(Zawgyi/Unicode)
ထိုင္း-ျမန္မာနယ္စပ္မွာ ျမန္မာႏို္င္ငံသားေတြကုိ လူကုန္ကူးတာေတြ အမ်ားအျပားျဖစ္လာၿပီး လူကုန္ကူးမွုေတြမွာ ပါ၀င္ပတ္သက္တဲ့ ထိုင္းရဲအရာရွိ ၂၉ ဦးကို အေရးယူဖို႔ စစ္ေဆးမွုမ်ား လုပ္ေဆာင္ေနတဲ့ သတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။
ထိုင္း-ျမန္မာ နယ္စပ္ေဒသေတြကေန ဆက္တိုက္ခိုး၀င္လာေနတဲ့ အေထာက္အထားမဲ့ ျမန္မာ နိုင္ငံသားေတြ အေရးနဲ ့ပတ္သက္ျပီး ဖမ္းဆီးမိခဲ့တဲ့ လူေမွာင္ခိုသမားေတြကုိ စစ္ေဆးျပီးတဲ့ေနာက္ လူကုန္ကူးမွုေတြမွာ နယ္စပ္က ရဲတပ္ဖြဲ ့၀င္ေတြ ပါ၀င္ပတ္သက္ေနတာ ကို စစ္ေဆးေတြ ့ရွိခဲ့တာပါ။
ဒီအတြက္ထိုင္းအမ်ိဳးသား ရဲတပ္ဖြဲ ့က ရဲဗိုလ္ခ်ဳပ္ Damrongsak Kittipraphas ဦးေဆာင္ျပီး စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ ဖြဲ ့စည္းလိုက္ျပီး ရဲတပ္ဖြဲ ့၀င္ ၂၉ ဦးကို စစ္ေဆးမွုေတြ စတင္လုပ္ေဆာင္ေနတာျဖစ္ေၾကာင္း ထုိင္းေတာင္ပုိင္း အျခစုိက္ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးက အခုလို ေျပာျပပါတယ္။
“ စံုစမ္းစစ္ေဆးေရး ေကာ္မတီဖဲြ ့လိုက္တာ ထုိင္းဒုရဲခ်ဳပ္က တာ၀န္ယူျပီး ေတာ့ေပ့ါေနာ္ လူေမွာင္ခိုမူ တင္သြင္းမူေတြက အရမ္းမ်ားေနတယ္။ အထူးသျဖင့္ ျမန္မာႏို္္င္ငံဘက္က တိုင္းျပည္မတည္မျငိမ ျဖစ္တာေၾကာင့္ ဒီဘက္ကုိထြက္လာတာမ်ားတယ္ အဲဒါမွာ မူတည္ျပီး ဒီဘက္မွာရွိတဲ့ ပဲြစားေတြနဲ႔ တခ်ိဳ ့ထုိင္းရဲအရာရွိေတြက အဲဒီကိစၥေတြမွာ ပါ၀င္ပတ္သက္တယ္ဆိုျပီးေတာ့ သူတို့ စာရင္းရိွတ့ဲသူက ၂၉ေယာက္ရိွတယ္။ အဲဒီ ၂၉ေယာက္ကို စံုစမ္းစစ္ေဆးမယ္ေပါ့။ ေကာ္မတီတရပ္ကို တရား၀င္ဖဲြ ့စည္းလိုက္တာ။”
