သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU နဲ႔ စစ္ေကာင္စီတပ္အၾကား ၾကာအင္းဆိပ္ႀကီးၿမိဳ႕မွာအျပန္အလွန္ပစ္ခတ္


MYANMAR/KNU

ကရင္ျပည္နယ္ ဒူးပလာယာခ႐ိုင္ဘက္မွာ တပ္စြဲ ေနတဲ့ စစ္ေကာင္စီတပ္ေတြျပန္လည္ဆုတ္ခြာဖို႔ KNU တပ္မဟာ(၆) ဒူးပလာယာခ႐ိုင္တာဝန္ရွိသူေတြကေန စစ္ေကာင္စီဘက္ကိုအေၾကာင္းၾကားၿပီးေနာက္ပိုင္း ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႔အနီးမွာ တိုက္ပြဲေတြျဖစ္လာပါတယ္။

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕အနီးမွာ KNU ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ ျမန္မာစစ္ေကာင္စီတပ္ေတြအၾကား ဒီကေန႔မွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ကရင္ျပည္နယ္ ဒူးပလာယာခ႐ိုင္ဘက္မွာ တပ္စြဲ ေနတဲ့ စစ္ေကာင္စီတပ္ေတြျပန္လည္ဆုတ္ခြာဖို႔ KNU တပ္မဟာ(၆) ဒူးပလာယာခ႐ိုင္တာဝန္ရွိသူေတြကေန စစ္ေကာင္စီဘက္ကိုအေၾကာင္းၾကားၿပီးေနာက္ပိုင္း၊ ကရင္ျပည္နယ္အတြင္း ခုလို တိုက္ပြဲေတြျဖစ္လာတာပါ။ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ထဲမွ အသြားအလာေတြ ကင္းမဲ့ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေရးသားေပးပို႔တာ ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္ ေျခလ်င္တပ္ရင္း-ခလရ ၃၂ တပ္ရင္းပတ္ဝန္းက်င္ မွာ ဒီကေန႔မနက္ပိုင္း ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြါးခဲ့တယ္လို႔ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ခံတဦးကေျပာပါတယ္။

" ဒီမနက္ေတာ့တိုက္ပြဲျဖစ္တယ္။ (၉)နာရီေလာက္မွာ။ ျဖစ္တာက (၃၂)တပ္ရင္းပတ္ဝန္းက်င္ေလာက္မွာ။ (၉)နာရီေလာက္မွာ လက္နက္ႀကီးေရာ လက္နက္ေလးေတြေရာ အကုန္ပစ္ၾကတယ္။ ပစ္ၾကေတာ့ တပ္ရင္းကိုပစ္တယ္။ KNUပူးေပါင္းအဖြဲ႕လို႔ေျပာတယ္။ (၉)နာရီခြဲေလာက္မွာၿပီးသြားတယ္။ တခ်က္တိတ္တခါ (၁၀)နာရီေလာက္မွာ စစ္ကားေတြျပန္ထြက္သြားတယ္။ အဲဒီမဂၤလာကုန္း ၾကာအင္းဆိတ္ႀကီးမဂၤလာကုန္း ဒီအမွတ္(၂)ရပ္ကြက္ မဂၤလာကုန္း အဲဒီအတြင္းမွာထပ္ပစ္တယ္။ (၁၁)နာရီအထိ ပစ္လိုက္တယ္။"

ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ(၆) ဒူးပလာယာခ႐ိုင္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ပူးေပါင္းတပ္တို႔ ခလရ ၃၂ တပ္ရင္းစခန္းေရွ႕အနားမွာ စတင္ပစ္ခတ္ခဲ့ၿပီး၊ အမွတ္(၂)ရပ္ကြက္ မဂၤလာကုန္းဘက္မွာ ႏွစ္ဖက္ ထပ္မံပစ္ခတ္ မႈျဖစ္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဒီပစ္ခတ္တိုက္ခိုက္အတြင္း အရပ္သားတဦးထိခိုက္ဒဏ္ရာရၿပီး၊ လက္ရွိမွာေတာ့ ၿမိဳ႕တြင္းသြားလာေရး ကင္းမဲ့ေနတယ္လို႔ ၿမိဳ႕ခံက ဆက္ေျပာပါတယ္။

"ကြၽန္ေတာ္ၾကားသေလာက္ဆိုလို႔ရွိရင္ အရပ္သားတေယာက္ေတာ့ ဗိုက္မွာထိခိုက္ သြားတယ္လို႔သိရတယ္။ လက္နက္ငယ္ေတြလို႔ေျပာတယ္။ ဘယ္ကပစ္လိုက္မွန္းမသိဘူး။ သူေျပာတာ ၾကားမွာ သြားထိမိတယ္။ တိုက္ပြဲက ေက်ာင္းနဲ႔နီးတယ္ေလ။ စာသင္ေက်ာင္းနဲ႔လဲနီးတဲ့အခါက်ေတာ့ သြားလို႔မရဲၾကဘူး။ ေဈးၾကေတာ့အဲဒီအခ်ိန္မွာ လုံၿခဳံေရးအရေတာ့သိမ္းထားၾကတာေပါ့။ ၿမိဳ႕ထဲမွာလဲ အသြားအလာမရွိသေလာက္ျဖစ္သြားၿပီ။"

ေဒသခံေတြက ၿမိဳ႕အတြင္းခလရ၃၂တပ္ရင္းမွာ ပစ္ခတ္မႈရွိတယ္လို႔ေျပာေပမဲ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းကေတာ့ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ ခလရ ၃၂ တပ္ရင္းက ကားတစီး ၾကာအင္းဆိပ္ႀကီးၿမိဳ႕အထြက္မွာ ဗုံးခြဲ တိုက္ခိုက္ခံရတယ္လို႔ ေျပာပါတယ္။

" ခလရ(၃၂) ၾကာအင္းဆိပ္ႀကီးနဲ႔ ေကာ့ကရိတ္လမ္းေပၚမွာေတာ့ ကြၽန္ေတာ္တို႔လွည့္ကင္းေဆာင္႐ြက္ေနတဲ့ တပ္က ကား တစီး လွည့္ကင္းေဆာင္႐ြက္ေနတာ လမ္းေဘးေထာင္ဗုံးနဲ႔ ရီမုမိုင္းနဲ႔ဗုံးေဖာက္ခဲ့တာရွိတယ္။ အဲဒီမွာေတာ့ ကြၽန္ေတာ္တို႔ဆီက စစ္သည္တဦး ဒဏ္ရာရရွိတယ္။ ဒီေန႔မနက္ (၉)နာရီေလာက္မွာျဖစ္တယ္။"

တိုက္ပြဲျဖစ္ပြားအၿပီး လက္နက္ႀကီးငယ္ ပစ္ခတ္ေနမႈေၾကာင့္ ၾကာအင္းဆိပ္ႀကီး-ဘုရားသုံးဆူလမ္းမနဲ႔ ေကာ့ကရိတ္ ၿမိဳ႕ကိုသြားတဲ့ လမ္းေၾကာင္းေတြ သြားလာေရးယာယီျပတ္ေတာက္ေနသလို၊ ၿမိဳ႕ခံလူထုေတြကလဲ စိုးရိမ္ေၾကာက္လန႔္ ေနၾကပါတယ္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕အတြင္းတိုက္ပြဲျဖစ္ပြားမႈနဲ႔ပက္သက္လို႔ KNU ဒူးပလာယာခ႐ိုင္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆိုတာ မရွိခဲ့ပါဘူး။

ကရင္ျပည္နယ္ ဒူးပလာယာခ႐ိုင္ ျမဝတီၿမိဳ႕နယ္ ေလးေကေကာ္ေဒသနဲ႔ ေကာ့ကရိတ္ၿမိဳ႕ ေတာင္ပိုင္းေဒသေတြမွာ ဝင္ေရာက္တပ္စြဲ ေနတဲ့ စစ္ေကာင္စီတပ္ေတြဟာ ၃ရက္အတြင္း ျပန္လည္း ဆုတ္ခြာေပးဖို႔ ေကအဲန္ယူ တပ္မဟာ(၆) ဒူးပလာယာ ခ႐ိုင္ကေန အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးထံမွာ မတ္လ (၇)ရက္ေန႔ရက္စြဲနဲ႔ အေၾကာင္းၾကား စာတစ္ေစာင္ ပို႔ထားပါတယ္။ အေၾကာင္းၾကားေပးၿပီးေနာက္ပိုင္း စစ္တပ္ဘက္က ဆုတ္ခြာမႈမရွိတဲ့ေနာက္ ဒူးပလာယာခ႐ိုင္ဘက္မွာ တိုက္ပြဲျဖစ္လာတာပါ။

ၿပီးခဲ့တဲ့မတ္လ(၁၂)ရက္ေန႔မွာလည္း ေကာ့ကရိတ္နဲ႔ ျမဝတီလမ္းမွာ ခရီးသြားယာဥ္ေတြကို မီးရႈိ႕မႈေတြျဖစ္ခဲ့ပါတယ္။ ဒီမီးရႈိ႕မႈကို KKO ကရင္အဖြဲ႕ဖက္က လုပ္တာလို႔ စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

" အဲဒီမွာကြၽန္ေတာ္တို႔ ကားေတြမီးရႈိ႕သြားတဲျဖစ္စဥ္ေတြကေတာ့ ကြၽန္ေတာ္တို႔စုံစမ္းစစ္ေဆးစဥ္ကေတာ့ အဓိက KKOက ေစာေက်ာ္သက္တို႔ဦးစီးအဖြဲ႕လို႔ဘဲ ကြၽန္ေတာ္တို႔သိရတယ္။ ဒီကားေတြမွာပါလာတဲ့ ကားသမားေတြ ကား ပိုင္ရွင္ေတြ တခ်ိဳ႕ခရီးသည္ေတြ လမ္းသြားလမ္းလာေတြ ေမးျမန္းစုံစမ္းၾကည့္တာ သူတို႔ ေဆာင္႐ြက္တာဆိုတာ လဲသိရတယ္။ "

ၿပီးခဲ့တဲ့မတ္လ(၁၁)ရက္ေန႔ေသာၾကာေန႔ကလဲ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း ေတာေနာ္ေရတံခြန္အနီးရွိတံတားႀကီး မိုင္းခြဲခံခဲ့ရပါတယ္။ လက္ရွိမွာေတာ့ အဲဒီ့တံတားကို ျပန္လည္ျပဳျပင္ေနတယ္လို႔ ကရင္နယ္ျခားေစာင့္တပ္ BGFျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႏိုင္ ေမာင္ေဇာ္ကေျပာပါတယ္။

" ေတာေနာ္ေရတံခြန္အနားေပါ့။ မိုင္းခြဲခံရတဲ့တံတားေပါ့။ မိုင္းခြဲခံရတယ္လို႔ေတာ့ထင္ပါတယ္။ အခုေတာ့တံတားျပင္ ေနတာေပါ့။ ဟုတ လမ္းပိတ္ထားတယ္။ ္တံတား ကေအာက္တိုင္ ပ်က္သြားတယ္။ တံတားနဲနဲတိမ္းေစာင္းသြားတယ္လိူ႔ ေတာ့ၾကားတာပဲ။ "

အဆိုပါကားေတြကိုမီးရႈိ႕မႈနဲ႔ တံတားေဖာက္ခြဲမႈမွာ ဗိုလ္ေက်ာ္သက္ဦးေဆာင္တဲ့ ကလိုထူးေဘာ ကရင္အစည္းအ႐ုံး (DKBA/KKO)နဲ႔ ျပည္သူ႔ ကာကြယ္ေရးအဖြဲ႕PDF အဖြဲ႕လက္ခ်က္ျဖစ္တယ္လို႔ စစ္ေကာင္စီပိုင္မီဒီယာေတြမွာ ေရးသားေဖာ္ျပထားပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ဘက္မွာလဲ မတ္လ ၁၁ရက္ေန႔က ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တပ္မဟာ ၅ က ဝင္ေရာက္တိုက္ခိုက္ခဲ့ရာမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တခ်ိဳ႕နဲ႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ KNU က ေျပာပါတယ္။ ဒီရက္ပိုင္းအတြင္း ဖာပြန္ၿမိဳ႕နယ္ဘက္မွာ တပ္ေနာက္ဆုတ္ခြာေပးဖို႔ KNU က သတိေပးခဲ့ၿပီးေနာက္ အခုလို တိုက္ခိုက္မႈေတြျဖစ္ပြားလာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အနီးမှာ KNU ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီတပ်တွေအကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် ဒူးပလာယာခရိုင်ဘက်မှာ တပ်စွဲ နေတဲ့ စစ်ကောင်စီတပ်တွေပြန်လည်ဆုတ်ခွာဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်တာဝန်ရှိသူတွေကနေ စစ်ကောင်စီဘက်ကိုအကြောင်းကြားပြီးနောက်ပိုင်း၊ ကရင်ပြည်နယ်အတွင်း ခုလို တိုက်ပွဲတွေဖြစ်လာတာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကြာအင်းဆိပ်ကြီးမြို့ထဲမှ အသွားအလာတွေ ကင်းမဲ့နေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းရေးသားပေးပို့တာ ကိုသားညွန့်ဦး ပြောပြမှာပါ။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း-ခလရ ၃၂ တပ်ရင်းပတ်ဝန်းကျင် မှာ ဒီကနေ့မနက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့ခံတဦးကပြောပါတယ်။

