သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလးေကေကာ္ စစ္ေရွာင္စခန္း ကိုဗစ္ကူးစက္


ေလးေက့ေကာ္ ဒုကၡသည္စခန္း

[[ ZAWGYI/ UNICODE ]]

ေလးေကေကာ္ စစ္ေရွာင္စခန္း ကိုဗစ္ကူးစက္

ကရင္ျပည္နယ္ ျမ၀တီခရိုင္ ေလးေက့ေကာ္ စစ္ေဘးေရွာင္ေတြေနရာမွာ omicron ကုိဗစ္ကပ္ေရာဂါ ကူးစက္တဲ့လူနာ ၃၀ ေက်ာ္ ေတြ႔ရျပီးတ့ဲေနာက္ လူနာေတြနဲ႔ ေရာဂါလကၡဏာျပေနတဲ့ သံသယရွိသူ လူနာေတြကုိ သီးျခားခဲြထားဖို့ ျပင္ဆင္ေဆာင္ရြက္ေနႀကသလို၊ ေနရာထုိင္းခင္းေဆး၀ါး အခက္အခဲေတြရွိေနေႀကာင္း KHRG ကရင္လူအခြင့္ေရးအဖဲြ႔က ေျပာပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမား သတင္းေပးပို့ထားပါတယ္။

ျမ၀တီခရိုင္ ေလးေက့ေကာ္ စစ္ေဘးေရွာင္ေတြ ေနထုိင္ရာေနရာေတြမွာ လူအစုအေ၀းနဲ႔ ဖ်ားနာမႈေတြရိွလာျပီး omicron ကုိဗစ္ကပ္ေရာဂါ ကူးစက္တာေတြကိုလည္း က်န္းမာေရး ၀န္ထမ္းေတြက စစ္ေဆးေတြ ့ရွိခဲ့တာပါ။ ေဖေဖာ္ဝါရီလ ၁၇ ရက္ကေန ေဖေဖာ္ဝါရီလ ၂၅ ရက္အထိ ေလးေကေကာ္ သူႀကီးစစ္ေရွာင္စခန္းမွာ ကိုဗစ္လကၡဏာရွိတဲ့ သူေတြကို က်န္းမာေရး၀န္ထမ္းေတြက ႏွာေခါင္းတို႔ဖတ္ေဆးစစ္ခ်က္ လုပ္ေဆာင္ခဲ့ရာမွာ စစ္ေဘးေရွာင္ ၆၇၄ ဦးမွာပိုးေတြ႔လူနာ ၃၅ ဦး ရွိပါတယ္။

စစ္ေဘးေရွာင္ဒုကၡသည္ေတြ အေနနဲ့ ရာသီဥတုဒဏ္ေႀကာင့္လည္း ဖ်ားနာတာေတြရွိျပီး ကိုဗစ္ကပ္ေရာဂါ ကူးစက္မူေတြလည္းရွိေႀကာင္း KHRG ကရင္လူအခြင့္ေရးအဖဲြ႔ ေျပာေရးဆုိခြင့္ရွိသူ ေစာနႏၵဆူးက အခုလိုေျပာျပပါတယ္။

" စစ္ေဘးေရွာင္ေျပးေနတဲ့ ကာလမွာ ၃ ရက္ဆက္တိုက္နီးပါးေလာက္ မိုးေတြရြာသြန္းတယ္ သူတို႔က အမိုးအကာ မလံုေလာက္နဲ႔ ေနရတဲ့ကာလမွာ ရာသီဥတုဒဏ္ကို ခံရတာေတြလည္း ရွိတယ္။ ဖ်ားနာမူေတြလည္းအမ်ားႀကီးရွိတယ္။ အိုမီခရြန္ ကူးစက္ခံရတဲ့ IDP ေတြလည္းရွိတယ္။ ျပီးခဲတ့ဲ အပတ္တုန္းက တရက္ထဲကို လူနာက ၇၀- ၈၀ ၀န္းက်င္းေလာက္ရွိတယ္။ အဲဒီထဲမွာလူနာက အသက္အရြယ္ႀကီးတဲ့သူေတြလညး္ပါသလို ကုိယ္၀န္ေဆာင္ေတြလည္း ပါတယ္ေပါ့ေနာ္။"

ကိုဗစ္ပိုး ရိွသူေတြကို သီးျခားခဲြထားဖို႔အတြက္ ေနရာထုိင္ခင္း စီစဥ္ေဆာင္ရြက္ေနရေႀကာင္း က်န္းမာေရး ၀န္ထမ္းေတြ မလုံေလာက္မႈ၊ ေဆး၀ါး မလံုေလာက္မႈ အခက္အခဲ ရွိေနတယ္လို႔ ဆုိပါတယ္။

