သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီတပ္နဲ႔ KNU ဖာပြန္ခ႐ုိင္မွာ တိုက္ပဲြျပင္းထန္


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။

(Zawgyi / Unicode)

ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္၊ ဒြယ္လိုးၿမိဳ႕နယ္ မဲဝိုင္အေျခစိုက္ စစ္ေကာင္စီတပ္ကုိ မတ္လ ၁၁ ရက္ေန႔က ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ (KNLA) တပ္မဟာ ၅ က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ တခ်ဳိ႕နဲ႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ KNU က ေျပာပါတယ္။ ဒီရက္ပိုင္းအတြင္း ဆုတ္ခြာေပးဖို႔ KNU က သတိေပးခဲ့ၿပီးေနာက္ အခုလို တိုက္ခိုက္မႈ ျဖစ္လာတာပါ။ ထိုင္း-ျမန္မာနယ္စပ္က ေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

မတ္လ ၁၁ ရက္ေန႔က မူေၾတာ္ခ႐ိုင္ (ဖာပြန္ခ႐ုိင္) ဒြယ္လိုးၿမိဳ႕နယ္၊ မယ္ေဝ (မဲဝိုင္) အုပ္စု၊ မယ္ေပၚထာဆုိတဲ့ေနရာမွာ ရိကၡာသြားထုတ္ၿပီး ျပန္လာတဲ့ စစ္ေကာင္စီရဲ႕ ေျခလ်င္တပ္ရင္း ခလရ ၉၇ ကို မယ္တ႐ူလိုေက်းရြာအေရာက္ မနက္ ၁၁ နာရီေလာက္မွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ တပ္မဟာ ၅ က ၾကားျဖတ္ ဝင္ေရာက္တိုက္ခိုက္ခဲ့တာလို႔ KNU က ေျပာပါတယ္။

တိုက္ခို္က္မႈအတြင္း စစ္ေကာင္စီတပ္သား ၂ ဒါဇင္ေက်ာ္ေလာက္ကို စစ္သံု႔ပန္းအျဖစ္ ဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။ ဒီလို တို္က္ခိုက္မႈျဖစ္ၿပီးေနာက္ မတ္လ ၁၃ ရက္ေန႔မွာေတာ့ ဖာပြန္ခ႐ုိင္ထဲကို ျမန္မာစစ္တပ္က ေလေၾကာင္းကေန ၃ ႀကိမ္ေလာက္ တို္က္ခို္က္ခဲ့တယ္လို႔ KNU ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒုိေစာေတာနီးက အခုလိုေျပာပါတယ္။

"တိုက္ေလယာဥ္နဲ႔ပစ္တာ၊ ေတာ္ေတာ္မ်ားမ်ားကလည္း အက်င့္လိုျဖစ္ေနၿပီ။ နည္းနည္းထိတာနဲ႔ နည္းနည္းနာတာနဲ႔ ေလေၾကာင္းကေန ေရာက္လာတာပဲ။ တပ္မဟာ ၅ ဘက္မွာေတာ့ ပိုစိတ္တယ္။ တိုက္ပဲြကလည္း ျဖစ္တဲ့ေနရာ မ်ားေတာ့ေလ။ တခါတေလက်ေတာ့လည္း တိုက္ပဲြမျဖစ္ေတာင္ သူကေတာ့ လာပစ္ေနတာပဲေလ။ ညညဆို လာလာပစ္တာ ၂ ညဆက္တုိက္ လာပစ္ခံရတာလည္း တပ္မဟာ ၅ မွာပဲ။ ဟိုမေန႔တေန႔က တုိက္ပဲြအႀကီးအက်ယ္ ျဖစ္တဲ့ဟာရဲ႕ ေနာက္ဆက္တဲြ ျဖစ္လာတာေတြပါပဲ။ ေတာ္ေတာ္မ်ားမ်ားလည္း အထိနာတယ္၊ လက္နက္ေတြလည္း မိတယ္။"

မတ္လ ၁၁ ရက္ေန႔ကျဖစ္ခဲ့တဲ့ ႏွစ္ဖက္တုိက္ပဲြအတြင္း စစ္ေကာင္စီဘက္က တပ္သားေတြကုိ စစ္သံု႔ပန္းအျဖစ္ ဖမ္းဆီးထားတဲ့အျပင္ လက္နက္ႀကီး လက္နက္ငယ္ က်ည္ဆန္မ်ိဳးစံုကိုလည္း KNU တပ္မဟာ ၅ က သိမ္းဆည္းခဲ့တယ္လို႔ ဆိုပါတယ္။ ဒီေဒသကေန ၃ ရက္အတြင္း ဆုတ္ခြာေပးဖို႔ KNU တပ္ဖြဲ႔က သတိေပးထားတာကို စစ္ေကာင္စီတပ္ဘက္က တုံ႔ျပန္ဖို႔ ပ်က္ကြက္ခဲ့ၿပီးေနာက္ အခုလို တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။

ဒီတိုက္ပြဲကိစၥနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာ ထုတ္ျပန္ေျပာၾကားျခင္း မရွိေသးပါဘူး။ တိုက္ပဲြအတြင္း စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ အရပ္သား ၄ ဦး ေသဆံုးခဲ့တယ္လို႔လည္း KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ တပ္မဟာ ၅ က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

စစ်ကောင်စီတပ်နဲ့ KNU ဖာပွန်ခရိုင်မှာ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် မဲဝိုင်အခြေစိုက် စစ်ကောင်စီတပ်ကို မတ်လ ၁၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNU က ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ဆုတ်ခွာပေးဖို့ KNU က သတိပေးခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှု ဖြစ်လာတာပါ။ ထိုင်း-မြန်မာနယ်စပ်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

မတ်လ ၁၁ ရက်နေ့က မူတြော်ခရိုင် (ဖာပွန်ခရိုင်) ဒွယ်လိုးမြို့နယ်၊ မယ်ဝေ (မဲဝိုင်) အုပ်စု၊ မယ်ပေါ်ထာဆိုတဲ့နေရာမှာ ရိက္ခာသွားထုတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၉၇ ကို မယ်တရူလိုကျေးရွာအရောက် မနက် ၁၁ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်မဟာ ၅ က ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ KNU က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဒါဇင်ကျော်လောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တိုက်ခိုက်မှုဖြစ်ပြီးနောက် မတ်လ ၁၃ ရက်နေ့မှာတော့ ဖာပွန်ခရိုင်ထဲကို မြန်မာစစ်တပ်က လေကြောင်းကနေ ၃ ကြိမ်လောက် တိုက်ခိုက်ခဲ့တယ်လို့ KNU နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

"တိုက်လေယာဉ်နဲ့ပစ်တာ၊ တော်တော်များများကလည်း အကျင့်လိုဖြစ်နေပြီ။ နည်းနည်းထိတာနဲ့ နည်းနည်းနာတာနဲ့ လေကြောင်းကနေ ရောက်လာတာပဲ။ တပ်မဟာ ၅ ဘက်မှာတော့ ပိုစိတ်တယ်။ တိုက်ပွဲကလည်း ဖြစ်တဲ့နေရာ ဖြစ်တာများတော့လေ။ တခါတလေကျတော့လည်း တိုက်ပွဲမဖြစ်တောင် သူကတော့ လာပစ်နေတာပဲလေ။ ညညဆို လာလာပစ်တာ ၂ ညဆက်တိုက် လာပစ်ခံရတာလည်း တပ်မဟာ ၅ မှာပဲ။ ဟိုမနေ့တနေ့က တိုက်ပွဲအကြီးအကျယ် ဖြစ်တဲ့ဟာရဲ့ နောက်ဆက်တွဲ ဖြစ်လာတာတွေပါပဲ။ တော်တော်များများလည်း အထိနာတယ်၊ လက်နက်တွေလည်း မိတယ်။"

မတ်လ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သားတွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့အပြင် လက်နက်ကြီး လက်နက်ငယ် ကျည်ဆန်မျိုးစုံကိုလည်း KNU တပ်မဟာ ၅ က သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေသကနေ ၃ ရက်အတွင်း ဆုတ်ခွာပေးဖို့ KNU တပ်ဖွဲ့က သတိပေးထားတာကို စစ်ကောင်စီတပ်ဘက်က တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ပွဲကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့လည်း KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG