သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီခ႐ိုင္တိုက္ပြဲေၾကာင့္ ထိုင္းႏိုင္ငံတြင္း စစ္ေျပးဒုကၡသည္ ၁၀,၀၀၀ ေက်ာ္ ေရာက္ေန


ေလးေက့ေကာ္ၿမိဳ႕သစ္တုိက္ပြဲေတြက ထြက္ေျပးတိမ္းေရွာင္ေနရသူမ်ားအတြက္ ရိကၡာလႉဒါန္းေပးပို႔ေနၾကပံု။ (ဓာတ္ပံု-အိုးေဝ/ ၁၂-၂၉ -၂၀၂၁)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ေကအန္ယူထိန္းခ်ဳပ္ရာ ျမဝတီခ႐ိုင္ ေလးေက့ေကာ္ၿမိဳ႕သစ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္၊ NUG ရဲ႕ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲနဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြ ၂ ပတ္ၾကာတဲ့အထိ ႏွစ္ဘက္တိုက္ပြဲေတြျဖစ္ၿပီး စစ္ေကာင္စီဘက္က ေလယာဥ္နဲ႔ဗုံးႀကဲတိုက္ခိုက္မူေတြေၾကာင့္ ထိုင္းဘက္ကို ထြက္ေျပးတိမ္းေရွာင္လာတဲ့ဒုကၡသည္ တေသာင္းေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ေကအန္ယူ တပ္မဟာ ၆ ထိန္းခ်ဳပ္ရာနယ္ေျမထဲမွာ စစ္ေကာင္စီတပ္နဲ႔ KNU ပူးေပါင္းတပ္ဖြဲ႕ေတြရဲ႕တိုက္ပြဲေတြအတြင္း စစ္ေကာင္စီဘက္က ၄ ရက္ဆက္တိုက္ ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီးတဲ့ေနာက္ ထိုင္းဘက္ကို ထြက္ေျပးတိမ္းေရွာင္လာသူ လူဦးေရ တေသာင္း ေက်ာ္ရွိသြားၿပီလို႔ စစ္ေဘးေရွာင္ ဒုကၡသည္ေတြကို အကူညီေပးေနသူတဦးကေျပာျပပါတယ္။

“ဒုကၡသည္ေတြက ဟိုဘက္ကမ္းက စကစရဲ႕ထိုးစစ္ေတြေၾကာင့္မတည္ၿငိမ္ဘူးဆိုၿပီး ညေနဘက္ကတည္းကေန ထိုင္းဘက္ျခမ္းကိုကူးလာေနတယ္။ မေန႔ညကလည္းကူးတယ္။ ဒီမနက္မွာလည္းကူးတယ္။ အခုဒီဘက္မွာေသာင္းေက်ာ္သြားၿပီ။”

ကရင္ျပည္နယ္အတြင္းမွာလည္း အိုးအိမ္စြန႔္ခြါၿပီး ထြက္ေျပးေနရတဲ့စစ္ေဘးေရွာင္ ဒုကၡသည္ ေသာင္းဂဏန္းနဲ႔ရွိေနေၾကာင္း ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအ႐ုံးကလည္းေျပာပါတယ္။ လက္ရွိမွာေတာ့ ေသာင္းရင္းျမစ္တေလွ်ာက္ေနရာေတြမွာ စစ္ေဘးေရွာင္ေတြက အစုအေဝးနဲ႔ ေနထိုင္ေနရဆဲျဖစ္ၿပီး အစုအေဝးနဲ႔စခန္း ၁၀ ခုထက္မနည္းရွိတယ္လို႔ဆိုပါတယ္။ ဒီဒုကၡသည္ေတြဟာလည္း ေသာက္ေရနဲ႔ အစားအေသာက္မ်ားလိုအပ္ေနတာေၾကာင့္ ထိုင္းဘက္က လူမူေရးအသင္းအဖြဲ႕ေတြ၊ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြက ေသာက္ေရနဲ႔ အစားအေသာက္ေတြ ေပးပို႔လႉဒါန္းေနၾကပါတယ္။ တခ်ိဳ႕စခန္းေတြကစစ္ေဘးေရွာင္ဒုကၡသည္ေတြကေတာ့ ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ျမန္မာဘက္မွာလုံၿခဳံမူမရွိဘူးဆိုၿပီး ထိုင္းဘက္ကို တိမ္းေရွာင္လာဖို႔ စီစဥ္ေနၾကတာလည္းရွိတယ္လို႔လည္း ဆိုပါတယ္။

