သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းကာလ ျမန္မာ့ကုန္သြယ္ေရး က်ဆင္း


ျမန္မာ တရုတ္နယ္စပ္က ကုန္တင္ကားမ်ား။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ ေဖေဖာ္၀ါရီလက စလုိ႔ ႏုိင္ငံတကာနဲ႔ ကုန္သြယ္ေရးက႑ဟာ သိသိသာသာ က်ဆင္းခဲ့ေၾကာင္း ကနဦးထြက္လာတဲ့ အစီရင္ခံစာမွာ ေတြ႔ရေၾကာင္း ဂ်ပန္အေျခစုိက္ Nikkei သတင္းမွာ ေဖာ္ျပထားပါတယ္။

ကုလသမဂၢကုိ တင္ျပတဲ့ ကုန္စည္စီးဆင္းမႈ စာရင္းဇယားေတြအရ အေမရိကန္၊ ကေနဒါနဲ႔ နယူးဇီလန္အပါအ၀င္ ကုန္သြယ္ဖက္ ၈ ႏုိင္ငံတုိ႔က ျမန္မာႏုိင္ငံကုိ ကုန္စည္တင္ပုိ႔မႈဟာ ေဖေဖာ္၀ါရီအတြင္း ၃၈% က်ဆင္းခဲ့သလုိ အဲဒီ ႏုိင္ငံေတြကုိ ျမန္မာဘက္က ကုန္ပစၥည္း တင္ပုိ႔မႈဟာလည္း ၉% က်ဆင္းခဲ့တယ္လုိ႔ ဆုိပါတယ္။ အဲဒီ ၈ ႏုိင္ငံဟာ ျမန္မာႏုိင္ငံရဲ႕ ပုိ႔ကုန္၊ သြင္းကုန္ပမာဏ စုစုေပါင္းရဲ႕ ၁၀ ပုံ ၁ ပုံ ရွိတယ္လုိ႔ ဆုိပါတယ္။

အဲဒီ ကုန္သြယ္ဖက္ ၈ ႏုိင္ငံထဲက အေမရိကန္ျပည္ေထာင္စုနဲ႔ ကုန္သြယ္မႈနဲ႔ က်ဆင္းတဲ့ႏႈန္းက အမ်ားဆုံးျဖစ္တယ္လုိ႔ ဆုိပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ အေမရိကန္ျပည္ေထာင္စုက ဒဏ္ခတ္ အေရးယူမႈေတြ အလ်င္အျမန္ ခ်မွတ္ခဲ့ျခင္းရဲ႕ ရလဒ္အျဖစ္နဲ႔ အေမရိကန္က ျမန္မာကုိ ကုန္စည္ တင္ပုိ႔မႈ ၆၀% က်ဆင္းသြားခဲ့သလုိ ျမန္မာဘက္က အေမရိကန္ကုိ တင္ပုိ႔မႈဟာလည္း ၁၂% က်ဆင္းသြားတယ္လုိ႔ ဆုိပါတယ္။

ျမန္မာအာဏာသိမ္း စစ္ေကာင္စီအေပၚ အေမရိကန္ရဲ႕ ဒဏ္ခတ္ အေရးယူမႈေတြအတုိင္း အေနာက္ကေန လုိက္လုပ္ၾကတဲ့ တျခားႏုိင္ငံေတြလည္း ရွိလာခဲ့တာေၾကာင့္ မတ္လနဲ႔ ဧၿပီလတုိ႔အတြက္ ျမန္မာႏုိင္ငံအတြက္ သြင္းကုန္၊ ပုိ႔ကုန္ ပမာဏဟာ သိသိသာသာ ထပ္မံက်ဆင္းသြားႏုိင္ေျခ ရွိေနတာေၾကာင့္ စစ္တပ္က ဦးေဆာင္ေနတဲ့ ျမန္မာ့စီးပြားေရးဟာ ပုိၿပီး အထိနာစရာ ရွိေနတယ္လုိ႔ ဆုိပါတယ္။

လက္ရွိအေျခအေနအရ အေမရိကန္ေဒၚလာနဲ႔ ယွဥ္လုိက္ရင္ ျမန္မာက်ပ္ေငြတန္ဖုိးဟာ သိသိသာသာ က်ဆင္းေနသလုိ ကုန္ေစ်းႏႈန္းေတြလည္း တျဖည္းျဖည္း တက္လာေနပါတယ္။

စစ္အာဏာသိမ္းကာလ ျမန္မာ့ကုန္သြယ္ေရး က်ဆင္း
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းကာလ မြန်မာ့ကုန်သွယ်ရေး ကျဆင်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလက စလို့ နိုင်ငံတကာနဲ့ ကုန်သွယ်ရေးကဏ္ဍဟာ သိသိသာသာ ကျဆင်းခဲ့ကြောင်း ကနဦးထွက်လာတဲ့ အစီရင်ခံစာမှာ တွေ့ရကြောင်း ဂျပန်အခြေစိုက် Nikkei သတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကို တင်ပြတဲ့ ကုန်စည်စီးဆင်းမှု စာရင်းဇယားတွေအရ အမေရိကန်၊ ကနေဒါနဲ့ နယူးဇီလန်အပါအဝင် ကုန်သွယ်ဖက် ၈ နိုင်ငံတို့က မြန်မာနိုင်ငံကို ကုန်စည်တင်ပို့မှုဟာ ဖေဖော်ဝါရီအတွင်း ၃၈% ကျဆင်းခဲ့သလို အဲဒီ နိုင်ငံတွေကို မြန်မာဘက်က ကုန်ပစ္စည်း တင်ပို့မှုဟာလည်း ၉% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၈ နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပို့ကုန်၊ သွင်းကုန်ပမာဏ စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ ကုန်သွယ်ဖက် ၈ နိုင်ငံထဲက အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်မှုနဲ့ ကျဆင်းတဲ့နှုန်းက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူမှုတွေ အလျင်အမြန် ချမှတ်ခဲ့ခြင်းရဲ့ ရလဒ်အဖြစ်နဲ့ အမေရိကန်က မြန်မာကို ကုန်စည် တင်ပို့မှု ၆၀% ကျဆင်းသွားခဲ့သလို မြန်မာဘက်က အမေရိကန်ကို တင်ပို့မှုဟာလည်း ၁၂% ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုတွေအတိုင်း အနောက်ကနေ လိုက်လုပ်ကြတဲ့ တခြားနိုင်ငံတွေလည်း ရှိလာခဲ့တာကြောင့် မတ်လနဲ့ ဧပြီလတို့အတွက် မြန်မာနိုင်ငံအတွက် သွင်းကုန်၊ ပို့ကုန် ပမာဏဟာ သိသိသာသာ ထပ်မံကျဆင်းသွားနိုင်ခြေ ရှိနေတာကြောင့် စစ်တပ်က ဦးဆောင်နေတဲ့ မြန်မာ့စီးပွားရေးဟာ ပိုပြီး အထိနာစရာ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရ အမေရိကန်ဒေါ်လာနဲ့ ယှဉ်လိုက်ရင် မြန်မာကျပ်ငွေတန်ဖိုးဟာ သိသိသာသာ ကျဆင်းနေသလို ကုန်ဈေးနှုန်းတွေလည်း တဖြည်းဖြည်း တက်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG