သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကြောင့် ဒေသခံတွေ သေဆုံး ဒဏ်ရာရ 


ကရင်ပြည်နယ်၊ မြဝတီမြို့ (MIMU)
ကရင်ပြည်နယ်၊ မြဝတီမြို့ (MIMU)


[[Zawgyi/Unicode]]

ကရင်ပြည်နယ် မြဝတီခရိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် ပူးပေါင်းတပ်တွေ ကြား ဒီနေ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာဘက်မှာလည်း ဒီနေ့မနက်အစောပိုင်းက လက်နက် ကြီးကျည်ကျလို့ ဒေသခံ ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး သေဆုံးပြီး ဒေသခံ သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် ပူးပေါင်းတပ် တွေကြား ဒီနေ့ မတ်လ ၂၄ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီနေ့မနက်ပိုင်းကတည်းက တိုက်ပွဲ ၄ ကြိမ် လောက်ဖြစ်ခဲ့တယ်လို့ KNU ဘက်ကပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့နေရာနဲ့ သိပ်မဝေးလှတဲ့ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာမှာလည်း ဒီနေ့မနက်အစောပိုင်းက စစ် ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ကျလို့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာအပြင်း အထန် ရခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါ တယ်။

“အရပ်သားတယောက်သေတယ်။ ပြီးတော့ဒဏ်ရာပြင်းတာ ၃ ယောက်။ အခြားနေရာမှာဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ သူတို့က လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ ရွာသားတွေကို သူတို့က မရှောင်ဘူးလေ။ တိုက်ပွဲကတော့ ဆက်ရှိနေတယ်။ စစ်ကောင်စီရဲ့ မောခီး စခန်းကျပြီးတဲ့နောက် သူတို့စစ်တပ်က အင်အားနဲ့ဝင်လာတယ်။ ပြီးတော့လက်နက်ကြီးနဲ့ လာချကြတယ်လေ။”

ရွာသားတွေ အိပ်နေချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေ အများဆုံးလုပ်တယ်လို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန် ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကပြောပါတယ်။

“အခုလေယာဉ်နဲ့ဗုံးလာကြဲတာတို့၊ လက်နက်ကြီးတို့ပစ်တာတို့ကလည်း အိပ်တဲ့အချိန်မှာ လာလုပ်တာ။ ရွာသားတွေနေရာမှာ ရွာထဲမှာပစ်တာတွေရှိတယ်။ ဒီဘက်မှာပဲဖြစ်ဖြစ် တပ်မဟာ (၅) မှာဖြစ်ဖြစ် ပစ်ခတ်တာရှိတယ်။ သူတို့က ရွာသားတွေကို ပစ်မှတ်ထားတာပေါ့။ အဲဒီတော့ဒဏ်ရာရသူတွေ သေဆုံးတာတွေက ရွာသူရွာသားတွေပိုများတာပေါ့။”

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကလော်ဒေးကျေးရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၅ ရက်နေ့ညက လက်နက်ကြီး နဲ့ပစ်ခတ်တာကြောင့် ကလေးငယ် တဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း စစ်ကောင်စီဘက်က ညဘက်အချိန် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတာကြောင့် ဖာပွန်ခရိုင် ဒွယ်လိုးမြိုနယ်ထဲက တဒွံခို့‌ကျေးရွာ ရွာသား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီလထဲမှာလည်း အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်တဲ့ဒဏ်ရာရခဲ့ပါတယ်။ အခုတကြိမ်ကတော့ မြဝတီခရိုင်ထဲမှာ တဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မြဝတီခရိုင်ထဲမှာ တိုက်ပွဲ ၄ ကြိမ်လောက်ဖြစ်ခဲ့တဲ့အတွက် သေ့ဘောဘိုး၊ ဝေါ်လေ၊ ဥကရစ်ထာ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးလွတ် ရာကို ရှောင်ပြေးနေရပါတယ်။

#MyanmarMilitaryCoup #KNU #Karen #AyeAyeMar #voaburmese #ကရင် #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း

============

[[Unicode]]











XS
SM
MD
LG