“အခု ထပ္ၿပီးေ႐ႊ႕ဖို႔အတြက္လုပ္ေနတယ္။ ေစာေစာက ေရသန႔္ေတြ ထပ္လႉဖို႔အတြက္ က်ေနာ္လွမ္းေျပာတယ္။ ခန ေစာင့္ဖို႔ေျပာတယ္။ သူတို႔ေဆြးေႏြးေနတယ္။ အဲဒီ ေနရာမွာ တည္တည္ၿငိမ္ၿငိမ္မရွိဘူး။ ထိုင္းဘက္ကမ္းကို ေ႐ႊ႕ဖို႔ စီစဥ္ေနတယ္ေျပာတယ္။ ဖလူးႀကီး၊ ဖလူးေလး ေက်း႐ြာ အနီးတဝိုက္မွာရွိေနတဲ့ စစ္ေဘးေရွာင္ ဒုကၡသည္စခန္းေတြက မလုံၿခဳံေတာ့ဘူး။ စကစ (စစ္ေကာင္စီ) ထိုးစစ္ေတြ ဝင္လာၿပီဆိုၿပီး ထိုင္းဘက္ကမ္းကို ေ႐ႊ႕ဖို႔အတြက္ စခန္းတာဝန္ရွိသူေတြက စီစဥ္ တယ္။ ေ႐ႊ႕ခိုင္းတယ္။ ေက်ာက္ခက္ဆိုတဲ့ေနရာကကေန ျမဝတီၾကားမွာ ေတာက္ေလွ်ာက္ရွိေနတယ္။ စစ္ေရွာင္ဒုကၡသည္စခန္းေတြက ၁၀ ခုေလာက္ ရွိတယ္။ ဒါက စုစုစည္းစည္းရွိတာကိုေျပာတာ။ က်န္တာ စစ္ေရွာင္အေယာက္ ၂၀ တို႔၊ အေယာက္၃၀တို႔ အဲဒီလိုမ်ိဳးေတြျပန႔္ေနတာေတြကလည္း အမ်ားႀကီးပဲ။”

စစ္ေကာင္စီဘက္ကေတာ့ ကရင္ျပည္နယ္ေလးေက့ေကာ္ ၿမိဳ႕သစ္မွာ နယ္ေျမေတြရွင္းလင္းၿပီးတာေၾကာင့္ ေဒသခံေတြ ျပန္ေနလို႔ရၿပီလို႔ေျပာဆိုေနပါတယ္။ ဒါေပမယ့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြကလည္း သူတို႔ရဲ အိမ္ယာေတြကိုစစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ရွာေဖြတာေတြ၊ ပစၥည္းေတြယူသြားတာေတြရွိတယ္လို႔လည္းေျပာၾကၿပီး ေနရပ္ကိုမျပန္ရဲၾကေသးဘူးလို႔လည္း ဆိုပါတယ္။

ထိုင္းျမန္မာနယ္စပ္တေလွ်ာက္မွာေတာ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြဟာထိုင္းဘက္ကို ထြက္ေျပးခိုလႈံလာေနၾကဆဲျဖစ္ပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၃ နယ္ေျမ ေညာင္ေလးပင္ခ႐ိုင္ေက်ာက္ႀကီးၿမိဳနယ္ မူ႔သယ္ေဒသဘက္မွာလည္း ဒီရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္ေတြက အင္းအားအလုံးအရင္းနဲ႔ဝင္ေရာက္လာတဲ့အတြက္ ေဒသခံေက်း႐ြာသားေတြ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးသတင္းနဲ႔ျပန္ၾကားေရးဌာနကလည္း သတင္းထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Zawgyi/Unicode]]

မြဝတီခရိုင်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံတွင်း စစ်ပြေးဒုက္ခသည် ၁၀,၀၀၀ ကျော် ရောက်နေ

ကရင်ပြည်နယ် ကေအန်ယူထိန်းချုပ်ရာ မြဝတီခရိုင် လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ၂ ပတ်ကြာတဲ့အထိ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည် တသောင်းကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်ရာနယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄ ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူ လူဦးရေ တသောင်း ကျော်ရှိသွားပြီလို့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးကပြောပြပါတယ်။

“ဒုက္ခသည်တွေက ဟိုဘက်ကမ်းက စကစရဲ့ထိုးစစ်တွေကြောင့်မတည်ငြိမ်ဘူးဆိုပြီး ညနေဘက်ကတည်းကနေ ထိုင်းဘက်ခြမ်းကိုကူးလာနေတယ်။ မနေ့ညကလည်းကူးတယ်။ ဒီမနက်မှာလည်းကူးတယ်။ အခုဒီဘက်မှာသောင်းကျော်သွားပြီ။”

ကရင်ပြည်နယ်အတွင်းမှာလည်း အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးနေရတဲ့စစ်ဘေးရှောင် ဒုက္ခသည် သောင်းဂဏန်းနဲ့ရှိနေကြောင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကလည်းပြောပါတယ်။ လက်ရှိမှာတော့ သောင်းရင်းမြစ်တလျှောက်နေရာတွေမှာ စစ်ဘေးရှောင်တွေက အစုအဝေးနဲ့ နေထိုင်နေရဆဲဖြစ်ပြီး အစုအဝေးနဲ့စခန်း ၁၀ ခုထက်မနည်းရှိတယ်လို့ဆိုပါတယ်။ ဒီဒုက္ခသည်တွေဟာလည်း သောက်ရေနဲ့ အစားအသောက်များလိုအပ်နေတာကြောင့် ထိုင်းဘက်က လူမူရေးအသင်းအဖွဲ့တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေက သောက်ရေနဲ့ အစားအသောက်တွေ ပေးပို့လှူဒါန်းနေကြပါတယ်။ တချို့စခန်းတွေကစစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ နှစ်ဘက်တိုက်ပွဲတွေကြောင့် မြန်မာဘက်မှာလုံခြုံမူမရှိဘူးဆိုပြီး ထိုင်းဘက်ကို တိမ်းရှောင်လာဖို့ စီစဉ်နေကြတာလည်းရှိတယ်လို့လည်း ဆိုပါတယ်။

“အခု ထပ်ပြီးရွှေ့ဖို့အတွက်လုပ်နေတယ်။ စောစောက ရေသန့်တွေ ထပ်လှူဖို့အတွက် ကျနော်လှမ်းပြောတယ်။ ခန စောင့်ဖို့ပြောတယ်။ သူတို့ဆွေးနွေးနေတယ်။ အဲဒီ နေရာမှာ တည်တည်ငြိမ်ငြိမ်မရှိဘူး။ ထိုင်းဘက်ကမ်းကို ရွှေ့ဖို့ စီစဉ်နေတယ်ပြောတယ်။ ဖလူးကြီး၊ ဖလူးလေး ကျေးရွာ အနီးတဝိုက်မှာရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေက မလုံခြုံတော့ဘူး။ စကစ (စစ်ကောင်စီ) ထိုးစစ်တွေ ဝင်လာပြီဆိုပြီး ထိုင်းဘက်ကမ်းကို ရွှေ့ဖို့အတွက် စခန်းတာဝန်ရှိသူတွေက စီစဉ် တယ်။ ရွှေ့ခိုင်းတယ်။ ကျောက်ခက်ဆိုတဲ့နေရာကကနေ မြဝတီကြားမှာ တောက်လျှောက်ရှိနေတယ်။ စစ်ရှောင်ဒုက္ခသည်စခန်းတွေက ၁၀ ခုလောက် ရှိတယ်။ ဒါက စုစုစည်းစည်းရှိတာကိုပြောတာ။ ကျန်တာ စစ်ရှောင်အယောက် ၂၀ တို့၊ အယောက်၃၀တို့ အဲဒီလိုမျိုးတွေပြန့်နေတာတွေကလည်း အများကြီးပဲ။”

စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်လေးကေ့ကော် မြို့သစ်မှာ နယ်မြေတွေရှင်းလင်းပြီးတာကြောင့် ဒေသခံတွေ ပြန်နေလို့ရပြီလို့ပြောဆိုနေပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေကလည်း သူတို့ရဲ အိမ်ယာတွေကိုစစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာတွေ၊ ပစ္စည်းတွေယူသွားတာတွေရှိတယ်လို့လည်းပြောကြပြီး နေရပ်ကိုမပြန်ရဲကြသေးဘူးလို့လည်း ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျှောက်မှာတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာထိုင်းဘက်ကို ထွက်ပြေးခိုလှုံလာနေကြဆဲဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်ကျောက်ကြီးမြိုနယ် မူ့သယ်ဒေသဘက်မှာလည်း ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက အင်းအားအလုံးအရင်းနဲ့ဝင်ရောက်လာတဲ့အတွက် ဒေသခံကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးသတင်းနဲ့ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်ရှင်။

#MyanmarViolence #KarenFighting #MyanmarRefugee #VOABurmese
#မြဝတီခရိုင် #ထိုင်းမြန်မာနယ်စပ် #လေးကေ့ကော် #စစ်ဘေးရှောင် #ဗွီအိုအေ
============

XS
SM
MD
LG