" အထူးသျဖင့္က Shelter ေပါ့ တည္ေဆာက္ေနတဲ့ ကာလမွာပဲ ရွိေသးတယ္။ အခုလို ေရာဂါကူးစက္ေနတဲ့ ကာလမွာ သီးျခားခဲြထားဖို႔ ခက္ခဲေနေသးတယ္။ အခက္အခဲက ကြာရမ္တင္းလုပ္ဖို့ကလည္း အခက္အခဲေတြရွိတယ္။ လက္ရွိမွာ ေဆး၀ါး အေထာက္အပံ့ေတြလည္း အေရးတႀကီး လုိအပ္ေနတယ္။ အမိုးအကာကလည္း တာလပတ္ေတြ လံုလံုေလာက္ေလာက္ ရဖို့လိုအပ္ေနတာေပါ့ေနာ္။ က်န္းမာေရး ၀န္ထမ္းလည္း လံုလံုေလာက္ မရွိဘူးေပါ့ေနာ္။ တဖက္ကလည္း Cross Border Aid ကလည္း အခက္အခဲအမ်ားႀကီးရိွတယ္။ လူသားခ်င္း စာနာတဲ့ေထာက္ပံ့မႈေတြကလည္း အခ်ိန္မွီ မလုပ္ေပးႏိုင္ဘူးေပါ့ေနာ္။ ဒီအေပၚမွာ အခက္အခဲေတြရိွတယ္ လိုအပ္ခ်က္ေတြလည္း အမ်ားႀကီးရိွတယ္။ တဖက္မွာလည္း တပ္မဟာ(၅) ဘက္မွာလည္း IDP ေတြထဲမွာ ဖ်ားနာတာေတြရွိေနတယ္။ ေဆး၀ါး လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိေနတယ္။"

ေလးေကေကာ္ေဒသ တိုက္ပြဲေတြေၾကာင့္ ေနရပ္ မျပန္ႏိုင္ေသးပဲ စစ္ေဘးေရွာင္ေနရတဲ့ ေက်းရြာေတြက လူထုေတြ အစုလိုက္ ေနထုိင္ေနရတာဟာ စခန္း ၁၀ ခုေလာက္ရွိေနၿပီး ၊ လူဦးေရကေတာ့ ၆ ေထာင္ ၀န္းက်င္ေလာက္ရွိေနပါတယ္။ အဲဒီေနရာေတြမွာ ကုိဗစ္ ကူးစက္မႈေတြျဖစ္ေနတာပါ။ လတ္တေလာမွာေတာ့ ကိုဗစ္ကာကြယ္ႏိုင္ေရး စစ္ေဘးေရွာင္ေတြကို သီးျခားခဲြထားႏိုင္ဖုိ့အတြက္ က်န္းမာေရး၀န္ထမ္းေတြက ေနရာထုိင္ခင္းေတြကို ျပင္ဆင္ေဆာင္ရြက္ေနဆဲ ျဖစ္ပါတယ္ရွင္။

ေလးေကေကာ္ စစ္ေရွာင္စခန္း ကိုဗစ္ကူးစက္
please wait

No media source currently available

0:00 0:02:54 0:00
တိုက္႐ိုက္ လင့္ခ္

======================

{{ UNICODE }}

လေးကေကော် စစ်ရှောင်စခန်း ကိုဗစ်ကူးစက်

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော် စစ်ဘေးရှောင်တွေနေရာမှာ omicron ကိုဗစ်ကပ်ရောဂါ ကူးစက်တဲ့လူနာ ၃၀ ကျော် တွေ့ရပြီးတဲ့နောက် လူနာတွေနဲ့ ရောဂါလက္ခဏာပြနေတဲ့ သံသယရှိသူ လူနာတွေကို သီးခြားခွဲထားဖို့ ပြင်ဆင်ဆောင်ရွက်နေကြသလို၊ နေရာထိုင်းခင်းဆေးဝါး အခက်အခဲတွေရှိနေကြောင်း KHRG ကရင်လူအခွင့်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမား သတင်းပေးပို့ထားပါတယ်။

