သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒသခံေတြထက္ အေရအတြက္မ်ားတဲ႔ စစ္ေဘးေရွာင္တို႔ က်န္းမာေရးအခက္ႀကံဳ


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား ( Photo: CJ )

[[ ZAWGYI ]]

ေဒသခံေတြထက္ အေရအတြက္မ်ားတဲ႔ စစ္ေဘးေရွာင္တို႔ က်န္းမာေရးအခက္ႀကံဳ

တုိက္ပြဲေတြျဖစ္ေနတဲ့ ႐ွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္ထဲမွာ အိုးအိမ္စြန္႔ေဘးလြတ္ရာ ခိုလႈံေနၾကရတဲ့ စစ္ေဘးဒုကၡသည္ေတြ က်န္းမာေရးဆိုင္ရာ အခက္အခဲမ်ားစြာ ႀကံဳေနၾကရပါတယ္။ ယာယီ စစ္ေဘးေ႐ွာင္စခန္းေတြမွာလည္း နာတာရွည္ေရာဂါအခံရွိသူ သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးငယ္ေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရဖို႔ ေတာ္ေတာ္ေလးလိုအပ္ေနပါတယ္။ ရွမ္းျပည္နယ္ ဆီဆိုင္ၿမိဳ႕နယ္နဲ႔ ရွမ္း - ကယားနယ္စပ္မွာ ေရာက္ရွိေနတဲ့ စစ္ေဘးဒုကၡသည္ ၂ ေသာင္းေက်ာ္ရဲ႕ က်န္းမာေရးလိုအပ္ခ်က္ အခက္အခဲေတြအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ေဒၚခင္မ်ိဳးသက္က ေျပာျပမွာပါ။

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နဲ႔ အနီးတဝိုက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြျဖစ္ေနတဲ့ တုိက္ပြဲေၾကာင့္ ႐ွမ္းျပည္နယ္ဘက္ကို ထြက္ေျပးခဲ့ၾကသူ အမ်ားအျပား ယာယီဒုကၡသည္ စခန္းေတြမွာ ခိုလႈံေနၾကစဲျဖစ္ပါတယ္။ စစ္ေဘးေ႐ွာင္အမ်ားစုက သက္ႀကီး႐ြယ္အိုေတြ၊ နာမက်န္းသူ၊ ကေလးငယ္ေတြနဲ႔ အမ်ဳိးသမီးေတြ ျဖစ္ၾကၿပီး ကိုယ္ဝန္ေဆာင္ေတြပါ ပါဝင္ပါတယ္။

သူတို႔ေတြအတြက္လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈကိုလည္း ပအိုဝ္း က်န္းမာေရးလုပ္ငန္း ေဖာ္ေဆာင္ေရးေကာ္မတီ PHWC က ကူညီေပးေနပါတယ္။ ျပည္တြင္းမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံရသူေတြ ျပန္မ်ားလာေနလို႔ ယာယီဒုကၡသည္စခန္းေတြမွာ ေရာဂါျဖစ္ပြား ကူးစက္မႈကာကြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ camp (စခန္း)တာဝန္ခံေတြနဲ႔ ဝိုင္းဝန္း ကူညီေနတဲ့ လူငယ္ေတြကို အေျခခံက်န္းမာေရး သင္တန္းေပးဖို႔လည္း ျပင္ဆင္ေနၾကပါတယ္။

ယာယီစစ္ေဘး႐ွာင္ စခန္းတခ်ဳိ႕ဆီကိုေတာ့ ကိုဗစ္ကာကြယ္ေရးပစၥည္းေတြနဲ႔ Test Kit ေတြ ေပးပို႔ထားတယ္လို႔ PHWC ရဲ႕ လုပ္ငန္းညႇိႏႈိင္းေဆာင္႐ြက္သူ ခြန္စည္သူက ေျပာပါတယ္။ စစ္ေျပးလာသူအမ်ားစုမွာ ႏွာေစး၊ ေခ်ာင္းဆိုးတာေတြ ရွိေနၿပီး ကေလးငယ္ေတြမွာေတာ့ ဝမ္းနဲ႔ပတ္သက္တဲ့ေရာဂါေတြ အျဖစ္မ်ားတယ္လို႔ ေျပာပါတယ္။

