[[Zawgyi/Unicode]]
ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ စတဲ့ပူးေပါင္းတပ္ဖြဲ႕ေတြၾကား ႏွစ္ဖက္တိုက္ပြဲေတြအတြင္း ေလေၾကာင္းကေန တိုက္ခိုက္မူေတြျဖစ္ပြားၿပီးတဲ့ေနာက္ ထိုင္းနယ္ေျမထဲကို ျမန္မာစစ္တပ္က ေလယာဥ္နယ္ေက်ာ္ ဝင္ေရာက္လာခဲ့ပါတယ္။ ဒီအတြက္ ထိုင္းစစ္တပ္က သူရဲ႕နယ္ေျမလုံၿခဳံေရးအတြက္ စစ္လက္နက္အျပည့္အစုံနဲ႔ နယ္စပ္မွာ ကင္းလွည့္မူေတြကို စတင္လုပ္ေဆာင္ေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္း ေပးပို႔ထားပါတယ္။
စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ စတဲ့ ပူးေပါင္းတပ္ဖြဲ႕ေတြၾကား ႏွစ္ဖက္ တိုက္ပြဲေတြအတြင္း စစ္ေကာင္စီဘက္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ေတြ အႀကိမ္မ်ားစြာလုပ္ခဲ့တာပါ။ တိုက္ခိုက္မူေတြအတြင္း ထိုင္းနယ္ေျမထဲ နယ္ေက်ာ္ၿပီး ေလယာဥ္ပ်ံသန္းတာ၊ လက္နက္က်ည္ဆံေတြက်ေရာက္တာေတြ ရွိခဲ့တဲ့အတြက္ ထိုင္းဘက္က ေဒသခံတခ်ိဳ႕ ထိခိုက္ဒဏ္ရာေတြ ရခဲ့ပါတယ္။ ဒီအတြက္ ထိုင္းျပည္သူေတြ လုံၿခဳံေရးအတြက္ ထိုင္းစစ္တပ္က နယ္စပ္မွ ာစစ္ေရးအရ ကင္းလွည့္တာေတြ လုပ္လာေၾကာင္း နယ္စပ္ေနျပည္သူတဦးျဖစ္တဲ့ ဦးမိုးေက်ာ္က အခုလိုေျပာပါတယ္။
"ဒီရက္နဲ႔ဆိုလို႔ရွိရင္၂ရက္ေျမာက္ ျဖစ္သြားၿပီ။ ဒီတခါကင္းလွည့္တာက အခါတိုင္း လုံၿခဳံေရးကင္းလွည့္တာမ်ိဳးမဟုတ္ဘူး။ စစ္ေရးအရ ကင္းလွည့္တဲ့ပုံစံျမင္ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စစ္ကားေတြအသုံးျပဳၿပီး စစ္ကားေတြေပၚမွာ စက္ေသနတ္ေတြပါတယ္၊ လက္နက္ႀကီးေတြပါတယ္၊ ပခုံးထမ္းေလာင္ခ်ာေတြပါတယ္။စစ္ေရးအရလုံၿခဳံေရးအရ လွည့္ကင္းပတ္တာကို ေတြ႕ရတယ္။"
ထိုင္းစစ္တပ္ဘက္ကေတာ့ ျမန္မာဘက္က တိုက္ပြဲေတြေၾကာင့္ ထိုင္းျပည္သူေတြ စိုးရိမ္ထိပ္လန႔္မူေတြရွိေနၿပီး ထိုင္းျပည္သူေတြ မထိခိုက္ေအာင္ အခုလို စစ္ေရးအရ ကင္းလွည့္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီလိုကင္းလွည့္တာကို ၿပီးခဲ့တဲ့ ႏွစ္ဒီဇင္ဘာလတုန္းကလည္း တႀကိမ္လုပ္ခဲ့ေပမယ့္ အခုတခါမွာေတာ့ စစ္ေရးအရ ေသခ်ာ ျပင္ဆင္လုပ္ေဆာင္တာကို ေတြ႕ရတယ္လို႔လည္း ဦးမိုးေက်ာ္က ဆိုပါတယ္။
