲ့ ဈေးကိုပါ ပိတ်ခဲ့ရပါတယ်။

လက်ရှိအခြေအနေမှာ စက်ရုံတွင်းက မြန်မာအလုပ်သမား ၁,၅၀၀ ကျော်ကို ကိုဗစ်ရောဂါပိုး စစ်ဆေးနေပြီး ပိုးတွေ့လူနာတွေ ထပ်တိုးနေကြောင်း ဆုန်ခလာပြည်နယ် ကပ်ရောဂါထိန်းချုပ်ရေးအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေးဗျူရိုက မေလ ၁၉ ထုတ်ပြန်ချက်အရ ကိုဗစ်ကပ်ပိုးတွေ့လူနာသစ် ၃,၃၉၄ ဦး ထပ်တိုးလာတယ်လို့ ဆိုပါတယ်။ ထိုင်းတနိုင်ငံလုံးမှာတော့ ကိုဗစ်ကပ်ပိုးအတည်ပြုလူနာ ၁၁၇,၀၀၀ ရှိနေပြီဖြစ်သလို အခုချိန်ထိ သေဆုံးသူ ၆၇၈ ဦးရှိသွားပြီဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင် အတည်ပြု ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG