သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္မွာ တုိက္ပဲြေတြေၾကာင့္ ေဒသခံေသာင္းနဲ႔ခ်ီ တိမ္းေရွာင္ေနရ


ျမဝတီခ႐ုိင္ ေလးေက့ေကာ္နဲ႔ အနီးတဝုိက္ ေက်းရြာေတြက စစ္ေဘးေရွာင္မ်ား။

(Zawgyi / Unicode)

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာ မတ္လ ၁၈ ရက္ ညနဲ႔ ၁၉ ရက္ေန႔ေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ စတဲ့ ပူးေပါင္းတပ္ေတြ တုိက္ပဲြေတြ ျပန္ျဖစ္ေနတာေၾကာင့္ေရာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ပါ တုိက္ပြဲျဖစ္ေနတဲ့ အနီးနားက ေက်းရြာေပါင္း ၁၀ ရြာေလာက္က ေဒသခံ ၁ ေသာင္းေလာက္ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒီသတင္းကို ထုိင္းအေျခစုိက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာ မတ္လ ၁၈ ရက္ ညနဲ႔ ၁၉ ရက္ေန႔ မနက္ပုိင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေကအန္ယူ တပ္မဟာ ၆ လက္ေအာက္ခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တို႔ တုိ္က္ပဲြေတြ ျဖစ္ခဲ့ပါတယ္။ စစ္ေကာင္စီဘက္က ခလရ ၉၇ တပ္ရင္းနဲ႔ BGF နယ္ျခားေစာင့္တပ္တို႔ ပါဝင္သလို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ (KNLA) တပ္ရင္း ၁၇၊ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) က်ားျဖဴတပ္ရင္း စတဲ့ ပူးေပါင္းတပ္ေတြနဲ႔ ႏွစ္ဖက္ တုိက္ပဲြေတြျဖစ္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္က ေျပာျပပါတယ္။

“မေန႔ညကတည္းက စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ ကူပစ္ၿပီးမွ စစ္ေၾကာင္းထုိးတာ၊ ေကာ့ကရိတ္အတက္နားကို စစ္မ်က္ႏွာ ၃ ခုဖြင့္တယ္၊ ၾကာအင္းဆိပ္ႀကီးဘက္ကို ၂ ခုဖြင့္တယ္၊ အဲဒါဖြင့္ၿပီး လက္နက္ႀကီးေတြ ပစ္ၿပီးမွ တက္လာတာပါ။ အဲဒီေတာ့ ထိေတြ႔တုိက္ပဲြေတြ ျဖစ္တယ္။ ညဘက္သန္းေခါင္မွာ ျပန္နားၿပီး မနက္မွာျပန္ျဖစ္တယ္။ စကစဘက္က စစ္ေၾကာင္းထုိးလာေတာ့ က်ေနာ္တို႔ ေနရာယူထားတဲ့ ေနရာေတြထိ တက္လာေတာ့ တိုက္ပဲြေတြ စျဖစ္တယ္။ ညကလည္း ျဖစ္တယ္၊ မနက္ကလည္း ျဖစ္တယ္၊ ခလရ ၉၇ ေနပူခံကုန္းကေန အံဖႀကီး၊ အံဖေလး ရြာေတြဘက္ကို လက္နက္ႀကီးနဲ႔ လွမ္းပစ္တယ္။”

ေကာ့ကရိတ္ၿမိဳ႕နယ္ထဲက ေက်းရြာေတြအနီးမွာ ျဖစ္ေနတဲ့ ႏွစ္ဖက္တုိက္ပဲြေတြေၾကာင့္ေရာ ေက်းရြာေတြေပၚကုိ လက္နက္ႀကီး က်ည္ဆန္ေတြ က်ေရာက္တာေၾကာင့္ပါ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲက အံဖႀကီး၊ အံဖေလး ေက်းရြာေတြအျပင္ ရြာေပါင္း ၁၀ ရြာေလာက္က ေက်းရြာသား ၁ ေသာင္းေက်ာ္ေလာက္ဟာ အိုးအိမ္စြန္႔ခြါၿပီး ထြက္ေျပးတိမ္းေရွာင္ရတယ္လို႔လည္း သူကဆုိပါတယ္။

“ရြာသူရြာသား တေသာင္းေက်ာ္ေလာက္က စစ္ေဘးျပန္ေရွာင္ေနရတယ္။ အရင္က ရြာထဲကို ျပန္ေနတဲ့သူေတြက စစ္ေဘးျပန္ေရွာင္ေနရတယ္။ ရြာသားေတြ ျပန္ေျပးရတယ္။ ျပည္သူတေသာင္းေက်ာ္က အိုးအိမ္စြန္႔ခြါၿပီး ျပန္ေျပးရတယ္။ ရြာေပါင္း ၁၀ ရြာနီးပါးက ေျပးေနရတယ္။ ျဖစ္တာက အံဖႀကီး၊ အံဖေလး၊ ကမိုင္ကုန္း၊ ေကာ့ႏဲြ႔တဝုိက္မွာျဖစ္ေတာ့ အဲဒီအနီးနားက ရြာေတြ အကုန္ေျပးေနရတယ္။ တုိက္ပဲြက တေက်ာ့ျပန္ ျပန္ျဖစ္ေတာ့ ျပန္ေျပးရတာေပါ့။ အဓိကကေတာ့ စစ္ေကာင္စီဘက္က ေက်းရြာတို႔ စာသင္ေက်ာင္းတုိ႔ ငဲ့ညႇာတာမရွိဘူး။ လက္နက္ႀကီးနဲ႔ ရမ္းသမ္းပစ္ေနေတာ့ ရြာသားေတြက မေနရဲဘူး၊ အကုန္လံုးေျပးၾကရတာပဲ။”

စစ္ေကာင္စီတပ္ေတြ ၃ ရက္အတြင္း ဆုတ္ခြါေပးဖို႔ KNU တပ္မဟာ ၆ က မတ္လ ၇ ရက္ေန႔တုန္းက သတိေပးစာ ထုတ္ခဲ့ၿပီးတဲ့ေနာက္ ဆုတ္ခြါမႈမရွိဘဲ စစ္ေကာင္စီဘက္က တပ္အင္အားေတြ တုိးခ်ဲ႕ ေနရာယူလာတယ္လို႔ KNU ဘက္က ဆုိပါတယ္။

လက္ရိွမွာေတာ့ ကရင္ျပည္နယ္အတြင္းက ၾကာအင္းဆိပ္ႀကီး၊ ေကာ့ကရိတ္၊ ေတာင္ၾကာအင္း၊ ေလးေက့ေကာ္၊ ေဝါေလ၊ ဘုရားသုံးဆူ၊ ျမဝတီ၊ စူကလီနဲ႔ အာရွလမ္းမမွာ တုိ္က္ပဲြေတြ ျဖစ္ပြားေနပါတယ္။

ဒီတုိက္ပဲြေတြေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာ စစ္ေဘးေရွာင္ ၁ ေသာင္းဝန္းက်င္ခန္႔ရိွၿပီး ျမဝတီခ႐ုိင္ထဲမွာေတာ့ စစ္ေဘးေရွာင္သူ ၆ ေထာင္ေက်ာ္ဟာ ေသာင္ရင္းျမစ္အနီးနဲ႔ ေတာေတာင္ေတြထဲမွာပဲ ေနထုိင္ေနရတာပါ။

လက္ရိွမွာေတာ့ စစ္ေဘးေရွာင္ေတြဟာ ေနထုိင္စားေသာက္ေရးနဲ႔ က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ရင္ဆုိင္ေနရတယ္လို႔ စစ္ေဘးေရွာင္ေတြကုိ အကူအညီေပးေနသူေတြက ေျပာျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကော့ကရိတ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံသောင်းနဲ့ချီ တိမ်းရှောင်နေရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ မတ်လ ၁၈ ရက် ညနဲ့ ၁၉ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် စတဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့်ရော လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့်ပါ တိုက်ပွဲဖြစ်နေတဲ့ အနီးနားက ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၁ သောင်းလောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ မတ်လ ၁၈ ရက် ညနဲ့ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ခလရ ၉၇ တပ်ရင်းနဲ့ BGF နယ်ခြားစောင့်တပ်တို့ ပါဝင်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်ရင်း ၁၇၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကျားဖြူတပ်ရင်း စတဲ့ ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက် တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

“မနေ့ညကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ကူပစ်ပြီးမှ စစ်ကြောင်းထိုးတာ၊ ကော့ကရိတ်အတက်နားကို စစ်မျက်နှာ ၃ ခုဖွင့်တယ်၊ ကြာအင်းဆိပ်ကြီးဘက်ကို ၂ ခုဖွင့်တယ်၊ အဲဒါဖွင့်ပြီး လက်နက်ကြီးတွေ ပစ်ပြီးမှ တက်လာတာပါ။ အဲဒီတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်။ ညဘက်သန်းခေါင်မှာ ပြန်နားပြီး မနက်မှာပြန်ဖြစ်တယ်။ စကစဘက်က စစ်ကြောင်းထိုးလာတော့ ကျနော်တို့ နေရာယူထားတဲ့ နေရာတွေထိ တက်လာတော့ တိုက်ပွဲတွေ စဖြစ်တယ်။ ညကလည်း ဖြစ်တယ်၊ မနက်ကလည်း ဖြစ်တယ်၊ ခလရ ၉၇ နေပူခံကုန်းကနေ အံဖကြီး၊ အံဖလေး ရွာတွေဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။”

ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေအနီးမှာ ဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့်ရော ကျေးရွာတွေပေါ်ကို လက်နက်ကြီး ကျည်ဆန်တွေ ကျရောက်တာကြောင့်ပါ ကော့ကရိတ်မြို့နယ်ထဲက အံဖကြီး၊ အံဖလေး ကျေးရွာတွေအပြင် ရွာပေါင်း ၁၀ ရွာလောက်က ကျေးရွာသား ၁ သောင်းကျော်လောက်ဟာ အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်ရတယ်လို့လည်း သူကဆိုပါတယ်။

“ရွာသူရွာသား တသောင်းကျော်လောက်က စစ်ဘေးပြန်ရှောင်နေရတယ်။ အရင်က ရွာထဲကို ပြန်နေတဲ့သူတွေက စစ်ဘေးပြန်ရှောင်နေရတယ်။ ရွာသားတွေ ပြန်ပြေးရတယ်။ ပြည်သူတသောင်းကျော်က အိုးအိမ်စွန့်ခွါပြီး ပြန်ပြေးရတယ်။ ရွာပေါင်း ၁၀ ရွာနီးပါးက ပြေးနေရတယ်။ ဖြစ်တာက အံဖကြီး၊ အံဖလေး၊ ကမိုင်ကုန်း၊ ကော့နွဲ့တဝိုက်မှာဖြစ်တော့ အဲဒီအနီးနားက ရွာတွေ အကုန်ပြေးနေရတယ်။ တိုက်ပွဲက တကျော့ပြန် ပြန်ဖြစ်တော့ ပြန်ပြေးရတာပေါ့။ အဓိကကတော့ စစ်ကောင်စီဘက်က ကျေးရွာတို့ စာသင်ကျောင်းတို့ ငဲ့ညှာတာမရှိဘူး။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတော့ ရွာသားတွေက မနေရဲဘူး၊ အကုန်လုံးပြေးကြရတာပဲ။”

စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဆုတ်ခွါပေးဖို့ KNU တပ်မဟာ ၆ က မတ်လ ၇ ရက်နေ့တုန်းက သတိပေးစာ ထုတ်ခဲ့ပြီးတဲ့နောက် ဆုတ်ခွါမှုမရှိဘဲ စစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးချဲ့ နေရာယူလာတယ်လို့ KNU ဘက်က ဆိုပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းက ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ တောင်ကြာအင်း၊ လေးကေ့ကော်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ မြဝတီ၊ စူကလီနဲ့ အာရှလမ်းမမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ဘေးရှောင် ၁ သောင်းဝန်းကျင်ခန့်ရှိပြီး မြဝတီခရိုင်ထဲမှာတော့ စစ်ဘေးရှောင်သူ ၆ ထောင်ကျော်ဟာ သောင်ရင်းမြစ်အနီးနဲ့ တောတောင်တွေထဲမှာပဲ နေထိုင်နေရတာပါ။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပြကြပါတယ်။

XS
SM
MD
LG