သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေး ၄ သန်းကျော်ဖမ်းမိ


 ဇန်နဝါရီလ ၂၇ ရက်နေ့က ပစ်ခတ်မူဖြစ်ပြီးဖမ်းမိတဲ့ မူးယစ်ဆေးဝါးများ (ထိုင်းနယ်ခြားစောင့်တပ်)
ဇန်နဝါရီလ ၂၇ ရက်နေ့က ပစ်ခတ်မူဖြစ်ပြီးဖမ်းမိတဲ့ မူးယစ်ဆေးဝါးများ (ထိုင်းနယ်ခြားစောင့်တပ်)

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေး ၄ သန်းကျော်ဖမ်းမိ

{{Zawgyi/Unicode}}

ထိုင်း မြန်မာနယ်စပ်ချင်းမိုင်ပြည်နယ် Mae Ai ခရိုင်နယ်စပ်လမ်းမှာ မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ကြား ဇန်နဝါရီလ ၂၇ ရက်နေ့က ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးအရေအတွက် လေးသန်းကျော်နဲ့ လက်နက်တချို့ကို ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်းခဲ့ပါတယ်။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က ပြောပြပေးပါမယ်။

ထိုင်း မြန်မာနယ်စပ်ချင်းမိုင် ပြည်နယ် Mae Ai ခရိုင်နယ်စပ်လမ်းမှာ မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ကြား ဇန်နဝါရီလ ၂၇ရက်နေ့ က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မူယစ်မှောင်ခိုဂိုဏ်းဝင်တွေ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တာပါ။

နယ်ခြားစောင့်တပ် ၃၂ဝ၇ တပ်ဖွဲ့က နေ့လည် တနာရီကျော် Mae Ai မယ့်အိုင်းခရိုင် နယ်စပ်တောလမ်းမှာ မသင်္ကာဖွယ် လုအုပ်စုဝင်ရောက်လာတာကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာကနေ နှစ်ဖက်အကြား ပစ်ခတ်မူတွေဖြစ်ပွားခဲ့တာပါ။

မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေကတော့ သူတို့သယ်ဆောင်လာတဲ့ စိတ်ကြွဆေး လေးသန်းနှစ်သိန်းကျော်ပါတဲ့ အထုတ်ပေါင်း ၃၂ထုပ်ကို စွန့်ပစ်ထွက်ပြေးသွားခဲ့ကြပါတယ်။ ဖမ်းမိတဲ့ စိတ်ကြွဆေးလေးသန်းကျော်နဲ့အတူ အိပ်တွေထဲမှာ Ketamine မူးယစ်ဆေး၂၆ကီလိုပါဝင်ပါတယ်။ ဒါအပြင် ထိုင်းနယ်ခြားစောင့်တပ်က သေနတ်သုံးလက်၊ လက်ပစ်ဗုံးတလုံး၊ စကားပြောစက် ၂လုံး၊ စစ်ယူနီဖေါင်းတွေပါ သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။

အမှတ်(၃) စစ်ဒေသကဗိုလ်ချုပ် နရစ်ထာဝမ်ဝန် Maj. Gen. Narit Thawornwong,ကိုယ်တိုင် ထိုင်းမြန်မာနယ်စပ်က နှစ်ဖက်ပစ်ခတ်မူ့ဖြစ်ခဲ့တဲ့ Mae Ai သစ်တောအတွင်းကို လာရောက်စစ်ဆေးခဲ့ကာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

"အခုဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေရဲ့ တံဆိပ်ပုံစံတွေအရ စိတ်ကြွဆေးတွေဟာ ဝဒေသထုတ်တွေပါ။ အခုလို ထိုင်းနိုင်ငံထဲ အမြောက်အမြား ဝင်ရောက်လာတာနဲ့ပါတ်သက်ပြီး မူးယစ်မှောင်ခိုသမားတွေရဲ့သက်သေခံဖုန်း အသုံးအဆောင်တွေကို ဆက်လက်စစ်ဆေးနေပါတယ် ။မူးယစ်မှောင်ခိုဂိုဏ်းက အဓိကတာဝန်ရှှိသူတွေကို စုံစမ်းဖေါ်ထုတ်သွားမှာပါ " ဆိုပြီး ပြောဆိုသွားပါတယ်

"ဝ" လူမျိုးစုလက်နက်ကိုင်တွေဘက်ကနေ ဝင်ရောက်လာနေတယ်လို့ ထိုင်းဘက်က ပြောဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံဘက်က "ဝ" လူမျိုးစုလက်နက်ကိုင်တွေကတော့ ထိုင်းဘက်က အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တွေသာဖြစ်တယ်ဆိုပြီး ငြင်းဆိုလေ့ရှိပါတယ်။

အခုလိုဖမ်းမိတဲ့စိတ်ကြွဆေးတွေဟာ လေးရက်အတွင်းဒုတိယအကြိမ်အများဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၄ရက်နေ့ကလည်း ချင်းရိုင်းနယ်စပ် စစ်ဆေးရေးဂိတ်မှာ စိတ်ကြွဆေး ၈သန်းပါ ကုန်တင်ယာဉ်ငယ်တစီးကို ဖမ်းဆီးခဲ့ပါတယ် ။

ဒါအပြင် ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာလည်း ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေး ၂သန်းကျော်နဲ့အတူ အဓိက မူးယစ်မှောင်ခိုသမား ထိုင်းနိုင်ငံသားလေးဦးကိုလည်း ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ပါတယ် ။

အခု နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းမိတဲ့မူးယစ်ဆေးဝါး ၄သန်းကျော် အပါအဝင် ဇန်နဝါရီလ နှစ်ဆန်းကနေ အခု ဇန်နဝါရီလ ၂၇ ရက်နေ့အထိထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့စိတ်ကြွဆေးပြားအရေအတွက်က သန်းပေါင်း၄ဝလောက်ရှိပြီဖြစ်ပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}











XS
SM
MD
LG