သုံးရလွယ်ကူစေသည့် Link များ
site logo
နောက်ဆုံးရသတင်း
ထိုင်းမြန်မာနယ်စပ်ဖမ်းဆီမိသည့်မူးယစ်ဆေးဝါးများ (ဓါတ်ပုံ ၊ ထိုင်းရဲတပ်ဖွဲ့)
{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ထဲမှာ ၂၀၂၂ခုနှစ်နှစ်ဆန်းမှာပဲ ရွှေတြီဂံဒေသထုတ် ခရမ်းရောင် စိတ်ကြွဆေးပြားအသစ် ၉ သန်းနီးပါးဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ချင်ရိုင်းပြည်နယ်အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့ က ဇန်န၀ါ၇ီလ၁၉ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။
အလားတူ ချင်းရိုင်စစ်ဆေးရေးဂိတ်တွေကို ဖြတ်သွားခဲ့တဲ့ ကားငယ်နှစ်စီးကိုတော့ ရာခ်ျဘူရီရဲတပ်ဖွဲက ဖမ်းဆီးစစ်ဆေးရာမှာ စိတ်ကြွဆေးပြာ နှစ်သိန်း၈သောင်းကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ် ။
အဓိကတရားခံတွေကိုဖေါ်ထုတ်ဖမ်းဆီးနေရာမှာ အရေးပါတဲ့ မူးယစ်မှောင်ခိုသမားတရားခံတချို့  တဖက်နိုင်ငံကိုထွက်ပြေးသွားခဲ့ကြတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကိုးကားပြီး ထိုင်းသတင်းတွေမှာဖေါ်ပြကြပါတယ်ရှင်။
..................................................
တိုက်ရိုက် လင့်ခ်
ရွှေတြိဂံထုတ် စိတ်ကြွဆေး အလုံးရေ ၉ သန်း ချင်းရိုင်မှာဖမ်းမိ
{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ်ချင်းရိုင်ပြည်နယ်ထဲမှာ ရွှေတြီဂံဒေသထုတ်ခရမ်းရောင်စိတ်ကြွဆေပြားအသစ် အလုံးရေ ၉ သန်း ကို ၂၀၂၂ခုနှစ်စမှာ ဖမ်းမိကြောင်း ချင်းရိုင်းပြည်နယ် အမှတ်(၅) ဒေသ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ထဲမှာ ၂၀၂၂ခုနှစ်နှစ်ဆန်းမှာပဲ ရွှေတြီဂံဒေသထုတ် ခရမ်းရောင် စိတ်ကြွဆေးပြားအသစ် ၉ သန်းနီးပါးဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ချင်ရိုင်းပြည်နယ်အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့က ဇန်နဝါရီလ၁၉ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။
ချင်းရိုင်ပြည်နယ်အမှတ်၅ ဒေသရဲတပ်ဖွဲ့က ရဲချုပ်Pol. Lt. Gen. Piya Tawichai,ကထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။
"အခုဖမ်းမိတဲ့ ခရမ်းပြာရောင် စိတ်ကြွဆေးပြားတွေဟာ ၂၀၂၂ နှစ်နှစ်စပိုင်းမှာ အများဆုံး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းတွေကနေ အရောင်သစ်နဲ့ထုတ်လုပ်လာတဲ့ စိတ်ကြွဆေးတွေဖြစ်ပါတယ်လို့ ပြောသွံားပါတယ်"
ဇန်နဝါရှီလ ၁၄ရက်နေ့ကချင်းရိုင်ကနေ့ မောင်းလာတဲ့ ကုန်တင်ယာဉ်တစ်စင်းကို X ray နဲ့စစ်ဆေးရာမှာ ဟင်းသီးဟင်းရွက်တွေထဲဖွက်ပြီး ယူလာတဲ့ စိတ်ကြွဆေး ၂သန်း ၃သိန်းကိုဖမ်းမိခဲ့ပါတယ်။ တနေ့ထဲမှာပဲ ချင်းရိုင်ပြည်နယ် စစ်ဆေးရေးဂိတ်ကိုဖြတ်ဖို့ကြိုးစားခဲ့တဲ့ ကားတစ်စီးပေါ်မှာလည်း စိတ်ကြွဆေး၆သန်းနဲ့အတူ မူးယစ်မှောင်ခိုသမားသုံးဦးကိုဖမ်းမိခဲ့တယ်လို့ဆိုပါတယ် ။
အလားတူ ချင်းရိုင်စစ်ဆေးရေးဂိတ်တွေကို ဖြတ်သွားခဲ့တဲ့ ကားငယ်နှစ်စီးကိုတော့ ရာချ်ဘူရီရဲတပ်ဖွဲက ဖမ်းဆီးစစ်ဆေးရာမှာ စိတ်ကြွဆေးပြာ နှစ်သိန်း၈သောင်းကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ် ။
သတင်းစာရှင်းလင်းပွဲမှာ ပြသသွားတာကတော့ အဓိကမူးယစ်တရားခံလို့ စွပ်စွဲခံထားရသူ ခြောက်ဦးနဲ့အတူ သူတို့ မောင်းလာတဲ့ ကားတွေ နဲ့ မူးယစ်ဆေး ၈သန်း၆ သိန်းကို ပြသခဲ့ပါတယ်။
အများစုဟာ ထိုင်းမြန်မာနယ်စပ် ချင်းရိုင် ပြည်နယ်ကနေ ဝင်လာတယ်လို့လည်းပြောသွားပါတယ်။
မူးယစ်ဆေးဝါးတွေကို ဖြန့်ပေးနေတဲ့ အဓိက နေရာတွေကိုလိုက်လံ ရှာဖွေနိုင်ခဲ့ပြီး ပိုင်ဆိုင်မူ့အဖြစ် ဘတ်ငွေ သန်း ၂၀ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုလည်းနိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ကာလတန်ဖိုးကတော့ ဘတ်ငွေသန်းပေါင်း၅၀၀၀လောက်တန်ဖိုးရှိတာပါ။
အခုလိုမူးယစ်ဆေးဝါးတွေ သန်းနဲ့ချီပြီး ဖမ်းဆီးနိုင်ခဲ့တာဟာ ၂၀၂၂ခုနှစ်စပိုင်းမှာ အလုံးအရင်းနဲ့ တင်သွင်းလာနေတာကြောင့်ဖြစ်တယ်လို့လည်းထိုင်းရဲတပ်ဖွဲက ဆိုပါတယ်။
အဓိကတရားခံတွေကိုဖေါ်ထုတ်ဖမ်းဆီးနေရာမှာ အရေးပါတဲ့ မူးယစ်မှောင်ခိုသမားတရားခံတချို့ တဖက်နိုင်ငံကိုထွက်ပြေးသွားခဲ့ကြတယ်လိ့ုလည်း ထိုင်းအာဏာပိုင်တွေကိုးကားပြီး ထိုင်းသတင်းတွေမှာဖေါ်ပြကြပါတယ်ရှင်။
XS
SM
MD
LG