"ထိုင္းစစ္တပ္က လက္နက္ေတြထုတ္ၿပီး လွည့္ကင္းပတ္ရတာလဲဆိုေတာ့ ျမန္မာျပည္ထဲမွာ ဥကရစ္ထစခန္း၊ ေဝါေလဘက္မွာ တိုက္ပြဲေတြျဖစ္ေနတယ္၊ ေလေၾကာင္းကိုအသုံးျပဳၿပီး ၅ရက္အတြင္းမွာ ျမန္မာစစ္တပ္က ၁၂၅ ႀကိမ္ေလာက္ ေလၾကာင္းအသုံးျပဳၿပီး တိုက္ခိုက္တာေတြ႕ရတယ္။ အဲဒီလိုတိုက္ခိုက္ခ်ိန္မွာ ထိုင္းပိုင္နက္ထဲကို လက္နက္က်ည္ဆံေတြက်တာေတြ၊ ထိုင္းေလေၾကာင္းပိုင္နက္ထဲကို ေက်ာ္ၿပီး ေလယာဥ္ေတြဝင္လာတာေတြ ျဖစ္လာတဲ့အေပၚမွာ နယ္စပ္လုံၿခဳံေရးအရ လက္နက္ေတြ တင္ဆင္ထားတဲ့ စစ္ဖက္ဆိုင္ရာ ကင္းလွည့္တာမ်ိဳးေတြ ေတြ႕လာရတာျဖစ္ပါတယ္။"
တိုက္ပြဲေတြအတြင္းမွာ ျမန္မာဘက္က တိုက္ေလယာဥ္ေတြဟာ ထိုင္း ျမန္မာနယ္စပ္ ထိုင္းနယ္နမိတ္ျဖစ္တဲ့ ဖြတ္ဖရၿမိဳ႕နယ္ထဲက ေက်း႐ြာေပၚကို ျဖတ္သန္းတာေၾကာင့္ ထိုင္းျပည္သူေတြ အထိပ္တလန႔္ျဖစ္ေန႔ေၾကာင္း ဒီအတြက္ ထိုင္းေလတပ္က F16 တိုက္ေလယာဥ္ ႏွစ္စင္းကို နယ္စပ္ကို ေစလႊတ္ခဲ့ရေၾကာင္း ထိုင္းေတာ္ဝင္ေလတပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ပရာဝတ္ စြန္က်ိဳင္ဒီကလည္း ဇြန္လ ၃၀ ရက္ေန႔က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ထိုင္ေတာ္ဝင္ေလတပ္ကလည္း F 16 ၂ စီးနယ္စပ္မွာပ်ံသန္းၿပီး ျမန္မာဘက္က ေလယာဥ္နယ္ေက်ာ္ပ်ံသန္းမူ႔ကို သတိေပးခဲ့သလို ျမန္မာစစ္တပ္ဘက္ကလည္း ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။
လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္တုန္းကလည္း ျမန္မာဘက္က နယ္ေက်ာ္ၿပီးေလယာဥ္ပ်ံသန္းတာေတြ ရွိခဲ့ဘူးပါတယ္။ ဒီအတြက္ အဲဒီတုန္းကလည္း ေနာက္ထပ္မျဖစ္ေစရဘူးဆိုတာကို ေတာင္းပန္ခဲ့ဘူးပါတယ္။
လက္ရွိအေျခအေနအရ ျမဝတီခ႐ိုင္ထဲက ဥကရစ္ထစခန္း မက်ေရးအတြက္ ျမန္မာစစ္တပ္ဘက္က ေျမျပင္မွာ အင္းအားသုံးသလို ေလေၾကာင္းပစ္ကူေတြသုံးၿပီး ျပန္လည္ တိုက္ခိုက္ေနပါတယ္။ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔ပူးေပါင္းတပ္ဖြဲ႕ေတြဘက္ကလည္း ေျမျပင္တိုက္ပြဲေတြကို ျပင္ျပင္းထန္ထန္ တိုက္ေနၿပီး ဥကရစ္ထ စခန္းသိမ္းပိုက္ႏိုင္ေရးႀကိဳးစားေနၾကပါတယ္။
ႏွစ္ဖက္တိုက္ပြဲေတြအတြင္းမွာ ေလေၾကာင္းကေန တိုက္ခိုက္တာေၾကာင့္ေကာ၊ လက္နက္ႀကီးက်ည္ဆံေတြပါ က်ေရာက္ေပါက္ကြဲတဲ့အတြက္ပါ အရပ္သားေတြ ေသဆုံးတာ၊ ထိခိုက္ဒဏ္ရာရတာေတြလည္း ရွိခဲ့ၿပီး ထိုင္းႏိုင္ငံဘက္ကို ရာနဲ႔ခ်ီရွိတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ထြက္ေျပး ခိုလႈံလာၾကပါတယ္။