" ဒီမနက်တော့တိုက်ပွဲဖြစ်တယ်။ (၉)နာရီလောက်မှာ။ ဖြစ်တာက (၃၂)တပ်ရင်းပတ်ဝန်းကျင်လောက်မှာ။ (၉)နာရီလောက်မှာ လက်နက်ကြီးရော လက်နက်လေးတွေရော အကုန်ပစ်ကြတယ်။ ပစ်ကြတော့ တပ်ရင်းကိုပစ်တယ်။ KNUပူးပေါင်းအဖွဲ့လို့ပြောတယ်။ (၉)နာရီခွဲလောက်မှာပြီးသွားတယ်။ တချက်တိတ်တခါ (၁၀)နာရီလောက်မှာ စစ်ကားတွေပြန်ထွက်သွားတယ်။ အဲဒီမင်္ဂလာကုန်း ကြာအင်းဆိတ်ကြီးမင်္ဂလာကုန်း ဒီအမှတ်(၂)ရပ်ကွက် မင်္ဂလာကုန်း အဲဒီအတွင်းမှာထပ်ပစ်တယ်။ (၁၁)နာရီအထိ ပစ်လိုက်တယ်။"

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ဒူးပလာယာခရိုင်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်းတပ်တို့ ခလရ ၃၂ တပ်ရင်းစခန်းရှေ့အနားမှာ စတင်ပစ်ခတ်ခဲ့ပြီး၊ အမှတ်(၂)ရပ်ကွက် မင်္ဂလာကုန်းဘက်မှာ နှစ်ဖက် ထပ်မံပစ်ခတ် မှုဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်အတွင်း အရပ်သားတဦးထိခိုက်ဒဏ်ရာရပြီး၊ လက်ရှိမှာတော့ မြို့တွင်းသွားလာရေး ကင်းမဲ့နေတယ်လို့ မြို့ခံက ဆက်ပြောပါတယ်။

"ကျွန်တော်ကြားသလောက်ဆိုလို့ရှိရင် အရပ်သားတယောက်တော့ ဗိုက်မှာထိခိုက် သွားတယ်လို့သိရတယ်။ လက်နက်ငယ်တွေလို့ပြောတယ်။ ဘယ်ကပစ်လိုက်မှန်းမသိဘူး။ သူပြောတာ ကြားမှာ သွားထိမိတယ်။ တိုက်ပွဲက ကျောင်းနဲ့နီးတယ်လေ။ စာသင်ကျောင်းနဲ့လဲနီးတဲ့အခါကျတော့ သွားလို့မရဲကြဘူး။ ဈေးကြတော့အဲဒီအချိန်မှာ လုံခြုံရေးအရတော့သိမ်းထားကြတာပေါ့။ မြို့ထဲမှာလဲ အသွားအလာမရှိသလောက်ဖြစ်သွားပြီ။"

ဒေသခံတွေက မြို့အတွင်းခလရ၃၂တပ်ရင်းမှာ ပစ်ခတ်မှုရှိတယ်လို့ပြောပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းကတော့ လုံခြုံရေးဆောင်ရွက်နေတဲ့ ခလရ ၃၂ တပ်ရင်းက ကားတစီး ကြာအင်းဆိပ်ကြီးမြို့အထွက်မှာ ဗုံးခွဲ တိုက်ခိုက်ခံရတယ်လို့ ပြောပါတယ်။

" ခလရ(၃၂) ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်လမ်းပေါ်မှာတော့ ကျွန်တော်တို့လှည့်ကင်းဆောင်ရွက်နေတဲ့ တပ်က ကား တစီး လှည့်ကင်းဆောင်ရွက်နေတာ လမ်းဘေးထောင်ဗုံးနဲ့ ရီမုမိုင်းနဲ့ဗုံးဖောက်ခဲ့တာရှိတယ်။ အဲဒီမှာတော့ ကျွန်တော်တို့ဆီက စစ်သည်တဦး ဒဏ်ရာရရှိတယ်။ ဒီနေ့မနက် (၉)နာရီလောက်မှာဖြစ်တယ်။"

တိုက်ပွဲဖြစ်ပွားအပြီး လက်နက်ကြီးငယ် ပစ်ခတ်နေမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမနဲ့ ကော့ကရိတ် မြို့ကိုသွားတဲ့ လမ်းကြောင်းတွေ သွားလာရေးယာယီပြတ်တောက်နေသလို၊ မြို့ခံလူထုတွေကလဲ စိုးရိမ်ကြောက်လန့် နေကြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့အတွင်းတိုက်ပွဲဖြစ်ပွားမှုနဲ့ပက်သက်လို့ KNU ဒူးပလာယာခရိုင်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ကရင်ပြည်နယ် ဒူးပလာယာခရိုင် မြဝတီမြို့နယ် လေးကေကော်ဒေသနဲ့ ကော့ကရိတ်မြို့ တောင်ပိုင်းဒေသတွေမှာ ဝင်ရောက်တပ်စွဲ နေတဲ့ စစ်ကောင်စီတပ်တွေဟာ ၃ရက်အတွင်း ပြန်လည်း ဆုတ်ခွာပေးဖို့ ကေအဲန်ယူ တပ်မဟာ(၆) ဒူးပလာယာ ခရိုင်ကနေ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံမှာ မတ်လ (၇)ရက်နေ့ရက်စွဲနဲ့ အကြောင်းကြား စာတစ်စောင် ပို့ထားပါတယ်။ အကြောင်းကြားပေးပြီးနောက်ပိုင်း စစ်တပ်ဘက်က ဆုတ်ခွာမှုမရှိတဲ့နောက် ဒူးပလာယာခရိုင်ဘက်မှာ တိုက်ပွဲဖြစ်လာတာပါ။

ပြီးခဲ့တဲ့မတ်လ(၁၂)ရက်နေ့မှာလည်း ကော့ကရိတ်နဲ့ မြဝတီလမ်းမှာ ခရီးသွားယာဉ်တွေကို မီးရှို့မှုတွေဖြစ်ခဲ့ပါတယ်။ ဒီမီးရှို့မှုကို KKO ကရင်အဖွဲ့ဖက်က လုပ်တာလို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

" အဲဒီမှာကျွန်တော်တို့ ကားတွေမီးရှို့သွားတဲဖြစ်စဉ်တွေကတော့ ကျွန်တော်တို့စုံစမ်းစစ်ဆေးစဉ်ကတော့ အဓိက KKOက စောကျော်သက်တို့ဦးစီးအဖွဲ့လို့ဘဲ ကျွန်တော်တို့သိရတယ်။ ဒီကားတွေမှာပါလာတဲ့ ကားသမားတွေ ကား ပိုင်ရှင်တွေ တချို့ခရီးသည်တွေ လမ်းသွားလမ်းလာတွေ မေးမြန်းစုံစမ်းကြည့်တာ သူတို့ ဆောင်ရွက်တာဆိုတာ လဲသိရတယ်။ "

ပြီးခဲ့တဲ့မတ်လ(၁၁)ရက်နေ့သောကြာနေ့ကလဲ ကော့ကရိတ်မြို့နယ်အတွင်း တောနော်ရေတံခွန်အနီးရှိတံတားကြီး မိုင်းခွဲခံခဲ့ရပါတယ်။ လက်ရှိမှာတော့ အဲဒီ့တံတားကို ပြန်လည်ပြုပြင်နေတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGFပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးနိုင် မောင်ဇော်ကပြောပါတယ်။

" တောနော်ရေတံခွန်အနားပေါ့။ မိုင်းခွဲခံရတဲ့တံတားပေါ့။ မိုင်းခွဲခံရတယ်လို့တော့ထင်ပါတယ်။ အခုတော့တံတားပြင် နေတာပေါ့။ ဟုတ လမ်းပိတ်ထားတယ်။ ်တံတား ကအောက်တိုင် ပျက်သွားတယ်။ တံတားနဲနဲတိမ်းစောင်းသွားတယ်လိူ့ တော့ကြားတာပဲ။ "

အဆိုပါကားတွေကိုမီးရှို့မှုနဲ့ တံတားဖောက်ခွဲမှုမှာ ဗိုလ်ကျော်သက်ဦးဆောင်တဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (DKBA/KKO)နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့PDF အဖွဲ့လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီပိုင်မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ဘက်မှာလဲ မတ်လ ၁၁ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNU က ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ဖာပွန်မြို့နယ်ဘက်မှာ တပ်နောက်ဆုတ်ခွာပေးဖို့ KNU က သတိပေးခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုတွေဖြစ်ပွားလာခဲ့ပါတယ်။

XS
SM
MD
LG