"ရာသီဥတုအေျပာင္းအလဲ ၿပီးခဲ့တဲ့ရက္ကလည္း မိုး႐ြာတယ္။ မိုး႐ြာေတာ့ ႏွာေစး၊ ေခ်ာင္းဆိုးေတြျဖစ္တယ္။ က်ေနာ္တို႔ ၿပီးခဲ့တဲ့ရက္ကပဲ ဆီဆိုင္ၿမိဳ႕နယ္၊ ေကာင္ထို႐ြာကို က်ေနာ္တို႔သြားတယ္။ အဲဒီမွာ ကေလးေတြ ဝမ္းေလွ်ာေရာဂါေတြျဖစ္တယ္။ အခုက ကိုဗစ္တခုတည္းမဟုတ္ဘဲနဲ႔ ေအးလည္းေအးလာတယ္၊ မိုး႐ြာေတာ့...။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ေနရာေတြဆို အိမ္သာေတြ မလုံေလာက္တဲ့ကိစၥေတြ၊ ၿပီးေတာ့ ေရသန႔္မရတဲ့ကိစၥေတြ၊ ေနာက္ဆက္တြဲက အရမ္းမ်ားတယ္ဗ်။ တခ်ိဳ႕ camp ေတြက သံပံသလင္းေပၚမွာပဲ အိပ္ရတယ္ဗ်။ ဒါေပမယ့္ က်ေနာ္တို႔ ဖ်ာေတြ၊ အခင္းေတြကေတာ့ စီစဥ္ထားေပမယ့္ ေတာ္ေတာ္မ်ားမ်ားက ႏွာေစး၊ ေခ်ာင္းဆိုးေတြက ပိုမ်ားတယ္။ ေနာက္ၿပီးေတာ့ သက္ႀကီး႐ြယ္အိုေတြက ပိုမ်ားတယ္။ ဘာပိုမ်ားလဲဆိုေတာ့ ေသြးတိုးသမားေတြက ပိုမ်ားတယ္။ ၿပီးေတာ့ ဆီးခ်ိဳသမားေတြလည္း နည္းနည္းပါတယ္။ ေနာက္တခုက ေလျဖတ္တဲ့လူနာေတြလည္း ပါတယ္ေပါ့ေနာ္။"

ရွမ္းျပည္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕နယ္က ေနာင္ေက်ာေက်း႐ြာအုပ္စုမွာရွိတဲ့ ယာယီ စစ္ေဘးဒုကၡသည္စခန္း ၂၂ ခု၊ ဆိုက္ေခါင္က ဒုကၡသည္စခန္း ၇ ခုနဲ႔ ေမာက္မယ္မွာရွိတဲ့ ဒုကၡသည္စခန္း ၂ ခု စတဲ့ စခန္းေတြဆီ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အဲဒီယာယီစခန္းေတြမွာ ခိုလႈံေနၾကသူ စုစုေပါင္းက ၂ ေသာင္းေက်ာ္ရွိပါတယ္။ စစ္ပြဲေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးလာသူေတြကို ကူညီလက္ခံထားတဲ့ ေက်း႐ြာက အိမ္ေျခ၊ လူဦးေရေတြထက္ ဒုကၡသည္အေရအတြက္ ပိုမ်ားေနလို႔ သူတို႔ကို ကိုဗစ္စည္းမ်ဥ္းနဲ႔အညီ ထားႏိုင္ဖို႔ကေတာ့ ေနရာအခက္အခဲရွိေနပါတယ္။

ျပည္တြင္းမွာ ကပ္ေရာဂါတတိယလႈိင္းကို ခက္ခက္ခဲခဲ ရင္ဆိုင္ခဲ့ၾကရတဲ့ အေတြ႕အႀကဳံေတြရွိခဲ့လို႔ အခုလို အလုံးအရင္းနဲ႔ စစ္ေဘးကေန ထြက္ေျပးေနၾကရသူေတြၾကားမွာ ကိုဗစ္ကူးစက္ပ်ံ႕ႏွံ႔မႈ ရွိမလာေအာင္ အကူအညီေပးေနသူေတြက သတိထားေနၾကတာျဖစ္ပါတယ္။ စစ္ေဘးေရွာင္သူေတြအတြက္ လိုအပ္တဲ့ ေဆးဝါးအလုံအေလာက္ရရွိႏိုင္ဖို႔လည္း အခက္အခဲေတြရွိေနတဲ့အေၾကာင္း ခြန္စည္သူကေျပာပါတယ္။

"စစ္ေရွာင္လာတဲ့လူဦးေရနဲ႔ က်ေနာ္တို႔ရဲ႕ က်န္းမာေရးဝန္ထမ္းေတြနဲ႔က မလုံေလာက္ဘူး၊ မမွ်တဘူးေပါ့။ ေနာက္တခုက ေဆးဝါးအခက္အခဲေပါ့။ camp တခုနဲ႔တခုက လိုအပ္တဲ့ေဆးဝါးေတြက မတူဘူး။ တခ်ိဳ႕ camp ေတြမွာက်ေတာ့ ကေလးေတြမ်ားတယ္။ တခ်ိဳ႕ camp ေတြမွာက်ေတာ့ သက္ႀကီး႐ြယ္အိုေတြမ်ားတယ္။ မတူၾကေတာ့ ေဆးဝါးေတြကိုရွာေဖြရတဲ့အခါမွာလည္း အခက္အခဲေတြအမ်ားႀကီး ရွိတယ္ေပါ့ေနာ္။ ေဆးဝါးမလုံေလာက္မႈက ပိုမ်ားတယ္။ ေနာက္တခုက က်ေနာ္တို႔ ဒီ camp ေတြကို သြားဖို႔ဆိုရင္ ဆီဆိုင္ၿမိဳ႕နယ္၊ ရွမ္း - ကယား နယ္စပ္ထိ၊ အဓိကေတာ့ ထီဆဲခါးနားထိကိုမွ စစ္ေဘးေရွာင္ေတြ အရမ္းမ်ားတယ္ေပါ့ေနာ္။ အရမ္းမ်ားေတာ့ က်ေနာ္တို႔ တခ်ိဳ႕ေနရာေတြကိုသြားဖို႔ဆိုရင္ သယ္ယူပို႔ေဆာင္ေရးပိုင္းေတြက အခက္အခဲေတြ အမ်ားႀကီးျဖစ္တယ္။ ေလာေလာဆယ္ေတာ့ camp တိုင္းကို က်ေနာ္တို႔မသြားႏိုင္ဘူးေပါ့ေနာ္။ အမွန္ေတာ့ camp တိုင္းကို သြားႏိုင္မယ္ဆိုရင္ေတာ့ camp ေတြရဲ႕ လိုအပ္ခ်က္ေတြကိုသိမွ က်ေနာ္တို႔ ႀကိဳတင္ျပင္ဆင္ၿပီးေတာ့ တခ်ိဳ႕မိတ္ဖက္အဖြဲ႕အစည္းေတြ၊ တခ်ိဳ႕ ကူညီႏိုင္တဲ့လူေတြရွိရင္ သတင္းအခ်က္အလက္ေတြက မွ်ေဝလို႔ရမွာ။"

အသက္ေဘးလြတ္ေအာင္ ထြက္ေျပးခိုလႈံေနၾကသူေတြအေနနဲ႔က ကိုဗစ္ကပ္ေရာဂါေဘးထက္ လုံၿခဳံေရး၊ ေနေရး၊ စားေရးအတြက္ အဓိက အာ႐ုံစိုက္ေနၾကရပါတယ္။ ျပည္တြင္းမွာ ကိုဗစ္ျဖစ္ပြားကူးစက္ခံရသူေတြ တစထက္တစတိုးလာေနလို႔ ကပ္ေရာဂါေဘး သတိထားေနရေပမယ့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေတြအတြက္ တျခားေရာဂါေဘးနဲ႔ အေျခခံ စားေသာက္ေနထိုင္ေရး အခက္အခဲေတြက အမ်ားအျပားရွိေနတယ္လို႔ ကူညီေဆာင္႐ြက္ေပးေနသူေတြက ေျပာပါတယ္။ ေသာင္းနဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္သူေတြအတြက္ လက္႐ွိမွာ အကူအညီ အလြန္အမင္းလိုအပ္ေနတယ္လို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = =

{{ UNICODE }}

ဒေသခံတွေထက် အရေအတွက်များတဲ့ စစ်ဘေးရှောင်တို့ ကျန်းမာရေးအခက်ကြုံ

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ အိုးအိမ်စွန့်ဘေးလွတ်ရာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေးဆိုင်ရာ အခက်အခဲများစွာ ကြုံနေကြရပါတယ်။ ယာယီ စစ်ဘေးရှောင်စခန်းတွေမှာလည်း နာတာရှည်ရောဂါအခံရှိသူ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရဖို့ တော်တော်လေးလိုအပ်နေပါတယ်။ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်နဲ့ ရှမ်း - ကယားနယ်စပ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၂ သောင်းကျော်ရဲ့ ကျန်းမာရေးလိုအပ်ချက် အခက်အခဲတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်နေတဲ့ တိုက်ပွဲကြောင့် ရှမ်းပြည်နယ်ဘက်ကို ထွက်ပြေးခဲ့ကြသူ အများအပြား ယာယီဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြစဲဖြစ်ပါတယ်။ စစ်ဘေးရှောင်အများစုက သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပြီး ကိုယ်ဝန်ဆောင်တွေပါ ပါဝင်ပါတယ်။

သူတို့တွေအတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပအိုဝ်း ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ PHWC က ကူညီပေးနေပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေ ပြန်များလာနေလို့ ယာယီဒုက္ခသည်စခန်းတွေမှာ ရောဂါဖြစ်ပွား ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ဖို့ camp (စခန်း)တာဝန်ခံတွေနဲ့ ဝိုင်းဝန်း ကူညီနေတဲ့ လူငယ်တွေကို အခြေခံကျန်းမာရေး သင်တန်းပေးဖို့လည်း ပြင်ဆင်နေကြပါတယ်။

ယာယီစစ်ဘေးရှာင် စခန်းတချို့ဆီကိုတော့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေနဲ့ Test Kit တွေ ပေးပို့ထားတယ်လို့ PHWC ရဲ့ လုပ်ငန်းညှိနှိုင်းဆောင်ရွက်သူ ခွန်စည်သူက ပြောပါတယ်။ စစ်ပြေးလာသူအများစုမှာ နှာစေး၊ ချောင်းဆိုးတာတွေ ရှိနေပြီး ကလေးငယ်တွေမှာတော့ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ အဖြစ်များတယ်လို့ ပြောပါတယ်။

"ရာသီဥတုအပြောင်းအလဲ ပြီးခဲ့တဲ့ရက်ကလည်း မိုးရွာတယ်။ မိုးရွာတော့ နှာစေး၊ ချောင်းဆိုးတွေဖြစ်တယ်။ ကျနော်တို့ ပြီးခဲ့တဲ့ရက်ကပဲ ဆီဆိုင်မြို့နယ်၊ ကောင်ထိုရွာကို ကျနော်တို့သွားတယ်။ အဲဒီမှာ ကလေးတွေ ဝမ်းလျှောရောဂါတွေဖြစ်တယ်။ အခုက ကိုဗစ်တခုတည်းမဟုတ်ဘဲနဲ့ အေးလည်းအေးလာတယ်၊ မိုးရွာတော့...။ နောက်ပြီးတော့ တချို့နေရာတွေဆို အိမ်သာတွေ မလုံလောက်တဲ့ကိစ္စတွေ၊ ပြီးတော့ ရေသန့်မရတဲ့ကိစ္စတွေ၊ နောက်ဆက်တွဲက အရမ်းများတယ်ဗျ။ တချို့ camp တွေက သံပံသလင်းပေါ်မှာပဲ အိပ်ရတယ်ဗျ။ ဒါပေမယ့် ကျနော်တို့ ဖျာတွေ၊ အခင်းတွေကတော့ စီစဉ်ထားပေမယ့် တော်တော်များများက နှာစေး၊ ချောင်းဆိုးတွေက ပိုများတယ်။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေက ပိုများတယ်။ ဘာပိုများလဲဆိုတော့ သွေးတိုးသမားတွေက ပိုများတယ်။ ပြီးတော့ ဆီးချိုသမားတွေလည်း နည်းနည်းပါတယ်။ နောက်တခုက လေဖြတ်တဲ့လူနာတွေလည်း ပါတယ်ပေါ့နော်။"

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က နောင်ကျောကျေးရွာအုပ်စုမှာရှိတဲ့ ယာယီ စစ်ဘေးဒုက္ခသည်စခန်း ၂၂ ခု၊ ဆိုက်ခေါင်က ဒုက္ခသည်စခန်း ၇ ခုနဲ့ မောက်မယ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၂ ခု စတဲ့ စခန်းတွေဆီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲဒီယာယီစခန်းတွေမှာ ခိုလှုံနေကြသူ စုစုပေါင်းက ၂ သောင်းကျော်ရှိပါတယ်။ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးလာသူတွေကို ကူညီလက်ခံထားတဲ့ ကျေးရွာက အိမ်ခြေ၊ လူဦးရေတွေထက် ဒုက္ခသည်အရေအတွက် ပိုများနေလို့ သူတို့ကို ကိုဗစ်စည်းမျဉ်းနဲ့အညီ ထားနိုင်ဖို့ကတော့ နေရာအခက်အခဲရှိနေပါတယ်။

ပြည်တွင်းမှာ ကပ်ရောဂါတတိယလှိုင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရတဲ့ အတွေ့အကြုံတွေရှိခဲ့လို့ အခုလို အလုံးအရင်းနဲ့ စစ်ဘေးကနေ ထွက်ပြေးနေကြရသူတွေကြားမှာ ကိုဗစ်ကူးစက်ပျံ့နှံ့မှု ရှိမလာအောင် အကူအညီပေးနေသူတွေက သတိထားနေကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးအလုံအလောက်ရရှိနိုင်ဖို့လည်း အခက်အခဲတွေရှိနေတဲ့အကြောင်း ခွန်စည်သူကပြောပါတယ်။

"စစ်ရှောင်လာတဲ့လူဦးရေနဲ့ ကျနော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့က မလုံလောက်ဘူး၊ မမျှတဘူးပေါ့။ နောက်တခုက ဆေးဝါးအခက်အခဲပေါ့။ camp တခုနဲ့တခုက လိုအပ်တဲ့ဆေးဝါးတွေက မတူဘူး။ တချို့ camp တွေမှာကျတော့ ကလေးတွေများတယ်။ တချို့ camp တွေမှာကျတော့ သက်ကြီးရွယ်အိုတွေများတယ်။ မတူကြတော့ ဆေးဝါးတွေကိုရှာဖွေရတဲ့အခါမှာလည်း အခက်အခဲတွေအများကြီး ရှိတယ်ပေါ့နော်။ ဆေးဝါးမလုံလောက်မှုက ပိုများတယ်။ နောက်တခုက ကျနော်တို့ ဒီ camp တွေကို သွားဖို့ဆိုရင် ဆီဆိုင်မြို့နယ်၊ ရှမ်း - ကယား နယ်စပ်ထိ၊ အဓိကတော့ ထီဆဲခါးနားထိကိုမှ စစ်ဘေးရှောင်တွေ အရမ်းများတယ်ပေါ့နော်။ အရမ်းများတော့ ကျနော်တို့ တချို့နေရာတွေကိုသွားဖို့ဆိုရင် သယ်ယူပို့ဆောင်ရေးပိုင်းတွေက အခက်အခဲတွေ အများကြီးဖြစ်တယ်။ လောလောဆယ်တော့ camp တိုင်းကို ကျနော်တို့မသွားနိုင်ဘူးပေါ့နော်။ အမှန်တော့ camp တိုင်းကို သွားနိုင်မယ်ဆိုရင်တော့ camp တွေရဲ့ လိုအပ်ချက်တွေကိုသိမှ ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီးတော့ တချို့မိတ်ဖက်အဖွဲ့အစည်းတွေ၊ တချို့ ကူညီနိုင်တဲ့လူတွေရှိရင် သတင်းအချက်အလက်တွေက မျှဝေလို့ရမှာ။"

အသက်ဘေးလွတ်အောင် ထွက်ပြေးခိုလှုံနေကြသူတွေအနေနဲ့က ကိုဗစ်ကပ်ရောဂါဘေးထက် လုံခြုံရေး၊ နေရေး၊ စားရေးအတွက် အဓိက အာရုံစိုက်နေကြရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ဖြစ်ပွားကူးစက်ခံရသူတွေ တစထက်တစတိုးလာနေလို့ ကပ်ရောဂါဘေး သတိထားနေရပေမယ့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် တခြားရောဂါဘေးနဲ့ အခြေခံ စားသောက်နေထိုင်ရေး အခက်အခဲတွေက အများအပြားရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်သူတွေအတွက် လက်ရှိမှာ အကူအညီ အလွန်အမင်းလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

XS
SM
MD
LG