သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင် စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့်


 ကေအန်ယူရဲ့တော်နော်ဆေးရုံ(CJ)
ကေအန်ယူရဲ့တော်နော်ဆေးရုံ(CJ)

ကရင်ပြည်နယ်ကော့ကရိပ်မြိုနယ်ထဲမှာစစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLAပြည်သူ့ကာကွယ်ရေးတပ် PDF စတဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ကောကရိပ်ကျိုက်ဒုံလမ်းလည်းပိတ်ထားသလို မတ်လ၂၁ရက်နေ့မှာတော့ ကေအန်ယူရဲ့တောနော်ဆေးရုံကို စစ်ကောင်စီတပ်ဖွဲတွေက သိ်မ်းယူပြီးတပ်စဲွဲထားလိုက်ပါတယ် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံစစ်ဘေးရှောင်သူ တသောင်းကျော်လည်းအိုးအိမ်တွေ စွန့်ခွါထွက်ပြေးနေရပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်ကော့ကရိပ်မြိုနယ်ထဲမှာစစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLAပြည်သူ့ကာကွယ်ရေးတပ် PDF စတဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာပါ မတ်လ ၂၁ရက်နေ့မှာတော့ တနေ့လုံးနီးပါးတိုက်ပွဲတွေဖြစ်နေပြီး ကေအန်ယူရဲ့ဆေးရုံဖြစ်တဲ့တောနော်ဆေးရုံကိုလည်း စစ်ကောင်စီဘက်က တပ်စွဲနေရာယူလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြောပြပါတယ်။

"တောနော်ဆေးရုံကိုမနက်က သူတို့(စကစ)သိမ်းလိုက်တာပေါ့နော် ဆေးရုံကတောဘာအတားအဆီးမှာမရှိဘူး ဆေးရုံထဲဝင်လာတယ် ပြီးတော့ဆေးရုံမှာတပ်စွဲတယ် စကစကက အစောကြီးဆေးရုံကိုဝင်လာတယ် တောနော်နဲ့ဆက်စပ်နေတဲ့နန်းရွေမှုံရွာကိုလည်းသိမ်းထားတယ်နန်းရွှေမှုံ ရွာဘုန်းကြီးကျောင်းမှာလည်းတပ်စွဲထားတယ်အံဖကြီးနဲ့ကပ်ရက်ရွာပေါ့ အဲဒီရွာ ကိုရသွားတယ် ခလရ ၉၇ကနေ လက်နက်ကြီးနဲ့ပစ်တယ် စကခ ၁၂ကလည်းလက်နက်ကြီးနဲ့ပစ်တယ်မနက်ကနေ ပစ်တာနေ့လည်အထိပစ်နေတုန်းပဲ မနေ့ကထက်ပြင်းထန်တယ် ဒီနေ့ပိုပြီးထိုးစစ်ဆင်လာတယ် နှစ်ဖက်တိုက်ပွဲတွေပြင်းထန်တယ် ဒီဘက်ကလည်း သွားပစ်တယ် သူတို့ဘက်ကလည်းထိုးစစ်ဆင်လာတယ်။ကော့ကရိပ်ကျိုက်ဒုံလမ်းကိုလည်းမနေ့ကတည်းပိတ်ထားတယ်။"

မတ်လ ၂၁ရက်နေ့ညနေပိုင်းမှာတော့ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မောခီးကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၃၂) စခန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် သိမ်းပိုက်လိုက်ကြောင်း KNU ဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ခုနှစ်ဒီဇင်ဘာလကစပြီး ကရင်ပြည်နယ် တပ်မဟာ(၆)နယ်မြေမှာ တပ်စွဲနေရာယူထားတဲ့စစ်ကောင်စီတပ်တွေ ၃ရက်အတွင်းဆုတ်ခွါပေးဖို့ မတ်လ ၇ရက်နေ့က ကေအန်ယူကသတိပေးစာထုတ်ပြီးတဲ့နောက် မှာတော့ စစ်ကောင်စီဘက်ကထိုးစစ်ဆင်တာတွေပိုလုပ်လာပြီးတိုက်ပွဲတွေပိုပြင်းထန်လာတယ်လို့လည်းKNUနိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူဖဒိုစောတောနီးကအခုလိုပြောပါတယ်။

"မတ်လ၇ရက်နေ့မှာကတည်းက စာထုတ်ပြီးကတည်းကတိုက်ပွဲတွေကဆက်တိုက်ဆက်တိုက်ဖြစ်နေတယ်ေ ကာ့ကရိပ်မြို့ထဲမှာတောင်ဖြစ်တယ် တကြောလုံးကော့ကရိပ်တောင်ပိုင်းအနီးတဝိုက်ပတ်ဝန်းကျင် ကောကြာအင်းဆိပ်ကြီး လမ်းတလျှောက်အဲဒီလိုဖြစ်နေတာ တိုက်ပွဲတွေကဆက်တိုက်ပဲ ။တိုက်ပွဲတွေကတော့ နေ့တိုင်းလိုဖြစ်နေတယ် မနေ့ကတော့ ဒီနေ့ကောဖြစ်နေတာ။"

ကော့ကရိပ်မြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်းတဲ့အတွက်ကော့ကရိပ်မြိုနယ်ထဲက ကျေးရွာတွေက ဒေသခံသောင်းဂဏန်းလောက်ဟာအိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတယ်လို့လည်း ကိုစောမွန်ကပြောပါတယ်။

"ကျေးရွာလူထုအင်အားက ခန်းမှန်းချေကတသောင်းကျော်လောက်ရှိတယ် ရွာသားတွေကထွက်ပြေးနေရတယ် ဘယ်ဘက်ကိုစစ်ရှောင်နေရသလဲဆိုတော့ သုံးဆယ့်သုံးဆူ တို့ဗော့ဒိုင်းကျေးရွာ အစွန်း မောင်းပလန်အဲဒီဘက်တွေဘက်ကိုစစ်ရှောင်ရတယ် ။"

မတ်လ၁၁ရက်နေ့ကစပြီး နေ့စဉ်နီးပါးတိုက်ပွဲတွေတကြော့ပြန် ပြင်းထန်လာတဲ့အတွက် ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ကော့ကရိပ်မြိုနယ် ကြာအင်းဆိပ်ကြီးမြိုနယ် တွေက ဒေသခံသောင်းဂဏန်းလောက်ဟာ နေအိမ်တွေကို စွန့်ခွါပြီးတောတောင်တွေထဲမှာ ပုန်းအောင်းနေထိုင်နေရပါတယ်။

---------------------











XS
SM
MD
LG