ကိုဗစ္-ကပ္ေဘး အေရးေပၚ ကာလ မွာ နယ္ျခားတစ္ေလၽွာက္ လံုျခံဳေရးတပ္ေတြ တိုးျမင့္ ေစာင့္ၾကည့္ေနတဲ့ ၾကားက နယ္စပ္လမ္းေၾကာင္းေတြကေန ျမန္မာႏို္င္ငံသားေတြ အစုလိုက္အျပံဳလိုက္ ဆက္လက္ ၀င္ေရာက္လာေနတာေၾကာင့္ အေရးေပၚေျဖရွင္းရမယ့္ ျပႆနာတစ္ခုျဖစ္ေနၿပီဆိုၿပီး ထုိင္းရဲတပ္ဖြဲ ့က သတင္းထုတ္ျပန္ထားပါတယ္။
ထိုင္းရဲတပ္ဖြဲ ့က လူကန္ကူးမူေတြကို တားဆီး နိုင္ဖို႔ အပူတျပင္း လုပ္ေဆာင္ေနတဲ့ၾကားကပဲ ေမလ ၂၀ရက္ ေနက ကန္ခ်နဘူရီ ျပည္နယ္ Thong Paphum နယ္စပ္လမ္းကေန ၀င္ေရာက္လာတဲ ့ ျမန္မာနိုင္ငံသား ေတြကိုတင္လာတဲ့ ပစ္ကပ္ကား တစ္စီးကို နယ္ျခားေစာင့္ တပ္ဖြဲ ့ကဖမ္းဆီးခဲ့ပါတယ္ ။
ကားေနာက္မွာ တာလပတ္နဲ ့ ပိတ္ထားျပီး တင္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို ဖမ္းမိခဲ့ေၾကာင္း ဦးမင္းဦးက ဆက္ေျပာျပပါတယ္။
“ အဲဒါေထာင္ပါဖြန္မွာမွာ မနက္အေစာႀကီး ၄နာရီေက်ာ္ေလာက္က ျမန္မာႏိုင္ငံသား ၁၄ေယာက္ ကားကို စစ္လိုက္ေတာ့ ေနာက္မွာ ပလပ္စတစ္အမဲနဲ႔ အုပ္ျပီး ေခၚလာတာ အဲဒါကိုမိတာ။”
ပလစ္စတစ္ တာလပတ္အုပ္ျပီး လိုက္ပါလာရတဲ့ ျမန္မာနိုင္ငံသား ေတြအေနနဲ႔ တဦးနဲ႔ တဦးထပ္ျပီး လိုက္ပါလာရတာေၾကာင့္ အာဏာပိုင္ေတြ မိတဲ့အခ်ိန္ မွာေတာ့ အမ်ားစုဟာ မူးေ၀ ေအာ့အန့္တာ ေခ်ြးထြက္လြန္တာနဲ ့ အသက္ရူၾကပ္ တာစတဲ့ ေ၀ဒနာေတြ ျဖစ္ျပီး ေဆးကုသ ေပးခဲ့ရတယ္လို့လည္း ထိုင္းအာဏာပိုင္ေတြကိုကုိးကားျပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။
ျမန္မာႏို္င္ငံမွာ ဒီလပုိင္းေတြထဲ ႏုိင္ငံေရး မတည္ျငိမ္မူေတြေၾကာင့္ေကာ အလုပ္လုပ္ကုိင္ေတြ ခက္ခဲတာေတြေၾကာင့္ပါ ၊ အိမ္နီးခ်င္းထုိင္းႏို္င္ငံထဲကို ေနစဥ္နီးပါး အစုလိုက္အျပံဳလိုက္ခိုး၀င္လာေနႀကျပီး လူကုန္ကူးမူအမူ႔အခင္းေတြလည္း ျဖစ္ေနတယ္လို႔ထုိင္းအာဏာပိုင္ေတြကေျပာဆုိပါတယ္။
........
ထိုင်းရဲ ၂၉ ဦးကို လူကုန်ကူးမှုနဲ့ ဆက်စပ် စစ်ဆေး
(Unicode)
ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးတာတွေ အများအပြားဖြစ်လာပြီး လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်တဲ့ ထိုင်းရဲအရာရှိ ၂၉ ဦးကို အရေးယူဖို့ စစ်ဆေးမှုများ လုပ်ဆောင်နေတဲ့ သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသတွေကနေ ဆက်တိုက်ခိုးဝင်လာနေတဲ့ အထောက်အထားမဲ့ မြန်မာ နိုင်ငံသားတွေ အရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးမိခဲ့တဲ့ လူမှောင်ခိုသမားတွေကို စစ်ဆေးပြီးတဲ့နောက် လူကုန်ကူးမှုတွေမှာ နယ်စပ်က ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတာ ကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
ဒီအတွက်ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ရဲဗိုလ်ချုပ် Damrongsak Kittipraphas ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းလိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၂၉ ဦးကို စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတာဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလို ပြောပြပါတယ်။
“ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့လိုက်တာ ထိုင်းဒုရဲချုပ်က တာဝန်ယူပြီး တော့ပေ့ါနော် လူမှောင်ခိုမူ တင်သွင်းမူတွေက အရမ်းများနေတယ်။ အထူးသဖြင့် မြန်မာနို်င်ငံဘက်က တိုင်းပြည်မတည်မငြိမ ဖြစ်တာကြောင့် ဒီဘက်ကိုထွက်လာတာများတယ် အဲဒါမှာ မူတည်ပြီး ဒီဘက်မှာရှိတဲ့ ပွဲစားတွေနဲ့ တချို့ထိုင်းရဲအရာရှိတွေက အဲဒီကိစ္စတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီးတော့ သူတို့ စာရင်းရှိတဲ့သူက ၂၉ယောက်ရှိတယ်။ အဲဒီ ၂၉ယောက်ကို စုံစမ်းစစ်ဆေးမယ်ပေါ့။ ကော်မတီတရပ်ကို တရားဝင်ဖွဲ့စည်းလိုက်တာ။”
ကိုဗစ်-ကပ်ဘေး အရေးပေါ် ကာလ မှာ နယ်ခြားတစ်လျှောက် လုံခြုံရေးတပ်တွေ တိုးမြင့် စောင့်ကြည့်နေတဲ့ ကြားက နယ်စပ်လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ဆက်လက် ဝင်ရောက်လာနေတာကြောင့် အရေးပေါ်ဖြေရှင်းရမယ့် ပြဿနာတစ်ခုဖြစ်နေပြီဆိုပြီး ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့က လူကန်ကူးမူတွေကို တားဆီး နိုင်ဖို့ အပူတပြင်း လုပ်ဆောင်နေတဲ့ကြားကပဲ မေလ ၂၀ရက် နေက ကန်ချနဘူရီ ပြည်နယ် Thong Paphum နယ်စပ်လမ်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား တွေကိုတင်လာတဲ့ ပစ်ကပ်ကား တစ်စီးကို နယ်ခြားစောင့် တပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ် ။
ကားနောက်မှာ တာလပတ်နဲ့ ပိတ်ထားပြီး တင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့ကြောင်း ဦးမင်းဦးက ဆက်ပြောပြပါတယ်။
“ အဲဒါထောင်ပါဖွန်မှာမှာ မနက်အစောကြီး ၄နာရီကျော်လောက်က မြန်မာနိုင်ငံသား ၁၄ယောက် ကားကို စစ်လိုက်တော့ နောက်မှာ ပလပ်စတစ်အမဲနဲ့ အုပ်ပြီး ခေါ်လာတာ အဲဒါကိုမိတာ။”
ပလစ်စတစ် တာလပတ်အုပ်ပြီး လိုက်ပါလာရတဲ့ မြန်မာနိုင်ငံသား တွေအနေနဲ့ တဦးနဲ့ တဦးထပ်ပြီး လိုက်ပါလာရတာကြောင့် အာဏာပိုင်တွေ မိတဲ့အချိန် မှာတော့ အများစုဟာ မူးေ၀ အော့အန့်တာ ချွေးထွက်လွန်တာနဲ့ အသက်ရူကြပ် တာစတဲ့ ဝေဒနာတွေ ဖြစ်ပြီး ဆေးကုသ ပေးခဲ့ရတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီလပိုင်းတွေထဲ နိုင်ငံရေး မတည်ငြိမ်မူတွေကြောင့်ကော အလုပ်လုပ်ကိုင်တွေ ခက်ခဲတာတွေကြောင့်ပါ ၊ အိမ်နီးချင်းထိုင်းနိုင်ငံထဲကို နေစဉ်နီးပါး အစုလိုက်အပြုံလိုက်ခိုးဝင်လာနေကြပြီး လူကုန်ကူးမူအမူ့အခင်းတွေလည်း ဖြစ်နေတယ်လို့ထိုင်းအာဏာပိုင်တွေကပြောဆိုပါတယ်။