[[Unicode]]
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေအတွင်း လေကြောင်းကနေ တိုက်ခိုက်မူတွေဖြစ်ပွားပြီးတဲ့နောက် ထိုင်းနယ်မြေထဲကို မြန်မာစစ်တပ်က လေယာဉ်နယ်ကျော် ဝင်ရောက်လာခဲ့ပါတယ်။ ဒီအတွက် ထိုင်းစစ်တပ်က သူရဲ့နယ်မြေလုံခြုံရေးအတွက် စစ်လက်နက်အပြည့်အစုံနဲ့ နယ်စပ်မှာ ကင်းလှည့်မူတွေကို စတင်လုပ်ဆောင်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်း ပေးပို့ထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တွေ အကြိမ်များစွာလုပ်ခဲ့တာပါ။ တိုက်ခိုက်မူတွေအတွင်း ထိုင်းနယ်မြေထဲ နယ်ကျော်ပြီး လေယာဉ်ပျံသန်းတာ၊ လက်နက်ကျည်ဆံတွေကျရောက်တာတွေ ရှိခဲ့တဲ့အတွက် ထိုင်းဘက်က ဒေသခံတချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီအတွက် ထိုင်းပြည်သူတွေ လုံခြုံရေးအတွက် ထိုင်းစစ်တပ်က နယ်စပ်မှ ာစစ်ရေးအရ ကင်းလှည့်တာတွေ လုပ်လာကြောင်း နယ်စပ်နေပြည်သူတဦးဖြစ်တဲ့ ဦးမိုးကျော်က အခုလိုပြောပါတယ်။
"ဒီရက်နဲ့ဆိုလို့ရှိရင်၂ရက်မြောက် ဖြစ်သွားပြီ။ ဒီတခါကင်းလှည့်တာက အခါတိုင်း လုံခြုံရေးကင်းလှည့်တာမျိုးမဟုတ်ဘူး။ စစ်ရေးအရ ကင်းလှည့်တဲ့ပုံစံမြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကားတွေအသုံးပြုပြီး စစ်ကားတွေပေါ်မှာ စက်သေနတ်တွေပါတယ်၊ လက်နက်ကြီးတွေပါတယ်၊ ပခုံးထမ်းလောင်ချာတွေပါတယ်။စစ်ရေးအရလုံခြုံရေးအရ လှည့်ကင်းပတ်တာကို တွေ့ရတယ်။"
ထိုင်းစစ်တပ်ဘက်ကတော့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းပြည်သူတွေ စိုးရိမ်ထိပ်လန့်မူတွေရှိနေပြီး ထိုင်းပြည်သူတွေ မထိခိုက်အောင် အခုလို စစ်ရေးအရ ကင်းလှည့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုကင်းလှည့်တာကို ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလတုန်းကလည်း တကြိမ်လုပ်ခဲ့ပေမယ့် အခုတခါမှာတော့ စစ်ရေးအရ သေချာ ပြင်ဆင်လုပ်ဆောင်တာကို တွေ့ရတယ်လို့လည်း ဦးမိုးကျော်က ဆိုပါတယ်။
"ထိုင်းစစ်တပ်က လက်နက်တွေထုတ်ပြီး လှည့်ကင်းပတ်ရတာလဲဆိုတော့ မြန်မာပြည်ထဲမှာ ဥကရစ်ထစခန်း၊ ဝေါလေဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ လေကြောင်းကိုအသုံးပြုပြီး ၅ရက်အတွင်းမှာ မြန်မာစစ်တပ်က ၁၂၅ ကြိမ်လောက် လေကြာင်းအသုံးပြုပြီး တိုက်ခိုက်တာတွေ့ရတယ်။ အဲဒီလိုတိုက်ခိုက်ချိန်မှာ ထိုင်းပိုင်နက်ထဲကို လက်နက်ကျည်ဆံတွေကျတာတွေ၊ ထိုင်းလေကြောင်းပိုင်နက်ထဲကို ကျော်ပြီး လေယာဉ်တွေဝင်လာတာတွေ ဖြစ်လာတဲ့အပေါ်မှာ နယ်စပ်လုံခြုံရေးအရ လက်နက်တွေ တင်ဆင်ထားတဲ့ စစ်ဖက်ဆိုင်ရာ ကင်းလှည့်တာမျိုးတွေ တွေ့လာရတာဖြစ်ပါတယ်။"
တိုက်ပွဲတွေအတွင်းမှာ မြန်မာဘက်က တိုက်လေယာဉ်တွေဟာ ထိုင်း မြန်မာနယ်စပ် ထိုင်းနယ်နမိတ်ဖြစ်တဲ့ ဖွတ်ဖရမြို့နယ်ထဲက ကျေးရွာပေါ်ကို ဖြတ်သန်းတာကြောင့် ထိုင်းပြည်သူတွေ အထိပ်တလန့်ဖြစ်နေ့ကြောင်း ဒီအတွက် ထိုင်းလေတပ်က F16 တိုက်လေယာဉ် နှစ်စင်းကို နယ်စပ်ကို စေလွှတ်ခဲ့ရကြောင်း ထိုင်းတော်ဝင်လေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပရာဝတ် စွန်ကျိုင်ဒီကလည်း ဇွန်လ ၃၀ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ထိုင်တော်ဝင်လေတပ်ကလည်း F 16 ၂ စီးနယ်စပ်မှာပျံသန်းပြီး မြန်မာဘက်က လေယာဉ်နယ်ကျော်ပျံသန်းမူ့ကို သတိပေးခဲ့သလို မြန်မာစစ်တပ်ဘက်ကလည်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းကလည်း မြန်မာဘက်က နယ်ကျော်ပြီးလေယာဉ်ပျံသန်းတာတွေ ရှိခဲ့ဘူးပါတယ်။ ဒီအတွက် အဲဒီတုန်းကလည်း နောက်ထပ်မဖြစ်စေရဘူးဆိုတာကို တောင်းပန်ခဲ့ဘူးပါတယ်။
လက်ရှိအခြေအနေအရ မြဝတီခရိုင်ထဲက ဥကရစ်ထစခန်း မကျရေးအတွက် မြန်မာစစ်တပ်ဘက်က မြေပြင်မှာ အင်းအားသုံးသလို လေကြောင်းပစ်ကူတွေသုံးပြီး ပြန်လည် တိုက်ခိုက်နေပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း မြေပြင်တိုက်ပွဲတွေကို ပြင်ပြင်းထန်ထန် တိုက်နေပြီး ဥကရစ်ထ စခန်းသိမ်းပိုက်နိုင်ရေးကြိုးစားနေကြပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့်ကော၊ လက်နက်ကြီးကျည်ဆံတွေပါ ကျရောက်ပေါက်ကွဲတဲ့အတွက်ပါ အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ရာနဲ့ချီရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံလာကြပါတယ်။