မြဝတီခရိုင် လေးကေ့ကော် စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာတွေမှာ လူအစုအဝေးနဲ့ ဖျားနာမှုတွေရှိလာပြီး omicron ကိုဗစ်ကပ်ရောဂါ ကူးစက်တာတွေကိုလည်း ကျန်းမာရေး ဝန်ထမ်းတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ လေးကေကော် သူကြီးစစ်ရှောင်စခန်းမှာ ကိုဗစ်လက္ခဏာရှိတဲ့ သူတွေကို ကျန်းမာရေးဝန်ထမ်းတွေက နှာခေါင်းတို့ဖတ်ဆေးစစ်ချက် လုပ်ဆောင်ခဲ့ရာမှာ စစ်ဘေးရှောင် ၆၇၄ ဦးမှာပိုးတွေ့လူနာ ၃၅ ဦး ရှိပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေ အနေနဲ့ ရာသီဥတုဒဏ်ကြောင့်လည်း ဖျားနာတာတွေရှိပြီး ကိုဗစ်ကပ်ရောဂါ ကူးစက်မူတွေလည်းရှိကြောင်း KHRG ကရင်လူအခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပြပါတယ်။

" စစ်ဘေးရှောင်ပြေးနေတဲ့ ကာလမှာ ၃ ရက်ဆက်တိုက်နီးပါးလောက် မိုးတွေရွာသွန်းတယ် သူတို့က အမိုးအကာ မလုံလောက်နဲ့ နေရတဲ့ကာလမှာ ရာသီဥတုဒဏ်ကို ခံရတာတွေလည်း ရှိတယ်။ ဖျားနာမူတွေလည်းအများကြီးရှိတယ်။ အိုမီခရွန် ကူးစက်ခံရတဲ့ IDP တွေလည်းရှိတယ်။ ပြီးခဲတဲ့ အပတ်တုန်းက တရက်ထဲကို လူနာက ၇၀- ၈၀ ဝန်းကျင်းလောက်ရှိတယ်။ အဲဒီထဲမှာလူနာက အသက်အရွယ်ကြီးတဲ့သူတွေလည်းပါသလို ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်ပေါ့နော်။"

ကိုဗစ်ပိုး ရှိသူတွေကို သီးခြားခွဲထားဖို့အတွက် နေရာထိုင်ခင်း စီစဉ်ဆောင်ရွက်နေရကြောင်း ကျန်းမာရေး ဝန်ထမ်းတွေ မလုံလောက်မှု၊ ဆေးဝါး မလုံလောက်မှု အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

" အထူးသဖြင့်က Shelter ပေါ့ တည်ဆောက်နေတဲ့ ကာလမှာပဲ ရှိသေးတယ်။ အခုလို ရောဂါကူးစက်နေတဲ့ ကာလမှာ သီးခြားခွဲထားဖို့ ခက်ခဲနေသေးတယ်။ အခက်အခဲက ကွာရမ်တင်းလုပ်ဖို့ကလည်း အခက်အခဲတွေရှိတယ်။ လက်ရှိမှာ ဆေးဝါး အထောက်အပံ့တွေလည်း အရေးတကြီး လိုအပ်နေတယ်။ အမိုးအကာကလည်း တာလပတ်တွေ လုံလုံလောက်လောက် ရဖို့လိုအပ်နေတာပေါ့နော်။ ကျန်းမာရေး ဝန်ထမ်းလည်း လုံလုံလောက် မရှိဘူးပေါ့နော်။ တဖက်ကလည်း Cross Border Aid ကလည်း အခက်အခဲအများကြီးရှိတယ်။ လူသားချင်း စာနာတဲ့ထောက်ပံ့မှုတွေကလည်း အချိန်မှီ မလုပ်ပေးနိုင်ဘူးပေါ့နော်။ ဒီအပေါ်မှာ အခက်အခဲတွေရှိတယ် လိုအပ်ချက်တွေလည်း အများကြီးရှိတယ်။ တဖက်မှာလည်း တပ်မဟာ(၅) ဘက်မှာလည်း IDP တွေထဲမှာ ဖျားနာတာတွေရှိနေတယ်။ ဆေးဝါး လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။"

လေးကေကော်ဒေသ တိုက်ပွဲတွေကြောင့် နေရပ် မပြန်နိုင်သေးပဲ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေက လူထုတွေ အစုလိုက် နေထိုင်နေရတာဟာ စခန်း ၁၀ ခုလောက်ရှိနေပြီး ၊ လူဦးရေကတော့ ၆ ထောင် ဝန်းကျင်လောက်ရှိနေပါတယ်။ အဲဒီနေရာတွေမှာ ကိုဗစ် ကူးစက်မှုတွေဖြစ်နေတာပါ။ လတ်တလောမှာတော့ ကိုဗစ်ကာကွယ်နိုင်ရေး စစ်ဘေးရှောင်တွေကို သီးခြားခွဲထားနိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေက နေရာထိုင်ခင်းတွေကို ပြင်ဆင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG